သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကိုဗစ္ကူးစက္သူ ၂၁ ဦးနဲ႔ ေသဆုံး ၃ ဦးထပ္တိုး 


မွတ္တမ္းဓါတ္ပံု - ဇန္န၀ါရီ ၁၄ ရက္တုန္းက ICU တြင္ ေတြ႔ရေသာ က်န္းမာေရး ၀န္ထမ္းမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေဖေဖာ္ဝါရီ ၂၁ ရက္၊ အဂၤါေန႔ ည ၈ နာရီမွာ ထုတ္ျပန္တဲ့ စာရင္းအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ကူးစက္သူ လူနာအသစ္ ၂၁ ဦး ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ အခုခ်ိန္ထိ ဓါတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း ၁၄၁,၄၄၈ ဦး ရွိသြားၿပီျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ ေသဆုံးလူနာ ၃ ဦးထပ္တိုးခဲ့တာေၾကာင့္ အခုခ်ိန္ထိ စုစုေပါင္း ေသဆုံးသူ ၃,၁၈၀ ဦး ရွိသြားၿပီျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈဆိုင္ရာ ဓါတ္ခြဲ စမ္းသပ္မႈေတြကို ပုံမွန္ လုပ္ေဆာင္ႏိုင္ျခင္းမရွိဘူးဆိုတဲ့ သတင္းေတြလဲ တိုင္းျပည္အတြင္း ထြက္ေပၚေနပါတယ္။

လက္ရွိ ႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈနဲ႔ ေသဆုံးမႈ အေျခအေနေတြကိုက်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနရဲ႕ အရင္ သတင္းထုတ္ျပန္ေနက် Facebook စာမ်က္ႏွာ ထုတ္ျပန္ျခင္းမရွိတာ ရက္အနည္းငယ္ ရွိသြားၿပီ ျဖစ္ၿပီး ၀န္ႀကီးဌာနရဲ႕ အင္တာနက္စာမ်က္ႏွာကေနသာ ထုတ္ျပန္ေပးေနတာ ေတြ႕ရပါတယ္။

............

မြန်မာမှာ ကိုဗစ်ကူးစက်သူ ၂၁ ဦးနဲ့ သေဆုံး ၃ ဦးထပ်တိုး

(Unicode)

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်၊ အင်္ဂါနေ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်သူ လူနာအသစ် ၂၁ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၁,၄၄၈ ဦး ရှိသွားပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားါပတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ သေဆုံးလူနာ ၃ ဦးထပ်တိုးခဲ့တာကြောင့် အခုချိန်ထိ စုစုပေါင်း သေဆုံးသူ ၃,၁၈၀ ဦး ရှိသွားပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဆိုင်ရာ ဓါတ်ခွဲ စမ်းသပ်မှုတွေကို ပုံမှန် လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုတဲ့ သတင်းတွေလဲ တိုင်းပြည်အတွင်း ထွက်ပေါ်နေပါတယ်။

လက်ရှိ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှု အခြေအနေတွေကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အရင် သတင်းထုတ်ပြန်နေကျ Facebook စာမျက်နှာ ထုတ်ပြန်ခြင်းမရှိတာ ရက်အနည်းငယ် ရှိသွားပြီ ဖြစ်ပြီး ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာကနေသာ ထုတ်ပြန်ပေးနေတာ တွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG