[Zawgyi/Unicode]
ျမန္မာႏိုင္ငံအေပၚ ဒဏ္ခတ္ ပိတ္ဆို႔ အေရးယူမႈေတြကို ျပန္လည္ခ်မွတ္ဖို႔ သုံးသပ္မႈေတြ ျပန္လုပ္ေနၿပီလို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက Ned Price ေျပာပါတယ္။
အေမရိကန္ အစိုးရအေနနဲ႔ သုံးသပ္မႈေတြ မေန႔က စၿပီး လုပ္ေဆာင္ေနေၾကာင္းနဲ႔ အခ်က္အလက္ေတြ စုေဆာင္းေနသလို ဥပေဒပိုင္းဆိုင္ရာ သုံးသပ္မႈေတြလည္း ျပဳလုပ္ေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ မေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ Ned Price က ေျပာပါတယ္။
ဒီ အျဖစ္အပ်က္က စစ္တပ္အာဏာသိမ္းမႈ ျဖစ္တယ္ဆိုတာကို အခ်ိန္တိုအတြင္း ဆုံးျဖတ္ႏိုင္ခဲ့သလို ဒီလိုဆုံးျဖတ္ႏိုင္ခဲ့တာေၾကာင့္ အေရးယူမႈေတြ ခ်မွတ္ဖို႔ အခုလို ျမန္ျမန္ဆန္ဆန္ သုံးသပ္ႏိုင္တာလို႔လည္း Ned Price က ေျပာပါတယ္။
ဒီမိုကေရစီေရး၊ ၿငိမ္းခ်မ္းေရး၊ တရားမွ်တေရး၊ ဖြံ႕ၿဖိဳးေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ျမန္မာျပည္သူေတြရဲ႕ ေမွ်ာ္မွန္းခ်က္ေတြကို ျဖည့္ဆည္းဖို႔ အေမရိကန္ႏိုင္ငံက ကာလရွည္ ေပးအပ္ထားတဲ့ ကတိကဝတ္ေတြနဲ႔အညီ အခုကိစၥကို ဆုံးျဖတ္သြားမယ္ လို႔လည္း Ned Price က ေျပာပါတယ္။
ျမန္မာျပည္သူေတြကို ဆက္လက္ ေထာက္ပံ့ကူညီေပးဖို႔ကိစၥ အခုအခ်ိန္ထက္ ပိုၿပီး အေရးႀကီးတဲ့ အခ်ိန္ မရွိေၾကာင္း၊ အာဏာသိမ္းမႈ ေနာက္ကြယ္မွာ ရွိေနသူေတြအေပၚ ထပ္ေဆာင္းမူဝါဒေတြ ခ်မွတ္သြားမွာ ျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။
[Unicode Version]
မြန်မာအပေါ် ဒဏ်ခတ်အရေးယူဖို့ အမေရိကန်သုံးသပ်နေပြီ
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ချမှတ်ဖို့ သုံးသပ်မှုတွေ ပြန်လုပ်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက Ned Price ပြောပါတယ်။
အမေရိကန် အစိုးရအနေနဲ့ သုံးသပ်မှုတွေ မနေ့က စပြီး လုပ်ဆောင်နေကြောင်းနဲ့ အချက်အလက်တွေ စုဆောင်းနေသလို ဥပဒေပိုင်းဆိုင်ရာ သုံးသပ်မှုတွေလည်း ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Ned Price က ပြောပါတယ်။
ဒီ အဖြစ်အပျက်က စစ်တပ်အာဏာသိမ်းမှု ဖြစ်တယ်ဆိုတာကို အချိန်တိုအတွင်း ဆုံးဖြတ်နိုင်ခဲ့သလို ဒီလိုဆုံးဖြတ်နိုင်ခဲ့တာကြောင့် အရေးယူမှုတွေ ချမှတ်ဖို့ အခုလို မြန်မြန်ဆန်ဆန် သုံးသပ်နိုင်တာလို့လည်း Ned Price က ပြောပါတယ်။
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ အမေရိကန်နိုင်ငံက ကာလရှည် ပေးအပ်ထားတဲ့ ကတိကဝတ်တွေနဲ့အညီ အခုကိစ္စကို ဆုံးဖြတ်သွားမယ် လို့လည်း Ned Price က ပြောပါတယ်။
မြန်မာပြည်သူတွေကို ဆက်လက် ထောက်ပံ့ကူညီပေးဖို့ကိစ္စ အခုအချိန်ထက် ပိုပြီး အရေးကြီးတဲ့ အချိန် မရှိကြောင်း၊ အာဏာသိမ်းမှု နောက်ကွယ်မှာ ရှိနေသူတွေအပေါ် ထပ်ဆောင်းမူဝါဒတွေ ချမှတ်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။