[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ ကန္႔ကြက္ဆႏၵျပသူတခ်ဳိ႕ကုိ အာဏာပုိင္ေတြ ဖမ္းဆီးအေရးယူတာေတြ ရွိေနပါတယ္။ မႏၱေလးၿမိဳ႕မွာဆုိရင္လည္း အာဏာသိမ္းတဲ့လုပ္ရပ္ကုိ ကန္႔ကြက္ခဲ့တဲ့ တက္ၾကြလႈပ္ရွားသူတခ်ဳိ႕ ဖမ္းဆီးခံခဲ့ရသလုိ၊ ဧရာ၀တီတုိင္းမွာဆုိရင္လည္း ရဲတပ္ဖဲြ႔၀င္ ႏွစ္ ေယာက္ ဖမ္းဆီး အေရးယူခံထားရပါတယ္။ အျပည့္အစုံကုိေတာ့ ဗြီအုိေအ သတင္းေထာက္ ကုိထက္ေအာင္ခန္႔က ေျပာျပေပးပါမယ္။
တပ္မေတာ္က အာဏာသိမ္းတာကုိ ဆန္႔က်င္ကန္႔ကြက္တဲ့အေနနဲ႔ ဒီကေန႔ မနက္ပုိင္းမွာပဲ မႏၱေလး ေဆးတကၠသိုလ္ေရွ႕မွာ တက္ၾကြလႈပ္ရွားသူေတြ စုေ၀းဆႏၵျပခဲ့ၾကပါတယ္။ စစ္အာဏာသိမ္းတာကို ကန္႔ကြက္ေၾကာင္းနဲ႔ လက္နက္အားကိုးတာကို ဆန္႔က်င္ၾကဖို႔ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ၿပီး တက္ၾကြလႈပ္ရွားသူ ၁ ဒါဇင္ေက်ာ္ေလာက္ ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပပဲြမွာ ပါ၀င္သူ သံုး ဦးကုိေတာ့ ေနာက္ပုိင္းမွာ အာဏာပိုင္ေတြက ဖမ္းဆီးသြားေၾကာင္းလည္း လႈပ္ရွားမႈမွာ ဦးေဆာင္ပါ၀င္ခဲ့တဲ့တဲ့ ကိုေတဇာဆန္းက ဗြီအိုေအကို ေျပာပါတယ္။
“က်ေနာ္တို႔က တပ္ကေနၿပီး လက္နက္အားကိုး အာဏာသိမ္းတဲ့လုပ္ရပ္ကို လက္မခံေၾကာင္း ဆန္႔က်င္ေၾကာင္း က်ေနာ္တို႔ ဆႏၵကို ထုတ္ေဖာ္ျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔က ၿငိမ္းခ်မ္းစြာ အၾကမ္းမဖက္ဘဲ က်ေနာ္တို႔လူငယ္ေတြ စုစည္းၿပီး ကန္႔ကြက္ဆႏၵျပျခင္း ျဖစ္ပါတယ္။ က်ေနာ္တို႔ ဘယ္အဖြဲ႕အစည္း ဘယ္ပါတီကိုမွ ကိုယ္စားျပဳတာ မဟုတ္ဘဲနဲ႔ ႏိုင္ငံသားတေယာက္ရဲ႕ လုပ္သင့္ လုပ္ထိုက္တဲ့ တာ၀န္နဲ႔ ၀တၱရားကို ေဆာင္ရြက္ရျခင္းျဖစ္ပါတယ္။ အဲ့ဒီလို ကန္႔ကြက္ ဆႏၵထုတ္ေဖာ္ၿပီးတဲ့ေနာက္မွာေတာ့ ဆႏၵျပပြဲ လူစုခြဲတဲ့ေနာက္မွာပဲ အတည္ျပဳလုိ႔ရသေလာက္ေပါ့။ က်ေနာ္တို႔ အင္အားစုထဲက အနည္းဆံုး ၃ ဦးကို ဖမ္းဆီးခံထားရပါတယ္ခင္ဗ်။ က်ေနာ္တို႔လည္း ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္ခင္ဗ်။”
ဖမ္းဆီးခံခဲ့ရတဲ့ ဗမာႏုိင္ငံလုံးဆုိင္ရာေက်ာင္းသားသမဂၢမ်ားအဖဲြ႔ခ်ဳပ္က ေစာဥကၠာဦး၊ ရန္ကုန္တကၠသုိလ္ ေက်ာင္းသားမ်ားသမဂၢက ကုိမင္းညီညီကြန္းနဲ႔ ကုိျပည့္စုံေအာင္ တုိ႔ကုိေတာ့ ရဲတပ္ဖဲြ႔က ၿငိမ္းခ်မ္းစြာစုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒပုဒ္မ ၁၉ နဲ႔ အေရးယူထားေၾကာင္းလည္း နီးစပ္သူေတြက ေျပာပါတယ္။
စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ဆန္႔က်င္ကန္႔ကြက္တဲ့ လုပ္ရပ္ေတြနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးအေရးယူခံရသူေတြထဲမွာ တက္ၾကြလႈပ္ရွားသူေတြသာမက ရဲတပ္ဖဲြ႔၀င္ တခ်ဳိ႕လည္း ပါ၀င္လာပါတယ္။ ဧရာ၀တီတုိင္း ႀကံခင္းၿမိဳ႕မွာ အာဏာရွင္ဆန႔္က်င္တဲ့ စာတမ္းပါပုံနဲ႔ အတူ ဆန႔္က်င္ကန္႔ကြက္ေၾကာင္း ဓာတ္ပုံကုိ လူမႈကြန္ယက္မွာ ေဖာ္ျပခဲ့တဲ့ ရဲဒုတပ္ၾကပ္တာရာလင္းနဲ႔ ရဲတပ္သား သူရိန္လင္း တို႔ ၂ ဦးကိုလည္း ရဲတပ္ဖဲြ႔က ဖမ္းဆီးလုိက္ပါတယ္။ ႏိုင္ငံဝန္ထမ္း တာ၀န္ယူထားခ်ိန္မွာ ပါတီႏိုင္ငံေရးနဲ႔ ပတ္သက္တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ဖမ္းဆီးခံခဲ့ရတာလုိ႔လည္း ရဲတပ္ဖဲြ႔၀င္ ညီအကုိ ၂ ေယာက္ရဲ႕ ဖခင္ ဦးသန႔္စင္ကေျပာပါတယ္။
“ၾကံခင္းၿမိဳ႕မ ရဲစခန္းမွာ ခ်ဳပ္ထားပါတယ္။ ညက ဖမ္းတာပါ။ မနက္ထိ မသိပါဘူး ဘယ္သူမွအေၾကာင္း မၾကားပါဘူး။ ၉ နာရီေလာက္မွ သိတယ္။ သိေတာ့သြားေတြ႕ေတာ့ က်ေနာ္တို႔ကို အေတြ႔မခံဘူး။ ဘာလို႔အေတြ႕မခံတာလည္း က်ေနာ့္ သားေတြက ဘာလို႔အဖမ္းခံလည္းေမးေတာ့ အဲ့ဒီေတာ့ စခန္းမွဴးက သူနဲ႔ေတာ့ေတြ႔ပါဆိုၿပီး သူ႔ရံုးခန္း သြားေတြ႕ရတယ္ခင္ဗ်။ ေတြ႕ေတာ့ သားေတြကို ဘာလို႔ ဖမ္းဆီးခ်ဳပ္ေႏွာင္တာလည္း ဒီလိုေမးေတာ့ သူ၀န္ထမ္းျဖစ္ရဲ႕သားနဲ႔ ပါတီႏိုင္ငံေရးေတြလုပ္တဲ့အတြက္ ဒါအေရးယူတယ္ေပါ့။ ရဲဥပေဒခ်ိဳးေဖာက္မႈ ၀န္ထမ္းျဖစ္ရဲ႕သားနဲ႔ ရဲဥပေဒခ်ိဳးေဖာက္မႈနဲ႔ ရဲစည္းကမ္း ထိန္းသိမ္းေရးနဲ႔ တရားစြဲမယ္ေျပာပါတယ္။”
တပ္မေတာ္က အာဏာသိမ္းတဲ့ လုပ္ရပ္အေပၚ ကန္႔ကြက္ဖုိ႔ တုိက္တြန္းမႈေတြနဲ႔အတူ ဆန္႔က်င္တဲ့လႈပ္ရွားမႈေတြ ေပၚေပါက္မွာကုိ အာဏာပုိင္ေတြ တားဆီးဖုိ႔ ႀကိဳးပမ္းမႈေတြလည္း ရွိေနပါတယ္။ ဒီေန႔ ညေနပုိင္းက လူငယ္တခ်ဳိ႕ ကန္႔ကြက္လႈပ္ရွားမႈေတြ ျဖစ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕မွာ ဆုိရင္လည္း လုံၿခံဳေရးေတြ တုိးျမွင့္ထားပါတယ္။ တခ်ိန္တည္းမွာပဲ အစုိးရ႐ုံးစုိက္ရာ ေနျပည္ေတာ္မွာေတာ့ စစ္တပ္က အာဏာသိမ္းတာကုိ ေထာက္ခံတဲ့ လႈပ္ရွားမႈေတြလုပ္ခဲ့တာလည္း ေတြ႔ရပါတယ္။
[Unicode Version]
စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတချို့ အဖမ်းခံရ
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကန့်ကွက်ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေ ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။ မန္တလေးမြို့မှာဆိုရင်လည်း အာဏာသိမ်းတဲ့လုပ်ရပ်ကို ကန့်ကွက်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတချို့ ဖမ်းဆီးခံခဲ့ရသလို၊ ဧရာဝတီတိုင်းမှာဆိုရင်လည်း ရဲတပ်ဖွဲ့ဝင် နှစ် ယောက် ဖမ်းဆီး အရေးယူခံထားရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပေးပါမယ်။
တပ်မတော်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းမှာပဲ မန္တလေး ဆေးတက္ကသိုလ်ရှေ့မှာ တက်ကြွလှုပ်ရှားသူတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းနဲ့ လက်နက်အားကိုးတာကို ဆန့်ကျင်ကြဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး တက်ကြွလှုပ်ရှားသူ ၁ ဒါဇင်ကျော်လောက် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာ ပါဝင်သူ သုံး ဦးကိုတော့ နောက်ပိုင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးသွားကြောင်းလည်း လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့တဲ့ ကိုတေဇာဆန်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့က တပ်ကနေပြီး လက်နက်အားကိုး အာဏာသိမ်းတဲ့လုပ်ရပ်ကို လက်မခံကြောင်း ဆန့်ကျင်ကြောင်း ကျနော်တို့ ဆန္ဒကို ထုတ်ဖော်ခြင်းဖြစ်ပါတယ်။ ကျနော်တို့က ငြိမ်းချမ်းစွာ အကြမ်းမဖက်ဘဲ ကျနော်တို့လူငယ်တွေ စုစည်းပြီး ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်အဖွဲ့အစည်း ဘယ်ပါတီကိုမှ ကိုယ်စားပြုတာ မဟုတ်ဘဲနဲ့ နိုင်ငံသားတယောက်ရဲ့ လုပ်သင့် လုပ်ထိုက်တဲ့ တာဝန်နဲ့ ဝတ္တရားကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ အဲ့ဒီလို ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီးတဲ့နောက်မှာတော့ ဆန္ဒပြပွဲ လူစုခွဲတဲ့နောက်မှာပဲ အတည်ပြုလို့ရသလောက်ပေါ့။ ကျနော်တို့ အင်အားစုထဲက အနည်းဆုံး ၃ ဦးကို ဖမ်းဆီးခံထားရပါတယ်ခင်ဗျ။ ကျနော်တို့လည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်ခင်ဗျ။”
ဖမ်းဆီးခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စောဥက္ကာဦး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုမင်းညီညီကွန်းနဲ့ ကိုပြည့်စုံအောင် တို့ကိုတော့ ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အရေးယူထားကြောင်းလည်း နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးအရေးယူခံရသူတွေထဲမှာ တက်ကြွလှုပ်ရှားသူတွေသာမက ရဲတပ်ဖွဲ့ဝင် တချို့လည်း ပါဝင်လာပါတယ်။ ဧရာဝတီတိုင်း ကြံခင်းမြို့မှာ အာဏာရှင်ဆန့်ကျင်တဲ့ စာတမ်းပါပုံနဲ့ အတူ ဆန့်ကျင်ကန့်ကွက်ကြောင်း ဓာတ်ပုံကို လူမှုကွန်ယက်မှာ ဖော်ပြခဲ့တဲ့ ရဲဒုတပ်ကြပ်တာရာလင်းနဲ့ ရဲတပ်သား သူရိန်လင်း တို့ ၂ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ နိုင်ငံဝန်ထမ်း တာဝန်ယူထားချိန်မှာ ပါတီနိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာလို့လည်း ရဲတပ်ဖွဲ့ဝင် ညီအကို ၂ ယောက်ရဲ့ ဖခင် ဦးသန့်စင်ကပြောပါတယ်။
“ကြံခင်းမြို့မ ရဲစခန်းမှာ ချုပ်ထားပါတယ်။ ညက ဖမ်းတာပါ။ မနက်ထိ မသိပါဘူး ဘယ်သူမှအကြောင်း မကြားပါဘူး။ ၉ နာရီလောက်မှ သိတယ်။ သိတော့သွားတွေ့တော့ ကျနော်တို့ကို အတွေ့မခံဘူး။ ဘာလို့အတွေ့မခံတာလည်း ကျနော့် သားတွေက ဘာလို့အဖမ်းခံလည်းမေးတော့ အဲ့ဒီတော့ စခန်းမှူးက သူနဲ့တော့တွေ့ပါဆိုပြီး သူ့ရုံးခန်း သွားတွေ့ရတယ်ခင်ဗျ။ တွေ့တော့ သားတွေကို ဘာလို့ ဖမ်းဆီးချုပ်နှောင်တာလည်း ဒီလိုမေးတော့ သူဝန်ထမ်းဖြစ်ရဲ့သားနဲ့ ပါတီနိုင်ငံရေးတွေလုပ်တဲ့အတွက် ဒါအရေးယူတယ်ပေါ့။ ရဲဥပဒေချိုးဖောက်မှု ဝန်ထမ်းဖြစ်ရဲ့သားနဲ့ ရဲဥပဒေချိုးဖောက်မှုနဲ့ ရဲစည်းကမ်း ထိန်းသိမ်းရေးနဲ့ တရားစွဲမယ်ပြောပါတယ်။”
တပ်မတော်က အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ဖို့ တိုက်တွန်းမှုတွေနဲ့အတူ ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ပေါ်ပေါက်မှာကို အာဏာပိုင်တွေ တားဆီးဖို့ ကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။ ဒီနေ့ ညနေပိုင်းက လူငယ်တချို့ ကန့်ကွက်လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့မှာ ဆိုရင်လည်း လုံခြုံရေးတွေ တိုးမြှင့်ထားပါတယ်။ တချိန်တည်းမှာပဲ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ စစ်တပ်က အာဏာသိမ်းတာကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေလုပ်ခဲ့တာလည်း တွေ့ရပါတယ်။