သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အတည္ျပဳကိန္းဂဏန္းမ်ား မွန္ကန္ႏိ္ုင္ေခ်မရွိ - က်န္းမာေရးအရာရွိတဦး


{{Zawgyi/Unicode}}

ျမန္မာႏိ္ုင္ငံတြင္း အခုလို စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ဆႏၵျပပဲြေတြျဖစ္ေနတဲ့တခ်ိန္တည္းမွာပဲ၊ ကိုဗစ္ကပ္ေဘးအေျခအေနကလည္း ရင္ဆိုင္ေနရဆဲပါ။ က်န္းမာေရး၀န္ထမ္းေတြပါ အလုပ္မဆင္းဆႏၵျပတာေတြရွိလာတာေၾကာင့္၊ ကို႐ိုနာဗိုင္းရပ္ပိုးရွိမရွိ ဓါတ္ခဲြနမူနာယူ စစ္ေဆးမႈလုပ္ငန္းေတြလည္း အေတာ္မ်ားမ်ား ရပ္ဆိုင္းေနရတာပါ။ ဒီအေျခအေနေတြနဲ႔ပတ္သက္လို႔ က်န္းမာေရးဝန္ႀကီးဌာနလက္ေအာက္မွာ႐ွိတဲ့ ေဆးသုေတသဦးစီးဌာနက အရာရွိတဦးကို မစုျမတ္မြန္က ေမးျမန္းထားပါတယ္။

စုျမတ္မြန္။ "ဆရာမတို႔ရဲ႕ ေဆးသုေတသနဦးစီးဌာနက ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ႐ွိမ႐ွိ အဓိက စစ္ေပးေနတဲ့ ေနရာတခုမွာ အခုဆရာမတို႔ အပါအဝင္ ေဆးသုေတသနဌာနက ပညာ႐ွင္ေတြ၊ ဆရာဝန္ေတြက CDM လႈပ္႐ွားမႈမွာ ပါဝင္ေနေတာ့ ကိုဗစ္စစ္ေဆးမႈေတြကို ဘယ္လုိလုပ္ထားပါလဲ႐ွင့္။ "

"ေဆးသုေတသနဌာနဆရာဝန္။ကၽြန္မအေနနဲ႔ အဲဒီေမးခြန္းကို ေျဖတာ တဝက္တပ်က္ျဖစ္မယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကၽြန္မက အဲဒီစစ္ေဆးမႈေတြကို တာဝန္ခံထားတဲ့လူေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ကၽြန္မသိသေလာက္ေျပာပါမယ္။ အဓိကက National health level အထိက ကၽြန္မတုိ႔ ေဆးသုေတသနနဲ႔ မတူေသးဘူး။ အမ်ဳိးသားဓါတ္ခြဲဌာနက တခုေပါ့။ သူတုိ႔ကလည္း အမ်ားႀကီးစစ္တယ္။ ကၽြန္မတုိ႔ ေဆးသုေတသနဦးစီးဌာနမွာလည္း စစ္ေပးတဲ့ team ႐ွိပါတယ္။ အဲဒီအဖဲြ႔ team ၂ team ထဲမွာ ပထမအပါတ္ထဲက တျဖည္းျဖည္းခ်င္းႏႈတ္ထြက္ၾကတယ္။ အဲဒီအဖဲြ႔ထဲမွာ ဆက္မပါေတာ့ဘူး။ အခုဆို တဖဲြ႔ဆို လံုးလံုးရပ္နားလိုက္ၿပီ။ ေနာက္တဖဲြ႔ကလည္း လူမ႐ွိသေလာက္ျဖစ္သြားၿပီ။ ကၽြန္မလက္႐ွိအေနအထား သိသေလာက္ေတာ့ လုပ္မေပးေနေတာ့ဘူးလုိ႔ပဲ သိထားပါတယ္။ "

စုျမတ္မြန္။ "အခုကိုဗစ္နဲ႕ပါတ္သက္ၿပီး ထုတ္ျပန္ေနတာေတြကေရာ ဘယ္သူေတြက စစ္ေပးၿပီး ထုတ္ျပန္ေနတယ္လို႔ ဆရာမသိထားပါလဲ။ "

ေဆးသုေတသနဌာနဆရာဝန္။ " ကၽြန္မနဲ႔ Network ႐ွိသမ ွ်၊ ကၽြန္မေမးသမ ွ်၊ ဥပမာ တိုင္းနဲ႔ျပည္နယ္ တျခားၿမိဳ႕ေတြမွာ စစ္ေဆးၿပီး ေဒတာထည့္ေပးၿပီး Central စုတဲ့ေနရာ႐ွိတယ္။ အဲဒီေနရာကို ေဒတာ မပို႔ေပးေတာ့ဘူးလို႔သိရတယ္။ ဘာေၾကာင့္ဆိုေတာ့ စစ္တာကလည္း Swab ယူတဲ့ အဖဲြ႔ေတြ Swab ယူၿပီးေတာ့မွ စစ္ႏိုင္တာပါ။ Swab အဖဲြ႔ေတာ္ေတာ္မ်ားမ်ား၊ ကၽြန္မတို႔႐ံုးက Swab အဖဲြ႔လည္း မလုပ္ေတာ့ဘူး။ တျခားအဖဲြ႔ေတြက Volunteer ေတြလည္း ရပ္လိုက္ၾကၿပီျဖစ္လို႔ ဘယ္ကေန ေဒတာေတြထြက္ေနလဲဆိုတာ စိတ္ဝင္စားဖုိ႔ေကာင္းတယ္။ ဒါေပမဲ့ အစထဲက စစ္ႏိုင္တဲ့ဌာနေတြထဲမွာ တပ္ဖက္ကလည္း ႐ွိပါတယ္။ စစ္တပ္ထဲမွာလည္း စစ္ေပးႏုိင္တဲ့ဟာ႐ွိပါတယ္။ အဲေတာ့ အဲဒီဖက္က တက္ေကာင္းတက္ေနတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ တခ်ဳိ႕ေသာ အေသး အေသးစစ္ေနတဲ့ ေနရာေတြလည္း ႐ွိႏုိင္ပါတယ္။ အဲဒီေဒတာေတြကေတာ့ တကယ္တမ္း လူထုထဲမွာ တကယ္ COVID 19 ျဖစ္ေန မျဖစ္ေနကို မထင္ဟပ္ႏုိင္ပါဘူး။ ေသခ်ာတာေတာ့ Reflect မလုပ္ႏိုင္ပါဘူး။"

စုျမတ္မြန္။ "အခုလက္႐ွိ ကိုဗစ္ကာကြယ္ေဆး ထိုးေပးေနတဲ့ အေျခအေနေရာ ဘာသိထားပါလဲ႐ွင့္။ "

ေဆးသုေတသနဌာနဆရာဝန္။ "ကိုဗစ္ကာကြယ္ေဆးက ကၽြန္မတုိ႔ က်န္းမာေရးဝန္ထမ္းေတြကို First dose ထိုးတာ အကုန္ၿပီးသြားၿပီလို႔ ကၽြန္မနားလည္တယ္။ ကၽြန္မတို႔ဆုိ ေနာက္ဆုံးအသုတ္မွာ ထိုးၿပီးပါတယ္။ က်န္းမာေရးဝန္ထမ္းေတြကို ဇန္နဝါရီ ၂၇ ရက္မွာ စထိုးတယ္။ ကၽြန္မဆုိရင္ ေဖေဖာ္ဝါရီ ၅ ရက္ေန႔မွာ ထိုးတယ္။ အဲဒီကာလအတြင္း က်န္းမာေရးဝန္ထမ္းေတြနဲ႔ Volunteer ေတြထိုးၿပီးၿပီလို႔ နားလည္တယ္။ က်န္ေနတာ ဆက္ေနတယ္လို႔ေတာ့ ကၽြန္မ မသိဘူး႐ွင့္။"

စုျမတ္မြန္။ "ကိုဗစ္ကာကြယ္ေဆးေတြ တျခားႏိုင္ငံေတြက ဝယ္ထားတာေတြ။ လွဴတဲ့ကိုဗစ္ကာကြယ္ေဆးေတြ ျမန္မာႏိုင္ငံကို ထပ္ၿပီး ေရာက္လာေနလား။ အဲဒါေတြနဲ႔ပါတ္သက္လို႔ေရာ ဆရာမတို႔ ဘာသိထားပါလဲ။"

ေဆးသုေတသနဌာနဆရာဝန္။ "အဲဒါက်ေတာ့ ကၽြန္မတုိ႔ဌာနနဲ႔လည္း မဆိုင္ေတာ့ ေျပာဖုိ႔ခက္ပါတယ္။ အဲဒါကေတာ့ ကာကြယ္ေဆးထိုး စီမံခ်က္က အဓိက လုပ္ရတာ။ ေနျပည္ေတာ္မွာ႐ွိတဲ့ တိုးခ်ဲ႕ကာကြယ္ေဆးထိုး စီမံခ်က္က တာဝန္ယူ လုပ္ေဆာင္ေပးေနတာျဖစ္ေတာ့ ကၽြန္မတုိ႔ မသိပါဘူး။"

စုျမတ္မြန္။ " ျမန္မာႏိုင္ငံမွာ ေန႔စဥ္ကိုဗစ္အတည္ျပဳလူနာ ေတာ္ေတာ္ေလးနည္းသြားၿပီ။ ၃၀၀ ေအာက္ေရာက္ေနခ်ိန္မွာ စစ္အာဏာသိမ္းမႈ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းမႈကို မေက်နပ္တဲ့ ျပည္သူေတြ အခုဆို သိန္းနဲ႔ခ်ီ လမ္းေပၚထြက္ ဆႏၵျပေနၾကတယ္။ ဆိုေတာ့ ဒီကေနတကယ့္ကို Super spreader အႀကီးအက်ယ္ ျပန္ၿပီး ကူးစက္မွာမ်ဳိး ဆရာမတို႔ ဘယ္ေလာက္စိုးရိမ္ပါလဲ။ "

ေဆးသုေတသနဌာနဆရာဝန္။ "ကၽြန္မတုိ႔အေနနဲ႕ ထိုက္သင့္တဲ့ စိုးရိမ္မႈေတာ့ ႐ွိပါတယ္။ ကၽြန္မတို႔ က်န္းမာေရးဝန္ထမ္းေတြဆိုလည္း First dose ပဲထိုးရေသးတာ။ ျပည္သူေတြဆို တကယ္က မထိုးရေသးဘူး။ ကၽြန္မတို႔လည္း Second dose ထိုးႏုိင္မယ္ မထိုးႏုိင္ဘူး။ ရမယ္ မရဘူး မေသခ်ာဘူး။ ျပည္သူထဲမွာဆို မထုိးရေသးဘူး။ ဒါေပမဲ့ တခ်ဳိ႕ ကိုဗစ္ျဖစ္ၿပီးသားလူေတြမွာေတာ့ သူ႔ဟာသူ တံု႔ျပန္တဲ့ စြမ္းအား၊ Immunity ထြက္ၿပီးသားေတြလည္း ႐ွိေနတယ္။ ကၽြန္မတို႔ဆရာႀကီး ဦးေဇာ္ေဝစိုးကလည္း ေျပာခဲ့တယ္။ အထိုက္အေလ ်ာက္ ျပည္သူေတြၾကားမွာ Immunity ရေနၿပီလို႔ေတာ့ ယူဆတယ္။ အဲေတာ့ ျဖစ္ေကာင္းျဖစ္လာႏိုင္တယ္။ ဒါေပမဲ့ ဆႏၵျပသူေတြကိုၾကည့္ရင္ နီးကပ္စြာ႐ွိေနၾကတာေတာ့ မွန္တယ္။ အကုန္လံုး Mask တပ္ထားၾကတယ္။ မတပ္တဲ့သူဆိုတာ မေတ႔ြသေလာက္ပဲ။ အကုန္လံုး Mask တပ္ၿပီးေတာ့ေတာ့ လႈပ္႐ွားၾကတယ္။ အဲဒီအသိကိုလည္း ႐ွိေနၾကတယ္။ ကၽြန္မတုိ႔အမ်ားႀကီး ပညာေပးခဲ့ၾကတယ္ဆိုေတာ့ေလ။ အဲေတာ့ တအားႀကီးေတာ့ မစုိးရိမ္ဘူး။ ျဖစ္ေကာင္းေတာ့ ျပန္ျဖစ္လာႏိုင္တယ္။ ဒါမ်ဳိးေတာ့ ကၽြန္မတုိ႔စိတ္မပူဘူး။ ဆႏၵျပတာကို စည္းကမ္းတက်လုပ္မယ္ဆုိရင္ အဲဒါလည္း အရမ္းႀကီး စိုးရိမ္စရာ မလိုဘူးလို႔ ထင္ပါတယ္။ "

...................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံတွင်း အခုလို စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်နေတဲ့တချိန်တည်းမှာပဲ၊ ကိုဗစ်ကပ်ဘေးအခြေအနေကလည်း ရင်ဆိုင်နေရဆဲပါ။ ကျန်းမာရေးဝန်ထမ်းတွေပါ အလုပ်မဆင်းဆန္ဒပြတာတွေရှိလာတာကြောင့်၊ ကိုရိုနာဗိုင်းရပ်ပိုးရှိမရှိ ဓါတ်ခွဲနမူနာယူ စစ်ဆေးမှုလုပ်ငန်းတွေလည်း အတော်များများ ရပ်ဆိုင်းနေရတာပါ။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးသုတေသဦးစီးဌာနက အရာရှိတဦးကို မစုမြတ်မွန်က မေးမြန်းထားပါတယ်။

စုမြတ်မွန်။ "ဆရာမတို့ရဲ့ ဆေးသုတေသနဦးစီးဌာနက မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာရှိမရှိ အဓိက စစ်ပေးနေတဲ့ နေရာတခုမှာ အခုဆရာမတို့ အပါအဝင် ဆေးသုတေသနဌာနက ပညာရှင်တွေ၊ ဆရာဝန်တွေက CDM လှုပ်ရှားမှုမှာ ပါဝင်နေတော့ ကိုဗစ်စစ်ဆေးမှုတွေကို ဘယ်လိုလုပ်ထားပါလဲရှင့်။ "

"ဆေးသုတေသနဌာနဆရာဝန်။ကျွန်မအနေနဲ့ အဲဒီမေးခွန်းကို ဖြေတာ တဝက်တပျက်ဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အဲဒီစစ်ဆေးမှုတွေကို တာဝန်ခံထားတဲ့လူတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မသိသလောက်ပြောပါမယ်။ အဓိကက National health level အထိက ကျွန်မတို့ ဆေးသုတေသနနဲ့ မတူသေးဘူး။ အမျိုးသားဓါတ်ခွဲဌာနက တခုပေါ့။ သူတို့ကလည်း အများကြီးစစ်တယ်။ ကျွန်မတို့ ဆေးသုတေသနဦးစီးဌာနမှာလည်း စစ်ပေးတဲ့ team ရှိပါတယ်။ အဲဒီအဖွဲ့ team ၂ team ထဲမှာ ပထမအပါတ်ထဲက တဖြည်းဖြည်းချင်းနှုတ်ထွက်ကြတယ်။ အဲဒီအဖွဲ့ထဲမှာ ဆက်မပါတော့ဘူး။ အခုဆို တဖွဲ့ဆို လုံးလုံးရပ်နားလိုက်ပြီ။ နောက်တဖွဲ့ကလည်း လူမရှိသလောက်ဖြစ်သွားပြီ။ ကျွန်မလက်ရှိအနေအထား သိသလောက်တော့ လုပ်မပေးနေတော့ဘူးလို့ပဲ သိထားပါတယ်။ "

စုမြတ်မွန်။ "အခုကိုဗစ်နဲ့ပါတ်သက်ပြီး ထုတ်ပြန်နေတာတွေကရော ဘယ်သူတွေက စစ်ပေးပြီး ထုတ်ပြန်နေတယ်လို့ ဆရာမသိထားပါလဲ။ "

ဆေးသုတေသနဌာနဆရာဝန်။ " ကျွန်မနဲ့ Network ရှိသမ ျှ၊ ကျွန်မမေးသမ ျှ၊ ဥပမာ တိုင်းနဲ့ပြည်နယ် တခြားမြို့တွေမှာ စစ်ဆေးပြီး ဒေတာထည့်ပေးပြီး Central စုတဲ့နေရာရှိတယ်။ အဲဒီနေရာကို ဒေတာ မပို့ပေးတော့ဘူးလို့သိရတယ်။ ဘာကြောင့်ဆိုတော့ စစ်တာကလည်း Swab ယူတဲ့ အဖွဲ့တွေ Swab ယူပြီးတော့မှ စစ်နိုင်တာပါ။ Swab အဖွဲ့တော်တော်များများ၊ ကျွန်မတို့ရုံးက Swab အဖွဲ့လည်း မလုပ်တော့ဘူး။ တခြားအဖွဲ့တွေက Volunteer တွေလည်း ရပ်လိုက်ကြပြီဖြစ်လို့ ဘယ်ကနေ ဒေတာတွေထွက်နေလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမဲ့ အစထဲက စစ်နိုင်တဲ့ဌာနတွေထဲမှာ တပ်ဖက်ကလည်း ရှိပါတယ်။ စစ်တပ်ထဲမှာလည်း စစ်ပေးနိုင်တဲ့ဟာရှိပါတယ်။ အဲတော့ အဲဒီဖက်က တက်ကောင်းတက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ တချို့သော အသေး အသေးစစ်နေတဲ့ နေရာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီဒေတာတွေကတော့ တကယ်တမ်း လူထုထဲမှာ တကယ် COVID 19 ဖြစ်နေ မဖြစ်နေကို မထင်ဟပ်နိုင်ပါဘူး။ သေချာတာတော့ Reflect မလုပ်နိုင်ပါဘူး။"

စုမြတ်မွန်။ "အခုလက်ရှိ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတဲ့ အခြေအနေရော ဘာသိထားပါလဲရှင့်။ "

ဆေးသုတေသနဌာနဆရာဝန်။ "ကိုဗစ်ကာကွယ်ဆေးက ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေကို First dose ထိုးတာ အကုန်ပြီးသွားပြီလို့ ကျွန်မနားလည်တယ်။ ကျွန်မတို့ဆို နောက်ဆုံးအသုတ်မှာ ထိုးပြီးပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ဇန်နဝါရီ ၂၇ ရက်မှာ စထိုးတယ်။ ကျွန်မဆိုရင် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထိုးတယ်။ အဲဒီကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေထိုးပြီးပြီလို့ နားလည်တယ်။ ကျန်နေတာ ဆက်နေတယ်လို့တော့ ကျွန်မ မသိဘူးရှင့်။"

စုမြတ်မွန်။ "ကိုဗစ်ကာကွယ်ဆေးတွေ တခြားနိုင်ငံတွေက ဝယ်ထားတာတွေ။ လှူတဲ့ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ထပ်ပြီး ရောက်လာနေလား။ အဲဒါတွေနဲ့ပါတ်သက်လို့ရော ဆရာမတို့ ဘာသိထားပါလဲ။"

ဆေးသုတေသနဌာနဆရာဝန်။ "အဲဒါကျတော့ ကျွန်မတို့ဌာနနဲ့လည်း မဆိုင်တော့ ပြောဖို့ခက်ပါတယ်။ အဲဒါကတော့ ကာကွယ်ဆေးထိုး စီမံချက်က အဓိက လုပ်ရတာ။ နေပြည်တော်မှာရှိတဲ့ တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်က တာဝန်ယူ လုပ်ဆောင်ပေးနေတာဖြစ်တော့ ကျွန်မတို့ မသိပါဘူး။"

စုမြတ်မွန်။ " မြန်မာနိုင်ငံမှာ နေ့စဉ်ကိုဗစ်အတည်ပြုလူနာ တော်တော်လေးနည်းသွားပြီ။ ၃၀၀ အောက်ရောက်နေချိန်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို မကျေနပ်တဲ့ ပြည်သူတွေ အခုဆို သိန်းနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြနေကြတယ်။ ဆိုတော့ ဒီကနေတကယ့်ကို Super spreader အကြီးအကျယ် ပြန်ပြီး ကူးစက်မှာမျိုး ဆရာမတို့ ဘယ်လောက်စိုးရိမ်ပါလဲ။ "

ဆေးသုတေသနဌာနဆရာဝန်။ "ကျွန်မတို့အနေနဲ့ ထိုက်သင့်တဲ့ စိုးရိမ်မှုတော့ ရှိပါတယ်။ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေဆိုလည်း First dose ပဲထိုးရသေးတာ။ ပြည်သူတွေဆို တကယ်က မထိုးရသေးဘူး။ ကျွန်မတို့လည်း Second dose ထိုးနိုင်မယ် မထိုးနိုင်ဘူး။ ရမယ် မရဘူး မသေချာဘူး။ ပြည်သူထဲမှာဆို မထိုးရသေးဘူး။ ဒါပေမဲ့ တချို့ ကိုဗစ်ဖြစ်ပြီးသားလူတွေမှာတော့ သူ့ဟာသူ တုံ့ပြန်တဲ့ စွမ်းအား၊ Immunity ထွက်ပြီးသားတွေလည်း ရှိနေတယ်။ ကျွန်မတို့ဆရာကြီး ဦးဇော်ဝေစိုးကလည်း ပြောခဲ့တယ်။ အထိုက်အလေ ျာက် ပြည်သူတွေကြားမှာ Immunity ရနေပြီလို့တော့ ယူဆတယ်။ အဲတော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေကိုကြည့်ရင် နီးကပ်စွာရှိနေကြတာတော့ မှန်တယ်။ အကုန်လုံး Mask တပ်ထားကြတယ်။ မတပ်တဲ့သူဆိုတာ မတေ့ွသလောက်ပဲ။ အကုန်လုံး Mask တပ်ပြီးတော့တော့ လှုပ်ရှားကြတယ်။ အဲဒီအသိကိုလည်း ရှိနေကြတယ်။ ကျွန်မတို့အများကြီး ပညာပေးခဲ့ကြတယ်ဆိုတော့လေ။ အဲတော့ တအားကြီးတော့ မစိုးရိမ်ဘူး။ ဖြစ်ကောင်းတော့ ပြန်ဖြစ်လာနိုင်တယ်။ ဒါမျိုးတော့ ကျွန်မတို့စိတ်မပူဘူး။ ဆန္ဒပြတာကို စည်းကမ်းတကျလုပ်မယ်ဆိုရင် အဲဒါလည်း အရမ်းကြီး စိုးရိမ်စရာ မလိုဘူးလို့ ထင်ပါတယ်။ "

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG