သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းအုပ္စုေပၚ ကန္အေရးယူတဲ့သက္ေရာက္မႈ ႀကီးမားႏုိင္ေၾကာင္း ခန္႔မွန္းခ်က္ေတြထြက္ေပၚ


US President Joe Biden speaks about the situation in Myanmar in the South Court Auditorium of the Eisenhower Executive Office Building in Washington, DC, February 10, 2021. (Photo by SAUL LOEB / AFP)

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး အာဏာသိမ္းလိုက္တဲ့ စစ္တပ္အေပၚ အေမရိကန္ ျပည္ေထာင္စုက အေရးယူ ဒဏ္ခတ္ဖို႔ ေၾကညာလိုက္တာေၾကာင့္ ႀကီးမားတဲ့ သက္ေရာက္မႈေတြ ရွိလာႏိုင္တယ္လို႔ တက္ႂကြလႈပ္ရွားသူေတြနဲ႔ အကဲခတ္ေတြ ခန႔္မွန္းေနၾကပါတယ္။ စစ္အာဏာသိမ္းမႈေၾကာင့္ ႏိုင္ငံတကာ ဖိအားေတြ ေနာက္ထပ္ တိုးလာႏိုင္တဲ့အေပၚ အျမင္ေတြကိုေတာ့ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက စုစည္းတင္ျပထားပါတယ္။

ဒီမိုကေရစီနည္းက် ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ အစိုးရေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္မွာ တာဝန္ရွိသူေတြ၊ ဆက္ႏြယ္ပတ္သက္သူေတြကို ပစ္မွတ္ထား အေရးယူ ဒဏ္ခတ္ဖို႔ သမၼတက အတည္ျပဳလက္ခံလိုက္တဲ့အေၾကာင္း အေမရိကန္သမၼတ ဂ်ိဳး ဘိုင္ဒင္ (Joe Biden) ကိုယ္တိုင္ ေၾကညာလိုက္တာေၾကာင့္ သက္ေရာက္မႈေတြ သိသိသာသာ ေတြ႕ရေတာ့မယ္လို႔ အကဲခတ္ေတြ ခန႔္မွန္းေနၾကပါတယ္။

ရန္ကုန္ၿမိဳ႕က ဆႏၵျပပြဲေတြမွာ ပါဝင္လႈပ္ရွားေနတဲ့ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ၈၈ မ်ိဳးဆက္က ဦးဂ်င္မီ ကေတာ့ အေမရိကန္သမၼတရဲ႕ ေၾကညာခ်က္ဟာ အာဏာသိမ္းတဲ့ လုပ္ရပ္ကို ကမာၻ႔ဒီမိုကေရစီ အသိုင္းအဝန္းက လက္မခံဘူးဆိုတာကို ျပသရာေရာက္တဲ့ ေျပာဆိုခ်က္ျဖစ္တယ္လို႔ ျမင္ပါတယ္။

အေမရိကန္အေနနဲ႔ ျမန္မာဒီမိုကေရစီေရးနဲ႔ ပတ္သက္ၿပီး လက္တြဲလုပ္လာတာ ေတာ္ေတာ္ေလးကိုၾကာၿပီ။ ဒီမိုကေရစီကို ေႏွာင့္ေႏွးေအာင္လုပ္တဲ့သူေတြကို ျပစ္ဒဏ္ခတ္တယ္ဆိုတာက ျမန္မာဒီမိုကေရစီေရးလႈပ္ရွားမႈအတြက္ ေတာ္ေတာ္ေလးခရီးေရာက္ပါတယ္။ အေမရိကန္ကခ်က္ခ်င္ တုံျပန္တာက ဒီအာဏာသိမ္းလုပ္ရက္ကိုအေမရိကန္က လက္မခံဘူး ကမာၻႀကီးကလက္မခံဘူး။ ဒါရွက္ဖို႔ေကာင္းတယ္ဆုိတဲ့ မွတ္ခ်က္ျဖစ္သြားၿပီ။ ဒါစိတ္ပိုင္းဆိုင္ရာမွတ္ခ်က္။. ေနာက္ သူတို႔targetက စစ္အစိုးရေခါင္းေဆာင္ ထိပ္ပိုင္းေတြကိုထိခိုက္ဖို႔ အေရးယူဖို႔လုပ္မယ္ဆိုေတာ့ အနည္းနဲ႔အမ်ားအထိ နာတာဘဲ

"အေမရိကန္က ပစ္မွတ္ထား ဒဏ္ခတ္မယ့္ စာရင္းကို ဒီတပတ္ထဲ ထုတ္ျပန္မွာျဖစ္သလို အေမရိကန္ ျပည္ေထာင္စုမွာ ရွိေနတဲ့ ျမန္မာအစိုးရပိုင္ ေဒၚလာသန္း ၁ ေထာင္ကို အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြ မတရားရယူမွာကို တားဆီးသြားမွာ ျဖစ္ေၾကာင္းလည္း သမၼတ ဘိုင္ဒင္က ေျပာဆိုခဲ့တာပါ။ ဒဏ္ခတ္မယ့္ အစီအစဥ္မွာေတာ့ ပို႔ကုန္လုပ္ငန္းေတြကို ထိန္းခ်ဳပ္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္"။

စီးပြားေရးပညာရွင္ ဦးမင္းခင္ ကေတာ့ ကမာၻမွာ ႏိုင္ငံေရး၊ စီးပြားေရး အင္အားႀကီးႏိုင္ငံျဖစ္တဲ့ အေမရိကန္ ျပည္ေထာင္စုက ဒဏ္ခတ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံအေပၚ ႐ိုက္ခတ္မႈေတြဟာ ျပင္းထန္ႏိုင္တယ္လို႔လည္း သုံးသပ္ပါတယ္။

"ဒဏ္ခတ္မႈေတြက အခုၾကားရသေလာက္ဆိုရင္ ဟိုတုန္းကလုပ္ႏိုင္တဲ့ ဒဏ္ခတ္မႈေတြကို ျပန္လုပ္လာႏိုင္တဲ့အလား လာရွိတယ္။ ဒီထက္ပိုၿပီး တိုးလုပ္မယ္ဆိုလဲ တိုးလုပ္ႏိုင္တယ္လို႔ယူဆရတယ္။ ႏိုင္ငံတကာ ေဒၚလာစီးဆင္းတာေကာ အဲ ဒါေတြထိ႐ိုက္ခတ္လာလိမ့္မယ္ထင္တယ္။ လက္ရွိအေမရိကန္ေဒၚလာကိုဘဲ အားကိုးေနရတဲ့ ျမန္မာျပည္စီးပြားေရး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ အဲဒါေတြကို အႀကီးအက်ယ္ ၿခိမ္းေျခာက္တဲ့ အဆင့္ထိျဖစ္လာႏိုင္တယ္။ အလားအလာ ကေတာ့ေတာ္ေတာ္ျပင္းထန္မယ္ယူဆပါတယ္။ ေနာက္ၿပီးအေရးႀကီးဆုံးက ယုံၾကည္မႈေပါ့ေနာ္ ဒီႏိုင္ငံဒီလိုျဖစ္တယ္ဆို တဲ့ေရွ႕ေလွ်ာက္ဘယ္လိုရင္းႏွီးမလဲဆိုတဲ့ ျပႆနာေပါ့။ ခုလက္ရွိမွာလည္း ျပည္တြင္းမွာ ေတာ္ေတာ္စၿပီးထိေနၿပီေလ။ ဆိုေတာ့ ဒီေပၚေနာက္ထပ္တခါထပ္ေဆာင္းရင္ ေတာ္ေတာ္ကို အႏၲရာယ္မ်ားတဲ့ အေျခအေန ဆိုးဆိုးဝါးဝါး ျဖစ္လာမယ္ ေျပာလို႔ရတယ္"

အေမရိကန္သမၼတရဲ႕ ေၾကညာခ်က္မွာေတာ့ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြ အက်ိဳးအျမတ္ရမယ့္ ကိစၥေတြကို တားဆီးပိတ္ပင္သြားမွာ ျဖစ္ေပမဲ့ ျမန္မာျပည္သူေတြ တိုက္႐ိုက္အက်ိဳးရွိမယ့္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ၊ အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြနဲ႔ တျခားက႑ေတြကိုေတာ့ ဆက္လက္ ကူညီမွာျဖစ္ေၾကာင္းလည္း ေျပာဆိုထားပါတယ္။

စီးပြားေရးပညာရွင္ ဦးမင္းခင္ကေတာ့ အရင္နဲ႔မတူတဲ့ အေရးယူဒဏ္ခတ္မႈေတြ ေတြ႕ျမင္ရမယ့္ အလားအလာရွိတယ္လို႔ သုံးသပ္ပါတယ္။

" အရင္အေတြ႕အႀကဳံေတြနဲ႔မတူတာေတြလာေနၿပီေပါ့ေလ။ ေရွ႕လည္းလာဦးမယ္သိပ္ၾကာတဲ့ အခ်ိန္မဟုတ္ခ်ိန္မွာေတာ့ဒါသိလာလိမ့္မယ္။ သိလာရင္ေတာ့လက္ရွိအာဏာသိမ္းႏိုင္ငံေရးမွာ အမ်ားႀကီးသိလာလိမ့္ မယ္။ လက္ရွိအာဏာသိမ္း အုပ္စုအေပၚမွာေတာ့ အမ်ားႀကီး ထိခိုက္လာဖို႔ရွိတယ္"

စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္မွာပဲ တာဝန္ရွိတဲ့ ျမန္မာစစ္တပ္နဲ႔ အဆက္အဆံ ျဖတ္ေတာက္တာေတြ၊ အေရးယူ ဒဏ္ခတ္ဖို႔ သတိေပးတာေတြလည္း ရွိေနပါတယ္။ ဥေရာပသမဂၢ (EU) ကလည္း ျမန္မာႏိုင္ငံအေပၚ အေရးယူဒဏ္ခတ္မႈေတြကို ျပန္လည္သုံးသပ္ဖို႔ ရွိေနတာပါ။

ျမန္မာ့ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းက -

ႏိုင္ငံေရးအရ ျပႆနာေတြကို ႏိုင္ငံေရးနည္းအရ ပ်က္ကြက္မယ္ဆိုရင္ ဒဏ္ခတ္မႈေတြက တဆင့္ခ်င္းျမင့္တက္လာ ႏိုင္မယ္။ အဲလိုျမင့္တက္လာႏိုင္မယ္ဆိုရင္ အဲအက်ိဳးဆက္က က်ေနာ္တို႔ႏိုင္ငံက်ေနာ္တို႔ျပည္သူလူထုအေပူၚမွာ အတိုင္း အတာတခုထိ သက္ေရာက္လာႏိုင္တာကို သုံးသပ္စဥ္းစားဖို႔လိုပါတယ္။ ဒါေတြနဲ႔ ဆက္စပ္စဥ္းစားတာမွာ ႏိုင္ငံေရး အရ အေျဖရွာဖို႔ ပိုဦးစားေပးသင့္တယ္ ထင္ပါတယ္"

စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္အေပၚ ႏိုင္ငံတကာ အသိုင္းအဝန္းက ဖိအားေတြ တိုးလာေနရာမွာ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီကလည္း ျမန္မာႏိုင္ငံက အေျခအေနေတြအေပၚ စိုးရိမ္ေၾကာင္းနဲ႔ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ဆုံးျဖတ္ခ်က္ တရပ္ကို တခဲနက္ခ်မွတ္ထားပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာလည္း ျမန္မာႏိုင္ငံက ႏိုင္ငံေရးအက်ပ္အတည္းေတြနဲ႔ ပတ္သက္ၿပီး အထူးအစည္းအေဝးတရပ္ကို မနက္ျဖန္ ေသာၾကာေန႔မွာ က်င္းပဖို႔ စီစဥ္ထားပါတယ္ ။

........................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ စစ်တပ်အပေါ် အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်ဖို့ ကြေညာလိုက်တာကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ဖိအားတွေ နောက်ထပ် တိုးလာနိုင်တဲ့အပေါ် အမြင်တွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်မှာ တာဝန်ရှိသူတွေ၊ ဆက်နွယ်ပတ်သက်သူတွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်ဖို့ သမ္မတက အတည်ပြုလက်ခံလိုက်တဲ့အကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် (Joe Biden) ကိုယ်တိုင် ကြေညာလိုက်တာကြောင့် သက်ရောက်မှုတွေ သိသိသာသာ တွေ့ရတော့မယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက်က ဦးဂျင်မီ ကတော့ အမေရိကန်သမ္မတရဲ့ ကြေညာချက်ဟာ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကမ္ဘာ့ဒီမိုကရေစီ အသိုင်းအဝန်းက လက်မခံဘူးဆိုတာကို ပြသရာရောက်တဲ့ ပြောဆိုချက်ဖြစ်တယ်လို့ မြင်ပါတယ်။

( အမေရိကန်အနေနဲ့ မြန်မာဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး လက်တွဲလုပ်လာတာ တော်တော်လေးကိုကြာပြီ။ ဒီမိုကရေစီကို နှောင့်နှေးအောင်လုပ်တဲ့သူတွေကို ပြစ်ဒဏ်ခတ်တယ်ဆိုတာက မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် တော်တော်လေးခရီးရောက်ပါတယ်။ အမေရိကန်ကချက်ချင် တုံပြန်တာက ဒီအာဏာသိမ်းလုပ်ရက်ကိုအမေရိကန်က လက်မခံဘူး ကမ္ဘာကြီးကလက်မခံဘူး။ ဒါရှက်ဖို့ကောင်းတယ်ဆိုတဲ့ မှတ်ချက်ဖြစ်သွားပြီ။ ဒါစိတ်ပိုင်းဆိုင်ရာမှတ်ချက်။. နောက် သူတို့targetက စစ်အစိုးရခေါင်းဆောင် ထိပ်ပိုင်းတွေကိုထိခိုက်ဖို့ အရေးယူဖို့လုပ်မယ်ဆိုတော့ အနည်းနဲ့အများအထိ နာတာဘဲ)

"အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်မယ့် စာရင်းကို ဒီတပတ်ထဲ ထုတ်ပြန်မှာဖြစ်သလို အမေရိကန် ပြည်ထောင်စုမှာ ရှိနေတဲ့ မြန်မာအစိုးရပိုင် ဒေါ်လာသန်း ၁ ထောင်ကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ မတရားရယူမှာကို တားဆီးသွားမှာ ဖြစ်ကြောင်းလည်း သမ္မတ ဘိုင်ဒင်က ပြောဆိုခဲ့တာပါ။ ဒဏ်ခတ်မယ့် အစီအစဉ်မှာတော့ ပို့ကုန်လုပ်ငန်းတွေကို ထိန်းချုပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်"။

စီးပွားရေးပညာရှင် ဦးမင်းခင် ကတော့ ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုတွေဟာ ပြင်းထန်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

"ဒဏ်ခတ်မှုတွေက အခုကြားရသလောက်ဆိုရင် ဟိုတုန်းကလုပ်နိုင်တဲ့ ဒဏ်ခတ်မှုတွေကို ပြန်လုပ်လာနိုင်တဲ့အလား လာရှိတယ်။ ဒီထက်ပိုပြီး တိုးလုပ်မယ်ဆိုလဲ တိုးလုပ်နိုင်တယ်လို့ယူဆရတယ်။ နိုင်ငံတကာ ဒေါ်လာစီးဆင်းတာကော အဲ ဒါတွေထိရိုက်ခတ်လာလိမ့်မယ်ထင်တယ်။ လက်ရှိအမေရိကန်ဒေါ်လာကိုဘဲ အားကိုးနေရတဲ့ မြန်မာပြည်စီးပွားရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ အဲဒါတွေကို အကြီးအကျယ် ခြိမ်းခြောက်တဲ့ အဆင့်ထိဖြစ်လာနိုင်တယ်။ အလားအလာ ကတော့တော်တော်ပြင်းထန်မယ်ယူဆပါတယ်။ နောက်ပြီးအရေးကြီးဆုံးက ယုံကြည်မှုပေါ့နော် ဒီနိုင်ငံဒီလိုဖြစ်တယ်ဆို တဲ့ရှေ့လျှောက်ဘယ်လိုရင်းနှီးမလဲဆိုတဲ့ ပြဿနာပေါ့။ ခုလက်ရှိမှာလည်း ပြည်တွင်းမှာ တော်တော်စပြီးထိနေပြီလေ။ ဆိုတော့ ဒီပေါ်နောက်ထပ်တခါထပ်ဆောင်းရင် တော်တော်ကို အန္တရာယ်များတဲ့ အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်လာမယ် ပြောလို့ရတယ်"

အမေရိကန်သမ္မတရဲ့ ကြေညာချက်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အကျိုးအမြတ်ရမယ့် ကိစ္စတွေကို တားဆီးပိတ်ပင်သွားမှာ ဖြစ်ပေမဲ့ မြန်မာပြည်သူတွေ တိုက်ရိုက်အကျိုးရှိမယ့် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တခြားကဏ္ဍတွေကိုတော့ ဆက်လက် ကူညီမှာဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

စီးပွားရေးပညာရှင် ဦးမင်းခင်ကတော့ အရင်နဲ့မတူတဲ့ အရေးယူဒဏ်ခတ်မှုတွေ တွေ့မြင်ရမယ့် အလားအလာရှိတယ်လို့ သုံးသပ်ပါတယ်။

" အရင်အတွေ့အကြုံတွေနဲ့မတူတာတွေလာနေပြီပေါ့လေ။ ရှေ့လည်းလာဦးမယ်သိပ်ကြာတဲ့ အချိန်မဟုတ်ချိန်မှာတော့ဒါသိလာလိမ့်မယ်။ သိလာရင်တော့လက်ရှိအာဏာသိမ်းနိုင်ငံရေးမှာ အများကြီးသိလာလိမ့် မယ်။ လက်ရှိအာဏာသိမ်း အုပ်စုအပေါ်မှာတော့ အများကြီး ထိခိုက်လာဖို့ရှိတယ်"

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်မှာပဲ တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ အဆက်အဆံ ဖြတ်တောက်တာတွေ၊ အရေးယူ ဒဏ်ခတ်ဖို့ သတိပေးတာတွေလည်း ရှိနေပါတယ်။ ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ ရှိနေတာပါ။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက -

နိုင်ငံရေးအရ ပြဿနာတွေကို နိုင်ငံရေးနည်းအရ ပျက်ကွက်မယ်ဆိုရင် ဒဏ်ခတ်မှုတွေက တဆင့်ချင်းမြင့်တက်လာ နိုင်မယ်။ အဲလိုမြင့်တက်လာနိုင်မယ်ဆိုရင် အဲအကျိုးဆက်က ကျနော်တို့နိုင်ငံကျနော်တို့ပြည်သူလူထုအပေူါ်မှာ အတိုင်း အတာတခုထိ သက်ရောက်လာနိုင်တာကို သုံးသပ်စဉ်းစားဖို့လိုပါတယ်။ ဒါတွေနဲ့ ဆက်စပ်စဉ်းစားတာမှာ နိုင်ငံရေး အရ အဖြေရှာဖို့ ပိုဦးစားပေးသင့်တယ် ထင်ပါတယ်"

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားတွေ တိုးလာနေရာမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း မြန်မာနိုင်ငံက အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက် တရပ်ကို တခဲနက်ချမှတ်ထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာလည်း မြန်မာနိုင်ငံက နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အထူးအစည်းအဝေးတရပ်ကို မနက်ဖြန် သောကြာနေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG