သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာတွေရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ တတိယနေ့


ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲ (ဓာတ်ပုံ-VOA)
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲ (ဓာတ်ပုံ-VOA)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းတာကိုဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကုလသမဂ္ဂမဟာမင်းကြီးရုံးရှေ့မှာ မြန်မာနိုင်ငံသား ၅၀ ထက်မနည်းဟာ တတိယမြောက်နေ့အဖြစ် ဆန္ဒပြကြတဲ့သတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းရောက်မြန်မာနိုင်ငံသား ၅၀ ထက်မနည်းဟာ ဘန်ကောက်မြို့က UNHCR ကုလသမဂ္ဂမဟာမင်းကြီးရုံး ရှေ့မှာ တတိယမြောက်နေ့အဖြစ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံတော်သီးချင်းကိုသီဆိုကာ မြန်မာနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင် တွေရဲ့ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ သူတို့တောင်းဆိုချက်ကတော့ စစ်တပ်က ဖမ်းဆီး ထားတဲ့မြန်မာနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေကိုပြန်လွတ်ပေးဖို့ နဲ့ မြန်မာ့အရေးကို ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုစာပေးခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဌ ဦးအောင်ကျော်က ပြောပြပါတယ်။

“UNHCR ရုံးရှေ့မှာ သွားရောက်တောင်းဆိုကြတယ် ပြီးတော့စာတွေပေးတယ်။ ပြည်သူလူထုက တရားဝင်တင်မြောက်ထားတဲ့ သမ္မတအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထားတာပြန်လွှတ်ပေးဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပေးဖို့ တပ်မတော်က တရားမဲ့ ပြုကျင့်မူတွေကိုလုံး၀ လက်မခံဘူးဆိုတာတွေပါ။ ဒါက ဒီနေ့ တရက်ထဲမှာ မဟုတ်ပါဘူး ထိုင်းနိုင်ငံဘန်ကောက်မြို့UN ရုံးရှေ့မှာဆန္ဒပြတာ ၃ရက်ရှိသွားပါပြီ”

လာရောက်ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံ ဒေသအသီးသီးက လာကြတဲ့ မြန်မာကျောင်းသားတချို့နဲ့ မြန်မာအလုပ်သမားတွေဖြစ်ကြပါတယ်။ သူတို့ကိုတော့ ထိုင်းအာဏာပိုင်တွေကကိုမိနစ် ၂၀ခန့် ဆန္ဒပြခွင့်ပြုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံသားတွေပဲသီးသန့်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမူတွေဟာ နိုင်ငံတကာမှာဖြစ်ပေါ်နေပြီး ထိုင်းနိုင်ငံမှာတော့ စစ်အုပ်ချုပ်ရေးအောက်မှာ ရောက်နေတဲ့မြန်မာပြည်သူတွေကိုယ်စား ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

.............................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG