သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူတို႔ရဲ႕ ရင္ထဲက စကားသံမ်ား


military coup protest in Yangon

(Zawgyi/ Unicode)
COVID 19 ကမၻာ့ ကပ္ေရာဂါေဘးဒဏ္ ခံေနရဆဲ ျမန္မာႏုိင္ငံမွာ တတ္ႏုိင္သေလာက္ လူစုလူေ၀း ေရွာင္ေနၾကတဲ႔ ျပည္သူေတြ တနဂၤေႏြေန႔က လူေပါင္း သိန္းခ်ီ လမ္းမေပၚထြက္ စုေ၀းၿပီး စစ္အာဏာသိမ္းမႈကို ႏုိင္ငံတ၀န္း ဆန္႔က်င္ခဲ႔ၾကပါတယ္။ ကပ္ေဘးေရာဂါဒဏ္ကို လစ္လ်ဴရႈၿပီး စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ၾကသူေတြရဲ႕ လိုလားခ်က္ ခံယူခ်က္ေတြကို မသိဂၤ ီထိုက္ စုစည္းတင္ျပထားပါတယ္။

အာဏာသိမ္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ရွိရာ ၿမိဳ႕ေတာ္ ေနျပည္ေတာ္မွာ တနဂၤေႏြေန႔က ကားေတြ ဆိုင္ကယ္ေတြနဲ႔ စစ္အာဏာရွင္ မလိုမရွိဆိုတဲ႔ စာတန္းေတြ ကိုင္ေဆာင္၊ ဆိုင္ကယ္ေတြက ဟြန္းတီးၿပီး လူေပါင္း ေထာင္ခ်ီ ဆႏၵျပခဲ႔ၾကတာပါ။ အမ်ားစုကေတာ့ လူငယ္ေတြနဲ႔ လူလတ္ပိုင္းေတြ ျဖစ္ပါတယ္။

တနလာၤေန႔က စစ္အာဏာသိမ္းၿပီးခ်ိန္ကလည္းက လူထုရဲ႕ အာဏာဖီဆန္မႈ အေနနဲ႔ ကိုယ့္အိမ္ ကိုယ့္ယာတြင္းကေန ဆႏၵျပခဲ႔ၾကၿပီး တနဂၤေႏြေန႔မွာ ႏုိင္ငံတ၀န္း လူေပါင္း သိန္းခ်ီၿပီး လမ္းေပၚထြက္ ဆႏၵျပၾကတာပါ။ ဆႏၵျပသူေတြရဲ႕ လိုလားခ်က္၊ ဆႏၵေတြကို နားဆင္ၾကပါရွင္။

“စစ္အာဏာရွင္ တခုကိုဘဲ က်ေနာ္တို႔ အလိုမရွိတာ။ စစ္အာဏာရွင္ က်ဆံုးပါေစ”

“ေရြးေကာက္ပြဲမွာလည္း အျပတ္အသတ္ ႏုိင္ရဲ႕သားနဲ႔ တဖက္သတ္ စြပ္စြဲခ်က္ေတြနဲ႔ သိမ္းတယ္လို႔ ခံစားရပါတယ္ရွင့္။ ”

“ က်ေနာ္တို႔ သမဂၢေတြ အားလံုး က်ေနာ္တို႔ ျပည္သူေတြ အားလံုး ပါ၀င္ဖို႔ လိုအပ္တယ္။ အဲဒါမွ အေထြေထြ သပိတ္ျဖစ္မွာ။ အေထြေထြ သပိတ္ မျဖစ္ဘဲ က်ေနာ္တို႔ အာဏာရွင္ စနစ္ကို အျမတ္ျဖဳတ္ ေခ်မႈန္းလို႔ မရပါဘူး။ ”

“ လူငယ္ေတြကေတာ့ ဘာဘဲ ျဖစ္ျဖစ္ သူတို႔ရဲ႕ စိတ္ထဲမွာ ဒီခံစားခ်က္ေတြက ျပင္းတယ္ေလ။ သူတို႔ ေပးထားတဲ႔ မဲေတြရဲ႕ ဆံုးရံႈးမႈေတြရဲ႕ ခံစားခ်က္က ျပင္းေတာ့ ဘာဘဲ ျဖစ္ျဖစ္ ထြက္မွာဘဲ။ ဘယ္သူမွ ၿငိမ္ၿပီးေတာ့ အိမ္ထဲမွာ ေနၾကမွာ မဟုတ္ဘူး။”

“ အမတို႔ ရသင့္ ရထိုက္တဲ႔ အခြင့္အေရးေတြ မရဘူး။ အေမစုကိုလည္း ဖမ္းထားတယ္။ အဲဒီ အတြက္ေၾကာင့္ မို႔လို႔ ပါ၀င္တာပါ။ ”

“ စစ္အာဏာရွင္ စနစ္ကေတာ့ ဒီတႀကိမ္ေတာ့ ခ်ဳပ္ၿငိမ္းမယ္လို႔ က်ေနာ္တို႔က ယူဆတယ္။”

“လက္နက္ အားကိုးနဲ႔ဆို လူတိုင္းကေတာ့ ေၾကာက္မွာဘဲ ။ ေၾကာက္ေပမယ့္လည္း မပါလို႔ရွိရင္ အမတို႔ရဲ႕ ေနာက္ဆက္တြဲ ကိုယ္ေတြ ခံရမယ့္ ကိစၥေတြလည္း အမ်ားႀကီး ရွိတယ္။ ဘာလို႔လဲ ဆိုေတာ့ ဒါက ေၾကာက္လို႔ ၿပီးသြားမယ့္ ကိစၥ မဟုတ္ဘူး။”

အာဏာသိမ္း အဖြဲ႔က ႏုိင္ငံတြင္း Facebook ၊ Twitter ၊ Instagram တို႔လို လူမႈကြန္ယက္ေတြကို ပိတ္ခဲ႔သလို အင္တာနက္နဲ႔ တယ္လီဖုန္း ဆက္သြယ္မႈေတြကိုလည္း ျဖတ္ေတာက္ခဲ႔တာပါ။ ဒါေပမယ့္ တနဂၤေႏြေန႔ ဆႏၵျပပြဲေတြ အတြင္း ေန႔ခင္းပိုင္းမွာေတာ့ အင္တာနက္ ျပန္ရၿပီလို႔ ရန္ကုန္ ၿမဳိ႕ခံေတြက ေျပာပါတယ္။

ဆႏၵျပသူတို႔ရဲ႕ ရင္ထဲက စကားသံမ်ား
please wait

No media source currently available

0:00 0:02:20 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

ဆန္ဒပြသူတို့ရဲ့ ရင်ထဲက စကားသံများ

COVID 19 ကမ္ဘာ့ ကပ်ရောဂါဘေးဒဏ် ခံနေရဆဲ မြန်မာနိုင်ငံမှာ တတ်နိုင်သလောက် လူစုလူဝေး ရှောင်နေကြတဲ့ ပြည်သူတွေ တနင်္ဂနွေနေ့က လူပေါင်း သိန်းချီ လမ်းမပေါ်ထွက် စုဝေးပြီး စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်း ဆန့်ကျင်ခဲ့ကြပါတယ်။ ကပ်ဘေးရောဂါဒဏ်ကို လစ်လျူရှုပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေရဲ့ လိုလားချက် ခံယူချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှိရာ မြို့တော် နေပြည်တော်မှာ တနင်္ဂနွေနေ့က ကားတွေ ဆိုင်ကယ်တွေနဲ့ စစ်အာဏာရှင် မလိုမရှိဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်၊ ဆိုင်ကယ်တွေက ဟွန်းတီးပြီး လူပေါင်း ထောင်ချီ ဆန္ဒပြခဲ့ကြတာပါ။ အများစုကတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ ဖြစ်ပါတယ်။

တနလာၤနေ့က စစ်အာဏာသိမ်းပြီးချိန်ကလည်းက လူထုရဲ့ အာဏာဖီဆန်မှု အနေနဲ့ ကိုယ့်အိမ် ကိုယ့်ယာတွင်းကနေ ဆန္ဒပြခဲ့ကြပြီး တနင်္ဂနွေနေ့မှာ နိုင်ငံတဝန်း လူပေါင်း သိန်းချီပြီး လမ်းပေါ်ထွက် ဆန္ဒပြကြတာပါ။ ဆန္ဒပြသူတွေရဲ့ လိုလားချက်၊ ဆန္ဒတွေကို နားဆင်ကြပါရှင်။

“စစ်အာဏာရှင် တခုကိုဘဲ ကျနော်တို့ အလိုမရှိတာ။ စစ်အာဏာရှင် ကျဆုံးပါစေ”

“ရွေးကောက်ပွဲမှာလည်း အပြတ်အသတ် နိုင်ရဲ့သားနဲ့ တဖက်သတ် စွပ်စွဲချက်တွေနဲ့ သိမ်းတယ်လို့ ခံစားရပါတယ်ရှင့်။ ”

“ ကျနော်တို့ သမဂ္ဂတွေ အားလုံး ကျနော်တို့ ပြည်သူတွေ အားလုံး ပါဝင်ဖို့ လိုအပ်တယ်။ အဲဒါမှ အထွေထွေ သပိတ်ဖြစ်မှာ။ အထွေထွေ သပိတ် မဖြစ်ဘဲ ကျနော်တို့ အာဏာရှင် စနစ်ကို အမြတ်ဖြုတ် ချေမှုန်းလို့ မရပါဘူး။ ”

“ လူငယ်တွေကတော့ ဘာဘဲ ဖြစ်ဖြစ် သူတို့ရဲ့ စိတ်ထဲမှာ ဒီခံစားချက်တွေက ပြင်းတယ်လေ။ သူတို့ ပေးထားတဲ့ မဲတွေရဲ့ ဆုံးရှုံးမှုတွေရဲ့ ခံစားချက်က ပြင်းတော့ ဘာဘဲ ဖြစ်ဖြစ် ထွက်မှာဘဲ။ ဘယ်သူမှ ငြိမ်ပြီးတော့ အိမ်ထဲမှာ နေကြမှာ မဟုတ်ဘူး။”

“ အမတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူး။ အမေစုကိုလည်း ဖမ်းထားတယ်။ အဲဒီ အတွက်ကြောင့် မို့လို့ ပါဝင်တာပါ။ ”

“ စစ်အာဏာရှင် စနစ်ကတော့ ဒီတကြိမ်တော့ ချုပ်ငြိမ်းမယ်လို့ ကျနော်တို့က ယူဆတယ်။”

“လက်နက် အားကိုးနဲ့ဆို လူတိုင်းကတော့ ကြောက်မှာဘဲ ။ ကြောက်ပေမယ့်လည်း မပါလို့ရှိရင် အမတို့ရဲ့ နောက်ဆက်တွဲ ကိုယ်တွေ ခံရမယ့် ကိစ္စတွေလည်း အများကြီး ရှိတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကြောက်လို့ ပြီးသွားမယ့် ကိစ္စ မဟုတ်ဘူး။”

အာဏာသိမ်း အဖွဲ့က နိုင်ငံတွင်း Facebook ၊ Twitter ၊ Instagram တို့လို လူမှုကွန်ယက်တွေကို ပိတ်ခဲ့သလို အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေကိုလည်း ဖြတ်တောက်ခဲ့တာပါ။ ဒါပေမယ့် တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေ အတွင်း နေ့ခင်းပိုင်းမှာတော့ အင်တာနက် ပြန်ရပြီလို့ ရန်ကုန် မြို့ခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG