သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ကန္႔ကြက္သူမ်ား ၿငိမ္းခ်မ္းတဲ့နည္းလမ္းမ်ဳိးစံုနဲ႔ ဆႏၵျပေနၾက


ျပည္သူနဲ႔အတူ အႏုပညာရွင္ေတြပူးေပါင္းကန္႔ကြက္ဆႏၵျပ

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္ဆႏၵျပလႈပ္ရွားမႈေတြမွာ သမား႐ုိးက်မဟုတ္တဲ့ ပုံစံမ်ဳိးစုံနဲ႔ ထူးထူးျခားျခား ပါ၀င္လာသူေတြလည္း ရွိေနပါတယ္။ ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြေတြအတြင္း ထူးထူးျခားျခား ျမင္ကြင္းေတြကုိေတာ့ ကုိယ္တုိင္သြားေရာက္ သတင္းယူခဲ့တဲ့ ဗြီအုိေအ သတင္းေထာက္ အဂၢႏြန္က တင္ျပေပးပါမယ္။

စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ေနရာအႏွံ႔ ေပၚေပါက္ေနသလုိ၊ လူတန္းစားေပါင္းစုံက ပုံစံမ်ဳိးစုံနဲ႔ ပါ၀င္လာေနတာ ျဖစ္ပါတယ္။ ေခြးခ်စ္သူမ်ားအဖဲြ႔ဟာ ဆုိရင္လည္း ႏုိင္ငံတကာ အသုိင္းအ၀န္းကပါ အာ႐ုံစုိက္လာေနတဲ့ ျမန္မာႏုိင္ငံ အေျခအေနကုိ မီးေမာင္းထုိးျပဖုိ႔ ရန္ကုန္ၿမိဳ႕ ပလာဇာေရွ႕က ဆႏၵျပလႈပ္ရွားမႈမွာ ပါ၀င္လာခ့ဲတာပါ။

ဆႏၵျပသူ တစ္ဦး “အဓိက international attention လည္း လိုခ်င္တယ္၊ ကေလးေတြပါေတာ့ လူက စိတ္ဝင္စားဖြယ္ရာ ျမင့္တက္မလား၊ ႏိုင္ငံတကာမွာလည္း ဒီေခြးခ်စ္သူ အသိုင္းအဝိုင္းလည္း အရမ္းအင္အားႀကီးမားလာတာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဓိက international attention တစ္ခုရေအာင္ဖို႔အတြက္ေပါ့ေနာ္။”

ၿငိမ္းခ်မ္းတဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြကေန လမ္းေပၚထြက္ ဆႏၵျပလႈပ္ရွားမႈေတြ ေနရာအႏွံ႔ ေပၚေပါက္လာေနတ့ဲ အထဲမွာ အလုပ္မပ်က္ ခ်ည္ထုိးရင္း ပါ၀င္လာသူေတြလည္း ရွိပါတယ္။ ဆႏၵျပသူ တစ္ဦး “႐ုံးသမားေတာ္ေတာ္မ်ားမ်ားက ခ်ည္ထိုးတယ္၊ ႐ုံးမတက္ပါနဲ႔ ႐ုံးတက္ၿပီး ခ်ည္သြားမထိုးပါနဲ႔လို႔ အိမ္မွာပဲ ခ်ည္ထိုးၾကပါလို႔ က်မေျပာခ်င္လို႔ပါရွင္း၊ ၿပီးေတာ့ က်မတို႔ အရင္တုန္းကလိုပဲ အိမ္မွာ ေအးေအးေဆးေဆး အလုပ္လုပ္ခ်င္ပါတယ္၊ စစ္အာဏာရွင္ လံုးဝအလိုမရွိပါဘူးရွင္။”

ဆႏၵျပလႈပ္ရွားမႈေတြမွာ ေတာ္ေတာ္မ်ားမ်ားေတြ႔ရတဲ့ လူငယ္ေတြထဲမွာ UNO ဂိမ္းကစားရင္း ဒီမုိကေရစီလြတ္လပ္ခြင့္ေတြအတြက္ ေတာင္းဆုိဆႏၵျပသူေတြလည္း ရွိပါတယ္။
ဆႏၵျပသူတစ္ဦး “ဒီလိုမ်ဳိး အာဏာေအာက္မွာ ႀကီးျပင္ခဲ့ၾကတာေလ ဒီလိုမ်ဳိး အခုလိုမ်ဳိးလြတ္လပ္တဲ့ ဒီမိုကေရစီအဆင့္မွာပဲ က်ေနာ္တို႔က လိုအပ္တယ္ဗ်၊ အာ့ေၾကာင့္ က်ေနာ္တုိ႔ ၿငိမ္းခ်မ္းစြာဆႏၵျပတယ္၊ ၿငိမ္းခ်မ္းစြားေဆာ့ကစားတယ္ခင္ဗ်။”

ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြမွာ ထင္ရွားတဲ့ အႏုပညာရွင္ေတြ၊ သ႐ုပ္ေဆာင္ေတြလည္း ပါ၀င္လာၾကတာပါ။ ကုိယ္ကၽြမ္းက်င္ရာ အႏုပညာနဲ႔ ဆႏၵျပသူေတြကုိ ေျဖေဖ်ာ္ရင္း ပါ၀င္သူေတြလည္း ရွိပါတယ္။ ျမန္မာလာကလီ ေရာဘာဂ႐ု “တစ္ႏိုင္ငံလံုးမွာ အစိုးရဝန္ထမ္းေတြေတာင္မွာပဲ ျပည္သူတစ္ရပ္လံုးက တက္တက္ၾကြၾကြပါဝင္ေနတဲ့ အခ်ိန္မွာ က်ေနာ္တို႔ ဂီတကို ခ်စ္ၾကတဲ့ ျမတ္ႏိုးၾကတဲ့ ဒီက်ေနာ္တို႔ကလည္း ျပည္သူထဲက ျပည္သူေတြပဲေလ က်ေနာ္တို႔အေနနဲ႔လည္း သူတို႔ကို support လုပ္တဲ့ အေနနဲ႔ က်ေနာ္တုိ႔က ဂီတာထြက္တီးတယ္ ခြန္းအားရွိတဲ့ သီခ်င္းေလဆိုေပးတယ္။”
ဆႏၵျပပဲြေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔ေတြက ေသြးထြက္သံယုိ ႏွိမ္နင္းတာေတြ ရွိခဲ့တာေၾကာင့္ ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြကုိ ထိန္းထားႏုိင္ေအာင္ ႀကိဳးပမ္းသူေတြလည္း ရွိပါတယ္။ ေျမနီကုန္းက လႈပ္ရွားမႈမွာေတာ့ ဆႏၵျပသူေတြက ပရိတ္ရြတ္ ဝတ္ျပဳဆုေတာင္းရင္း အၾကမ္းမဖက္တဲ့နည္းနဲ႔ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါ၀င္ေနၾကတာပါ။

ပရိတ္ရြတ္ဆႏ̔ၵျပသူ “ဘာေၾကာင့္ အစ္မတို႔ ပရိတ္ရြတ္ၿပီး လာျပလည္းဆိုေတာ့ အာဏာရွင္အစိုးရကို အစ္မတို႔ မလိုလာဘူး အစ္မတို႔ကိုယ္ကလည္း ဝန္ထမ္း CDM ကို ကိုယ္တိုင္းပါဝင္ၿပီးေတာ့ ဒီအာဏာရွင္စစ္အစိုးရကို အစ္မတို႔က အံတုခ်င္တာေပါ့ေနာ္ အဲ့လိုမ်ဳိးပါ အဓိကေတာ့ အေမစုနဲ႔ သမၼတႀကီးျပန္လြတ္ေစခ်င္တာေပါ့ေနာ္၊ အဲ့အတြက္ကို အစ္မတို႔ ဝတ္ျပဳဆုေတာင္းေနတာ။”

ဆႏၵျပလႈပ္ရွားမႈေတြမွာ မဂၤလာဝတ္စံုေတြ ၀တ္စားၿပီး ပါ၀င္သူေတြ ကာယဗလေမာင္ေတြ၊ အလွမယ္ေတြ ပါ၀င္လာၾကတာလည္း ေတြ႔ရပါတယ္။ ထူးထူးျခားျခား ေလထိုးေရကူးကန္ငယ္ေလးေတြထဲမွာထိုင္ၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းစြာ ဆႏၵျပသူေတြ၊ ခ်က္ျပဳတ္စားေသာက္ရင္း ပါ၀င္လႈပ္ရွားသူေတြကုိလည္း ေတြ႔ရပါတယ္ရွင္။

...............................................

ဖန္တီးမႈ ပံုစံမ်ဳိးစံုနဲ႔ လူငယ္ေတြ ဆႏၵျပ
please wait

No media source currently available

0:00 0:03:13 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေမှာ သမားရိုးကျမဟုတ်တဲ့ ပုံစံမျိုးစုံနဲ့ ထူးထူးခြားခြား ပါဝင်လာသူတွေလည်း ရှိနေပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေအတွင်း ထူးထူးခြားခြား မြင်ကွင်းတွေကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် အဂ္ဂနွန်က တင်ပြပေးပါမယ်။

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေရာအနှံ့ ပေါ်ပေါက်နေသလို၊ လူတန်းစားပေါင်းစုံက ပုံစံမျိုးစုံနဲ့ ပါဝင်လာနေတာ ဖြစ်ပါတယ်။ ခွေးချစ်သူများအဖွဲ့ဟာ ဆိုရင်လည်း နိုင်ငံတကာ အသိုင်းအဝန်းကပါ အာရုံစိုက်လာနေတဲ့ မြန်မာနိုင်ငံ အခြေအနေကို မီးမောင်းထိုးပြဖို့ ရန်ကုန်မြို့ ပလာဇာရှေ့က ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်လာခဲ့တာပါ။

ဆန္ဒပြသူ တစ်ဦး “အဓိက international attention လည်း လိုချင်တယ်၊ ကလေးတွေပါတော့ လူက စိတ်ဝင်စားဖွယ်ရာ မြင့်တက်မလား၊ နိုင်ငံတကာမှာလည်း ဒီခွေးချစ်သူ အသိုင်းအဝိုင်းလည်း အရမ်းအင်အားကြီးမားလာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိက international attention တစ်ခုရအောင်ဖို့အတွက်ပေါ့နော်။”

ငြိမ်းချမ်းတဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကနေ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေ နေရာအနှံ့ ပေါ်ပေါက်လာနေတဲ့ အထဲမှာ အလုပ်မပျက် ချည်ထိုးရင်း ပါဝင်လာသူတွေလည်း ရှိပါတယ်။ ဆန္ဒပြသူ တစ်ဦး “ရုံးသမားတော်တော်များများက ချည်ထိုးတယ်၊ ရုံးမတက်ပါနဲ့ ရုံးတက်ပြီး ချည်သွားမထိုးပါနဲ့လို့ အိမ်မှာပဲ ချည်ထိုးကြပါလို့ ကျမပြောချင်လို့ပါရှင်း၊ ပြီးတော့ ကျမတို့ အရင်တုန်းကလိုပဲ အိမ်မှာ အေးအေးဆေးဆေး အလုပ်လုပ်ချင်ပါတယ်၊ စစ်အာဏာရှင် လုံးဝအလိုမရှိပါဘူးရှင်။”

ဆန္ဒပြလှုပ်ရှားမှုတွေမှာ တော်တော်များများတွေ့ရတဲ့ လူငယ်တွေထဲမှာ UNO ဂိမ်းကစားရင်း ဒီမိုကရေစီလွတ်လပ်ခွင့်တွေအတွက် တောင်းဆိုဆန္ဒပြသူတွေလည်း ရှိပါတယ်။

ဆန္ဒပြသူတစ်ဦး “ဒီလိုမျိုး အာဏာအောက်မှာ ကြီးပြင်ခဲ့ကြတာလေ ဒီလိုမျိုး အခုလိုမျိုးလွတ်လပ်တဲ့ ဒီမိုကရေစီအဆင့်မှာပဲ ကျနော်တို့က လိုအပ်တယ်ဗျ၊ အာ့ကြောင့် ကျနော်တို့ ငြိမ်းချမ်းစွာဆန္ဒပြတယ်၊ ငြိမ်းချမ်းစွားဆော့ကစားတယ်ခင်ဗျ။”

ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ထင်ရှားတဲ့ အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေလည်း ပါဝင်လာကြတာပါ။ ကိုယ်ကျွမ်းကျင်ရာ အနုပညာနဲ့ ဆန္ဒပြသူတွေကို ဖြေဖျော်ရင်း ပါဝင်သူတွေလည်း ရှိပါတယ်။ မြန်မာလာကလီ ရောဘာဂရု “တစ်နိုင်ငံလုံးမှာ အစိုးရဝန်ထမ်းတွေတောင်မှာပဲ ပြည်သူတစ်ရပ်လုံးက တက်တက်ကြွကြွပါဝင်နေတဲ့ အချိန်မှာ ကျနော်တို့ ဂီတကို ချစ်ကြတဲ့ မြတ်နိုးကြတဲ့ ဒီကျနော်တို့ကလည်း ပြည်သူထဲက ပြည်သူတွေပဲလေ ကျနော်တို့အနေနဲ့လည်း သူတို့ကို support လုပ်တဲ့ အနေနဲ့ ကျနော်တို့က ဂီတာထွက်တီးတယ် ခွန်းအားရှိတဲ့ သီချင်းလေဆိုပေးတယ်။”

ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သွေးထွက်သံယို နှိမ်နင်းတာတွေ ရှိခဲ့တာကြောင့် ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို ထိန်းထားနိုင်အောင် ကြိုးပမ်းသူတွေလည်း ရှိပါတယ်။ မြေနီကုန်းက လှုပ်ရှားမှုမှာတော့ ဆန္ဒပြသူတွေက ပရိတ်ရွတ် ဝတ်ပြုဆုတောင်းရင်း အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာပါ။

ပရိတ်ရွတ်ဆန္̔ဒပြသူ “ဘာကြောင့် အစ်မတို့ ပရိတ်ရွတ်ပြီး လာပြလည်းဆိုတော့ အာဏာရှင်အစိုးရကို အစ်မတို့ မလိုလာဘူး အစ်မတို့ကိုယ်ကလည်း ဝန်ထမ်း CDM ကို ကိုယ်တိုင်းပါဝင်ပြီးတော့ ဒီအာဏာရှင်စစ်အစိုးရကို အစ်မတို့က အံတုချင်တာပေါ့နော် အဲ့လိုမျိုးပါ အဓိကတော့ အမေစုနဲ့ သမ္မတကြီးပြန်လွတ်စေချင်တာပေါ့နော်၊ အဲ့အတွက်ကို အစ်မတို့ ဝတ်ပြုဆုတောင်းနေတာ။”

ဆန္ဒပြလှုပ်ရှားမှုတွေမှာ မင်္ဂလာဝတ်စုံတွေ ဝတ်စားပြီး ပါဝင်သူတွေ ကာယဗလမောင်တွေ၊ အလှမယ်တွေ ပါဝင်လာကြတာလည်း တွေ့ရပါတယ်။ ထူးထူးခြားခြား လေထိုးရေကူးကန်ငယ်လေးတွေထဲမှာထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ ချက်ပြုတ်စားသောက်ရင်း ပါဝင်လှုပ်ရှားသူတွေကိုလည်း တွေ့ရပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG