သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ကန်တောင်းဆိုမှု မြန်မာစစ်ကောင်စီ ပယ်ချ


(Zawgyi/Unicode)

စစ်တပ်က ဖမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ပန်ကြားခဲ့ပေမယ့် စစ်တပ်က ငြင်းဆန်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဖေဖော်ဝါရီလ ၈ ရက်နေ့ တနလာၤနေ့မှာ ပြောပါတယ်။ ဆန္ဒပြ မြန်မာပြည်သူတွေနဲ့ အမေရိကန်က အတူ ရပ်တည်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

“ ဖေဖော်ဝါရီလ ၁ ရက်နေ့ အဖြစ်အပျက်တွေ ဖြစ်ပြီး မကြာခင်မှာဘဲ အမေရိကန်ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ တရားဝင် ကြိုးပမ်းခဲ့သလို အလွတ်သဘောလည်း ကြိုးပမ်း ခဲ့ပေမယ့်လည်း ဒီပန်ကြားချက်တွေကို ငြင်းဆိုခံခဲ့ရပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ဆန္ဒပြသူတွေ ဥပဒေနဲ့ မညီရင် အရေးယူမယ်လို့ မြန်မာ အာဏာသိမ်း အဖွဲ့က ကြေညာခဲ့ပြီးနောက်မှာတော့ အမေရိကန် ပြည်ထောင်စုက ဆန္ဒပြ မြန်မာ ပြည်သူတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း တနလာၤနေ့မှာဘဲ ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို ထောက်ခံ ဆန္ဒပြမှု အပါအဝင် မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ထောက်ခံပြီး မြန်မာ ပြည်သူတွေနဲ့ အတူ ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုခဲ့တာပါ။ မြန်မာပြည်သူတွေရဲ့ စုဝေးခွင့်ကို ကန့်သတ်တဲ့ စစ်တပ်ရဲ့ ကြေညာချက်ကိုလည်း အမေရိကန်ဘက်က စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG