သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ တ႐ုတ္ ႏိုင္ငံျခားေရးထိပ္တန္းသံတမန္ႏွစ္ဦး ျမန္မာအေရးေဆြးေႏြး


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken

ZawGyi/Unicode

အေမရိကန္အစိုးရသစ္တက္လာၿပီးေနာက္ ပထမဆံုးအေနနဲ႔ တရုတ္နဲ႔ ႏွစ္ဘက္အဆင့္ျမင့္ဆံုး ႏိုင္ငံျခားေရးအရာရွိေတြ ေဆြးေႏြးရာမွာ ျမန္မာစစ္အာဏာသိမ္းမႈ အေၾကာင္းကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က တရုတ္ႏိုင္ငံျခားေရးအႀကီးအကဲ Yang Jiechi နဲ႔ ေျပာရာမွာ ျမန္မာႏိုင္ငံက စစ္အာဏာသိမ္းမႈအေပၚ ဆန္႔က်င္ေဝဖန္ေပးဖို႔ တ႐ုတ္ကို ေတာင္းဆိုလိုက္ပါတယ္။

ဒါေပမဲ့လည္း ျမန္မမာႏိုင္ငံရဲ႕ ျပႆနာအေပၚ သင္ေလ်ာ္တဲ့အေျဖရွာႏိုင္ဖို႔ႏိုင္ငံတကာမွာ အခင္းအက်င္းေကာင္းတရပ္ ဖန္တီးဖို႔လိုမယ္ဆိုတာကို တရုတ္ကြန္ျမဴနစ္ပါတီ ေပါလစ္ဗ်ဴရိုအဖြဲ႔ဝင္လည္းျဖစ္တဲ့ Mr. Yan က တုံ႔ျပန္ေထာက္ျပခဲ့ပါတယ္။

တရုတ္ကြန္ျမဴနစ္ပါတီ ႏိုင္ငံျခားေရးဌာနအႀကီးအကဲ Mr. Yan အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာလတံုးက ျမန္မာႏိုင္ငံသြားရာမွာ အရပ္ဖက္အစိုးရေခါင္းေဆာင္ေတြအျပင္ လက္ရွိအာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ေတြ႔ဆံုတာရွိခဲ့ပါတယ္။ အဲဒီတုန္းကကိုဗစ္ကူညီေရးအျပင္ ေရြးေကာက္ပြဲကိစၥေတြလည္း ေျပာခဲ့ၾကပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken အေနနဲ႔ ျမန္မာ့အာဏာသိမ္းမႈနဲ႔ပတ္သက္လို႔ အေမရိကန္ရဲ႕မဟာမိတ္ႏိုင္ငံေတြနဲ႔ပါ ေဆြးေႏြးဖို႔ရွိတယ္လို႔ ေျပာထားပါတယ္။

အေမရိကန္သမၼတ Joe Biden ကလည္း ျမန္မာစစ္တပ္ယူထားတဲ့အာဏာ ျပန္စြန္႔လႊတ္ဖို႔၊ ဖမ္းဆီးထားသူေတြကိုျပန္လႊတ္ဖို႔၊ အင္အားမသံုးဖို႔ သူ႔ရဲ့ ၾကာသပေတးေန႔တံုးက ပထမဆံုးအႀကိမ္ ႏိုင္ငံျခားေရးရာမိန္႔ခြန္းမွာ အေလးအနက္ ထည့္သြင္းေတာင္းဆိုခဲ့ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

Unicode

အမေရိကန်အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးအနေနဲ့ တရုတ်နဲ့ နှစ်ဘက်အဆင့်မြင့်ဆုံး နိုင်ငံခြားရေးအရာရှိတွေ ဆွေးနွေးရာမှာ မြန်မာစစ်အာဏာသိမ်းမှု အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်နိုင်ငံခြားရေးအကြီးအကဲ Yang Jiechi နဲ့ ပြောရာမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဝေဖန်ပေးဖို့ တရုတ်ကို တောင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း မြန်မမာနိုင်ငံရဲ့ ပြဿနာအပေါ် သင်လျော်တဲ့အဖြေရှာနိုင်ဖို့နိုင်ငံတကာမှာ အခင်းအကျင်းကောင်းတရပ် ဖန်တီးဖို့လိုမယ်ဆိုတာကို တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ Mr. Yan က တုံ့ပြန်ထောက်ပြခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးဌာနအကြီးအကဲ Mr. Yan အနေနဲ့ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုံးက မြန်မာနိုင်ငံသွားရာမှာ အရပ်ဖက်အစိုးရခေါင်းဆောင်တွေအပြင် လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံတာရှိခဲ့ပါတယ်။ အဲဒီတုန်းကကိုဗစ်ကူညီရေးအပြင် ရွေးကောက်ပွဲကိစ္စတွေလည်း ပြောခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken အနေနဲ့ မြန်မာ့အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေနဲ့ပါ ဆွေးနွေးဖို့ရှိတယ်လို့ ပြောထားပါတယ်။

အမေရိကန်သမ္မတ Joe Biden ကလည်း မြန်မာစစ်တပ်ယူထားတဲ့အာဏာ ပြန်စွန့်လွှတ်ဖို့၊ ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ဖို့၊ အင်အားမသုံးဖို့ သူ့ရဲ့ ကြာသပတေးနေ့တုံးက ပထမဆုံးအကြိမ် နိုင်ငံခြားရေးရာမိန့်ခွန်းမှာ အလေးအနက် ထည့်သွင်းတောင်းဆိုခဲ့ပါတယ် ခင်ဗျာ။

#MyanmarMilitaryCoup #MyanmarPolitics #ChinaMyanmar #ChinaUS #VOABurmese

XS
SM
MD
LG