သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈအတြက္ ပစ္မွတ္ထားဒဏ္ခတ္ဖို႔ အေမရိကန္ ျပင္ဆင္ေနၿပီ


အေမရိကန္ သမၼတ Biden ရဲ႕ အမ်ိဳးသား လုံျခဳံေရး အႀကံေပး Jake Sullivan

(Zawgyi/Unicode)

ျမန္မာနိုင္ငံကအာဏာသိမ္းမႈအေပၚ ဒဏ္ခတ္အေရးယူဖို႔အတြက္ အေမရိကန္ သမၼတရဲ့ အမိန္႔အာဏာတစ္ရပ္ ထုတ္ျပန္ဖို႔ စဥ္းစား ေဆာင္ ရြက္ ေနတယ္လို႔ အေမရိကန္ သမၼတရဲ့ အမ်ိဳးသား လုံျခဳံေရး အႀကံေပး Jake Sullivan က ေျပာပါတယ္။

"သမၼတ အမိန္သစ္ တစ္ရပ္ ထုတ္ျပန္ဖို႔အတြက္ ျဖစ္နိုင္ေခ်ေတြကို ကၽြန္ေတာ္တို႔ ျပန္လွန္ သုံးသပ္ေနပါတယ္။ တိတိက်က် ပစ္မွတ္ထားတဲ့ လူ ပုဂၢိဳလ္ေတြကိုေရာ၊ စစ္တပ္က ထိန္းခ်ဳပ္ကိုင္တြယ္ေနတဲ့ ကုမၸဏီအဖြဲ႕အစည္းေတြကိုေရာ ဒဏ္ခတ္အေရးယူဖို႔ ႀကိဳးပမ္းေနပါတယ္" လို႔ အမ်ိဳး သား လုံျခဳံေရး အႀကံေပး Jake Sullivan က ၾကာသပေတးေန႔က ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဒါ့အျပင္၊ အခုအခါ ျမန္မာ့အေရးကိစၥ အေမရိကန္က နိုင္ငံေရးပါတီႀကီး ႏွစ္ခုစလုံးရဲ့ ေထာက္ခံမႈကို ရရွိထားၿပီ ျဖစ္ေၾကာင္းနဲ႔ အာဏာသိမ္းမႈကို တု႔ံျပန္တဲ့ဒဏ္ခတ္အေရးယူမႈဥပေဒမူၾကမ္းတစ္ခုကိုျပဌာန္းနိုင္ေရးအေမရိကန္အစိုးရအေနနဲ႔ကြန္ဂရက္လႊတ္ေတာ္နဲ႔အတူလက္တြဲအလုပ္လုပ္ နိုင္မယ္လို႔ ယုံၾကည္ တယ္လို႔လည္း အမ်ိဳးသား လုံျခဳံေရး အႀကံေပး Mr. Sullivan က ေျပာပါတယ္။

ျမန္မာ့အေရးကိစၥအတြက္ ကမၻာတစ္ဝွမ္းက မိတ္ေဆြ မဟာမိတ္နိုင္ငံေတြနဲ႔ လက္တြဲ အလုပ္လုပ္သြားမယ္လို႔လည္း သူက ေျပာပါတယ္။

အေမရိကန္ သမၼတ Joe Biden ကိုယ္တိုင္ကလည္း ဒီမိုကေရစီအတြက္ ရပ္တည္သြားမယ္လို႔ တနလၤာေန႔က ကတိေပး ေျပာၾကားလိုက္သလို သမၼတ ဘားရက္ အိုဘားမား လက္ထက္က ျဖည္းျဖည္းခ်င္း ေျဖေလၽွာ့ ႐ုပ္သိမ္းေပးခဲ့တဲ့ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ျပန္ခ်မွတ္သြားမယ္လို႔လည္း ၿခိမ္းေျခာက္ ေျပာဆိုထားခဲ့ပါတယ္။

အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း ျမန္မာနိုင္ငံကို ေပးအပ္ေနတဲ့ အကူအညီေပးေရး အစီအစဥ္ေတြကို ျပန္လွန္ သုံးသပ္ေနတယ္လို႔ ဒီတစ္ပတ္တည္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာစစ်အာဏာသိမ်းမှုအတွက် ပစ်မှတ်ထားဒဏ်ခတ်ဖို့ အမေရိကန် ပြင်ဆင်နေပြီ
(Unicode)

မြန်မာနိုင်ငံကအာဏာသိမ်းမှုအပေါ် ဒဏ်ခတ်အရေးယူဖို့အတွက် အမေရိကန် သမ္မတရဲ့ အမိန့်အာဏာတစ်ရပ် ထုတ်ပြန်ဖို့ စဉ်းစား ဆောင် ရွက် နေတယ်လို့ အမေရိကန် သမ္မတရဲ့ အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။

"သမ္မတ အမိန်သစ် တစ်ရပ် ထုတ်ပြန်ဖို့အတွက် ဖြစ်နိုင်ချေတွေကို ကျွန်တော်တို့ ပြန်လှန် သုံးသပ်နေပါတယ်။ တိတိကျကျ ပစ်မှတ်ထားတဲ့ လူ ပုဂ္ဂိုလ်တွေကိုရော၊ စစ်တပ်က ထိန်းချုပ်ကိုင်တွယ်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကိုရော ဒဏ်ခတ်အရေးယူဖို့ ကြိုးပမ်းနေပါတယ်" လို့ အမျိုး သား လုံခြုံရေး အကြံပေး Jake Sullivan က ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင်၊ အခုအခါ မြန်မာ့အရေးကိစ္စ အမေရိကန်က နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးရဲ့ ထောက်ခံမှုကို ရရှိထားပြီ ဖြစ်ကြောင်းနဲ့ အာဏာသိမ်းမှုကို တု့န်ပြန်တဲ့ဒဏ်ခတ်အရေးယူမှုဥပဒေမူကြမ်းတစ်ခုကိုပြဌာန်းနိုင်ရေးအမေရိကန်အစိုးရအနေနဲ့ကွန်ဂရက်လွှတ်တော်နဲ့အတူလက်တွဲအလုပ်လုပ် နိုင်မယ်လို့ ယုံကြည် တယ်လို့လည်း အမျိုးသား လုံခြုံရေး အကြံပေး Mr. Sullivan က ပြောပါတယ်။

မြန်မာ့အရေးကိစ္စအတွက် ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေ မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲ အလုပ်လုပ်သွားမယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန် သမ္မတ Joe Biden ကိုယ်တိုင်ကလည်း ဒီမိုကရေစီအတွက် ရပ်တည်သွားမယ်လို့ တနင်္လာနေ့က ကတိပေး ပြောကြားလိုက်သလို သမ္မတ ဘားရက် အိုဘားမား လက်ထက်က ဖြည်းဖြည်းချင်း ဖြေလျှော့ ရုပ်သိမ်းပေးခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်ချမှတ်သွားမယ်လို့လည်း ခြိမ်းခြောက် ပြောဆိုထားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ပြန်လှန် သုံးသပ်နေတယ်လို့ ဒီတစ်ပတ်တည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG