သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ပြန်ဆန္ဒပြမှုတချို့ ရန်ကုန်မှာဖြစ်ပွား


 နိုင်ငံတော်အလံတွေ လွှင့်ထူထားတဲ့ ကားတွေနဲ့ လှည့်လည်ဆန္ဒပြတဲ့ စစ်တပ်ထောက်ခံသူများကို ရန်ကုန်မြို့မှာ တွေ့ရ။ (ဓာတ်ပုံ - Ommar Khin - ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)
နိုင်ငံတော်အလံတွေ လွှင့်ထူထားတဲ့ ကားတွေနဲ့ လှည့်လည်ဆန္ဒပြတဲ့ စစ်တပ်ထောက်ခံသူများကို ရန်ကုန်မြို့မှာ တွေ့ရ။ (ဓာတ်ပုံ - Ommar Khin - ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

ဒီနေ့ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့သလို စစ်တပ်ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတချို့ ရန်ကုန်မြို့မှာ ရှိခဲ့ပါတယ်။ နိုင်ငံတော်အလံတွေ လွှင့်ထူထားတဲ့ ကားတွေနဲ့ လှည့်လည်ဆန္ဒပြတာ၊ လမ်းဘေးကနေ ဖြတ်သွားတဲ့ကားတွေကို တောင်းဆိုဆန္ဒပြတာတွေ လုပ်ပါတယ်။ ရန်ကုန်မြို့ သုဝဏအားကစားကွင်းရှေ့က ဆန္ဒပြပွဲမှာဆို လက် ၅ ချောင်းထောင်ထားတဲ့ Stop သင်္ကေတပါ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ဆန္ဒပြသူတွေက ကားတွေဟွန်းတီးတာ ဆူညံတယ်လို့ဆိုပြီး ဟွန်းတီးပြီး စစ်အာဏာသိမ်းမှုကန့်ကွက်နေတာတွေကို ရပ်ဖို့ တောင်းဆိုကြပါတယ်။ ပြည်သူ့တပ်မတော် ဒို့တပ်မတော်၊ ဗုဒ္ဓဘာသာ ဒို့တပ်မတော်ဆိုတာမျိုးတွေလည်း အော်ဟစ်ကြွေးကြော်ကြပါတယ်။

အစိုးရပိုင် MRTV ရုပ်သံကလည်း ဒီနေ့ညနေပိုင်းက ပြည်သူသို့ ပန်ကြားချက်ဆိုပြီး ထုတ်လွှင့်ပါတယ်။ ဘယ်သူက ပန်ကြားတာလဲဆိုတာ အတိအကျမပါတဲ့ ပန်ကြားချက်မှာ ဒီမိုကရေစီ ကျင့်စဉ်အရ လူတိုင်းမှာ လွတ်လွပ်စွာ နေထိုင်ခွင့်ရှိပေမဲ့ ဒီလွတ်လပ်မှုဟာ တခြားသူကို မထိပါးစေရ ကိုယ်နဲ့ သဘောထားအယူအဆ မတူသူကို ကွဲလွဲခွင့်ပေးရမယ် မထိပါးရ၊ မတားဆီးရလို့ ဆိုပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေး အကြောင်းအမျိုးမျိုးပြပြီး တခြားသူတွေကို အုပ်စုဖွဲ့ အတင်းအကြပ်ပြုတာ၊ နှောင့်ယှက်၊ ခြိမ်းခြောက်တာအထိ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ အဲဒီပန်ကြားချက်မှာဖော်ပြထားပါတယ်။ လူထု ဘေးကင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တားဆီး နှောင့်ယှက် ဟန့်တားတဲ့ ကျူးလွန်မှုတွေ ဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။ ဥပဒေမဲ့ ကျူးလွန်သူတွေကို လက်မခံရုံသာမက နိုင်ငံ၊ လူမျိုး အကျိုးအတွက် ပူးပေါင်းလက်တွဲပြီး တားဆီး ပယ်ရှားကြဖို့ မေတ္တာရပ်ခံတယ်လို့ ရေးထားပါတယ်။

မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုတွေမှာ ပြည်သူအမြောက် ပါဝင်ပြီး အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းရှိတာမို့ အုပ်စုဖွဲ့ အတင်းအကြပ်ပြု၊ နှောင့်ယှက်၊ ခြိမ်းခြောက်တာအထိ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ ဆိုတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ရှိပါတယ်။ တချို့လေ့လာစောင့်ကြည့်သူတွေကလည်း ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ အကြောင်းပြတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ကွဲလွဲခွင့်ကို အကြောင်းပြပြီး လူမျိုးရေး ဘာသာရေးအသုံးချတဲ့ အဓိကရုဏ်းတွေ ဖြစ်အောင် လုပ်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG