[Zawgyi/Unicode]
တပ္မေတာ္ကေန အာဏာသိမ္းခဲ့တဲ့ေန႔က ဖမ္းဆီးခံခဲ့ရတဲ့ တိုင္းနဲ႔ျပည္နယ္အသီးသီးက အစိုးရအဖြဲ႔၀င္ေတြနဲ႔ လႊတ္ေတာ္အၾကီးအကဲေတြ ေတာ္ေတာ္မ်ားမ်ားကို ျပန္လႊတ္ေပးခဲ့ေပမဲ့ က်န္ေနေသးတဲ့သူေတြလည္း ရွိေနပါတယ္။ ခ်င္းျပည္နယ္က အစုိးရအဖဲြ႔၀င္ တခ်ဳိ႕နဲ႔ လႊတ္ေတာ္အႀကီးအကဲေတြလည္း အခုအခ်ိန္အထိ ျပန္လြတ္မလာေသးတဲ့ အေၾကာင္းကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပုိ႔ထားပါတယ္။
အာဏာသိမ္းခ်ိန္မွာ ဖမ္းဆီးခံခဲ့ရသူေတြထဲက ခ်င္းျပည္နယ္ အစုိးရအဖဲြ႔၀င္ ဝန္ႀကီး ၂ ဦးနဲ႔ လႊတ္ေတာ္ဥကၠ႒၊ ဒုဥကၠ႒ေတြကေတာ့ အခုထိ ျပန္လြတ္မလာေသးပါဘူး။ ထိန္းသိမ္းခံခဲ့ရၿပီး ဒီတပတ္အေစာပုိင္းမွာပဲ ျပန္လြတ္္လာတဲ့ ခ်င္းျပည္နယ္ စိုက္ပ်ဴိးေရး၊ ေမြးျမဴေရး၊ သစ္ေတာ၀န္ႀကီး ဦးမန္ဟင္းဒါလ္းကေတာ့ ဘာသတင္းမွ မၾကားရဘူးလုိ႔ေျပာပါတယ္။
“က်ေနာ္တို႔ကေတာ့ လႊတ္ေတာ္ဥကၠ႒တို႔၊ ဘာတို႔သတင္းကေတာ့ ဘာမွမၾကားဘူး။ ၀န္ၾကီးဦးစိုးထက္သတင္းလည္း က်ေနာ္ ဘာမွမၾကားေသးဘူး။ ရိပ္သာမွာပဲ ျဖစ္မွာပါ။ ဗ်ဴဟာရိပ္သာမွာ က်ေနာ္တို႔ ေခၚသြားေတာ့အဲဒီမွာ ေခၚထားတာ။ ဟားခါးအေျခစိုက္ဗ်ဴဟာေပါ့။”
ခ်င္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးဇိုဘြဲ၊ ဒုဥကၠ႒ ဦးတိပ္ထန္း၊ စည္ပင္သာယာေရးဝန္ၾကီး ဦးစိုးထက္နဲ႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအား အရင္းအျမစ္ဝန္ၾကီး ဦးေဖြအာတို႔ကုိ ဘာေၾကာင့္ ဆက္လက္ထိန္းသိမ္းထားသလဲဆုိတာ ရွင္းရွင္းလင္းလင္း မသိရဘူးလုိ႔လည္း ဝန္ႀကီးဦးမန္ဟင္းဒါလ္းက ေျပာပါတယ္။
ေဖေဖာ္၀ါရီ ၁ ရက္ေန႕တုန္းက တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာကို သိမ္းပိုက္လိုက္ျပီး နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္၊ သမၼတ အပါအဝင္ အစိုးရအဖြဲ႕ဝင္ေတြ၊ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ အစိုးရအဖြဲ႔ဝင္ေတြ ထိန္းသိမ္းခံခဲ့ရၿပီးေနာက္ အဲဒီေန႔ ညေနေလာက္ကစျပီး ဝန္ႀကီးတခ်ိဳ႕ကိုျပန္လႊတ္ေပးခဲ့တာပါ။
ဒါေပမဲ့ ခ်င္းျပည္နယ္လႊတ္ေတာ္ဥကၠ႒နဲ႔ ဝန္ၾကီးေတြကို ျပန္မလႊတ္ေသးတဲ့အေပၚ ခိုနုန္းသုမ္ ခ်င္းသတင္းဌာန အယ္ဒီတာ ဆလိုင္းေရာဘတ္က အခုလို သုံးသပ္ထားပါတယ္။
“ခ်င္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးဇိုဘြဲဆိုရင္ ခ်င္းျပည္နယ္ရဲ႕ NLD ဥကၠ႒လည္း ျဖစ္တယ္။ NLD စတင္တည္ေထာင္လာကတည္းက ပါ၀င္လာတဲ့သူျဖစ္တယ္။ တကယ့္အမာခံျဖစ္တယ္။ လႊတ္ေတာ္ ဒုဥကၠ႒ ဦးတိပ္ထန္းတို႔၊ ၀န္ၾကီး ဦးေဖြအာ သူတို႔ဆိုလည္း တကယ့္ NLD အမာခံျဖစ္ေတာ့ သူတို႔ကို ဆက္လက္ထိန္းသိမ္းထားတာလည္း ျဖစ္ရင္ျဖစ္နိုင္ တယ္။ ဝန္ၾကီးဦးစိုးထက္က်ေတာ့ တပ္မေတာ္မွာ စစ္မႈထမ္းခဲ့ျပီးေတာ့ အဲဒီကေနႏုတ္ထြက္ျပီးေတာ့ ေနာက္ပိုင္းမွာ ခ်င္းျပည္နယ္အစိုးရမွာ ၀င္လာျပီးေတာ့ အခု ၂၀၂၀ ေရြးေကာက္ပြဲမွာပဲ NLD ကေန ၀င္ေရာက္ယွဥ္ျပိဳင္တဲ့ ပုဂၢိဳလ္ျဖစ္တာေပါ့ေလ။ ဒါေပမဲ့ သူက စစ္တပ္ထဲမွာလည္း ႏွစ္ေပါင္းမ်ားစြာ လုပ္လာခဲ့တဲ့သူဆိုေတာ့ သူ႔ကိုမ်ား ခ်င္းျပည္နယ္ ေကာင္စီ၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္ထဲမွာ ပါ၀င္ဖို႔မ်ား သူ႔ကို ညိွႏိႈင္းသလား၊ သုံးသပ္ရတာ ေတာ္ေတာ္ေလးခက္ပါတယ္။”
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ပိုင္းက ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္သမၼတ႐ုံးက အမိန႔္ ေၾကညာစာအမွတ္ ၁/၂၀၂၁ နဲ႕ အေရးေပၚ အေျခအေနေၾကညာခဲ့ၿပီး နိုင္ငံေတာ္ရဲ႕ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး တရားစီရင္ေရးလုပ္ငန္းေတြကို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အာဏာလႊဲေျပာင္းလိုက္ေၾကာင္းေၾကညာခဲ့ပါတယ္။
တပ္မေတာ္အာဏာသိမ္းျပီးတဲ့ေနာက္မွာ အဖြဲ႕အစည္းအသီးသီးကေန ကန္႕ကြက္ေၾကာင္းထုတ္ျပန္ခဲ့သလို ဝန္ထမ္းအစုအဖြဲ႔ေတြကလည္း စစ္အစိုးရနဲ႔ ပူးေပါင္းမွာ မဟုတ္ေတာ့ေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။
ဒါ့အျပင္တပ္မေတာ္ကေန အေရးေပၚ အေျခအေနေၾကညာျပီး အာဏာသိမ္းလာတဲ့အေပၚ ကုလသမဂၢနဲ႔ အေမရိကန္ အပါအဝင္ ႏုိင္ငံတကာ အသုိင္းအဝန္းကေတာ့ ျပစ္တင္ေျပာဆုိေနၾကပါတယ္။
[Unicode Version]
ထိန်းသိမ်းခံ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်အကြီးအကဲတွေ ပြန်မလွတ်သေး
တပ်မတော်ကနေ အာဏာသိမ်းခဲ့တဲ့နေ့က ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်အကြီးအကဲတွေ တော်တော်များများကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်နေသေးတဲ့သူတွေလည်း ရှိနေပါတယ်။ ချင်းပြည်နယ်က အစိုးရအဖွဲ့ဝင် တချို့နဲ့ လွှတ်တော်အကြီးအကဲတွေလည်း အခုအချိန်အထိ ပြန်လွတ်မလာသေးတဲ့ အကြောင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
အာဏာသိမ်းချိန်မှာ ဖမ်းဆီးခံခဲ့ရသူတွေထဲက ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦးနဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကတော့ အခုထိ ပြန်လွတ်မလာသေးပါဘူး။ ထိန်းသိမ်းခံခဲ့ရပြီး ဒီတပတ်အစောပိုင်းမှာပဲ ပြန်လွတ်လာတဲ့ ချင်းပြည်နယ် စိုက်ပျိူးရေး၊ မွေးမြူရေး၊ သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းကတော့ ဘာသတင်းမှ မကြားရဘူးလို့ပြောပါတယ်။
“ကျနော်တို့ကတော့ လွှတ်တော်ဥက္ကဋ္ဌတို့၊ ဘာတို့သတင်းကတော့ ဘာမှမကြားဘူး။ ဝန်ကြီးဦးစိုးထက်သတင်းလည်း ကျနော် ဘာမှမကြားသေးဘူး။ ရိပ်သာမှာပဲ ဖြစ်မှာပါ။ ဗျူဟာရိပ်သာမှာ ကျနော်တို့ ခေါ်သွားတော့အဲဒီမှာ ခေါ်ထားတာ။ ဟားခါးအခြေစိုက်ဗျူဟာပေါ့။”
ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုဥက္ကဋ္ဌ ဦးတိပ်ထန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအာတို့ကို ဘာကြောင့် ဆက်လက်ထိန်းသိမ်းထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း ဝန်ကြီးဦးမန်ဟင်းဒါလ်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းက တပ်မတော်ကနေ နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ ထိန်းသိမ်းခံခဲ့ရပြီးနောက် အဲဒီနေ့ ညနေလောက်ကစပြီး ဝန်ကြီးတချို့ကိုပြန်လွှတ်ပေးခဲ့တာပါ။
ဒါပေမဲ့ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေကို ပြန်မလွှတ်သေးတဲ့အပေါ် ခိုနုန်းသုမ် ချင်းသတင်းဌာန အယ်ဒီတာ ဆလိုင်းရောဘတ်က အခုလို သုံးသပ်ထားပါတယ်။
“ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲဆိုရင် ချင်းပြည်နယ်ရဲ့ NLD ဥက္ကဋ္ဌလည်း ဖြစ်တယ်။ NLD စတင်တည်ထောင်လာကတည်းက ပါဝင်လာတဲ့သူဖြစ်တယ်။ တကယ့်အမာခံဖြစ်တယ်။ လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတိပ်ထန်းတို့၊ ဝန်ကြီး ဦးဖွေအာ သူတို့ဆိုလည်း တကယ့် NLD အမာခံဖြစ်တော့ သူတို့ကို ဆက်လက်ထိန်းသိမ်းထားတာလည်း ဖြစ်ရင်ဖြစ်နိုင် တယ်။ ဝန်ကြီးဦးစိုးထက်ကျတော့ တပ်မတော်မှာ စစ်မှုထမ်းခဲ့ပြီးတော့ အဲဒီကနေနုတ်ထွက်ပြီးတော့ နောက်ပိုင်းမှာ ချင်းပြည်နယ်အစိုးရမှာ ဝင်လာပြီးတော့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာပဲ NLD ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တာပေါ့လေ။ ဒါပေမဲ့ သူက စစ်တပ်ထဲမှာလည်း နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့သူဆိုတော့ သူ့ကိုများ ချင်းပြည်နယ် ကောင်စီ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ထဲမှာ ပါဝင်ဖို့များ သူ့ကို ညှိနှိုင်းသလား၊ သုံးသပ်ရတာ တော်တော်လေးခက်ပါတယ်။”
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးက အမိန့် ကြေညာစာအမှတ် ၁/၂၀၂၁ နဲ့ အရေးပေါ် အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးလုပ်ငန်းတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။
တပ်မတော်အာဏာသိမ်းပြီးတဲ့နောက်မှာ အဖွဲ့အစည်းအသီးသီးကနေ ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သလို ဝန်ထမ်းအစုအဖွဲ့တွေကလည်း စစ်အစိုးရနဲ့ ပူးပေါင်းမှာ မဟုတ်တော့ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒါ့အပြင်တပ်မတော်ကနေ အရေးပေါ် အခြေအနေကြေညာပြီး အာဏာသိမ်းလာတဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ပြစ်တင်ပြောဆိုနေကြပါတယ်။