သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ျမန္မာျပည္သူေတြရဲ႕ ဆႏၵျပပြဲေတြကုိ ကန္ သံရုံး ေထာက္ခံ


(Zawgyi/Unicode)

ျမန္မာ စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ႔ အေနနဲ႔ ရန္ကုန္၊ မႏၱေလး အပါအ၀င္ ေဒသ တခ်ိဳ႕မွာ စေနေန႔က လူေပါင္းေထာင္ခ်ီ ဆႏၵျပခဲ႔ၾကခ်ိန္မွာဘဲ ျမန္မာ ျပည္သူေတြရဲ႕ ဆႏၵျပခြင့္ကို ေထာက္ခံေၾကာင္းနဲ႔ စစ္တပ္က အၾကမ္းဖက္တာေတြ ေရွာင္ရွားဖို႔၊ အာဏာစြန္႔ဖို႔ ျမန္မာဆိုင္ရာ အေမရိကန္ သံရံုးက ေတာင္းဆိုလုိက္ပါတယ္။ စစ္အာဏာသိမ္းမႈ အေပၚ အေမရိကန္ အစိုးရဘက္က ေဆာင္ရြက္ေနတဲ႔ အေျခအေနကို မသိဂၤ ီထုိက္ စုစည္းတင္ျပပါမယ္။

ရန္ကုန္ မႏၱေလး အပါအ၀င္ ေဒသတခ်ိဳ႕မွာ စေနေန႔က လူေပါင္း ေထာင္ခ်ီ လမ္းေပၚထြက္ၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပခဲ႔ၾကတာပါ။ ဆႏၵျပပြဲေတြက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိခဲ႔ပါတယ္။ ဒါေပမယ့္လည္း ဆႏၵျပပြဲေတြ အတြင္း အင္တာနက္နဲ႔ တယ္လီဖုန္းလိုင္းေတြ ျပတ္ေတာက္သြားခဲ႔ပါတယ္။

ျမန္မာ ဆိုင္ရာ အေမရိကန္ သံရံုးကေတာ့ ဒီမိုကေရစီ နည္းက် ေရြးေကာက္ခံ အစိုးရကို ေထာက္ခံတဲ႔ ျမန္မာျပည္သူေတြရဲ႕ ဆႏၵျပခြင့္ကို ေထာက္ခံ အားေပးေၾကာင္း လူမႈကြန္ယက္ Facebook ကေန ထုတ္ျပန္ခဲ႔ပါတယ္။ ဒါ႔အျပင္ ျမန္မာျပည္သူေတြ လြတ္လပ္စြာ သတင္းအခ်က္အလက္ ရပိုင္ခြင့္ကိုလည္း ျမန္မာဆိုင္ရာ အေမရိကန္ သံရံုးက ေထာက္ခံထားပါတယ္။

ျမန္မာ စစ္တပ္ အာဏာစြန္႔ၿပီး ဒီမိုကေရစီ နည္းက် ေရြးေကာက္ခံ အစိုးရကို အာဏာျပန္လည္ အပ္ႏွင္းဖို႔၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔၊ အင္တာနက္ တယ္လီဖုန္း ဆက္သြယ္ေရးတို႔လို ဆက္သြယ္ေရးေတြ အေပၚ ကန္႔သတ္ထားတာေတြ အားလံုး ဖယ္ရွားေပးဖို႔၊ အၾကမ္းဖက္မႈေတြ ေရွာင္ၾကည္ဖို႔ ထပ္မံေတာင္းဆိုပါတယ္။
ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းတဲ႔ တနလာၤေန႔ မနက္ အေစာပိုင္း အေမရိကန္ စံေတာ္ခ်ိန္ တနဂၤေႏြေန႔ ညပိုင္းမွာဘဲ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္၊ ေနာက္ႏုိင္ငံျခားေရး ၀န္ႀကီးတို႔က ခ်က္ခ်င္းဆိုသလိုဘဲ ေၾကညာခ်က္ အသီးသီးထုတ္ၿပီး အရပ္ဘက္ ႏုိင္ငံေရး ေခါင္းေဆာင္ေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြကို လႊတ္ေပးဖို႔ အာဏာသိမ္းတာ ဆက္မလုပ္ဖို႔ ေတာင္းဆိုထားတာပါ။

ဒါ႔အျပင္ ၿပီးခဲ႔တဲ႔ ၾကာသပေတးေန႔မွာဘဲ အေမရိကန္ သမၼတ Joe Biden က သူ႔ရဲ႕ ပထမဆံုးေသာ ႏုိင္ငံျခားေရးရာ မူ၀ါဒ မိန္႔ခြန္းမွာ ျမန္မာ စစ္တပ္ အာဏာစြန္႔ဖို႔ ေျပာဆိုခဲ႔ပါတယ္။

အာဏာသိမ္းထားတဲ႔ စစ္တပ္က အာဏာစြန္႔ဖို႔ သမၼတ Biden က သူ႔ရဲ႕ ပထမဆံုးေသာ ႏုိင္ငံျခားေရးရာ မူ၀ါဒ မိန္႔ခြန္းမွာ ေျပာဆိုခဲ႔တာပါ။ ဖမ္းခံထားရတဲ႔ စည္းရံုးေရး သမားေတြ၊ တက္ၾကြလႈပ္ရွားသူေတြနဲ႔ အစိုရ တာ၀န္ရွိသူေတြကို ျပန္လႊတ္ေပးၿပီး အၾကမ္းဖက္မႈ ေရွာင္က်ဥ္ဖို႔လည္း သမၼတ Biden က တိုက္တြန္းသလို ဆက္သြယ္ေရး စနစ္ေတြကန္႔သတ္ ပိတ္ပင္မႈကို ရုပ္သိမ္းဖို႔လည္း မိန္႔ခြန္းမွာ ထည့္ေျပာသြားပါတယ္။

စစ္အာဏာသိမ္းတဲ႔ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ ကတည္းက ဖမ္းခံထားရတဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦး၀င္းျမင့္တို႔ကေတာ့ အခုအခ်ိန္ထိ မလြတ္ေသးသလို ေရွ႕ေနနဲ႔လည္း ေတြ႔ခြင့္မရပါဘူး။ သူတို႔ကိုေတာ့ အစိုးရ အိမ္ေတာ္ေတြကေန ဖယ္ရွားၿပီး ကိုယ္ပိုင္ အိမ္ေတြမွာ အက်ယ္ခ်ဳပ္နဲ႔ ဖမ္းထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ ၂၀၁၂ ခုႏွစ္က ျပဌာန္းခဲ႔တဲ႔ ပို႔ကုန္သြင္းကုန္ ဥပေဒနဲ႔ စြဲဆိုထားၿပီး ဦး၀င္းျမင့္ကိုေတာ့ သဘာ၀ ေဘးအႏၱရာယ္ ကာကြယ္ထိန္းခ်ဳပ္ေရး ပုဒ္မနဲ႔ စစ္တပ္က စြဲဆိုထားတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ကို ၁၄ ရက္ ခ်ဳပ္ေႏွာင္ထားဖို႔ ေဖေဖာ္၀ါရီလ ၃ ရက္ေန႔က ရမန္ေပးထားတာေၾကာင့္ ခ်ဳပ္ရက္ ရမန္ကေတာ့ ေဖေဖာ္၀ါရီလ ၁၇ ရက္ေန႔မွာ အဆံုးသတ္မယ့္ အေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာျပပါတယ္။

စစ္အုပ္ခ်ဳပ္ေရး ဆန္႔က်င္တဲ႔ လမ္းေပၚထြက္ ဆႏၵျပပြဲေတြ ျဖစ္တဲ႔ စေနေန႔မွာဘဲ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Antony Blinken နဲ႔ တရုတ္ ႏိုင္ငံျခားေရး အႀကီးအကဲ Yang Jiechi တို႔ ဆက္သြယ္ေဆြးေႏြးမႈ အတြင္း ျမန္မာ႔ စစ္အာဏာသိမ္းမႈကို တရုတ္ဘက္က ရႈတ္ခ်ဖို႔ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးက တိုက္တြန္းခဲ႔ပါတယ္။ တရုတ္ ထိပ္တန္းသံတမန္ Yang Jiechi ကေတာ့ ျမန္မာ့အေရး သင့္တင့္ ေလ်ာ္ကန္စြာ ေျဖရွင္းႏုိင္ဖို႔ အတြက္ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းက ေကာင္းမြန္တဲ႔ အခင္းအက်င္းမ်ိဳး ဖန္တီးေပးသင့္ေၾကာင္း တု႔ံျပန္ခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေကို ကန် သံရုံး ထောက်ခံ

မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် ဒေသ တချို့မှာ စနေနေ့က လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ကြချိန်မှာဘဲ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒပြခွင့်ကို ထောက်ခံကြောင်းနဲ့ စစ်တပ်က အကြမ်းဖက်တာတွေ ရှောင်ရှားဖို့၊ အာဏာစွန့်ဖို့ မြန်မာဆိုင်ရာ အမေရိကန် သံရုံးက တောင်းဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းမှု အပေါ် အမေရိကန် အစိုးရဘက်က ဆောင်ရွက်နေတဲ့ အခြေအနေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပါမယ်။

ရန်ကုန် မန္တလေး အပါအဝင် ဒေသတချို့မှာ စနေနေ့က လူပေါင်း ထောင်ချီ လမ်းပေါ်ထွက်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲတွေက ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြပွဲတွေ အတွင်း အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့ပါတယ်။

မြန်မာ ဆိုင်ရာ အမေရိကန် သံရုံးကတော့ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို ထောက်ခံတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒပြခွင့်ကို ထောက်ခံ အားပေးကြောင်း လူမှုကွန်ယက် Facebook ကနေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေ လွတ်လပ်စွာ သတင်းအချက်အလက် ရပိုင်ခွင့်ကိုလည်း မြန်မာဆိုင်ရာ အမေရိကန် သံရုံးက ထောက်ခံထားပါတယ်။ မြန်မာ စစ်တပ် အာဏာစွန့်ပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်လည် အပ်နှင်းဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ အင်တာနက် တယ်လီဖုန်း ဆက်သွယ်ရေးတို့လို ဆက်သွယ်ရေးတွေ အပေါ် ကန့်သတ်ထားတာတွေ အားလုံး ဖယ်ရှားပေးဖို့၊ အကြမ်းဖက်မှုတွေ ရှောင်ကြည်ဖို့ ထပ်မံတောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ တနလာၤနေ့ မနက် အစောပိုင်း အမေရိကန် စံတော်ချိန် တနင်္ဂနွေနေ့ ညပိုင်းမှာဘဲ အမေရိကန် သမ္မတ အိမ်ဖြူတော်၊ နောက်နိုင်ငံခြားရေး ဝန်ကြီးတို့က ချက်ချင်းဆိုသလိုဘဲ ကြေညာချက် အသီးသီးထုတ်ပြီး အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ အာဏာသိမ်းတာ ဆက်မလုပ်ဖို့ တောင်းဆိုထားတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာဘဲ အမေရိကန် သမ္မတ Joe Biden က သူ့ရဲ့ ပထမဆုံးသော နိုင်ငံခြားရေးရာ မူဝါဒ မိန့်ခွန်းမှာ မြန်မာ စစ်တပ် အာဏာစွန့်ဖို့ ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်က အာဏာစွန့်ဖို့ သမ္မတ Biden က သူ့ရဲ့ ပထမဆုံးသော နိုင်ငံခြားရေးရာ မူဝါဒ မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ ဖမ်းခံထားရတဲ့ စည်းရုံးရေး သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အစိုရ တာဝန်ရှိသူတွေကို ပြန်လွှတ်ပေးပြီး အကြမ်းဖက်မှု ရှောင်ကျဉ်ဖို့လည်း သမ္မတ Biden က တိုက်တွန်းသလို ဆက်သွယ်ရေး စနစ်တွေကန့်သတ် ပိတ်ပင်မှုကို ရုပ်သိမ်းဖို့လည်း မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကတော့ အခုအချိန်ထိ မလွတ်သေးသလို ရှေ့နေနဲ့လည်း တွေ့ခွင့်မရပါဘူး။ သူတို့ကိုတော့ အစိုးရ အိမ်တော်တွေကနေ ဖယ်ရှားပြီး ကိုယ်ပိုင် အိမ်တွေမှာ အကျယ်ချုပ်နဲ့ ဖမ်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စွဲဆိုထားပြီး ဦးဝင်းမြင့်ကိုတော့ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေး ပုဒ်မနဲ့ စစ်တပ်က စွဲဆိုထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၄ ရက် ချုပ်နှောင်ထားဖို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရမန်ပေးထားတာကြောင့် ချုပ်ရက် ရမန်ကတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အဆုံးသတ်မယ့် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြပါတယ်။

စစ်အုပ်ချုပ်ရေး ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဖြစ်တဲ့ စနေနေ့မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken နဲ့ တရုတ် နိုင်ငံခြားရေး အကြီးအကဲ Yang Jiechi တို့ ဆက်သွယ်ဆွေးနွေးမှု အတွင်း မြန်မာ့ စစ်အာဏာသိမ်းမှုကို တရုတ်ဘက်က ရှုတ်ချဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။ တရုတ် ထိပ်တန်းသံတမန် Yang Jiechi ကတော့ မြန်မာ့အရေး သင့်တင့် လျော်ကန်စွာ ဖြေရှင်းနိုင်ဖို့ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကောင်းမွန်တဲ့ အခင်းအကျင်းမျိုး ဖန်တီးပေးသင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG