သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အာဏာသိမ်းမှု အမေရိကန်ပြည်နယ်တွေက မြန်မာတွေကန့်ကွက် ဆန္ဒပြ


(ဓါတ်ပုံ- ko ko lay FB)
(ဓါတ်ပုံ- ko ko lay FB)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချ ကန့်က ွက်တဲ့ အနေနဲ့ အမေရိကန်ပြည်ထောင်စုတလွှား ပြည်နယ်တချို့မှာ မြန်မာတွေ ဆန္ဒပြကြတဲ့ အကြောင်းကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ(၁)ရက်နေ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှုဟာ မတရားတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး အမေရိကန် အရှေ့ဘက်ခြမ်း ဝါရှင်တန်ဒီစီ ၊ မေရီလန်း ၊ ဗာဂျီးနားယားပြည်နယ်တွေက မြန်မာ( ၆၀) ကျော်ဟာ ဗုဒဟူးနေ့ မွန်းလွဲပိုင်း ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့ဆန္ဒပြကြပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းရင်းကို မအိအိအေးက ခုလို ရှင်းပြပါတယ်။

“ကျမတို့ ဒီ ဒီမိုကရေစီ စနစ်ကို ကျင်းသုံးမယ် ဖေါ်ဆောင်မယ်ဆိုပြီးတော့ ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားပြီးသားဖြစ်တဲ့ ဒီ NLD အစိုးရကို မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရား သိမ်းပိုက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒါကိုမကြေနပ်တဲ့အတွက် ကျမတို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ စစ်သံရုံးရှေ့ လာရောက်ပြီး ဆန္ဒဖေါ်ထုတ်နေပါတယ်။ စစ်တပ်အာဏာ ပြန်လည်ရုပ်သိမ်းဖို့ ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြု အကောင်အထည်ဖေါ်ပေးဖို့နဲ့ တရားမျှတမှု မရှိဘူးဆိုတာကို ကမ္ဘာကသိအောင် ကျမတို့ ဖေါ်ထုတ်သွားမှာ ဖြစ်ပါတယ်။ မနေ့တုန်းက ကုလသမဂ္ဂမှာ မြန်မာ့အရေး အရေးပေါ်ဆွေးနွေးချိန်မှာ တရုတ်နဲ့ ရုရှားက ပယ်ချလိုက်တာကို ကျမတို့ လက်မခံပါဘူး။ ဒါကို ကျမတို့ ဆက်ပြီးဆန္ဒပြသွားမှာ ဖြစ်ပါတယ်။”

မြန်မာနွယ်ဖွားတွေ အနေများတဲ့ အင်ဒီယားနားပြည်နယ်က မြန်မာ ၃၀၀ ဝန်းကျင်ကလည်း အင်ဒီယာနာပိုလိစ်မြို့လယ်ခေါင်မှာ ဖေဖေါ်ဝါရီ ၃ ရက် နေ့လည်မှာ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲမှာပါတဲ့ ကိုရာဇာတင့်ဆွေက ပြောပါတယ်။

“အင်ဒီယားနားပြည်နယ် အင်ဒီယာနာပိုလိစ်မြို့မှာ ဆန္ဒပြကြတာပါ။ ကိုဗစ် ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ အစက လူ ၂၅၀ လောက်နဲ့ ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် လက်တွေ့မှာ လူပိုများလာလို့ လူခွဲပြီးဆန္ဒပြရတယ်။ ဆန္ဒပြရတာကတော့ မြန်မာပြည်မှာ စစ်အာဏာသိမ်းတဲ့ ကိစ္စကို ကျနော်တို့ ရှုတ်ချတယ်။ ပြီးတော့ မြန်မာပြည်မှာ လူတွေအခက်အခဲ ကြုံနေရတာကို သူတို့နဲ့အတူ တသွေးတသားထဲ ရှိတယ်ဆိုတာကို ပြသချင်တယ်။ ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ ဖြစ်ပါတယ်။ ကျနော်တို့ တောင်းဆိုတာ ၃ ချက်က ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ၊ ဒီမိုကရေစီနည်းအရ တင်မြှောက်ထားတဲ့ ဖမ်းဆီးခံ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပါ ဆိုတဲ့အကြောင်း၊ ပြီးတော့ နိုင်ငံတကာက မြန်မာစစ်အုပ်စုကို ဖိအားပေးဖို့ ဆိုတဲ့အကြောင်း အဓိက တောင်းဆိုကြပါတယ်။”

အလားတူ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ မြန်မာအတော်များများကလည်း ပြည်နယ်ရဲ့မြို့တော် အတ္တလန္တာမှာရှိတဲ့ CNN ရုပ်သံဌာနရှေ့ ဆန္ဒပြခဲ့ကြောင်း ဦးဆောင်ပါဝင်တဲ့ ကိုဇော်ကြီးက ပြောပါတယ်။

“အဓိက အကြောင်းကတော့ ကျနော်တို့မြန်မာနိုင်ငံကို မင်းအောင်လှိုင်ဦးစီးတဲ့ စစ်အစိုးရကနေပြီးတော့ မတရားသဖြင့် မဲစာရင်းကို အကြောင်းပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံတော်သမ္မတကြီး ဦးဝင်မြင့်နဲ့ ခေါင်းဆောင်တွေ သံဃာတော်တွေကို မတရား ဖမ်းဆီးခြင်းအပေါ်မှာ အာဏာသိမ်းခဲ့တာကို ကျနော်တို့ လုံးဝ ဆန့်ကျင်တဲ့အကြောင်းကို ကျနော်တို့ ဂျော်ဂျီယာရောက် မြန်မာ-အမေရိကန်တွေ အနေနဲ့ ဆန္ဒပြပွဲကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးရေး၊ နောက်ပြီး ဖမ်းဆီးထားတဲ့ အနုပညာရှင်များကို ချက်ချင်းလွှတ်ဆိုတာကို တောင်းဆိုပါတယ်။ စစ်အစိုးရနဲ့ အုပ်ချုပ်မှုဟာ ကျနော်တို့ ပြည်သူလူထု နှစ်ပေါင်းများစွာ ခါးစည်းခံစားရတာတွေ ဖြစ်ပေါ်စေခဲ့လို့ ခုလို ရှုတ်ချရခြင်း ဖြစ်ပါတယ်။”

အမေရိကန် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်စကို မြို့မှာလည်း ဖေဖေါ်ဝါရီ ၂ ရက်နေ့က မြန်မာ ၅၀၀ ဝန်းကျင်ဆန္ဒပြခဲ့ကြတဲ့ အကြောင်းကိုတော့ ဆန်ဖရန်မြို့ခံ ဦးကိုကိုလေးက ပြောပါတယ်။

“ ဆန္ဒပြရတဲ့ အဓိက အကြောင်းကတော့ ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တစုက ၂၀၀၈ ဥပဒေကို ကျော်လွန်ပြီးတော့ တရားမဝင် အာဏာသိမ်းယူခဲ့တဲ့ အတွက်ကြောင့် ကျနော်တို့ ဆန်ဖရန်စစ္စကို(ဘေး)ဧရိယာမှာရှိတဲ့ မြန်မာတွေအားလုံး ထွက်ပြီးဆန္ဒပြကြတာ ဖြစ်ပါတယ်။ လူတွေ ၅၀၀ ဝန်းကျင်လာပါတယ်။ ကျနော်တို့ တောင်းဆိုချက်ကတော့ အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် ရှိသမျှ ဖမ်းထားတဲ့လူတွေ အကုန်လုံးကို ချက်ချင်းလွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်တယ်။ နောက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကလည်း ဝိုင်းပြီးကူညီပေးဖို့အတွက် ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။”

နယူးယောက်မြို့မှာလည်း ပြီးခဲ့တဲ့ တနင်္လာနေ့က မြန်မာတွေ ကုလသမဂ္ဂရှေ့ ဆန္ဒပြခဲ့သလို ၊ အိန္ဒိယနိုင်ငံရောက် မြန်မာတွေကလည်း နယ်စပ် မီဇိုးရမ်ပြည်နယ် အိုင်ဇောမြို့မှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဗုဒဟူးနေ့က ကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)











XS
SM
MD
LG