သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၁၄၁,၃၀၄ ယောက်၊ သေဆုံးသူ ၃,၁၆၈ ယောက်


ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)/ (ဧရာကိုဗစ်စင်တာ-ရန်ကုန်)အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၁၊ ၂၀၂၁)
ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)/ (ဧရာကိုဗစ်စင်တာ-ရန်ကုန်)အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၁၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသူ လူနာသစ် ၂၀၀ ရှိကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မူဆယ်အပြင် နေပြည်တော်တိုင်းဒေသကြီးမှာ ပြုလုပ်ခဲ့တဲ့ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၁,၈၃၃ ခုထဲမှာ လူနာသစ်တွေတွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ လက်ရှိချိန်ထိ ပိုးကူးလူနာ စုစုပေါင်း ၁၄၁,၃၀၄ ယောက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူက ၅ ဦးတိုးလာတဲ့အတွက် သေဆုံးသူစုစုပေါင်းက ၃,၁၆၈ ဦးရှိပါတယ်။ ဒီကနေ့စာရင်းထဲပါ သေဆုံးသူ ၅ ဦးစလုံးက ရောဂါအခံရှိသူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးမှုစုစုပေါင်း ၂,၄၄၀,၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ ဇန်နဝါရီလ နောက်ဆုံးပတ်ကနေ ဖေဖော်ဝါရီပထမပတ်ထိ နေ့စဉ်ဓာတ်ခွဲစစ်ဆေးမှုက ၁,၄၀၀ ဝန်းကျင်ရှိပါတယ်။

[Unicode Version]





XS
SM
MD
LG