သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ခ်က္ခ်င္းလႊတ္ေပးဖို႔ လံုၿခံဳေရးေကာင္စီ ေတာင္းဆို


(Zawgyi/Unicode)

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိန္းသိမ္းထားသူေတြကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာနိုင္ငံမွာ ဒီမိုကေရစီ စနစ္ ျပန္လည္ က်င္းသုံးဖို႔ ကုလသမဂၢ လုံျခဳံေရးေကာင္စီက ၾကာသပေတးေန႔က တညီတညြတ္တည္း ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာနိုင္ငံမွာ အေရးေပၚ အေျခအေန ေၾကညာတာ၊ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ အပါအဝင္ အစိုးရ အဖြဲ႕ဝင္ေတြနဲ႔ တျခား လူပုဂၢိဳလ္ေတြကို ဥပေဒမဲ့ ဖမ္းဆီးထိန္းသိမ္းတဲ့အေပၚ လုံျခဳံေရးေကာင္စီ အဖြဲ႕ဝင္ နိုင္ငံ ေတြက အထူးပဲ စိုးရိမ္မိပါတယ္။ ဖမ္းဆီးထိန္းသိမ္းထားသူ အားလုံးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ လုံျခဳံေရးေကာင္စီ အဖြဲ႕ဝင္ နိုင္ငံ အားလုံးက ေတာင္းဆိုလိုက္ ပါတယ္။ လို႔ လုံၿခံေရးေကာင္စီ ဥကၠဌ ၿဗိတိန္နိုင္ငံက သံအမတ္ႀကီး Barbara Woodward က ဖတ္ၾကား ေၾကညာသြားတာ ျဖစ္ပါတယ္။

ၿဗိတိန္နိုင္ငံကသံအမတ္ႀကီး Woodward ဖတ္ၾကားသြားတဲ့ေၾကညာခ်က္ကျမန္မာနိုင္ငံမွာစစ္အာဏာသိမ္းခ်ိန္ကစၿပီး လုံျခဳံေရးေကာင္စီအေနနဲ႔ ပထမဆုံး ထုတ္ျပန္တဲ့ ေၾကညာခ်က္ျဖစ္ပါတယ္။ အဲဒီေၾကညာခ်က္မွာ ဒီမိုကေရစီ အဖြဲ႕အစည္း ေတြနဲ႔ ဒီမိုကေရစီ ျဖစ္စဥ္ ဆက္လက္ရွင္သန္ေရး၊အင္အားသုံးအၾကမ္းမဖက္ေရး၊အေျခခံအခြင့္အေရးေတြနဲ႔ဥပေဒစိုးမိုးေရးကိုေလးစား လိုက္နာေရး အေလးထား ေဖာ္ျပထားပါတယ္။

အဖြဲ႕ဝင္၁၅ နိုင္ငံအေနနဲ႔ ျမန္မာ ျပည္သူေတြရဲ့ ဆႏၵ အက်ိဳးစီးပြားနဲ႔ အညီ ႏွစ္ဖက္ေစ့စပ္ေဆြးေႏြးေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ ေရးကို အားေပး ေထာက္ခံတယ္လို႔လည္း လုံျခဳံေရးေကာင္စီက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိန္းသိမ္းထားသူ အားလုံး ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့အျပင္ အရပ္ဖက္ အဖြဲ႕အစည္းေတြ၊မီဒီယာေတြနဲ႔ သတင္းသမားေတြအေပၚ ကန္႔သတ္ခ်ဳပ္ျခယ္မႈေတြ လုပ္ေနတာကို အလြန္ပဲ စိုးရိမ္ပူပန္မိတယ္လို႔ လုံျခဳံေရး ေကာင္စီ က ေျပာပါတယ္။

ဒါ့အျပင္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ထုတ္ျပန္တဲ့ အာဆီယံအဖြဲ႕ ဥကၠဌရဲ့ ေၾကညာခ်က္ကိုလည္း လုံျခဳံေရးေကာင္စီက ထပ္ေလာင္း ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။
အာဆီယံဥကၠဌ ဘ႐ူနိုင္းလ္နိုင္ငံက အာဆီယံအဖြဲ႕အေနနဲ႔ ဒီမိုကေရစီ၊ ဥပေဒ စိုးမိုးေရး၊ ေကာင္းမြန္တဲ့ အစိုးရ၊ လူ႔အခြင့္ေရးနဲ႔ အေၿခ ခံ လြတ္လပ္ခြင့္ေတြကို ကာကြယ္ေရးေစာင့္ေရွာက္ေရးဆိုင္ရာ မူေတြကို ေလးစားလိုက္နာေၾကာင္းေၾကညာခ်က္ထုတ္ျပန္ထားတာပါ။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကလည္း ဗုဒၶဟူးေန႔က ျမန္မာနိုင္ငံက စစ္အာဏာသိမ္းမႈ က်ဆုံးေစရမယ္လို႔ အျပင္းအထန္ ေဝဖန္ ေျပာၾကားထားပါတယ္။
အဂၤါေန႔ကျပဳလုပ္တဲ့ လုံျခဳံေရးေကာင္စီ အစည္းအေဝးတုန္းကေတာ့ ကုလသမဂၢရဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ျမန္မာနိုင္ငံမွာ ဒီမိုကေရစီ စနစ္ ျပန္လည္ က်င့္သုံးလာေစေအာင္ လုပ္ေဆာင္ေပးဖို႔ လုံျခဳံေရး ေကာင္စီကို တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆို
(Unicode)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင်းသုံးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့က တညီတညွတ်တည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာတာ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေနဲ့ တခြား လူပုဂ္ဂိုလ်တွေကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းတဲ့အပေါ် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ တွေက အထူးပဲ စိုးရိမ်မိပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ အားလုံးက တောင်းဆိုလိုက် ပါတယ်။ လို့ လုံခြံရေးကောင်စီ ဥက္ကဌ ဗြိတိန်နိုင်ငံက သံအမတ်ကြီး Barbara Woodward က ဖတ်ကြား ကြေညာသွားတာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကသံအမတ်ကြီး Woodward ဖတ်ကြားသွားတဲ့ကြေညာချက်ကမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းချိန်ကစပြီး လုံခြုံရေးကောင်စီအနေနဲ့ ပထမဆုံး ထုတ်ပြန်တဲ့ ကြေညာချက်ဖြစ်ပါတယ်။ အဲဒီကြေညာချက်မှာ ဒီမိုကရေစီ အဖွဲ့အစည်း တွေနဲ့ ဒီမိုကရေစီ ဖြစ်စဉ် ဆက်လက်ရှင်သန်ရေး၊အင်အားသုံးအကြမ်းမဖက်ရေး၊အခြေခံအခွင့်အရေးတွေနဲ့ဥပဒေစိုးမိုးရေးကိုလေးစား လိုက်နာရေး အလေးထား ဖော်ပြထားပါတယ်။

အဖွဲ့ဝင်၁၅ နိုင်ငံအနေနဲ့ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒ အကျိုးစီးပွားနဲ့ အညီ နှစ်ဖက်စေ့စပ်ဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးကို အားပေး ထောက်ခံတယ်လို့လည်း လုံခြုံရေးကောင်စီက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူ အားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အပြင် အရပ်ဖက် အဖွဲ့အစည်းတွေ၊မီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ လုပ်နေတာကို အလွန်ပဲ စိုးရိမ်ပူပန်မိတယ်လို့ လုံခြုံရေး ကောင်စီ က ပြောပါတယ်။

ဒါ့အပြင်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံအဖွဲ့ ဥက္ကဌရဲ့ ကြေညာချက်ကိုလည်း လုံခြုံရေးကောင်စီက ထပ်လောင်း ထောက်ခံ ပြောဆိုခဲ့ပါတယ်။
အာဆီယံဥက္ကဌ ဘရူနိုင်းလ်နိုင်ငံက အာဆီယံအဖွဲ့အနေနဲ့ ဒီမိုကရေစီ၊ ဥပဒေ စိုးမိုးရေး၊ ကောင်းမွန်တဲ့ အစိုးရ၊ လူ့အခွင့်ရေးနဲ့ အခြေ ခံ လွတ်လပ်ခွင့်တွေကို ကာကွယ်ရေးစောင့်ရှောက်ရေးဆိုင်ရာ မူတွေကို လေးစားလိုက်နာကြောင်းကြေညာချက်ထုတ်ပြန်ထားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု ကျဆုံးစေရမယ်လို့ အပြင်းအထန် ဝေဖန် ပြောကြားထားပါတယ်။

အင်္ဂါနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတုန်းကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင့်သုံးလာစေအောင် လုပ်ဆောင်ပေးဖို့ လုံခြုံရေး ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG