သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား နဲ့ အမေရိကန် မြန်မာအရေး ဆွေးနွေး


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony J. Blinken
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony J. Blinken

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီမူတွေနဲ့ အခြေခံ ဥပဒေနဲ့ ညီတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ တရားဥပဒေ စိုးမိုးရေးတို့ကို လေးစားလိုက်နာဖို့ တိုက်တွန်းထားတဲ့ အင်ဒိုနီးရှား နိုင်ငံက မြန်မာ့ စစ်အာဏာသိမ်းမှု အရေးနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony J. Blinken နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi တို့ ဆွေးနွေးကြတာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း ဆွေးနွေးမယ့် အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။

မြန်မာ့ အရေးကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေးမှာ ဒေသတွင်း ယန္တရားက အခုထက် ပိုပြီး လုပ်ဆောင်နိုင်ဖို့ လိုတယ်လို့လည်း အင်္ဂါနေ့မှာ ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပြီးနောက် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ကပြောဆိုထားပါတယ်။

မြန်မာပြည်သူတွေ ကောင်းကောင်းမွန်မွန်နဲ့ ဘေးကင်းလုံခြုံဖို့ကို ထိပ်တန်း ဦးစားပေး အဖြစ် ထားရှိရမှာ ဖြစ်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်ပြီး ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်ဆောင်ရွက်ပေးရေး ဖြစ်တယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပူးတွဲ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

မြန်မာ့ စစ်အာဏာသိမ်းမှု အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားဘက်က အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ အိန္ဒိယ၊ သြစတေးလျ၊ ဂျပန်၊ ဗြိတိန် နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်တို့နဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ တချိန်တည်းမှာဘဲ အင်္ဂါနေ့မှာ စတင်တဲ့ အရှေ့တောင် အာရှ နိုင်ငံများ ခရီးစဉ် အတွင်းမှာလည်း လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူးနိုင်း နိုင်ငံလည်း ပါဝင်ပါတယ်။

ရွေးကောက်ပွဲ မဲ မသမာမှု စွပ်စွဲချက်တွေကြောင့် အရပ်သား အစိုးရကို ဖြုတ်ချရတာ ဖြစ်ကြောင်း စစ်တပ်က ပြောဆိုထားတဲ့ အချိန်မှာဘဲ မဲကိစ္စ မပြေလည်မှုတွေကို ဥပဒေကြောင်း အရသာ ဖြေရှင်းရမှာ ဖြစ်တယ်လို့လည်း စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာဘဲ အင်ဒိုနီးရှား နိုင်ငံက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)







XS
SM
MD
LG