သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္္ ၃ ၿမိဳ႕နယ္မွာ ကိုဗစ္ကာကြယ္ေဆး စထိုးေပးေတာ့မယ္


ရခိုင္က က်န္းမာေရးဝန္ထမ္းေတြကို ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးဖို႔ ျပင္ဆင္ေနတဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ အုပ္ခ်ဳပ္မႈ အေျပာင္းအလဲေတြ ရွိေနေပမဲ့ အမ်ားျပည္သူအတြက္ ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးႏွံမယ့္ အစီအစဥ္ကို သတ္မွတ္ထားတဲ့အတိုင္း ေဆာင္႐ြက္သြားဖို႔ ျပင္ဆင္ေနပါတယ္။ အာဏာသိမ္းမႈကို ကန႔္ကြက္တဲ့အေနနဲ႔ က်န္းမာေရး လုပ္သားေတြ အပါအဝင္ အရပ္ဘက္ဝန္ထမ္းေတြ အလုပ္မဆင္းဘဲ ဆႏၵျပဖို႔ လႈပ္ရွားမႈေတြ ရွိေနခ်ိန္မွာပဲ က်န္းမာေရးလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ စီစဥ္ေနရတဲ့ အေျခအေနကိုေတာ့ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္အျဖစ္ ဇန္နဝါရီလေႏွာင္းပိုင္းမွာ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးႏွံေပးၿပီးတဲ့ေနာက္ မနက္ျဖန္ကစၿပီး အမ်ားျပည္သူကို ထိုးႏွံေပးဖို႔ စီစဥ္ထားတာပါ။ ဒါေပမဲ့လည္း တပ္မေတာ္က အာဏာသိမ္းလိုက္ၿပီးေနာက္ က်န္းမာေရးဝန္ႀကီးဌာန အပါအဝင္ အုပ္ခ်ဳပ္မႈေတြမွာ အေျပာင္းအလဲေတြေၾကာင့္ အစီအစဥ္ေတြ ထိခိုက္မွာကို စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။ ဒါေပမဲ့လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးကေတာ့ အစီအစဥ္ေတြ အေျပာင္းအလဲမရွိဘူးလို႔ ေျပာပါတယ္။

"မနက္ျဖန္မွာ စၿပီးေတာ့ ထိုးေပးမွာပါ။ ရန္ကုန္မွာဆိုရင္ ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္နဲ႔ စတင္မွာျဖစ္ပါတယ္။ ဒါကေတာ့ ဒဂုံၿမိဳ႕နယ္၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ရယ္ အဲဒီၿမိဳ႕နယ္ေတြမွာရွိတဲ့ ၆၅ ႏွစ္နဲ႔အထက္ ျပည္သူလူထုကို စတင္ၿပီးေတာ့ထိုးႏွံေပးမွာျဖစ္ပါတယ္။ ကာကြယ္ေဆးထိုးတဲ့ေနရာမွာလည္းပဲ အႏၲရာယ္ကင္းေအာင္ ေဘးမွာလည္း အေရးေပၚလိုအပ္တဲ့ ေဆးေသတၱာအဆင္သင့္ ေဆာင္ထားမယ္။ ထိုးၿပီးရင္လည္းပဲ နာရီဝက္ေစာင့္ရမယ္။ နာရီဝက္ေစာင့္ၿပီး ဘာမွမျဖစ္ေတာ့ဘူး စိတ္ခ်ရၿပီဆိုမွ ျပန္ရမယ္။ ျပင္းထန္တဲ့ဓာတ္မတည့္မႈေတြ ျဖစ္လို႔ရွိရင္ ခ်က္ခ်င္းဆက္သြယ္ဖို႔အတြက္ ဖုန္းနံပါတ္ေတြပါ တခါတည္းေပးမွာျဖစ္ပါတယ္။ ဒီေနရာမွာ တေယာက္စီတိုင္းရဲ႕ကာကြယ္ေဆးထိုးကဒ္ကို QR Code ေတြနဲ႔ ေဆာင္႐ြက္ထားမွာျဖစ္လို႔ ဘယ္သူကေတာ့ ေဆးထိုးၿပီးၿပီ။ ဘယ္ေန႔ထပ္ထိုးမယ္။ ဒါေတြကိုလည္း ကဒ္ထဲမွာ တခါတည္းေရးေပးလိုက္မွာ ျဖစ္ပါတယ္။"

ဇန္နဝါရီလေႏွာင္းပိုင္းနဲ႔ ေဖေဖာ္ဝါရီလဆန္းပိုင္းမွာ ထိုးႏွံေပးတဲ့ ကာကြယ္ေဆးေတြက အိႏၵိယကေန ေမတၱာလက္ေဆာင္ရရွိထားတဲ့ Covishield အလုံးေရ ၁,၅၀၀,၀၀၀ ထဲကျဖစ္ၿပီးေတာ့ ဝယ္ယူထားတဲ့ကာကြယ္ေဆးေတြလည္း ဒီလထဲမွာ ေရာက္ရွိလာမယ့္အေၾကာင္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"က်မတို႔ အိႏၵိယကေန ဝယ္တဲ့ ကာကြယ္ေဆး သန္း ၃၀ မွာ ယူထားတာ ရွိပါတယ္။ သန္း ၃၀ မွာေတာ့ ၂,၀၀၀,၀၀၀ ပထမအသုတ္အေနနဲ႔ လာဖို႔ရွိပါတယ္။ အဲဒါကေတာ့ ပထမစီစဥ္ထားတာက ေဖေဖာ္ဝါရီ ၄ ရက္ေပါ့ေနာ္။ ေဖေဖာ္ဝါရီ ၄ ရက္ကေန ၁၁ ရက္ကို ေျပာင္းထားပါတယ္။ ၁၁ ရက္ေန႔မွာေတာ့ ကာကြယ္ေဆး ၂,၀၀၀,၀၀၀ ေရာက္ရွိမယ္လို႔ ေမွ်ာ္လင့္လို႔ရပါတယ္။ ၿပီးရင္ WHO (COVAX) ကေနၿပီးေတာ့ Gavi အဖြဲ႕နဲ႔ပူးေပါင္းၿပီးေတာ့ ဒီလူဦးေရရဲ႕ ၂၀ ရာခိုင္ႏႈန္းအတြက္ ကာကြယ္ေဆးေတြရဲ႕ ပထမအသုတ္ကလည္း ဒီေဖေဖာ္ဝါရီလကုန္ေလာက္မွာ လာဖြယ္ရွိပါတယ္။ အဲဒါကေတာ့ က်မတို႔ အခုထိုးေနတဲ့ ကာကြယ္ေဆး Covishield ပဲျဖစ္ဖို႔ မ်ားပါတယ္။ ဒါကေတာ့ WHO ရဲ႕အစီအမံနဲ႔ လာမယ့္ကာကြယ္ေဆးေတြျဖစ္ပါတယ္။ ေနာက္တခုက တ႐ုတ္ကေန လႉဒါန္းတဲ့ကာကြယ္ေဆး ၃၀၀,၀၀၀ ကလည္း သက္ဆိုင္ရာပုဂၢိဳလ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ လႉဒါန္းတဲ့ကိစၥေတြက ဆက္ေဆာင္႐ြက္ေနမွာျဖစ္ပါတယ္။ ေနာက္တခုကက်ေတာ့ ကာကြယ္ေဆးေတြက ဧၿပီလေနာက္ပိုင္းကစၿပီးေတာ့ က်မတို႔ ဝယ္တဲ့ ကာကြယ္ေဆးေတြ အသုတ္လိုက္ေရာက္ရွိဖို႔ ရွိပါတယ္။"

စစ္တပ္က အာဏာသိမ္းၿပီးေနာက္မွာ ဌာနဆိုင္ရာအုပ္ခ်ဳပ္ေရး အေျပာင္းအလဲေတြကို ျပဳလုပ္ခဲ့ၿပီး ျပည္ေထာင္စုဝန္ႀကီးေတြကို တာဝန္ကေနရပ္နားၿပီး အစားထိုးတာေတြ ရွိခဲ့ပါတယ္။ အဲဒီထဲမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးနဲ႔ ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္တို႔လည္း ပါဝင္ခဲ့ပါတယ္။ အာဏာသိမ္းစစ္အစိုးရကို ဆန႔္က်င္တဲ့အေနနဲ႔ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕လည္း စစ္အစိုးရလက္ေအာက္မွာ အလုပ္မဆင္းဘဲ ဆႏၵျပသူေတြလည္း ရွိလာပါတယ္။ ဒါေပမဲ့လည္း အေရးႀကီးတဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းေတြမွာေတာ့ ထိခိုက္ေလာက္တဲ့ အေျခအေနမရွိဘူးလို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"လက္ရွိမွာလည္း ကိုဗစ္ကုသေရးဌာန ေဆး႐ုံေတြမွာ ကုသမႈ ေပးေနတဲ့ ဆရာဝန္ေတြကလည္း ဆရာဝန္စိတ္ဓာတ္အျပည့္နဲ႔ လူနာေတြကို ကုသမႈေပးေနပါတယ္။ ဘယ္သူမွ ဒီလူနာေတြကို ပစ္သြားရေလာက္ေအာင္ အသည္းႏွလုံး မမာပါဘူး။ က်မတို႔ ဆရာဝန္ေတြကတိသစၥာျပဳကတည္းကိုက လူနာေတြကို ကိုယ္စြမ္းဉာဏ္စြမ္းရွိသေ႐ြ႕ ျပဳစုကုသပါမယ္ဆိုတာ က်မတို႔သစၥာဆိုၿပီးသား ျဖစ္ပါတယ္။ လက္ရွိအေနအထားအရ သက္ဆိုင္ရာေဆး႐ုံ၊ သက္ဆိုင္ရာ ေဆးပညာပါေမာကၡေတြ၊ သမားေတာ္ႀကီးေတြ၊ ေမ့ေဆးေတြကေနၿပီးေတာ့ အေကာင္းဆုံးလုပ္ေဆာင္ေနပါတယ္လို႔ ေျပာခ်င္ပါတယ္။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့စာရင္းအရ ျပည္တြင္းမွာ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃,၁၀၀ ေက်ာ္နဲ႔ ကူးစက္သူအတည္ျပဳလူနာေပါင္း ၁၄၀,၉၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန် ၃ မြို့နယ်မှာ ကိုဗစ်ကာကွယ်ဆေး စထိုးပေးတော့မယ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အုပ်ချုပ်မှု အပြောင်းအလဲတွေ ရှိနေပေမဲ့ အများပြည်သူအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံမယ့် အစီအစဉ်ကို သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။ အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ကျန်းမာရေး လုပ်သားတွေ အပါအဝင် အရပ်ဘက်ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ ဆန္ဒပြဖို့ လှုပ်ရှားမှုတွေ ရှိနေချိန်မှာပဲ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စီစဉ်နေရတဲ့ အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလနှောင်းပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးတဲ့နောက် မနက်ဖြန်ကစပြီး အများပြည်သူကို ထိုးနှံပေးဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အုပ်ချုပ်မှုတွေမှာ အပြောင်းအလဲတွေကြောင့် အစီအစဉ်တွေ ထိခိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ အစီအစဉ်တွေ အပြောင်းအလဲမရှိဘူးလို့ ပြောပါတယ်။

"မနက်ဖြန်မှာ စပြီးတော့ ထိုးပေးမှာပါ။ ရန်ကုန်မှာဆိုရင် မြို့နယ် ၃ မြို့နယ်နဲ့ စတင်မှာဖြစ်ပါတယ်။ ဒါကတော့ ဒဂုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်ရယ် အဲဒီမြို့နယ်တွေမှာရှိတဲ့ ၆၅ နှစ်နဲ့အထက် ပြည်သူလူထုကို စတင်ပြီးတော့ထိုးနှံပေးမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတဲ့နေရာမှာလည်းပဲ အန္တရာယ်ကင်းအောင် ဘေးမှာလည်း အရေးပေါ်လိုအပ်တဲ့ ဆေးသေတ္တာအဆင်သင့် ဆောင်ထားမယ်။ ထိုးပြီးရင်လည်းပဲ နာရီဝက်စောင့်ရမယ်။ နာရီဝက်စောင့်ပြီး ဘာမှမဖြစ်တော့ဘူး စိတ်ချရပြီဆိုမှ ပြန်ရမယ်။ ပြင်းထန်တဲ့ဓာတ်မတည့်မှုတွေ ဖြစ်လို့ရှိရင် ချက်ချင်းဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်တွေပါ တခါတည်းပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ တယောက်စီတိုင်းရဲ့ကာကွယ်ဆေးထိုးကဒ်ကို QR Code တွေနဲ့ ဆောင်ရွက်ထားမှာဖြစ်လို့ ဘယ်သူကတော့ ဆေးထိုးပြီးပြီ။ ဘယ်နေ့ထပ်ထိုးမယ်။ ဒါတွေကိုလည်း ကဒ်ထဲမှာ တခါတည်းရေးပေးလိုက်မှာ ဖြစ်ပါတယ်။"

ဇန်နဝါရီလနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထိုးနှံပေးတဲ့ ကာကွယ်ဆေးတွေက အိန္ဒိယကနေ မေတ္တာလက်ဆောင်ရရှိထားတဲ့ Covishield အလုံးရေ ၁,၅၀၀,၀၀၀ ထဲကဖြစ်ပြီးတော့ ဝယ်ယူထားတဲ့ကာကွယ်ဆေးတွေလည်း ဒီလထဲမှာ ရောက်ရှိလာမယ့်အကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ကျမတို့ အိန္ဒိယကနေ ဝယ်တဲ့ ကာကွယ်ဆေး သန်း ၃၀ မှာ ယူထားတာ ရှိပါတယ်။ သန်း ၃၀ မှာတော့ ၂,၀၀၀,၀၀၀ ပထမအသုတ်အနေနဲ့ လာဖို့ရှိပါတယ်။ အဲဒါကတော့ ပထမစီစဉ်ထားတာက ဖေဖော်ဝါရီ ၄ ရက်ပေါ့နော်။ ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၁ ရက်ကို ပြောင်းထားပါတယ်။ ၁၁ ရက်နေ့မှာတော့ ကာကွယ်ဆေး ၂,၀၀၀,၀၀၀ ရောက်ရှိမယ်လို့ မျှော်လင့်လို့ရပါတယ်။ ပြီးရင် WHO (COVAX) ကနေပြီးတော့ Gavi အဖွဲ့နဲ့ပူးပေါင်းပြီးတော့ ဒီလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးတွေရဲ့ ပထမအသုတ်ကလည်း ဒီဖေဖော်ဝါရီလကုန်လောက်မှာ လာဖွယ်ရှိပါတယ်။ အဲဒါကတော့ ကျမတို့ အခုထိုးနေတဲ့ ကာကွယ်ဆေး Covishield ပဲဖြစ်ဖို့ များပါတယ်။ ဒါကတော့ WHO ရဲ့အစီအမံနဲ့ လာမယ့်ကာကွယ်ဆေးတွေဖြစ်ပါတယ်။ နောက်တခုက တရုတ်ကနေ လှူဒါန်းတဲ့ကာကွယ်ဆေး ၃၀၀,၀၀၀ ကလည်း သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ လှူဒါန်းတဲ့ကိစ္စတွေက ဆက်ဆောင်ရွက်နေမှာဖြစ်ပါတယ်။ နောက်တခုကကျတော့ ကာကွယ်ဆေးတွေက ဧပြီလနောက်ပိုင်းကစပြီးတော့ ကျမတို့ ဝယ်တဲ့ ကာကွယ်ဆေးတွေ အသုတ်လိုက်ရောက်ရှိဖို့ ရှိပါတယ်။"

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဌာနဆိုင်ရာအုပ်ချုပ်ရေး အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးတွေကို တာဝန်ကနေရပ်နားပြီး အစားထိုးတာတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့လည်း ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတချို့လည်း စစ်အစိုးရလက်အောက်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြသူတွေလည်း ရှိလာပါတယ်။ ဒါပေမဲ့လည်း အရေးကြီးတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာတော့ ထိခိုက်လောက်တဲ့ အခြေအနေမရှိဘူးလို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"လက်ရှိမှာလည်း ကိုဗစ်ကုသရေးဌာန ဆေးရုံတွေမှာ ကုသမှု ပေးနေတဲ့ ဆရာဝန်တွေကလည်း ဆရာဝန်စိတ်ဓာတ်အပြည့်နဲ့ လူနာတွေကို ကုသမှုပေးနေပါတယ်။ ဘယ်သူမှ ဒီလူနာတွေကို ပစ်သွားရလောက်အောင် အသည်းနှလုံး မမာပါဘူး။ ကျမတို့ ဆရာဝန်တွေကတိသစ္စာပြုကတည်းကိုက လူနာတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပြုစုကုသပါမယ်ဆိုတာ ကျမတို့သစ္စာဆိုပြီးသား ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ သက်ဆိုင်ရာဆေးရုံ၊ သက်ဆိုင်ရာ ဆေးပညာပါမောက္ခတွေ၊ သမားတော်ကြီးတွေ၊ မေ့ဆေးတွေကနေပြီးတော့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၃,၁၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာပေါင်း ၁၄၀,၉၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG