[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြ ဆက္လက္ ထြက္ေပၚလာေနပါတယ္။ တက္ႂကြလႈပ္ရွားသူေတြသာမက အစိုးရဝန္ထမ္းေတြ၊ လူမႈအဖြဲ႔အစည္းေတြလည္း ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါဝင္လာေနၾကတာပါ။ အျပည့္အစုံကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပပါမယ္။
စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ကန႔္ကြက္တဲ့အေနနဲ႔ အစိုးရဝန္ထမ္းေတြ ႐ုံးမတက္ဘဲ ဆႏၵျပတာ၊ ဖဲႀကိဳးနီဝတ္ဆင္တာစတဲ့ ဆႏၵျပ လႈပ္ရွားမႈေတြ ေနရာအႏွံ႔ ေပၚေပါက္လာေနပါတယ္။ စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္က ပညာေရးဝန္ထမ္းေတြရဲ႕ ဒီကေန႔မွာ ဖဲႀကိဳးနီဝတ္ဆင္ ဆႏၵျပခဲ့ၾကတဲ့ လႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့ ေက်ာင္းဆရာ ဦးမ်ိဳးျမင့္ကေတာ့ ေ႐ြးေကာက္ပြဲ ရလဒ္ကို ဆန႔္က်င္ၿပီး အာဏာသိမ္းတဲ့ လုပ္ရပ္ကို လက္မခံႏိုင္တာေၾကာင့္ ပူးေပါင္းပါဝင္ခဲ့တာလို႔ ေျပာပါတယ္။
“ဒီအာဏာသိမ္းတာကို သူတို႔ရဲ႕ စြပ္စြဲခ်က္က မဲမသမာမႈေၾကာင့္ အာဏာသိမ္းတယ္လို႔ ေျပာတယ္။ ဒါကို က်ေနာ္တို႔က လက္မခံဘူး။ ေ႐ြးေကာက္ပြဲကာလမွာ မဲ႐ုံမွဴး လုပ္ခဲ့တဲ့ ဆရာ၊ ဆရာမေတြက မဲစာရင္းမွန္တယ္၊ မမွန္ဘူးဆိုတာကို ဆရာ ဆရာမေတြ အသိဆုံးပဲျဖစ္တယ္။ အဲ့ဒါေၾကာင့္ က်ေနာ္တို႔က ဒီေ႐ြးေကာက္ပြဲကိုက လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္တယ္လို႔ ျပည္သူေတြနဲ႔ အတူလက္ခံထားတယ္။ အဲ့ဒီေတာ့ က်ေနာ္တို႔ စစ္တပ္ရဲ႕ စြပ္စြဲခ်က္ေတြကို လက္မခံဘူး။ စစ္တပ္က အာဏာသိမ္းတာကိုလည္း လက္မခံဘူး။ ျပည္သူေတြက ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ အစိုးရကိုပဲ က်ေနာ္တို႔က အတည္ျပဳတယ္။ က်ေနာ္တို႔ အစိုးရကိုပဲ ျပည္သူ႔အစိုးရအေနနဲ႔ ျမင္ခ်င္တယ္။ က်ေနာ္တို႔ ရရွိၿပီးသား ဒီမိုကေရစီကိုလည္း က်ေနာ္တို႔ မဆုံးရႈံးခ်င္ဘူး။”
ကန႔္ဘလူၿမိဳ႕နယ္က ေက်ာင္းဆရာမ ေဒၚစန္းစန္းေထြးကလည္း အနာဂတ္မ်ိဳးဆက္ေတြအတြက္ ရည္႐ြယ္ၿပီး လႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္ခဲ့တာလို႔ ေျပာပါတယ္။
“က်မတို႔လို ခံရမွာစိုးလို႔ ဒီစနစ္ဆိုးကို က်မတို႔လို ခံရမွာစိုးလို႔ ကိုယ့္ရဲ႕သားသမီးေတြ၊ ကိုယ့္ရဲ႕ ႏိုင္ငံအတြက္ ကိုယ္ရဲ႕သားသမီးေတြကို အေၾကာက္တရားေတြနဲ႔ ႀကီးျပင္းလာရမွာကိုလည္း မလိုလားေတာ့ပါဘူး။”
စစ္ကိုင္းတိုင္း မုံ႐ြာစီးပြားေရးတကၠသိုလ္မွာလည္း ဒီကေန႔ ဖဲႀကိဳးနီ၀တ္ဆင္ ဆႏၵျပခဲ့ၾကပါတယ္။ လႈပ္ရွားမႈမွာ ပါဝင္တဲ့ ဆရာတစ္ဦးကေတာ့ ႏိုင္ငံေရး အၾကပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ လုပ္ခဲ့တာလို႔ ေျပာပါတယ္။
“က်ေနာ္တို႔ ဒီလို လက္ရွိ အေျခအေနကို လက္မခံဘူးဆိုတာ ျပတဲ့အေနနဲ႔ လုပ္တာျဖစ္တဲ့အတြက္ က်ေနာ္တို႔ရဲ႕ ဒီကမ္ပိန္းဟာ အဓိက က်ေနာ္တို႔ ရည္႐ြယ္တာကေတာ့ ညႇိႏႈိင္းေဆြးေႏြးအေျဖရွာမႈ တစ္ခုကို မေရာက္မခ်င္း က်ေနာ္တို႔ လုပ္သြားၾကရဦးမွာျဖစ္ပါတယ္ခင္ဗ်ာ။”
အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈမွာ စက္မႈလယ္ယာဦးစီးဌာနက ဝန္ထမ္းေတြလည္းပါဝင္လာသလို၊ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းက ဝန္ထမ္းေတြလည္း ပါဝင္လာၾကပါတယ္။ လႈပ္ရွားမႈေတြ စတင္ခဲ့တဲ့ အထဲက က်န္းမာေရးဝန္ထမ္းေတြကေတာ့ အစိုးရယႏၲရားက ဝန္ထမ္းေတြ ေနာက္ထပ္ ပူးေပါင္းပါဝင္လာဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
“လက္ရွိ က်မတို႔က ခု CDC ကမ္ပိန္းပဲလုပ္ေနတာေပါ့။ CDC+RMM လုပ္ေနတဲ့သူေတြလည္းရွိတာေပါ့။ အႀကီးေတြလည္း ခုပါလာၿပီေပါ့။ ဒီအေျခအေနကေတာ့ေလ၊ အႀကီးေတြလည္း ေတာ္ေတာ္ Level ေတြအထိ ပါလာၿပီ။ က်မတို႔ကေတာ့ အဆုံးထိလုပ္ဖို႔ စဥ္းစားထားတယ္။ အားလုံးကလည္း အဆုံးထိ ပါဝင္ဖို႔ ဆႏၵရွိၾကတယ္။ အားလုံးပဲ က်မတို႔ က်န္းမာေရးဝန္ထမ္းေတြကို ေထာက္ခံေန႐ုံနဲ႔ေတာ့ အားေပးေန႐ုံနဲ႔ေတာ့ အဆင္မေျပဘူးေပါ့။ အားလုံးပါဝင္ၾကမွ အဆင္ေျပမွာပါ။”
ႏိုင္ငံေတာ္ရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲရားပ်က္စီးၿပီး တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ က်န္းမာေရးဝန္ထမ္းေတြက ေဆး႐ုံေတြကို မသြားဘဲ ဆႏၵျပေနၾကတာမ်ိဳးမလုပ္ဖို႔ တပ္မေတာ္က တိုက္တြန္းခ်က္တစ္ခု ဒီကေန႔ပဲ ထုတ္ျပန္ထားပါတယ္။ ဒီလႈပ္ရွားမႈေၾကာင့္ ျပည္သူေတြရဲ႕ က်န္းမာေရးအခက္အခဲေတြ ျဖစ္လာရင္ နီးစပ္ရာ တပ္မေတာ္ေဆး႐ုံေတြမွာ ေဆးကုသမႈ ခံယူႏိုင္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။
[Unicode Version]
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ဆက်ဖြစ်နေဆဲ
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆက်လက် ထွက်ပေါ်လာနေပါတယ်။ တက်ကြွလှုပ်ရှားသူတွေသာမက အစိုးရဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေလည်း ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လာနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပါမယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ အစိုးရဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန္ဒပြတာ၊ ဖဲကြိုးနီဝတ်ဆင်တာစတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေ နေရာအနှံ့ ပေါ်ပေါက်လာနေပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပညာရေးဝန်ထမ်းတွေရဲ့ ဒီကနေ့မှာ ဖဲကြိုးနီဝတ်ဆင် ဆန္ဒပြခဲ့ကြတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းဆရာ ဦးမျိုးမြင့်ကတော့ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပြီး အာဏာသိမ်းတဲ့ လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် ပူးပေါင်းပါဝင်ခဲ့တာလို့ ပြောပါတယ်။
“ဒီအာဏာသိမ်းတာကို သူတို့ရဲ့ စွပ်စွဲချက်က မဲမသမာမှုကြောင့် အာဏာသိမ်းတယ်လို့ ပြောတယ်။ ဒါကို ကျနော်တို့က လက်မခံဘူး။ ရွေးကောက်ပွဲကာလမှာ မဲရုံမှူး လုပ်ခဲ့တဲ့ ဆရာ၊ ဆရာမတွေက မဲစာရင်းမှန်တယ်၊ မမှန်ဘူးဆိုတာကို ဆရာ ဆရာမတွေ အသိဆုံးပဲဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့က ဒီရွေးကောက်ပွဲကိုက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြည်သူတွေနဲ့ အတူလက်ခံထားတယ်။ အဲ့ဒီတော့ ကျနော်တို့ စစ်တပ်ရဲ့ စွပ်စွဲချက်တွေကို လက်မခံဘူး။ စစ်တပ်က အာဏာသိမ်းတာကိုလည်း လက်မခံဘူး။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကိုပဲ ကျနော်တို့က အတည်ပြုတယ်။ ကျနော်တို့ အစိုးရကိုပဲ ပြည်သူ့အစိုးရအနေနဲ့ မြင်ချင်တယ်။ ကျနော်တို့ ရရှိပြီးသား ဒီမိုကရေစီကိုလည်း ကျနော်တို့ မဆုံးရှုံးချင်ဘူး။”
ကန့်ဘလူမြို့နယ်က ကျောင်းဆရာမ ဒေါ်စန်းစန်းထွေးကလည်း အနာဂတ်မျိုးဆက်တွေအတွက် ရည်ရွယ်ပြီး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တာလို့ ပြောပါတယ်။
“ကျမတို့လို ခံရမှာစိုးလို့ ဒီစနစ်ဆိုးကို ကျမတို့လို ခံရမှာစိုးလို့ ကိုယ့်ရဲ့သားသမီးတွေ၊ ကိုယ့်ရဲ့ နိုင်ငံအတွက် ကိုယ်ရဲ့သားသမီးတွေကို အကြောက်တရားတွေနဲ့ ကြီးပြင်းလာရမှာကိုလည်း မလိုလားတော့ပါဘူး။”
စစ်ကိုင်းတိုင်း မုံရွာစီးပွားရေးတက္ကသိုလ်မှာလည်း ဒီကနေ့ ဖဲကြိုးနီဝတ်ဆင် ဆန္ဒပြခဲ့ကြပါတယ်။ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာတစ်ဦးကတော့ နိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့ ပြောပါတယ်။
“ကျနော်တို့ ဒီလို လက်ရှိ အခြေအနေကို လက်မခံဘူးဆိုတာ ပြတဲ့အနေနဲ့ လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ဒီကမ်ပိန်းဟာ အဓိက ကျနော်တို့ ရည်ရွယ်တာကတော့ ညှိနှိုင်းဆွေးနွေးအဖြေရှာမှု တစ်ခုကို မရောက်မချင်း ကျနော်တို့ လုပ်သွားကြရဦးမှာဖြစ်ပါတယ်ခင်ဗျာ။”
အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ စက်မှုလယ်ယာဦးစီးဌာနက ဝန်ထမ်းတွေလည်းပါဝင်လာသလို၊ မြန်မာအမျိုးသား လေကြောင်းလိုင်းက ဝန်ထမ်းတွေလည်း ပါဝင်လာကြပါတယ်။ လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ အထဲက ကျန်းမာရေးဝန်ထမ်းတွေကတော့ အစိုးရယန္တရားက ဝန်ထမ်းတွေ နောက်ထပ် ပူးပေါင်းပါဝင်လာဖို့ မျှော်လင့်နေကြပါတယ်။
“လက်ရှိ ကျမတို့က ခု CDC ကမ်ပိန်းပဲလုပ်နေတာပေါ့။ CDC+RMM လုပ်နေတဲ့သူတွေလည်းရှိတာပေါ့။ အကြီးတွေလည်း ခုပါလာပြီပေါ့။ ဒီအခြေအနေကတော့လေ၊ အကြီးတွေလည်း တော်တော် Level တွေအထိ ပါလာပြီ။ ကျမတို့ကတော့ အဆုံးထိလုပ်ဖို့ စဉ်းစားထားတယ်။ အားလုံးကလည်း အဆုံးထိ ပါဝင်ဖို့ ဆန္ဒရှိကြတယ်။ အားလုံးပဲ ကျမတို့ ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ခံနေရုံနဲ့တော့ အားပေးနေရုံနဲ့တော့ အဆင်မပြေဘူးပေါ့။ အားလုံးပါဝင်ကြမှ အဆင်ပြေမှာပါ။”
နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု ယန္တရားပျက်စီးပြီး တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆေးရုံတွေကို မသွားဘဲ ဆန္ဒပြနေကြတာမျိုးမလုပ်ဖို့ တပ်မတော်က တိုက်တွန်းချက်တစ်ခု ဒီကနေ့ပဲ ထုတ်ပြန်ထားပါတယ်။ ဒီလှုပ်ရှားမှုကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးအခက်အခဲတွေ ဖြစ်လာရင် နီးစပ်ရာ တပ်မတော်ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။