သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု ကျယ်ပြန့်လာ


ဆန္ဒပြသူများနဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ ရန်ကုန်။ (၀၆၊ ၀၂၊ ၂၀၂၁)
ဆန္ဒပြသူများနဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ ရန်ကုန်။ (၀၆၊ ၀၂၊ ၂၀၂၁)

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM movement ခေါ် ဝန်ထမ်းတွေ အလုပ်မဆင်းဆန္ဒပြလှုပ်ရှားမှုဟာ တနေ့ထက်တနေ့ ပိုအားကောင်းလာနေပြီး၊ နေရာတချို့မှာ အုပ်ချုပ်ရေးပိုင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းလာတာတွေ့ရပါတယ်။ ဝန်ထမ်းတွေရဲ့ အခုလို အလုပ်မဆင်းသပိတ်နဲ့အတူ၊ စစ်အာဏာသိမ်းဆန့်ကျင်ရေး လမ်းပေါ် ဆန္ဒပြမှုတွေဟာလည်း မြန်မာပြည်အနှံမြို့တွေမှာ ဆက်ဖြစ်နေပါတယ်။ မစုမြတ်မွန်က စုစည်းတင်ဆက်ပေးပါမယ်။

" ကြွေးကြော်သံများ (" ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး။ စစ်အာဏာရှင်အလိုမရှိ ၊ အလိုမရှိ) "

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး နိုင်ငံအနှံ့ လမ်းပေါ်ထွက်ဆန္ဒပြကြတာ ဒီနေ့ ၅ ရက်မြောက်နေ့ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာဆိုရင် နေရာစုံကနေ ချီတက်ဆန္ဒပြကြတဲ့ ဆန္ဒပြအဖွ့ဲတွေဟာ ရန်ကုန်မြို့လည် ဆူးလေက ဆန္ဒပြဆုံရပ်မှာ လာရောက်စုဝေးကြပါတယ်။ အဲဒီမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောမှုတွေ လုပ်ခဲ့ကြပါတယ်။ ထောင်ပေါင်းများစွာရှိတဲ့ ဆန္ဒပြသူတွေဟာ တောင်းဆိုချက်တွေကို ကြွေးကြော်ကြ၊ အာဏာရှင်ဆန့်ကျင်ရေး သီချင်းတွေ သီဆိုကြပါတယ်။

သီချင်းသံများ (" ငါတို့ရဲ့ သမိုင်းတခေတ်ကို ငါတို့သွေးနဲ့ရင်းခဲ့ပြီ သွေးသစ္စာလည်းပြုခဲ့ပြီ ")

ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြကြတဲ့ တချို့အဖွဲ့တွေက နိုင်ငံခြားသံရုံးတွေရှေ့သွားပြီး ဆန္ဒပြကြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ အဓိက ဆုံကြတဲ့ မြို့တော်ခန်းမရှေ့မှာ ရဲလုံခြုံရေးတွေ ချထားပေမဲ့ ထိပ်တိုက်တေ့ွတာမျိုး မရှိခဲ့ပါဘူး။ လှည်းတန်းမှာ အရင်နေ့တွေက ဖြန့်ချထားတဲ့ ရဲတပ်ဖွဲ့တွေကိုလည်း ဒီနေ့ မတေ့ွရတော့ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
နိုင်ငံတဝန်း ဖြစ်နေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အသက်ကြီးငယ်စုံ၊ လူတန်းစားအလွှာစုံက ဆန္ဒပြသူတွေ၊ ရုံးမတက် CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ အစိုးရဝန်ထမ်းတွေ ပါဝင်နေကြပါတယ်။

" ကျနော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံအခုမှ ဖွံဖြိုးစနိုင်ငံ အခုလိုမျိုး ကြိုးစားနေတုံးမှာပဲ အခုလိုမျိုးလုပ်တာကတော့ ကျနော်တို့ ပြည်သူလူထု့တွေက လက်မခံပါဘူး။"

နေပြည်တော်မှာဆိုရင် ဝန်ကြီးဌာနတွေက အစိုးရဝန်ထမ်းတော်တော်များများ ဒီနေ့ ရုံးမတက်ဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။

ကြွေးကြော်သံများ (" ရုံးမတက်ပဲ ရုန်းထွက် ။ ရုံးမတက်ပဲ ရုံးထွက်" )

နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေရဲ့ ဆန္ဒြုပ ကြွေးကြော်သံတွေဖြစ်ပါတယ်။ စစ်အာဏာရှင် အလိုမရှိ။ ပြည်သူ့မဲတွေ လေးစားပါ။ ခေါင်းဆောင်တွေ လွှတ်ပေးပါ။ ပြည်သူနဲ့အတူ CDM စတဲ့ ဆိုင်းပုဒ်တွေကိုလည်း ကိုင်ဆောင်ဆန္ဒပြကြပါတယ်။ နေပြည်တော်မှာ ဆန္ဒပြသူတွေအပေါ် ရဲက အင်အားသုံးဖြိုခွင်းခဲ့ပြီးနောက် ခုလို ရုံးမတက်ဆန္ဒပြတဲ့ အစိုးရဝန်ထမ်းတွေ ပိုပြီးလမ်းပေါ်ထွက် ဆန္ဒပြလာကြတာဖြစ်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့က ဆန္ဒပြပွဲမှာဆို ရဲတပ်ဖွဲ့ဝင် ၄၀ ထက်မနည်း ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ မန္တလေးမြို့က ဆန္ဒပြပွဲတွေမှာတော့ သံင်္ဃာတော်တွေ ပိုပြီးပါဝင်လာတာတွေ့ရပါတယ်။

(" တို့ပြည်သူတွေ ညီရဲ့လားဟေ့ ။ ညီတယ်ဟေ့။ ညီတယ်ဟေ့" )

ဒီနေ့ ဆန္ဒပြပွဲတွေမှာ အာဏာပိုင်တွေဖက်က အင်အားသုံး နှိမ်နှင်းတယ်ဆိုတဲ့ သတင်းတွေ မကြားရသေးပါဘူး။ မနေ့တုန်းက နေပြည်တော်မှာ ရဲက ပစ်ခတ်ခဲ့လို့ ဦးခေါင်းခွံထဲ ကျည်ဆံဝင်သွားတဲ့ အမျိုးသမီးကတော့ စက်တွေကြောင့် ဆက်ပြီး အသက်ရှင်နေပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူထားတဲ့ အပေါ် ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ CDM လှုပ်ရှားမှုအပေါ် ပြည်တွင်း ပြည်ပက ပြည်သူတွေကလည်း ပိုပြီး ထောက်ခံအားပေးပြီး အလုပ်ပြုတ်တာမျိုးတွေရှိလာရင် ကူညီဖို့လည်း အစီအစဉ်တွေလုပ်နေကြပါတယ်။ CDM လှုပ်ရှားမှုကို ၂၁ ရက်ကြာလုပ်ကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဆော်သြထားပါတယ်။

စစ်အာဏာသိမ်းခဲ့ပြီး နောက်တရက် ဖေဖော်ဝါရီလ ၂ ရက်နေ့ထဲက အလုပ်မသွားဘဲ သပိတ်မှောက်နေကြတဲ့ ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေထဲက ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးသုတေသဦးစီးဌာနက ဆရာဝန်တယောက်က CDM လှုပ်ရှားမှုမှာ ဘာကြောင့် ဝန်ထမ်းအားလုံးပါဖို့လိုသလဲဆိုတာ ဗီအိုအေမြန်မာပိုင်းကို ခုလို ပြောပါတယ်။


" ကျမတို့နိုင်ငံက အခုမှ ကိုဗစ် ကို ပြီးခဲ့တဲ့တနှစ်လုံးမှာ ကျန်းမာရေးဝန်ထမ်းတွေက အားကြိုးမာန်တက် ပြည်သူတွေရှေ့ကနေ ကာကွယ် ရင်ဆိုင်ခဲ့တယ်။ ပင်ပန်းတွေခံခဲ့ကြတယ်။ အခု ကိုဗစ်ကာကွယ်ဆေးတွေရလာကြြ့ပီး အလုပ်တွေပြန်လုပ်ကြမယ်။ တိုင်းပြည်စီးပွာရေးနလံထူအောင်လုပ်ကြမယ်လို့ ကြိုးစားနေကြတဲ့အချိန်မှာ ဒီလိုမျိုးလုပ်ရပ်ကိုလုပ်တယ်။ ဒါကြောင့်မိုလို့ကျမတို့မှာ ဆုတ်ယုတ်မှုတွေအများကြီးဖြစ်လာမယ်။ ရှေ့မှာလည်း ဒီလိုစစ်အာဏာသိမ်းတာကို မဖယ်ဘူးဆိုလို့ရှိရင် ကျမတို့ပြည်သူပြည်သားတွေနစ်နာမယ်။ အများကြီး ဒုက္ခရောက်မယ်။ အမှောင်လမ်းကိုပြန်ရှောက်ရမယ်။ အဲဒါကြောင့် ကျမတို့သည် ကိုဗစ်တုံးက ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်းတွေအားလုံး ရှေ့ဆုံးကရင်ဆိုင်ခဲ့သလိုပဲ ကျမတို့ Profession လူတန်းစားတရပ်က ပြည်သူတွေရှေ့ကနေ စပြီးတော့ ထွက်ရပ်ပေးတယ်။ ဘာကြောင့်ဆိုတော့ ကျမတို့ CDM လုပ်မှသာလျှင် အစိုးရအုပ်ချုပ်ရေး ယန္တယားရပ်သွားမှသာလျှင် ကျမတို့နိုင်မယ်ပေါ့နော်။ အဲလိုမဟုတ်ဘူးဆိုရင် ကျမတို့ ဒီတခါရှုံးရင်တော့ ကျမတို့ အရှုံးကြီးရှုံးလိမ့်မယ်ပေါ့နော်။ အရင်ကထက်ဆိုးတဲ့အခြေအနေပြန်ရောက်သွားမှာမိုလို့ ကျမတို့ ကြိုးစားပြီးတိုက်ပွဲဝင်နေတယ်ပေါ့နော်။ "

မဆုမြတ်မွန် (ဗွီအိုအေ မြန်မာပိုင်း) ။. ။ ဆရာမတို့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေအခုလုပ်နေတဲ့ CDM လှုပ်ရှားမှုကကောဘယ်လောက် ရေရှည်ဘယ်လောက်အထိလုပ်သွားမယ်ဆုံးဖြတ်ထားလည်းရှင့်။

ဆရာဝန်တဦး ။.။ "အဲဒါကလည် ကျမတို့က ကိုယ်အင်အားကိုယ်လည်း ဖြုံးတီးလို့မရဘူး။ ရေရှည်မအောင်မြင်မချင်း တိုက်ပွဲဝင်ရမယ်။ အကျအရှုံးလည်းခံလို့မဖြစ်ဘူး။ ကျမတို့တွေအားလုံးရဲ့ အသက်တွေ တန်ဖိုးရှိတယ်။ နောက်ပြီးကျမတို့ ပြည်သူ့အစိုးရအတွက် အလုပ်လုပ်ပေးရမယ့် ခွန်အားတွေလည်း လိုအပ်တယ်။ အဓိကကတော့ CDM ကအရေးကြီးတယ်။ CDM ကို CDM ကိုတောင့်ခံနိုင်မှ ကျမတို့ ဝန်ထမ်းတွေ အချင်းချင်းပြန်အားပေးပြီးတော့မှ တချို့ဝန်ထမ်းတွေက အလုပ်ဖြုတ်ခံရမလားဆိုပြီး ကြောက်တာရှိမှာပေါ့နော်။ အဲဒါတွေကို မကြောက်ဖို့တော့ ကျမတို့အချင်းချင်းအားပေးရမယ်။ တိုက်တွန်းရမယ်။ ဝန်ထမ်းငယ်တွေကိုရှင်းပြရမယ်။ ကြောက်တယ်လူရှိရင်လည်း ပြောပြရမယ်။ ဒါသည်ကျမတို့ဝန်ထမ်းစည်းကမ်းဖောက်ဖျက်တာမဟုတ်ဘူး။ စကတည်းက တရားမဝင်တာဖြစ်တဲ့အတွက် ကျမတို့လက်မခံတာလေ။ ကျမတို့လိုအပ်အချိန်မှာ အလုပ်ပြန်လုပ်ကြမှာပါ။ "

အစိုးရဝန်ထမ်းတွေ ရုံးမတက်ကြဘဲ CDM လှုပ်ရှားမှုထဲ ပါဝင်နေတဲ့ အရှိန်ကောင်းလာချိန်မှာပဲ၊ ဝန်ထမ်းတွေကို ရုံးတက်ဖို့ ဆိုပြီး သက်ဆိုင်ရာဌာနအလိုက် ဖိအားပေး ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်ရှင်။

..........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}


















XS
SM
MD
LG