သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေၾကာင္႔ ကိုဗစ္တားဆီးေရး အခက္ႀကံဳရဖြယ္ရွိ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းအၿပီး၊ ကိုဗစ္ကာလေရွ.တန္းကက်န္းမာေရးဝန္ထမ္းေတြပဲဦးေဆာင္တဲ့ ဒီစစ္အုပ္ခ်ဳပ္ေရးအဖြဲ႔နဲ႔ မပူးေပါင္းမေဆာင္ရြက္ေရးလူပ္ရွားမူ (CDM) အားေကာင္းလာခ်ိန္မွာ၊ ကိုဗစ္ကာကြယ္ကုသေရး အားနည္းသြားမွာလည္း စိုးရိမ္မူေတြရွိေနပါတယ္။

ဒီလႈပ္ရွားမူမွာ တက္တက္ၾကြၾကြပါဝင္ေနတဲ့ ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းရဲ့ အေထြေထြေရာဂါကုဆရာဝန္မ်ားအသင္း ဒု ဥကၠဌ ေဒါက္တာျမင့္ဦးက၊ အေရးေပၚဆိုးလာႏိုင္တာေတြအတြက္ေတာ့ ျပင္ထားပါတယ္လို႔ ဆိုပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။

COVID အေျခအေန ဆိုးလားႏိုင္ပံုကို ေဒါက္တာျမင့္ဦးက

“ေဒါက္တာျမင့္ဦး။ ။ COVID ကေတာ့ က်ေနာ္တုိ႔ ႏိုင္ငံအေနနဲ႔ အရင္ အာဏာမသိမ္းခင္တုန္းက ေတာ္ေတာ္အားရတဲ့ အေနအထားမွာေပါ့ေနာ္။ အာဏာသိမ္းၿပီးတဲ့ ေနာက္ဆက္တြဲေတြကေတာ့ ေအာင္ျမင္မႈရထားတာေတြဟာ ျပန္လည္ၿပီးေတာ့ ပ်က္စီးသြားႏုိင္စရာအေၾကာင္းေတာ့ရွိတယ္ခင္ဗ်။

ကိုဝင္းမင္း။ ။ အဲဒီေတာ့ ဆရာေရ COVID ကာကြယ္ေရး လုပ္ငန္းေတြကို ဘယ္လိုစထိခိုက္မွာ စိုးရိမ္ရသလဲဆရာေရ။

ေဒါက္တာျမင့္ဦး။ ။က်ေနာ္တို႔ covishield ကာကြယ္ေဆးေတြက ပထမအႀကိမ္က လွဴဒါန္းတဲ့ ေဆး၀ါးေတြ ေရာက္လာတယ္။ က်န္းမာေရး၀န္ထမ္းေတြကို ထိုးေပးခဲ့ရတယ္။ အခုက်ေနာ္သတင္းၾကားတာက အိႏၵိယက covishield ေဆးေတြက ဒီေန႔ေရာက္မယ္လို႔ က်ေနာ္သတင္းၾကားတယ္။ က်ေနာ္တို႔ အဲဒီ ၀န္ထမ္းေတြအမ်ားႀကီးေပါ့ေနာ္ COVID ရဲ႕ ကြန္မန္ဒါႀကီးေပါ့ေနာ္ ရန္ကုန္တိုင္းအပါအ၀င္ သူတို႔က Civil Disobedience Movement (CDM) ထဲမွာ အျပင္းအထန္ပါ၀င္ေနၾကတယ္။ လူထုကလည္း သူတို႔ကို ေထာက္ခံေလးစားေနၾကတယ္။ သူတို႔ကလည္း စစ္အာဏာရွင္နဲ႔ မပတ္သက္ေအာင္ ေနေနၾကတာေပါ့ေနာ္။ အဲဒီေတာ့ အရင္အရာရွိေတြကပဲ သြားၿပီးေတာ့ လက္ခံယူရင္ေတာ့ ေကာင္းလမ့္မယ္လို႔ က်ေနာ္ယူဆတယ္။ က်ေနာ္စိတ္ပူတာက ဒီေဆးေတြကို စစ္တပ္က သိမ္းၿပီးေတာ့ သူတို႔ အလြဲသံုးပစ္လိုက္မွာကို က်ေနာ္စိတ္ပူတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ ကာကြယ္ေဆးေတြ တကယ္တမ္းလက္ေတြ႔မွာ ထိုးေပးဖို႔ အခက္အခဲ စိန္ေခၚမႈေတြ ဘာေတြရွိႏိုင္သလဲဆရာ။

ေဒါက္တာျမင့္ဦး။ ။လက္ရွိ ထိုးေပးမယ့္၀န္ထမ္း ေလ့က်င့္ေပးၿပီးသား၀န္ထမ္း အကုန္လံုးနီးပါး က CDM လုပ္ေနတဲ့အခါက်ေတာ့ ဒီလူေတြကို သံုးဖို႔ေတာ့ သိပ္မလြယ္ဘူး။ သံုးမယ္ဆိုရင္ အခုစစ္တပ္က ထိုးေပးမယ္ဆိုရင္လည္း ယံုၾကည္မွာ မဟုတ္ဘူး။ ေတာ္ေတာ္မ်ားမ်ားက သူလုပ္သမွ်ကို လူထုက ေတာ္လွန္ေနၿပီေလ ဘယ္အမိန္႔ပဲထုတ္ထုတ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဒီေနရာမွာ ေနာက္ကာကြယ္ေဆးထိုးဖို႔ မရွိမျဖစ္လိုအပ္တဲ့ စာရင္းျပဳစုထားတဲ့ သူေတြေရာ

ေဒါက္တာျမင့္ဦး။ ။အခုဆိုရင္ က်ေနာ္တို႔က ဌာနဆိုင္ရာေတြကို အတင္းအက်ပ္ အလုပ္ျပန္၀င္ခိုင္းတယ္။ ဒီလူေတြကလည္း မလာဘူးဆိုတဲ့အတြက္ေၾကာင့္ ဒီစာရင္းေတြ သူတို႔ပဲ သိတယ္၊ သူတို႔ပဲရွိတယ္။ အဲဒီေတာ့ အတင္းအက်ပ္ ၀င္စီးၿပီးေတာ့ေပါ့ေနာ္ NLD ရံုးကို ၀င္စီးသလိုမ်ိဳးနဲ႔ သူတို႔ လိုက္ရွာေဖြရင္ေတာ့ မေျပာတတ္ဘူး။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆရာေရ ဒီတေခါက္ကေတာ့ အသက္ ၆၅ ႏွစ္နဲ႔ အထက္ေပါ့ေနာ္ အျဖစ္မ်ားတဲ့ ေဒသ ရန္ကုန္မွာဆိုရင္ ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္ ၊ ဒဂံု၊ ပန္းပဲတန္း၊ ဗိုလ္တေထာင္တို႔ ၊ မဂၤလာဒံုတို႔ ေမွာ္ဘီတို႔မွာ အရင္ျပင္ထားတာရွိပါတယ္။ ဒါေပမယ့္ လက္ေတြ႔မွာကေတာ့ ဆရာခုနကေျပာသလို အခက္အခဲေတြကေတာ့ ရွိေနမယ့္သေဘာလို႔ ေျပာလို႔ရတာေပါ့ေနာ္ ဆရာ။

ေဒါက္တာျမင့္ဦး။ ။ ဟုတ္ကဲ့ မျဖစ္ႏိုင္ပါဘူး။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆရာ

ေဒါက္တာျမင့္ဦး။ ။ မျဖစ္ႏိုင္ပါဘူး ေနာက္တခုက လူေတြက အခု ေတာ္ေတ္ာမ်ားမ်ားက COVID ကို ေမ့ၿပီးေတာ ့ေတာ္လွန္ေရးပဲ လုပ္ေနၾကတဲ့ အေနအထားရွိေတာ့ COVID က အစိုးမရဘူးေလ၊ အဲဒီေတာ့ ဒီေခါင္းေဆာင္ေအာက္မွာ အခုလက္ရွိ အာဏာရွင္ေအာက္မွာ ပိုၿပီးေတာ့ က်ေနာ္တို႔ ခုနက ပထမက တည္တည္ၿငိမ္ၿငိမ္ျဖစ္ေနတဲ့အေနအထားမွာ ျပန္လည္ၿပီးေတာ့ ေပါက္ကြဲၿပီးေတာ့ ကူးစက္လာမွာေတြလည္း စိုးရိမ္စရာရွိတယ္။ ဆရာ၀န္ႀကီးေတြလည္း စိုးရိမ္ေနတယ္လို႔ က်ေနာ္ မွန္းဆမိတယ္။ COVID ထိန္းခ်ဳပ္မႈကို တစိုက္မတ္မတ္လုပ္လာတဲ့ ဆရာ၀န္ႀကီးေတြက ဒါကိုေတာ့ အျဖစ္ခံမွာမဟုတ္ဘူး။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆရာ။ လက္ရွိမွာ ကုသမႈအေနအထားအတြက္ အရင္ေပါ့ေနာ္ စစ္ေဆးမႈအေနအထားေရာ ဘယ္လိုျဖစ္ေနသလဲဆရာ ပိုးရွိမရွိ။

ေဒါက္တာျမင့္ဦး။ ။ စစ္ေဆးတာေတြလည္း အမ်ားႀကီးေလ်ာ့သြားၿပီ၊ မစစ္ႏိုင္ေတာ့ဘူး က်ေနာ္သိသေလာက္က စစ္ေဆးတဲ့ အမ်ိဳးသားက်န္းမာေရး ဓါတ္ခြဲဌာနကလည္း က်ေနာ္တို႔ ဒီ CDM မွာ ပါေနတယ္။ ေနာက္တခါ ေဆးသုေတသနကလည္း ပါေနတာေတြ႔ရတယ္။ အဲဒီအတြက္ေၾကာင့္ က်ေနာ္တို႔က စစ္ေဆးတာေတြ မလုပ္ႏိုင္ဘူး။ လူေတြက ပိုၿပီးေတာ့ နီးနီးကပ္ကပ္ေတြနဲ႔ ေအာ္ဟစ္ေနေတာ့ ကူးစက္မႈေတြ ျဖစ္လာရင္ေတာ့ စစ္အာဏာသိမ္းမႈရဲ႕ ေနာက္ဆက္တြဲရလဒ္လို႔ပဲ က်ေနာ္ကေတာ့ ယူဆရမယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာ ေနာက္ပိုင္း ကုသမႈ အေနအထားေရာ အခုအျဖစ္မ်ားလာလို႔ရွိရင္ေလ။

ေဒါက္တာျမင့္ဦး။ ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကုတင္ေတြ၊ လူနာေတြ ေတာ္ေတာ္မ်ားမ်ားက ဆင္းကုန္ၿပီ က်ေနာ္မေန႔က ဆရာေဇာ္ေ၀စိုးေျပာသေလာက္ၾကားလိုက္တာကေတာ့ လူနာ ၂၀ ေလာက္ပဲ ရွိေတာ့တယ္လို႔ပဲၾကားတယ္။

အခုက်ေနာ္ၾကားသိသေလာက္ေပါ့ေနာ္ ပစ္ခတ္မႈေတြ ျဖစ္လာရင္ေတာ့ ဆရာေတြကို အေရးေပၚေခၚၿပီးေတာ့ က်ေနာ္တို႔ ခြဲစိတ္ခန္းေတြသံုးၿပီးေတာ့ ဒီအရပ္သားဆရာ၀န္ေတြနဲ႔ လုပ္ဖို႔ရွိတယ္။ တခ်ိဳ႕ေသာ ပရဟိတ စင္တာေတြ၊ Fever Clinic က ယေန႔ ကာလမွာ Fever Clinic ကို ပိတ္ၿပီးေတာ့ ပစ္ခတ္ၿဖိဳခြင္းလာရင္ သူတို႔မွာ အရန္သင့္၊ အခု ေနျပည္ေတာ္မွာ ဦးေခါင္းကို ထိမွန္သြားတဲ့ လူနာတေယာက္ရွိေနၿပီ။

ဒီလူနာေတြကို ကုတင္ ၁၀၀၀ ေဆးရံုက ဘာပဲေျပာေျပာ သူတို႔ CDM လုပ္ထားေပမယ့္လည္း သူတို႔ အေရးေပၚ ဆရာ၀န္ေတြေရာက္လာၿပီးေတာ့ ဒီကေလးကို ကယ္တင္ထားတယ္ Critical condition မွာေပါ့ေနာ္။ အဲဒီေတာ့ က်န္တဲ့ဆရာ၀န္ေတြကလည္း CDM လုပ္ေနေပမယ့္လည္း တကယ္လို႔မ်ား ရန္ကုန္ေရာ၊ တျခားၿမိဳ႕ေတြမွာ ပစ္ခတ္ႏွိမ္နင္းတာေတြ၊ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြျပဳလာရင္ က်ေနာ္တုိ႔ဘက္က အရန္သင့္ျဖစ္ေအာင္ အခုက်ေတာ္တို႔ မႏၱေလးမွာဆိုရင္ အေထြေထြ ေရာဂါကုဆရာ၀န္ေတြက Freelance General Practitioner Society ဆိုၿပီးေတာ့ ေဆးခန္းႀကီး ေနရာ ၄ ေနရာ ၊ တခ်ိဳ႕ေသာ အေသးစား ခဲြစိတ္တာကအစ ၊ ဒီၾကားထဲမွာ လူထူၾကားထဲမွာ ဆရာ၀န္ေတြက medic team အေနနဲ႔ လိုက္ၿပီးေတာ့ Ambulance ေတြနဲ႔ က်ေနာ္တို႔လိုက္ေနတယ္ အဲဒီလို ျဖစ္လာရင္ က်ေနာ္တို႔က အေရးေပၚ ျပဳစုမယ့္ဟာေတြ ဆရာ၀န္ေတြက ၿမိဳ႕နယ္တိုင္းမွာ ရွိေနတယ္။

သူတို႔လည္း သူတို႔ေဆးခန္းေတြနဲ႔ လုပ္ထားတယ္။ အေရးႀကီးရင္ ပုဂၢလိက ေဆးရံုကို ေခၚသြားၿပီးေတာ့ က်ေနာ္တို႔က ခြဲစိတ္ဆရာ၀န္ေတြကို သူတို႔ နည္းနဲ႔ ဆက္သြယ္ၿပီးေတာ့ အေရးေပၚေပါ့။ ဒီလူေတြက အကုန္လံုး ပရဟိတနဲ႔ လုပ္ေပးၾကမယ္ ၊ က်ေနာ္တို႔ အခ်င္းခ်င္း တရား၀င္ အထက္က ညႊန္ၾကားတာမဟုတ္ပဲနဲ႔ ၿမိဳ႕နယ္အလိုက္ ဆရာ၀န္ေတြက ဦးေဆာင္ၿပီးေတာ့ လုပ္ေနတာ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်တားဆီးရေး အခက်ကြုံရဖွယ် ရှိနေခြင်း

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး၊ ကိုဗစ်ကာလရှေ.တန်းကကျန်းမာရေးဝန်ထမ်းတွေပဲဦးဆောင်တဲ့ ဒီစစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ မပူးပေါင်းမဆောင်ရွက်ရေးလူပ်ရှားမူ (CDM) အားကောင်းလာချိန်မှာ၊ ကိုဗစ်ကာကွယ်ကုသရေး အားနည်းသွားမှာလည်း စိုးရိမ်မူတွေရှိနေပါတယ်။

ဒီလှုပ်ရှားမူမှာ တက်တက်ကြွကြွပါဝင်နေတဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအသင်း ဒု ဥက္ကဌ ဒေါက်တာမြင့်ဦးက၊ အရေးပေါ်ဆိုးလာနိုင်တာတွေအတွက်တော့ ပြင်ထားပါတယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

COVID အခြေအနေ ဆိုးလားနိုင်ပုံကို ဒေါက်တာမြင့်ဦးက

“ဒေါက်တာမြင့်ဦး။ ။ COVID ကတော့ ကျနော်တို့ နိုင်ငံအနေနဲ့ အရင် အာဏာမသိမ်းခင်တုန်းက တော်တော်အားရတဲ့ အနေအထားမှာပေါ့နော်။ အာဏာသိမ်းပြီးတဲ့ နောက်ဆက်တွဲတွေကတော့ အောင်မြင်မှုရထားတာတွေဟာ ပြန်လည်ပြီးတော့ ပျက်စီးသွားနိုင်စရာအကြောင်းတော့ရှိတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ အဲဒီတော့ ဆရာရေ COVID ကာကွယ်ရေး လုပ်ငန်းတွေကို ဘယ်လိုစထိခိုက်မှာ စိုးရိမ်ရသလဲဆရာရေ။

ဒေါက်တာမြင့်ဦး။ ။ကျနော်တို့ covishield ကာကွယ်ဆေးတွေက ပထမအကြိမ်က လှူဒါန်းတဲ့ ဆေးဝါးတွေ ရောက်လာတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးခဲ့ရတယ်။ အခုကျနော်သတင်းကြားတာက အိန္ဒိယက covishield ဆေးတွေက ဒီနေ့ရောက်မယ်လို့ ကျနော်သတင်းကြားတယ်။ ကျနော်တို့ အဲဒီ ဝန်ထမ်းတွေအများကြီးပေါ့နော် COVID ရဲ့ ကွန်မန်ဒါကြီးပေါ့နော် ရန်ကုန်တိုင်းအပါအဝင် သူတို့က Civil Disobedience Movement (CDM) ထဲမှာ အပြင်းအထန်ပါဝင်နေကြတယ်။ လူထုကလည်း သူတို့ကို ထောက်ခံလေးစားနေကြတယ်။ သူတို့ကလည်း စစ်အာဏာရှင်နဲ့ မပတ်သက်အောင် နေနေကြတာပေါ့နော်။ အဲဒီတော့ အရင်အရာရှိတွေကပဲ သွားပြီးတော့ လက်ခံယူရင်တော့ ကောင်းလမ့်မယ်လို့ ကျနော်ယူဆတယ်။ ကျနော်စိတ်ပူတာက ဒီဆေးတွေကို စစ်တပ်က သိမ်းပြီးတော့ သူတို့ အလွဲသုံးပစ်လိုက်မှာကို ကျနော်စိတ်ပူတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ကာကွယ်ဆေးတွေ တကယ်တမ်းလက်တွေ့မှာ ထိုးပေးဖို့ အခက်အခဲ စိန်ခေါ်မှုတွေ ဘာတွေရှိနိုင်သလဲဆရာ။

ဒေါက်တာမြင့်ဦး။ ။လက်ရှိ ထိုးပေးမယ့်ဝန်ထမ်း လေ့ကျင့်ပေးပြီးသားဝန်ထမ်း အကုန်လုံးနီးပါး က CDM လုပ်နေတဲ့အခါကျတော့ ဒီလူတွေကို သုံးဖို့တော့ သိပ်မလွယ်ဘူး။ သုံးမယ်ဆိုရင် အခုစစ်တပ်က ထိုးပေးမယ်ဆိုရင်လည်း ယုံကြည်မှာ မဟုတ်ဘူး။ တော်တော်များများက သူလုပ်သမျှကို လူထုက တော်လှန်နေပြီလေ ဘယ်အမိန့်ပဲထုတ်ထုတ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ နောက်ကာကွယ်ဆေးထိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ စာရင်းပြုစုထားတဲ့ သူတွေရော

ဒေါက်တာမြင့်ဦး။ ။အခုဆိုရင် ကျနော်တို့က ဌာနဆိုင်ရာတွေကို အတင်းအကျပ် အလုပ်ပြန်ဝင်ခိုင်းတယ်။ ဒီလူတွေကလည်း မလာဘူးဆိုတဲ့အတွက်ကြောင့် ဒီစာရင်းတွေ သူတို့ပဲ သိတယ်၊ သူတို့ပဲရှိတယ်။ အဲဒီတော့ အတင်းအကျပ် ဝင်စီးပြီးတော့ပေါ့နော် NLD ရုံးကို ဝင်စီးသလိုမျိုးနဲ့ သူတို့ လိုက်ရှာဖွေရင်တော့ မပြောတတ်ဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာရေ ဒီတခေါက်ကတော့ အသက် ၆၅ နှစ်နဲ့ အထက်ပေါ့နော် အဖြစ်များတဲ့ ဒေသ ရန်ကုန်မှာဆိုရင် မြို့နယ် ၅ မြို့နယ် ၊ ဒဂုံ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်တို့ ၊ မင်္ဂလာဒုံတို့ မှော်ဘီတို့မှာ အရင်ပြင်ထားတာရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာကတော့ ဆရာခုနကပြောသလို အခက်အခဲတွေကတော့ ရှိနေမယ့်သဘောလို့ ပြောလို့ရတာပေါ့နော် ဆရာ။

ဒေါက်တာမြင့်ဦး။ ။ ဟုတ်ကဲ့ မဖြစ်နိုင်ပါဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ

ဒေါက်တာမြင့်ဦး။ ။ မဖြစ်နိုင်ပါဘူး နောက်တခုက လူတွေက အခု တော်တေ်ာများများက COVID ကို မေ့ပြီးတော့တော်လှန်ရေးပဲ လုပ်နေကြတဲ့ အနေအထားရှိတော့ COVID က အစိုးမရဘူးလေ၊ အဲဒီတော့ ဒီခေါင်းဆောင်အောက်မှာ အခုလက်ရှိ အာဏာရှင်အောက်မှာ ပိုပြီးတော့ ကျနော်တို့ ခုနက ပထမက တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့အနေအထားမှာ ပြန်လည်ပြီးတော့ ပေါက်ကွဲပြီးတော့ ကူးစက်လာမှာတွေလည်း စိုးရိမ်စရာရှိတယ်။ ဆရာဝန်ကြီးတွေလည်း စိုးရိမ်နေတယ်လို့ ကျနော် မှန်းဆမိတယ်။ COVID ထိန်းချုပ်မှုကို တစိုက်မတ်မတ်လုပ်လာတဲ့ ဆရာဝန်ကြီးတွေက ဒါကိုတော့ အဖြစ်ခံမှာမဟုတ်ဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ။ လက်ရှိမှာ ကုသမှုအနေအထားအတွက် အရင်ပေါ့နော် စစ်ဆေးမှုအနေအထားရော ဘယ်လိုဖြစ်နေသလဲဆရာ ပိုးရှိမရှိ။

ဒေါက်တာမြင့်ဦး။ ။ စစ်ဆေးတာတွေလည်း အများကြီးလျော့သွားပြီ၊ မစစ်နိုင်တော့ဘူး ကျနော်သိသလောက်က စစ်ဆေးတဲ့ အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာနကလည်း ကျနော်တို့ ဒီ CDM မှာ ပါနေတယ်။ နောက်တခါ ဆေးသုတေသနကလည်း ပါနေတာတွေ့ရတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က စစ်ဆေးတာတွေ မလုပ်နိုင်ဘူး။ လူတွေက ပိုပြီးတော့ နီးနီးကပ်ကပ်တွေနဲ့ အော်ဟစ်နေတော့ ကူးစက်မှုတွေ ဖြစ်လာရင်တော့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲရလဒ်လို့ပဲ ကျနော်ကတော့ ယူဆရမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ နောက်ပိုင်း ကုသမှု အနေအထားရော အခုအဖြစ်များလာလို့ရှိရင်လေ။

ဒေါက်တာမြင့်ဦး။ ။ တော်တော်များများကတော့ ကုတင်တွေ၊ လူနာတွေ တော်တော်များများက ဆင်းကုန်ပြီ ကျနော်မနေ့က ဆရာဇော်ဝေစိုးပြောသလောက်ကြားလိုက်တာကတော့ လူနာ ၂၀ လောက်ပဲ ရှိတော့တယ်လို့ပဲကြားတယ်။

အခုကျနော်ကြားသိသလောက်ပေါ့နော် ပစ်ခတ်မှုတွေ ဖြစ်လာရင်တော့ ဆရာတွေကို အရေးပေါ်ခေါ်ပြီးတော့ ကျနော်တို့ ခွဲစိတ်ခန်းတွေသုံးပြီးတော့ ဒီအရပ်သားဆရာဝန်တွေနဲ့ လုပ်ဖို့ရှိတယ်။ တချို့သော ပရဟိတ စင်တာတွေ၊ Fever Clinic က ယနေ့ ကာလမှာ Fever Clinic ကို ပိတ်ပြီးတော့ ပစ်ခတ်ဖြိုခွင်းလာရင် သူတို့မှာ အရန်သင့်၊ အခု နေပြည်တော်မှာ ဦးခေါင်းကို ထိမှန်သွားတဲ့ လူနာတယောက်ရှိနေပြီ။

ဒီလူနာတွေကို ကုတင် ၁၀၀၀ ဆေးရုံက ဘာပဲပြောပြော သူတို့ CDM လုပ်ထားပေမယ့်လည်း သူတို့ အရေးပေါ် ဆရာဝန်တွေရောက်လာပြီးတော့ ဒီကလေးကို ကယ်တင်ထားတယ် Critical condition မှာပေါ့နော်။ အဲဒီတော့ ကျန်တဲ့ဆရာဝန်တွေကလည်း CDM လုပ်နေပေမယ့်လည်း တကယ်လို့များ ရန်ကုန်ရော၊ တခြားမြို့တွေမှာ ပစ်ခတ်နှိမ်နင်းတာတွေ၊ အကြမ်းဖက် နှိမ်နင်းမှုတွေပြုလာရင် ကျနော်တို့ဘက်က အရန်သင့်ဖြစ်အောင် အခုကျတော်တို့ မန္တလေးမှာဆိုရင် အထွေထွေ ရောဂါကုဆရာဝန်တွေက Freelance General Practitioner Society ဆိုပြီးတော့ ဆေးခန်းကြီး နေရာ ၄ နေရာ ၊ တချို့သော အသေးစား ခွဲစိတ်တာကအစ ၊ ဒီကြားထဲမှာ လူထူကြားထဲမှာ ဆရာဝန်တွေက medic team အနေနဲ့ လိုက်ပြီးတော့ Ambulance တွေနဲ့ ကျနော်တို့လိုက်နေတယ် အဲဒီလို ဖြစ်လာရင် ကျနော်တို့က အရေးပေါ် ပြုစုမယ့်ဟာတွေ ဆရာဝန်တွေက မြို့နယ်တိုင်းမှာ ရှိနေတယ်။

သူတို့လည်း သူတို့ဆေးခန်းတွေနဲ့ လုပ်ထားတယ်။ အရေးကြီးရင် ပုဂ္ဂလိက ဆေးရုံကို ခေါ်သွားပြီးတော့ ကျနော်တို့က ခွဲစိတ်ဆရာဝန်တွေကို သူတို့ နည်းနဲ့ ဆက်သွယ်ပြီးတော့ အရေးပေါ်ပေါ့။ ဒီလူတွေက အကုန်လုံး ပရဟိတနဲ့ လုပ်ပေးကြမယ် ၊ ကျနော်တို့ အချင်းချင်း တရားဝင် အထက်က ညွှန်ကြားတာမဟုတ်ပဲနဲ့ မြို့နယ်အလိုက် ဆရာဝန်တွေက ဦးဆောင်ပြီးတော့ လုပ်နေတာ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG