(Zawgyi/Unicode)
NLD နာယက ဦး၀င္းထိန္ကို ၾကာသပေတးေန႔ညမွာဘဲ ေနအိမ္ကို လာေရာက္ ဖမ္းဆီးေခၚေဆာင္သြားၿပီ ျဖစ္ပါတယ္။ သူ႔ကို ဖမ္းဆီးၿပီး ရန္ကုန္ကေန ေနျပည္ေတာ္အသြား အေ၀းေျပလမ္းမေပၚ ေရာက္ေနစဥ္ ဦး၀င္းထိန္က သူ႔ကို ဖမ္ဆီး ခံထားရၿပီဆိုတဲအေၾကာင္း ဗြီအိုေအကို အတည္ျပဳ ေျပာဆိုပါတယ္။ ကိုေဇာ္၀င္းလႈိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
ေဇာ္၀င္းလိႈင္။ ။ အဘ ဦး၀င္းထန္လားခင္ဗ် က်ေနာ္ေဇာ္၀င္းလိႈင္ပါ VOA က ေခၚတာပါ။
ဦး၀င္းထိန္။ ။ ေအး ဟုတ္ၿပီေျပာ ။
ေဇာ္၀င္းလိႈင္။ ။ အဘကို သူတို႔ ထိန္းသိမ္းတယ္လို႔ သတင္းထြက္ေနလို႔ အဘ အခုဘယ္ေရာက္ေနသလဲေျပာပါဦး။
ဦး၀င္းထိန္။ ။ အခု ငါ့ကို ေနျပည္ေတာ္ျပန္ေခၚသြားၿပီကြာ ။ ငါ ခဏခဏ အဖမ္းခံရတာ၊ ဒီတခါ အဖမ္းခံရတာ အဆင့္တန္းအျမင့္ဆံုးပဲ။
ေဇာ္၀င္းလိႈင္။ ။ အိမ္ကေန လာေခၚသြားတာလား။
ဦး၀င္းထိန္။ ။ ေအးေပါ့။ ညေနတုန္းကမွ ေနျပည္ေတာ္ကေန ျပန္ေရာက္တာ ။ အိမ္မွာ အိပ္ေနတုန္း လာေခၚတာ အခုေနျပည္ေတာ္ျပန္ေနၿပီ။ ေနျပည္ေတာ္မွာ ငါ့ကို ခ်ဳပ္ထားမွာ။
ေဇာ္၀င္းလိႈင္။ ။ အခုက ရန္ကုန္ကေန ေနျပည္ေတာ္ကို သြားေနတာပါ့ေနာ္။
ဦး၀င္းထိန္။ ။ Highway ေပၚမွာ။
ေဇာ္၀င္းလိႈင္။ ။ ျဖစ္စဥ္ေလးကို က်ေနာ္က သိခ်င္လို႔ပါ။ သူတို႔က လာေခၚတယ္၊ ၿပီးေတာ့ အဘကို ဘယ္လိုလုပ္သလဲ ၊ ေမးတာျပဳတာ လုပ္သလား ဘယ္လိုလဲဆိုတာ။
ဦး၀င္းထိန္။ ။ ေနျပည္ေတာ္က ဖမ္းခိုင္းလို႔ ေနျပည္ေတာ္ျပန္ပို႔တာ။
ေဇာ္၀င္းလိႈင္။ ။ ဟုတ္ကဲ့ သူတို႔က ေခၚသြားေပးေနတာေပါ့။ အဘက သူတို႔နဲ႔ သြားေနတာေပါ့ အခု။
ဦး၀င္းထိန္။ ။ အခု Highway မွာ။
ေဇာ္၀င္းလိႈင္။ ။ တျခားဘာမ်ား စကားပါးခ်င္တာရွိေသးလဲ အဘ။
ဦး၀င္းထိန္။ ။ ငါတို႔ လုပ္စရာရွိတာ လုပ္ခဲ့ၿပီးၿပီကြာ ဘာပါးရမွာတုန္း။
ေဇာ္၀င္းလိႈင္။ ။ အခုေရွ႕ဆက္ဘယ္လိုလုပ္မယ္ဆိုတာ ဟိုတေန႔က အဘေျပာတာေတြလည္း က်ေနာ္တို႔ ၾကားပါတယ္။ အဲဒီေတာ့ ဆက္ၿပီးေတာ့အခု လူက ကုန္သေလာက္ျဖစ္ေနၿပီဆိုေတာ့ သူတို႔ဖမ္းတာ ။ က်န္ေနတဲ့လူေတြ ဘာဆက္လုပ္ၾကမလဲ ဘယ္လိုလုပ္ေစခ်င္သလဲဆိုတာ အဘ ဘာမ်ားမွာခ်င္ေသးလဲလို႔။
ဦး၀င္းထိန္။ ။ ကိုယ့္ဦးေႏွာက္နဲ႔ စဥ္းစားၿပီးေတာ့ ေကာင္းတယ္ထင္တာလုပ္ၾက၊ ဒါပဲ။ ငါေျပာလည္းလုပ္ခ်င္မွ လုပ္ၾကတာ။ ကိုယ့္ၾကမၼာကိုယ္ေရးတာ။
ေဇာ္၀င္းလိႈင္။ ။ ဆိုေတာ့ အဘ အခု သူတို႔က ဘာလုပ္မယ္၊ ဘာျပဳမယ္ဆိုတာေတာ့ အဘကို ဘာမွ အသိေပးတာ၊ အေၾကာင္းၾကားတာ ဘာမွ မရွိဘူးေပါ့ေနာ္၊ ဒီအတိုင္းေခၚတာ။
ဦး၀င္းထိန္။ ။ ငါဘာမွ မသိေသးဘူး။
ေဇာ္၀င္းလိႈင္။ ။ ဟုတ္ကဲ့ သူတို႔ကေတာ့ က်န္တဲ့လူေတြကို ေခၚတာကေတာ့ ေမးစရာရွိလို႔ဆိုၿပီးေခၚတာ ။ အဘကိုေတာ့ သူတို႔ဘာမ်ားေျပာေသးသလဲဆိုတာ က်ေနာ္တို႔ သိခ်င္တာပါ။ တျခားထူးထူးျခားျခားေပါ့ေနာ္။
ဦး၀င္းထိန္။ ။ ဘာမွ ေျပာစရာမလိုဘူး၊ ဘာမွေျပာစရာမရွိဘူး။ မင္းတုိ႔လည္းသိၿပီးသား၊ ငါလည္းသိၿပီးသား မေျပာဘူး။ အာေညာင္းလို႔ မေျပာေတာ့ဘူး ေတာ္ၿပီ ေျပာစရာမလုိေတာ့ဘူးလို႔ ငါေျပာမွာ။
ေဇာ္၀င္းလိႈင္။ ။ ဒီေန႔ ေနျပည္ေတာ္က စည္ပင္ရိပ္သာမွာ က်န္ေနတဲ့ လႊတ္ေတာ္အမတ္ေတြက သူတို႔ က်မ္းသစၥာက်ိန္ဆိုၾကတယ္လို႔ ေျပာပါတယ္ သူတို႔သေဘာနဲ႔သူတို႔။ အဲဒီကိစၥေတြေရာ အဘ ၾကားမိသလား ၊ ဘယ္လိုသေဘာရပါသလဲ။
ဦး၀င္းထိန္။ ။ ငါသူတို႔ကို မင္းတို႔ ဒီလိုလုပ္လို႔ေျပာရင္ ငါတာ၀န္ရွိတယ္။ ေနာက္ပိုင္း သူတို႔ အဖမ္းခံရမယ္ ဘာညာနဲ႔ ဘ၀ေတြ ပ်က္ၾကမယ္။ ဘ၀ပ်က္မယ့္ကိစၥဆိုရင္ ငါဘယ္ေတာ့မွ မေျပာဘူး ။ ဒါေပမယ့္ သူတို႔ လုပ္တာကိုေတာ့ သနားလည္း သနားတယ္၊ ခ်ီးက်ဴးတယ္။
ကိုေဇာ္၀င္းလႈိင္က NLD နာယက ဦး၀င္းထိန္ကို ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းခဲ့တာပါ။
NLD နာယက ဦးဝင်းထိန်ကို ဖမ်းလိုက်ပြီ
(Unicode)
NLD နာယက ဦးဝင်းထိန်ကို ကြာသပတေးနေ့ညမှာဘဲ နေအိမ်ကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးပြီး ရန်ကုန်ကနေ နေပြည်တော်အသွား အဝေးပြေလမ်းမပေါ် ရောက်နေစဉ် ဦးဝင်းထိန်က သူ့ကို ဖမ်ဆီး ခံထားရပြီဆိုတဲအကြောင်း ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဇော်ဝင်းလှိုင်။ ။ အဘ ဦးဝင်းထန်လားခင်ဗျ ကျနော်ဇော်ဝင်းလှိုင်ပါ VOA က ခေါ်တာပါ။
ဦးဝင်းထိန်။ ။ အေး ဟုတ်ပြီပြော ။
ဇော်ဝင်းလှိုင်။ ။ အဘကို သူတို့ ထိန်းသိမ်းတယ်လို့ သတင်းထွက်နေလို့ အဘ အခုဘယ်ရောက်နေသလဲပြောပါဦး။
ဦးဝင်းထိန်။ ။ အခု ငါ့ကို နေပြည်တော်ပြန်ခေါ်သွားပြီကွာ ။ ငါ ခဏခဏ အဖမ်းခံရတာ၊ ဒီတခါ အဖမ်းခံရတာ အဆင့်တန်းအမြင့်ဆုံးပဲ။
ဇော်ဝင်းလှိုင်။ ။ အိမ်ကနေ လာခေါ်သွားတာလား။
ဦးဝင်းထိန်။ ။ အေးပေါ့။ ညနေတုန်းကမှ နေပြည်တော်ကနေ ပြန်ရောက်တာ ။ အိမ်မှာ အိပ်နေတုန်း လာခေါ်တာ အခုနေပြည်တော်ပြန်နေပြီ။ နေပြည်တော်မှာ ငါ့ကို ချုပ်ထားမှာ။
ဇော်ဝင်းလှိုင်။ ။ အခုက ရန်ကုန်ကနေ နေပြည်တော်ကို သွားနေတာပါ့နော်။
ဦးဝင်းထိန်။ ။ Highway ပေါ်မှာ။
ဇော်ဝင်းလှိုင်။ ။ ဖြစ်စဉ်လေးကို ကျနော်က သိချင်လို့ပါ။ သူတို့က လာခေါ်တယ်၊ ပြီးတော့ အဘကို ဘယ်လိုလုပ်သလဲ ၊ မေးတာပြုတာ လုပ်သလား ဘယ်လိုလဲဆိုတာ။
ဦးဝင်းထိန်။ ။ နေပြည်တော်က ဖမ်းခိုင်းလို့ နေပြည်တော်ပြန်ပို့တာ။
ဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ သူတို့က ခေါ်သွားပေးနေတာပေါ့။ အဘက သူတို့နဲ့ သွားနေတာပေါ့ အခု။
ဦးဝင်းထိန်။ ။ အခု Highway မှာ။
ဇော်ဝင်းလှိုင်။ ။ တခြားဘာများ စကားပါးချင်တာရှိသေးလဲ အဘ။
ဦးဝင်းထိန်။ ။ ငါတို့ လုပ်စရာရှိတာ လုပ်ခဲ့ပြီးပြီကွာ ဘာပါးရမှာတုန်း။
ဇော်ဝင်းလှိုင်။ ။ အခုရှေ့ဆက်ဘယ်လိုလုပ်မယ်ဆိုတာ ဟိုတနေ့က အဘပြောတာတွေလည်း ကျနော်တို့ ကြားပါတယ်။ အဲဒီတော့ ဆက်ပြီးတော့အခု လူက ကုန်သလောက်ဖြစ်နေပြီဆိုတော့ သူတို့ဖမ်းတာ ။ ကျန်နေတဲ့လူတွေ ဘာဆက်လုပ်ကြမလဲ ဘယ်လိုလုပ်စေချင်သလဲဆိုတာ အဘ ဘာများမှာချင်သေးလဲလို့။
ဦးဝင်းထိန်။ ။ ကိုယ့်ဦးနှောက်နဲ့ စဉ်းစားပြီးတော့ ကောင်းတယ်ထင်တာလုပ်ကြ၊ ဒါပဲ။ ငါပြောလည်းလုပ်ချင်မှ လုပ်ကြတာ။ ကိုယ့်ကြမ္မာကိုယ်ရေးတာ။
ဇော်ဝင်းလှိုင်။ ။ ဆိုတော့ အဘ အခု သူတို့က ဘာလုပ်မယ်၊ ဘာပြုမယ်ဆိုတာတော့ အဘကို ဘာမှ အသိပေးတာ၊ အကြောင်းကြားတာ ဘာမှ မရှိဘူးပေါ့နော်၊ ဒီအတိုင်းခေါ်တာ။
ဦးဝင်းထိန်။ ။ ငါဘာမှ မသိသေးဘူး။
ဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ သူတို့ကတော့ ကျန်တဲ့လူတွေကို ခေါ်တာကတော့ မေးစရာရှိလို့ဆိုပြီးခေါ်တာ ။ အဘကိုတော့ သူတို့ဘာများပြောသေးသလဲဆိုတာ ကျနော်တို့ သိချင်တာပါ။ တခြားထူးထူးခြားခြားပေါ့နော်။
ဦးဝင်းထိန်။ ။ ဘာမှ ပြောစရာမလိုဘူး၊ ဘာမှပြောစရာမရှိဘူး။ မင်းတို့လည်းသိပြီးသား၊ ငါလည်းသိပြီးသား မပြောဘူး။ အာညောင်းလို့ မပြောတော့ဘူး တော်ပြီ ပြောစရာမလိုတော့ဘူးလို့ ငါပြောမှာ။
ဇော်ဝင်းလှိုင်။ ။ ဒီနေ့ နေပြည်တော်က စည်ပင်ရိပ်သာမှာ ကျန်နေတဲ့ လွှတ်တော်အမတ်တွေက သူတို့ ကျမ်းသစ္စာကျိန်ဆိုကြတယ်လို့ ပြောပါတယ် သူတို့သဘောနဲ့သူတို့။ အဲဒီကိစ္စတွေရော အဘ ကြားမိသလား ၊ ဘယ်လိုသဘောရပါသလဲ။
ဦးဝင်းထိန်။ ။ ငါသူတို့ကို မင်းတို့ ဒီလိုလုပ်လို့ပြောရင် ငါတာဝန်ရှိတယ်။ နောက်ပိုင်း သူတို့ အဖမ်းခံရမယ် ဘာညာနဲ့ ဘဝတွေ ပျက်ကြမယ်။ ဘဝပျက်မယ့်ကိစ္စဆိုရင် ငါဘယ်တော့မှ မပြောဘူး ။ ဒါပေမယ့် သူတို့ လုပ်တာကိုတော့ သနားလည်း သနားတယ်၊ ချီးကျူးတယ်။
ကိုဇော်ဝင်းလှိုင်က NLD နာယက ဦးဝင်းထိန်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တာပါ။