[Zawgyi/Unicode]
အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ ေတာင္ကိုရီးယား ႏုိင္ငံျခားေရးဝန္ႀကီးတို႔ ပထမဆံုးအႀကိမ္အျဖစ္ တယ္လီဖုန္းနဲ႔ ဆက္သြယ္ေျပာဆိုရာမွာ ျမန္မာ့အေရးလည္း ပါဝင္ခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့အေပၚ စိုးရိမ္ၾကတဲ့အေၾကာင္း အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ေတာင္ကိုရီးယားႏုိင္ငံျခားေရးဝန္ႀကီး Chung Eui-yong တို႔ စကားေျပာအၿပီး ႏွစ္ဘက္လံုးရဲ႕ ထုတ္ျပန္ခ်က္ေတြထဲမွာ ေဖာ္ျပထားပါတယ္။
ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ၿပီးတဲ့ေနာက္ သမၼတ Joe Biden နဲ႔ တ႐ုတ္သမၼတတို႔ ဆက္သြယ္ ေျပာဆိုခ်ိန္ကလည္း ျမန္မာ့အေရးပါဝင္ခဲ့ပါတယ္။
ပံုမွန္တင္းမာတဲ့ ဆက္ဆံေရးရွိတဲ့ ေျမာက္ကိုရီးယား ႏ်ဴကလီးယားျပႆနာကိုလည္း ဝန္ႀကီး Blinken နဲ႔ ဝန္ႀကီး Chung တို႔ ေဆြးေႏြးၾကပါတယ္။
ဝန္ႀကီး Blinken က ကိုရီးယားကၽြန္းဆြယ္ေဒသတြင္းမွာ ႏ်ဴကလီးယားလက္နက္ကင္းစင္ေရးနဲ႔ ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ေဆြးေႏြးပြဲ ရပ္တန္႔ေနတာေတြအေပၚ ဆက္လုပ္သြားဖို႔ အေလးအနက္ထားေၾကာင္းထည့္ေျပာခဲ့ပါတယ္။
ဒါ့အျပင္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏွစ္ဘက္ ျပီးျပည့္စံုတဲ့ မဟာမိတ္ျဖစ္တည္မူအင္အားကိုလည္း ျမွင့္တင္သြားဖို႔ သံဓိဌာန္ခ်ထားေၾကာင္း၊ ကတိျပဳခဲ့တယ္လို႔ မေန႔ေႏွာင္းပိုင္းကထုတ္တဲ့ အေမရိကန္နိုင္ငံျခားေရးေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
အရင္သမၼတ Donald Trump လက္ထက္တံုးက ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un နဲ႔ ၂၀၁၈ ခုႏွစ္မွာ ေတြ႔ဆံုခဲ့ေပမဲ့ ေနာက္ပိုင္းမွာေဆြးေႏြးပြဲေတြ အဆင္မေျပေတာ့ခဲ့အၿပီး လက္ရွိအေမရိကန္သမၼတသစ္ Biden ကေတာ့ ေျမာက္ကိုရီးယားမူဝါဒအသစ္မခ်မွတ္ရေသးပါဘူး။
[Unicode Version]
ကန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး မြန်မာ့အရေးစိုးရိမ်ကြောင်းထုတ်ပြန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ်အဖြစ် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုရာမှာ မြန်မာ့အရေးလည်း ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အပေါ် စိုးရိမ်ကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Chung Eui-yong တို့ စကားပြောအပြီး နှစ်ဘက်လုံးရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီးတဲ့နောက် သမ္မတ Joe Biden နဲ့ တရုတ်သမ္မတတို့ ဆက်သွယ် ပြောဆိုချိန်ကလည်း မြန်မာ့အရေးပါဝင်ခဲ့ပါတယ်။
ပုံမှန်တင်းမာတဲ့ ဆက်ဆံရေးရှိတဲ့ မြောက်ကိုရီးယား နျူကလီးယားပြဿနာကိုလည်း ဝန်ကြီး Blinken နဲ့ ဝန်ကြီး Chung တို့ ဆွေးနွေးကြပါတယ်။
ဝန်ကြီး Blinken က ကိုရီးယားကျွန်းဆွယ်ဒေသတွင်းမှာ နျူကလီးယားလက်နက်ကင်းစင်ရေးနဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်ဆွေးနွေးပွဲ ရပ်တန့်နေတာတွေအပေါ် ဆက်လုပ်သွားဖို့ အလေးအနက်ထားကြောင်းထည့်ပြောခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားနှစ်ဘက် ပြီးပြည့်စုံတဲ့ မဟာမိတ်ဖြစ်တည်မူအင်အားကိုလည်း မြှင့်တင်သွားဖို့ သံဓိဌာန်ချထားကြောင်း၊ ကတိပြုခဲ့တယ်လို့ မနေ့နှောင်းပိုင်းကထုတ်တဲ့ အမေရိကန်နိုင်ငံခြားရေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
အရင်သမ္မတ Donald Trump လက်ထက်တုံးက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ၂၀၁၈ ခုနှစ်မှာ တွေ့ဆုံခဲ့ပေမဲ့ နောက်ပိုင်းမှာဆွေးနွေးပွဲတွေ အဆင်မပြေတော့ခဲ့အပြီး လက်ရှိအမေရိကန်သမ္မတသစ် Biden ကတော့ မြောက်ကိုရီးယားမူဝါဒအသစ်မချမှတ်ရသေးပါဘူး။