သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံသဘောတူညီချက်ထွက်ဖို့ မလေးရှား တိုက်တွန်း


မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin(ဝဲ) နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo(ညာ)တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ တွေ့ဆုံတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Biro Pers - ဖေဖော်ဝါရီ ၅၊ ၂၀၂၁)
မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin(ဝဲ) နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo(ညာ)တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ တွေ့ဆုံတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Biro Pers - ဖေဖော်ဝါရီ ၅၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာ့အရေးကိစ္စကို အာဆီယံအဖွဲ့အနေနဲ့ အထူးစည်းဝေးပြီး သဘောတူညီချက်တရပ်ထွက်ဖို့ လိုအပ်တယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အင်ဒိုနီးရှားသမ္မတနဲ့တွေ့ဆုံစဉ် မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က အဲဒီလိုပြောသွားတာပါ။

"မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ် အင်ဒိုနီးရှားနိုင်ငံလိုပဲ မလေးရှားနိုင်ငံကလည်း အလေးအနက်ထားပါတယ်။ နိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုက ဒေသတွင်းရဲ့ လုံခြုံ တည်ငြိမ်ရေးကို ထိခိုက်မှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအရေးကိစ္စကို အာဆီယံအဖွဲ့အနေနဲ့ နက်နက်နဲနဲ အထူးအစည်းဝေးပွဲ လုပ်ပြီး သဘောတူညီချက်တရပ်ထွက်ပေါ်လာရေး အဆိုပြုဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားက သဘောတူပါတယ်။" လို့ မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဥပဒေနည်းလမ်းတွေကနေ ဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှားသမ္မတ Joko Widodo ကလည်းပြောကြားပါတယ်။ ဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံဥပဒေအရဖွဲ့စည်းတဲ့ အစိုးရဖြစ်ရမယ်ဆိုတဲ့ အာဆီယံရဲ့ မူတွေအတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး လိုက်နာဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မလေးရှားဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ အင်ဒိုနီးရှားသမ္မတက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ထပ်ပြီး ထုတ်ဖော်ပြောခဲ့ကြတာဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းပေါ် ပြန်သွားဖို့ စင်္ကာပူနိုင်ငံကလည်း အစောပိုင်းထဲက ပြောကြားခဲ့ပါတယ်။

[Unicode Version]






XS
SM
MD
LG