သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုန္သည္စက္မႈအသင္းခ်ဳပ္နဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေတ႔ြဆံု


ကုန္သည္စက္မႈအသင္းခ်ဳပ္နဲ႔ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္ ေတ႔ြဆံု (ဓါတ္ပံု-တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕)

(Zawgyi/Unicode)

စစ္အာဏာသိမ္းေကာင္စီသစ္ေခါင္းေဆာင္အေနနဲ႔ UMFCCI ကုန္သည္စက္မူအသင္းခ်ဳပ္နဲ႔ မေန႔က ေတြ႔ဆံုရာမွာ၊ စီးပြားေရးမူဝါဒေျပာင္းမွာမဟုတ္ဘဲ၊ စီးပြားေရးမရပ္ေအာင္နဲ႔ ရလဒ္ထြက္ေအာင္ဝိုင္းလုပ္ေပးဖို႔ေတာင္းဆိုခဲ့တယ္လို႔၊ အစည္းအေဝးတက္ေရာက္သူတစ္ဦးကဆိုပါတယ္။

ဒီအစည္းအေဝးတက္ေရာက္ခဲ့တဲ့ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႔ခ်ဳပ္ဥကၠဌက၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မူးႀကီးမင္းေအာင္လိႈင္နဲ႔ေဆြးေႏြးရာမွာ၊ တႏွစ္ေရတိုလုပ္ငန္းအခက္အခဲသာတင္ျပဖို႔ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ ကိုဝင္းမင္းကေမးထားပါတယ္။

ေနျပည္ေတာ္ သမၼတအိမ္ေတာ္က ဒီေဆြးေႏြးပြဲသြားတက္ခဲ့တဲ့ ခရီးသြားလုပ္ငန္းအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးရန္ဝင္းကို ဒီအစည္းအေဝးရဲ့ထူးျခားခ်က္ကိုစေမးေတာ့၊ သူက

ဦးရန္ဝင္း။ ။ အဲဒီအစည္းအေ၀းမွာ ေျပာတာကေတာ့ လက္ရွိလုပ္ငန္းေတြကို အခက္အခဲရွိတာေတြကို တင္ျပခိုင္းတယ္ ဘယ္ဟာေတြ အခက္အခဲရွိသလဲေပ့ါ။ ဘယ္လုပ္ငန္းကိုမွ ရပ္ထားတာမ်ိဳး ေႏွာင့္ေႏွးေနတာမ်ိဳး မျဖစ္ေစခ်င္ဘူး။ အားလံုးကို အဆင္ေျပေျပနဲ႔ ဆက္လုပ္ေစခ်င္တယ္။ အျမန္လုပ္ေစခ်င္တယ္ လို႔ သူတုိ႔ကေျပာတယ္ အဓိကေတာ့။ တပ္ခ်ဳပ္ႀကီးကေျပာတာကေတာ့ အထူးသျဖင့္ ေရရွည္လုပ္ရမယ့္ လုပ္ငန္းမ်ိဳးကိုေတာ့ မတင္ျပပါနဲ႔ သူတို႔ကေတာ့ ၁ ႏွစ္ပဲ အခ်ိန္ရွိတယ္ ၁ ႏွစ္အတြင္းမွာ အေကာင္အထည္ေဖာ္ေပးမွာ ျဖစ္တဲ့အတြက္ လက္တေလာလုပ္ႏိုင္တဲ့ လုပ္ငန္းမ်ိဳးကိုပဲ တင္ျပပါလို႔ေျပာတယ္။

