သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရြးေကာက္ခံအစိုးရထံ အာဏာျပန္အပ္ဖို႔ G-7 ေတာင္းဆို


(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ အာဏာသိမ္းမႈ ျဖစ္ပြားအၿပီး နိုင္ငံေရး ေခါင္းေဆာင္ေတြ ထိန္းသိမ္းခံေနရတာကို အထူးစိုးရိမ္ ပူပန္ေနတဲ့ G-7 အဖြဲ႕ နိုင္ငံျခားေရးဝန္ႀကီးေတြက ျမန္မာနိုင္ငံမွာ ထုတ္ျပန္ထားတဲ့ အေရးေပၚ အေျခအေနကို ခ်က္ခ်င္း​ရပ္ဆိုင္းပစ္ဖို႔နဲ႔ ဒီမိုကေရစီနည္းအရ ေရြးခ်ယ္ခံ အစိုးရကို ျပန္လည္ အာဏာ ေပးအပ္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ ယူေကနဲ႔ အေမရိကန္နိုင္ငံနဲ႔အတူ ဥေရာပ သမဂၢ EU က ကိုယ္စားလွယ္တို႔က ပူးတြဲထုတ္ ျပန္ခ်က္တစ္ေစာင္ကို ျမန္မာစစ္တပ္က အာဏာသိမ္းအၿပီး ပထမဆုံးအႀကိမ္အျဖစ္ ဗုဒၶဟူးေန႔မွာထုတ္ျပန္လိုက္တာလည္းျဖစ္ပါတယ္။

အေရးေပၚ အေျခအေနကို ခ်က္ခ်င္း ႐ုပ္သိမ္းဖို႔၊ အာဏာျပန္လႊဲေပးဖို႔နဲ႔ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔အျပင္ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒ စိုးမိုးေရးကို ေလးစားလိုက္နာဖို႔ကိုလည္း G7 နိုင္ငံျခားေရးဝန္ႀကီးေတြကို ေတာင္းဆိုထားပါတယ္။

နိုဝင္ဘာလ ေရြးေကာက္ပြဲ ရလဒ္ကို ေလးစားလိုက္နာရမွာ ျဖစ္ၿပီး လႊတ္ေတာ္ကို အျမန္ဆုံး ေခၚယူသင့္ေၾကာင္းလည္း ေျပာပါတယ္။

သတင္း အခ်က္အလက္ စီးဆင္းမႈကို ကန္႔သတ္ထားတာေတြ အေပၚမွာလည္း အထူး စိုးရိမ္မိေၾကာင္းနဲ႔ လူမႈ အဖြဲ႕အစည္းေတြနဲ႔ မီဒီယာ ကို ဘယ္လို႔ပုံစံနဲ႔မွ တုံ႔ျပန္ အျပစ္မေပးသင့္ေၾကာင္းလည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

ဒါ့အျပင္၊ G7 နိုင္ငံေတြအေနနဲ႔ အနာဂတ္ ဒီမိုကေရစီကို ျမင္ေတြ႕ခ်င္တဲ့ ျမန္မာ ျပည္သူေတြနဲ႔အတူ ရပ္တည္သြားမွာ ျဖစ္ေၾကာင္းလည္း ပူးတြဲ ေၾကညာခ်က္မွာ ေဖာ္ျပပါရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရွေးကောက်ခံအစိုးရထံ အာဏာပြန်အပ်ဖို့G-7 တောင်းဆို
(Unicode)
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားအပြီး နိုင်ငံရေး ခေါင်းဆောင်တွေ ထိန်းသိမ်းခံနေရတာကို အထူးစိုးရိမ် ပူပန်နေတဲ့ G-7 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို ချက်ချင်းရပ်ဆိုင်းပစ်ဖို့နဲ့ ဒီမိုကရေစီနည်းအရ ရွေးချယ်ခံ အစိုးရကို ပြန်လည် အာဏာ ပေးအပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံနဲ့အတူ ဥရောပ သမဂ္ဂ EU က ကိုယ်စားလှယ်တို့က ပူးတွဲထုတ် ပြန်ချက်တစ်စောင်ကို မြန်မာစစ်တပ်က အာဏာသိမ်းအပြီး ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

အရေးပေါ် အခြေအနေကို ချက်ချင်း ရုပ်သိမ်းဖို့၊ အာဏာပြန်လွှဲပေးဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့အပြင် လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာဖို့ကိုလည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေကို တောင်းဆိုထားပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာရမှာ ဖြစ်ပြီး လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူသင့်ကြောင်းလည်း ပြောပါတယ်။

သတင်း အချက်အလက် စီးဆင်းမှုကို ကန့်သတ်ထားတာတွေ အပေါ်မှာလည်း အထူး စိုးရိမ်မိကြောင်းနဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ မီဒီယာ ကို ဘယ်လို့ပုံစံနဲ့မှ တုံ့ပြန် အပြစ်မပေးသင့်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင်၊ G7 နိုင်ငံတွေအနေနဲ့ အနာဂတ် ဒီမိုကရေစီကို မြင်တွေ့ချင်တဲ့ မြန်မာ ပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

XS
SM
MD
LG