ေမး။ ။ ဟုတ္ကဲ့ ဦးရန္ဝင္းတို႔ ဘက္ကေရာ ဘယ္လိုအခက္အခဲေတြ တင္ျပျဖစ္သလဲ။

ဦးရန္ဝင္း။ ။ က်ေနာ္တို႔ကလည္း COVID နဲ႔ tourism (ခရီးသြားလုပ္ငန္း) ေတြက ရပ္ဆိုင္းေနတာေပါ့ဗ်ာ။ အဲဒါေတြကိုလည္း တင္ျပတာေပါ့ ။ ဟိုတယ္ေတြလည္း ရပ္သြားၿပီ၊ ခရီးသြားလုပ္ငန္းဆိုရင္လည္း အကုန္ရပ္သြားတယ္။ အဲဒီအေနအထားမွာ က်ေနာ္တို႔က ျပန္စဖို႔ ျပည္တြင္းခရီးသြားနဲ႔ ျပန္စမယ္ေပါ့။ ေနာက္တခါ ႏိုင္ငံတကာ ဧည့္သည္ေတြလည္း ျပန္လာဖို႔ဆိုတာက COVID အျပီးမွာ COVID safe ျဖစ္တယ္ဆိုတဲ့အေၾကာင္းေတြကို ေသေသခ်ာခ်ာ Tourist ေတြကို ကမာၻကို သိေအာင္ေျပာျပရမွာေပါ့။ ဒါေတြအတြက္ က်ေနာ္တို႔က ဘတ္ဂ်က္ေတြ လိုပါတယ္ဆုိတာ က်ေနာ္တို႔က ေတာင္းတာေပါ့ဗ်ာ။

ေမး။ ။ ဟုတ္ကဲ့ အခုတေခါက္မွာေရာ ဘယ္ေလာက္အထိ ေမွ်ာ္လင့္ထားသလဲ။

ဦးရန္ဝင္း။ ။ သိတဲ့အတိုင္းပဲ ဘတ္ဂ်က္ကေတာ့ ႏိုင္ငံေတာ္က ေပးဖို႔ကေတာ့ ခက္တာေပါ့ေနာ္။ အစဥ္အလာအရ Promotion ဘတ္ဂ်က္ဆိုတာ ေတာင္းလည္း ရခဲ့တာမဟုတ္ဘူးေလ။ ဘတ္ဂ်က္က မရွိေတာ့ ႏိုင္ငံေတာ္က မေပးႏိုင္ဘူးေပါ့။ က်ေနာ္တို႔ကေတာ့ သိပ္မေမွ်ာ္လင့္ပါဘူး အတတ္ႏိုင္ဆံုးေတာ့ ဘတ္ဂ်က္ရသေလာက္ေတာ့ ေတာင္းေပးမယ္လို႔ေျပာတယ္။ ဒါေပမယ့္ တႏွစ္အတြင္း ဒါေတြကို ၿပီးႏိုင္မယ့္အလုပ္မ်ိဳးပဲ ေျပာပါဆိုေတာ့ ေျပာေတာ့ ခက္တာေပါ့ေလ COVID က မၿပီးေသးဘူးဆိုေတာ့ ။ ဒါက ႀကိဳတင္သာေျပာေနတာေပါ့ဗ်ာ COVID မၿပီးေသးပဲနဲ႔ ခင္ဗ်ားတို႔ ဘတ္ဂ်က္ေတြ ဘယ္မွာသံုးမွာလဲဆိုေတာ့ ေျပာဖို႔ေတာ့ ခက္တာေပါ့ေနာ္။ ဒါေပမယ့္ ထိုင္းတို႔ဘာတို႔ က်န္တဲ့လူေတြက သူတို႔ဆီမွာ COVID ၿပီးရင္ ဘယ္လိုဧည့္သည္ေတြ လာႏိုင္ၿပီ ဘာညာ၊ သူတို႔က ေၾကညာခ်က္ေတြ မ်ိဳးစံုလုပ္ေနတယ္ ။ က်ေနာ္တို႔ဆီမွာေတာ့ ဒါေတြက ပိုက္ဆံရွိမွပဲ ေျပာလို႔ရတာကို သတင္းဆိုတာ information ေပးတယ္၊ Promotion ဘတ္ဂ်က္ရွိမွ လုပ္လို႔ရတာေၾကာင့္ ေတာင္းတာပါ က်ေနာ္ကေတာ့ ။ ထိုက္သင့္သေလာက္ ေပးမယ္တဲ့။

ေမး။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ေရတိုအတြက္ အခုေလာေလာဆည္မွာ ျပည္တြင္းခရီးသြားေပါ့။ အဲဒီအတြက္ေရာ ေတာင္းဖို႔ ဘယ္ေလာက္ေလာက္မွန္းထားသလဲ။

ဦးရန္ဝင္း။ ။ ျပည္တြင္းခရီးသြားကေတာ့ ဘတ္ဂ်က္အမ်ားႀကီး မစဥ္းစားပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖြင့္ေပးတယ္ဆိုၿပီး ေၾကညာရင္ လူေတြက တႏွစ္နီးနီး ပိတ္ထားတဲ့အတြက္ ျပည္တြင္းခရီးသြားေတြ မသြားရတဲ့အတြက္ အတင္းသြားခ်င္ေနၾကတာေလ။ ျပည္တြင္းခရီးသြားကေတာ့ ေရတိုေပါ့ က်ေနာ္တို႔က မွန္းတာက အခုလည္း ေတာ္ေတာ္ေလး COVID က ပါးလာတဲ့အတြက္ က်ေနာ္တို႔က အျမန္ဖြင့္ဖို႔ ေတာင္းဆိုတာေပါ့။ ဒါေပမယ့္ ဒီအတိုင္းႀကီးဖြင့္ေပးလိုက္ရင္ အကုန္ျပန္ကူးမွာ။ ဒါကို က်န္းမာေရး၀န္ႀကီးဌာနရဲ႕ Instruction နဲ႔အညီဖြင့္ရမယ္။ Mask ေတြဘာေတြ မတတ္တဲ့သူကို ေသခ်ာအေရးယူရမယ္။ ေနာက္ၿပီးေတာ့ ကာကြယ္ေဆး Tourism industry က service လုပ္တဲ့သူေတြကို ကာကြယ္ေဆးအျမန္ထိုးေပးဖို႔လည္း က်ေနာ္တို႔ေတာင္းဆိုတယ္ေလ။ ေနာက္ဧည့္သည္ေတြလာရင္ Service ေပးရင္ ကိုယ့္လူေတြက save ျဖစ္ေနဖို႔ လိုတာကို။

ေမး။ ။ ဆိုလိုတာက ျပည္တြင္းခရီးအတြက္က ဘတ္ဂ်က္ထက္စာရင္ COVID အကန္႔အသတ္က ႀကီးမားတဲ့ သေဘာျဖစ္ေနတာေပါ့ေနာ္ ခြင့္ျပဳဖို႔ ကိစၥမွာ။

ဦးရန္ဝင္း။ ။ အဓိကေတာ့ ျပည္တြင္းခရီးသြားကိုေပါ့ ၄၊ ၅ ၊ ၆ လအတြင္း ဖြင့္လစ္ႏိုင္ၿပီဆိုရင္ COVID ကလည္း အေျခအေန ေကာင္းသြားၿပီဆိုရင္ က်ေနာ္တုိ႔က ျပည္ပ ခရီးသြားဆိုတာက အနည္းဆံုး ၆ လ ၉ လ ႀကိဳတင္ၿပီး declare (ေၾကညာ)ရမွာေလ။ က်ေနာ္တို႔ဆီမွာ COVID safe ျဖစ္ေနပါၿပီ ဧည့္သည္ေတြ လာႏိုင္ပါေစ ဆိုတဲ့ဟာကို က်န္တဲ့ ထိုင္းတို႔ အာဆီယံႏိုင္ငံေတြ ေၾကညာသလို က်ေနာ္တုိ႔ဆီကလည္း ေသေသခ်ာခ်ာ ေၾကညာႏိုင္မွ Information ေပးႏိုင္မွ ဧည့္သည္က လာမွာေပါ့ေလ။ ႏို႔မဟုတ္ရင္ ဘယ္လာမလဲ ျပည္ပခရီးသြားကေတာ့ အနည္းဆံုး ေနာက္ ၆ လ ေၾကညာရင္ေတာင္မွ ေနာက္ ၁ ႏွစ္မွ။ ဒီ ၁ ရာသီကေတာ့ က်ေနာ္တို႔ဆီမွာ မရွိေတာ့ဘူးေပါ့ဗ်ာ။ ေနာက္ ၆ လအတြင္း ျပည္တြင္းခရီးသြား စမယ္လို႔ပဲ က်ေနာ္တို႔က မွန္းထားတယ္ ဒါကေတာ့ ပိုက္ဆံသိပ္မကုန္ဘူးေပါ့။

ေမး။ ။ ဟုတ္ကဲ့ ဒီကုန္သည္စက္မႈအသင္းခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္း၀င္းကိုလည္း က်ေနာ္ ဖုန္းဆက္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ဖုန္းက ဘယ္လိုမွ ဆက္လို႔မရဘူး။ သူေရာ အဓိက ဘာေတြ ေျပာသြားေသးသလဲ။

ဦးရန္ဝင္း။ ။ ဦးေဇာ္မင္း၀င္းကေတာ့ က႑စံုပဲ ကုန္သြယ္ေရး က႑ေတြလည္းေျပာတယ္၊ အခြန္ကိစၥေတြလည္းေျပာတယ္၊ တန္တိုးေတြေလွ်ာ့ေပးဖို႔လည္းေျပာတယ္။

ခရီးသြားလုပ္ငန္းအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးရန္ဝင္းကို ကိုဝင္းမင္းကေမးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


...........

ကုန်သည်စက်မှုအသင်းချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တေ့ွဆုံ

(Unicode)

စစ်အာဏာသိမ်းကောင်စီသစ်ခေါင်းဆောင်အနေနဲ့ UMFCCI ကုန်သည်စက်မူအသင်းချုပ်နဲ့ မနေ့က တွေ့ဆုံရာမှာ၊ စီးပွားရေးမူဝါဒပြောင်းမှာမဟုတ်ဘဲ၊ စီးပွားရေးမရပ်အောင်နဲ့ ရလဒ်ထွက်အောင်ဝိုင်းလုပ်ပေးဖို့တောင်းဆိုခဲ့တယ်လို့၊ အစည်းအဝေးတက်ရောက်သူတစ်ဦးကဆိုပါတယ်။

ဒီအစည်းအဝေးတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်နဲ့ဆွေးနွေးရာမှာ၊ တနှစ်ရေတိုလုပ်ငန်းအခက်အခဲသာတင်ပြဖို့ပြောခဲ့တယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းကမေးထားပါတယ်။

နေပြည်တော် သမ္မတအိမ်တော်က ဒီဆွေးနွေးပွဲသွားတက်ခဲ့တဲ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းကို ဒီအစည်းအဝေးရဲ့ထူးခြားချက်ကိုစမေးတော့၊ သူက

ဦးရန်ဝင်း။ ။ အဲဒီအစည်းအဝေးမှာ ပြောတာကတော့ လက်ရှိလုပ်ငန်းတွေကို အခက်အခဲရှိတာတွေကို တင်ပြခိုင်းတယ် ဘယ်ဟာတွေ အခက်အခဲရှိသလဲပေ့ါ။ ဘယ်လုပ်ငန်းကိုမှ ရပ်ထားတာမျိုး နှောင့်နှေးနေတာမျိုး မဖြစ်စေချင်ဘူး။ အားလုံးကို အဆင်ပြေပြေနဲ့ ဆက်လုပ်စေချင်တယ်။ အမြန်လုပ်စေချင်တယ် လို့ သူတို့ကပြောတယ် အဓိကတော့။ တပ်ချုပ်ကြီးကပြောတာကတော့ အထူးသဖြင့် ရေရှည်လုပ်ရမယ့် လုပ်ငန်းမျိုးကိုတော့ မတင်ပြပါနဲ့ သူတို့ကတော့ ၁ နှစ်ပဲ အချိန်ရှိတယ် ၁ နှစ်အတွင်းမှာ အကောင်အထည်ဖော်ပေးမှာ ဖြစ်တဲ့အတွက် လက်တလောလုပ်နိုင်တဲ့ လုပ်ငန်းမျိုးကိုပဲ တင်ပြပါလို့ပြောတယ်။

မေး။ ။ ဟုတ်ကဲ့ ဦးရန်ဝင်းတို့ဘက်ကရော ဘယ်လိုအခက်အခဲတွေ တင်ပြဖြစ်သလဲ။

ဦးရန်ဝင်း။ ။ ကျနော်တို့ကလည်း COVID နဲ့ tourism (ခရီးသွားလုပ်ငန်း) တွေက ရပ်ဆိုင်းနေတာပေါ့ဗျာ။ အဲဒါတွေကိုလည်း တင်ပြတာပေါ့ ။ ဟိုတယ်တွေလည်း ရပ်သွားပြီ၊ ခရီးသွားလုပ်ငန်းဆိုရင်လည်း အကုန်ရပ်သွားတယ်။ အဲဒီအနေအထားမှာ ကျနော်တို့က ပြန်စဖို့ ပြည်တွင်းခရီးသွားနဲ့ ပြန်စမယ်ပေါ့။ နောက်တခါ နိုင်ငံတကာ ဧည့်သည်တွေလည်း ပြန်လာဖို့ဆိုတာက COVID အပြီးမှာ COVID safe ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို သေသေချာချာ Tourist တွေကို ကမ္ဘာကို သိအောင်ပြောပြရမှာပေါ့။ ဒါတွေအတွက် ကျနော်တို့က ဘတ်ဂျက်တွေ လိုပါတယ်ဆိုတာ ကျနော်တို့က တောင်းတာပေါ့ဗျာ။

မေး။ ။ ဟုတ်ကဲ့ အခုတခေါက်မှာရော ဘယ်လောက်အထိ မျှော်လင့်ထားသလဲ။

ဦးရန်ဝင်း။ ။ သိတဲ့အတိုင်းပဲ ဘတ်ဂျက်ကတော့ နိုင်ငံတော်က ပေးဖို့ကတော့ ခက်တာပေါ့နော်။ အစဉ်အလာအရ Promotion ဘတ်ဂျက်ဆိုတာ တောင်းလည်း ရခဲ့တာမဟုတ်ဘူးလေ။ ဘတ်ဂျက်က မရှိတော့ နိုင်ငံတော်က မပေးနိုင်ဘူးပေါ့။ ကျနော်တို့ကတော့ သိပ်မမျှော်လင့်ပါဘူး အတတ်နိုင်ဆုံးတော့ ဘတ်ဂျက်ရသလောက်တော့ တောင်းပေးမယ်လို့ပြောတယ်။ ဒါပေမယ့် တနှစ်အတွင်း ဒါတွေကို ပြီးနိုင်မယ့်အလုပ်မျိုးပဲ ပြောပါဆိုတော့ ပြောတော့ ခက်တာပေါ့လေ COVID က မပြီးသေးဘူးဆိုတော့ ။ ဒါက ကြိုတင်သာပြောနေတာပေါ့ဗျာ COVID မပြီးသေးပဲနဲ့ ခင်ဗျားတို့ ဘတ်ဂျက်တွေ ဘယ်မှာသုံးမှာလဲဆိုတော့ ပြောဖို့တော့ ခက်တာပေါ့နော်။ ဒါပေမယ့် ထိုင်းတို့ဘာတို့ ကျန်တဲ့လူတွေက သူတို့ဆီမှာ COVID ပြီးရင် ဘယ်လိုဧည့်သည်တွေ လာနိုင်ပြီ ဘာညာ၊ သူတို့က ကြေညာချက်တွေ မျိုးစုံလုပ်နေတယ် ။ ကျနော်တို့ဆီမှာတော့ ဒါတွေက ပိုက်ဆံရှိမှပဲ ပြောလို့ရတာကို သတင်းဆိုတာ information ပေးတယ်၊ Promotion ဘတ်ဂျက်ရှိမှ လုပ်လို့ရတာကြောင့် တောင်းတာပါ ကျနော်ကတော့ ။ ထိုက်သင့်သလောက် ပေးမယ်တဲ့။

မေး။ ။ ဟုတ်ကဲ့ အဲဒီတော့ ရေတိုအတွက် အခုလောလောဆည်မှာ ပြည်တွင်းခရီးသွားပေါ့။ အဲဒီအတွက်ရော တောင်းဖို့ ဘယ်လောက်လောက်မှန်းထားသလဲ။

ဦးရန်ဝင်း။ ။ ပြည်တွင်းခရီးသွားကတော့ ဘတ်ဂျက်အများကြီး မစဉ်းစားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွင့်ပေးတယ်ဆိုပြီး ကြေညာရင် လူတွေက တနှစ်နီးနီး ပိတ်ထားတဲ့အတွက် ပြည်တွင်းခရီးသွားတွေ မသွားရတဲ့အတွက် အတင်းသွားချင်နေကြတာလေ။ ပြည်တွင်းခရီးသွားကတော့ ရေတိုပေါ့ ကျနော်တို့က မှန်းတာက အခုလည်း တော်တော်လေး COVID က ပါးလာတဲ့အတွက် ကျနော်တို့က အမြန်ဖွင့်ဖို့ တောင်းဆိုတာပေါ့။ ဒါပေမယ့် ဒီအတိုင်းကြီးဖွင့်ပေးလိုက်ရင် အကုန်ပြန်ကူးမှာ။ ဒါကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ Instruction နဲ့အညီဖွင့်ရမယ်။ Mask တွေဘာတွေ မတတ်တဲ့သူကို သေချာအရေးယူရမယ်။ နောက်ပြီးတော့ ကာကွယ်ဆေး Tourism industry က service လုပ်တဲ့သူတွေကို ကာကွယ်ဆေးအမြန်ထိုးပေးဖို့လည်း ကျနော်တို့တောင်းဆိုတယ်လေ။ နောက်ဧည့်သည်တွေလာရင် Service ပေးရင် ကိုယ့်လူတွေက save ဖြစ်နေဖို့ လိုတာကို။

မေး။ ။ ဆိုလိုတာက ပြည်တွင်းခရီးအတွက်က ဘတ်ဂျက်ထက်စာရင် COVID အကန့်အသတ်က ကြီးမားတဲ့ သဘောဖြစ်နေတာပေါ့နော် ခွင့်ပြုဖို့ ကိစ္စမှာ။

ဦးရန်ဝင်း။ ။ အဓိကတော့ ပြည်တွင်းခရီးသွားကိုပေါ့ ၄၊ ၅ ၊ ၆ လအတွင်း ဖွင့်လစ်နိုင်ပြီဆိုရင် COVID ကလည်း အခြေအနေ ကောင်းသွားပြီဆိုရင် ကျနော်တို့က ပြည်ပ ခရီးသွားဆိုတာက အနည်းဆုံး ၆ လ ၉ လ ကြိုတင်ပြီး declare (ကြေညာ)ရမှာလေ။ ကျနော်တို့ဆီမှာ COVID safe ဖြစ်နေပါပြီ ဧည့်သည်တွေ လာနိုင်ပါစေ ဆိုတဲ့ဟာကို ကျန်တဲ့ ထိုင်းတို့ အာဆီယံနိုင်ငံတွေ ကြေညာသလို ကျနော်တို့ဆီကလည်း သေသေချာချာ ကြေညာနိုင်မှ Information ပေးနိုင်မှ ဧည့်သည်က လာမှာပေါ့လေ။ နို့မဟုတ်ရင် ဘယ်လာမလဲ ပြည်ပခရီးသွားကတော့ အနည်းဆုံး နောက် ၆ လ ကြေညာရင်တောင်မှ နောက် ၁ နှစ်မှ။ ဒီ ၁ ရာသီကတော့ ကျနော်တို့ဆီမှာ မရှိတော့ဘူးပေါ့ဗျာ။ နောက် ၆ လအတွင်း ပြည်တွင်းခရီးသွား စမယ်လို့ပဲ ကျနော်တို့က မှန်းထားတယ် ဒါကတော့ ပိုက်ဆံသိပ်မကုန်ဘူးပေါ့။

မေး။ ။ ဟုတ်ကဲ့ ဒီကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကိုလည်း ကျနော် ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ဖုန်းက ဘယ်လိုမှ ဆက်လို့မရဘူး။ သူရော အဓိက ဘာတွေ ပြောသွားသေးသလဲ။

ဦးရန်ဝင်း။ ။ ဦးဇော်မင်းဝင်းကတော့ ကဏ္ဍစုံပဲ ကုန်သွယ်ရေး ကဏ္ဍတွေလည်းပြောတယ်၊ အခွန်ကိစ္စတွေလည်းပြောတယ်၊ တန်တိုးတွေလျှော့ပေးဖို့လည်းပြောတယ်။

ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းကို ကိုဝင်းမင်းကမေးခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG