သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းလုပ်ရပ် ဆန့်ကျင်မှု ပိုမိုကျယ်ပြန့်


ပုဂံ-ညောင်ဦးမှ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမြင်ကွင်း။ (ဓာတ်ပုံ-ဒေသခံတဦး)
ပုဂံ-ညောင်ဦးမှ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမြင်ကွင်း။ (ဓာတ်ပုံ-ဒေသခံတဦး)

ZawGyi/Unicode

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာမှာ အခုဆိုရင် မြို့အလိုက် လှုပ်ရှားမှုတွေ တဖြည်းဖြည်းနဲ့ ပိုပြီးကျယ်ပြန့်လာသလို ဆန့်ကျင်ကြောင်းပြတဲ့နယ်မြို့တွေလည်း ပိုတိုးလာနေတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ကျမ ခွါညိုပါ။

မနေ့က ဖေဖေါ်ဝါရီလ ၇ ရက် နေ့လယ်လောက်ကစပြီး ညပိုင်းအထိ မြန်မာနိုင်ငံအနှံ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ကြတဲ့မြို့တွေထဲမှာ မော်တော်ဆိုင်ကယ်လ်စီးပြီး ဆန္ဒပြကြတာ ပိုပြီးများလာတာ တွေ့ရပါတယ်။ မန္တလေးလို မြို့ြကြီးမှာသာမက ပုဂံ ညောင်ဦး၊ တောင်တွင်းကြီး၊ ပြည်မြို့နဲ့ တနင်္သာရီတိုင်း ဒေသကြီး ဘိတ်မြို့နယ်တို့မှာလည်း အခုလို မော်တော်ဆိုင်ကယ်စီးပြီး မြို့ပတ် ဆန္ဒပြခဲ့ကြတာပါ။

ပုဂံညောင်ဦး ဆိုင်ကယ်နဲ့ကြွေးကြော်သံများ

ဒါကတော့ မန္တလေးတိုင်း၊ ပုဂံညောင်ဦးဘက်က မော်တော်ဆိုင်ကယ်စီးပြီး ဆန္ဒဖော်ထုတ်နေကြသံတွေဖြစ်ပြီး ဒေသခံ ဆန္ဒပြသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ပုဂံညောင်ဦးရဲ့အခြေအနေကတော့ နေ့လည် ၁ နာရီမှာ လူထုအင်အား ၁ သိန်းခန့်နဲ့ပေါ့နော်။ လမ်းတွေပေါ်မှာထွက်လာကြတယ်။ ပြည်သူ့ရဲတွေကတော့ သူတို့ရဲစခန်းတွေမှာလည်း အဆင်သင့်အနေအထားနဲ့တွေ့တာတွေရယ်၊ နောက် ကားပေါ်မှာ ဝတ်စုံပြည့်နဲ့သွားတာတော့ ရှိတယ်။ ဒါပေမယ့် တားတာဆီးတာ၊ ပစ်တာ ခတ်တာ အဲလိုပုံစံမျိုးတွေ တော့ မရှိပါဘူး။ ရိုးရိုးအေးအေးပဲ ဖြတ်သန်းသွားတာပါ။ အားလုံးကလည်း စည်းကမ်းရှိစွာနဲ့ အချက် ၂ ချက်ကိုပဲ တောင်းဆိုသွားတာပါ။ အမေစုကျန်းမာပါစေ နဲ့ အမေစု လွှတ်ပေးဖို့ - ပေါ့နော်၊ နောက်တချက်ကတော့ စစ်အာဏာရှင်စနစ်ကို အလိုမရှိတဲ့အကြောင်း ကိုပဲ ကြွေးကျော်သွားပြီး ကျနော်တို့တွေ လက်သုံးချောင်းထောင်ပြီးတော့ ညီညွတ်စွာပဲ၊ စည်းကမ်းရှိစွာပဲ၊ ဒီမိုကရေစီဆန်စွာ ဆန္ဒပြသွားကြတာပါ။”

နောက် မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာလည်းပဲ အလားတူ ဆိုင်ကယ်လ်စီး ဆန္ဒပြတဲ့မြင်ကွင်းကို ကိုယ်တိုင်ကြည့်ရှုအားပေးခဲ့တဲ့ လူငယ်တယောက်ကလည်း သူမြင်ခဲ့ရသမျှကို အခုလို ပြောပြပါတယ်။

“စစအာဏာသိမ်းချင်းမှာတော့အသက်ကြီးတဲ့လူတွေက ဝမ်းနည်းမိပြီး ငိုတာတွေလည်းရှိတာပေါ့နော်။ နောက်ရက်တွေမှာတော့ သံပုံးကမ်ပိန်းတို့၊ ၆ ရက်နေ့ကစပြီး အိမ်ထဲမှာနေပြီး သံပုံးတီးတာတို့၊ သီချင်းတွေဆိုကြတာတို့ အဲလို ငြိမ်းချမ်းစွာဆန္ဒပြကြတာပေါ့။ တချို့ကတော့ လမ်းပေါ်ထွက်ပြီး ဆိုင်ကယ်လ်တွေနဲ့ လက်သုံးချောင်းထောင်တဲ့သင်္ကေတနဲ့ ပြီးတော့ စစ်အာဏာရှင်အစိုးရအလိုမရှိဆိုပြီး အော်ဟစ်ကြွေးကျော်ကြတာပေါ့လေ။ ၇ ရက်နေ့ညမှာတော့ လူတွေ ပိုများလာတာပေါ့။ အားပေးတဲ့သူတွေလည်းရှိတာပေါ့။ အစီးကတော့ ၁၀၀ ၊ ၁၅၀ ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ ကုန်တင်ကားတွေ ဖြတ်တဲ့အချိန်ဆိုတော့ ကုန်တင်ကားတွေလည်းပူးပေါင်းပါဝင်တယ်။ သူတို့ ဟွန်းတီးရင်းနဲ့ ဖြည်းဖြည်းမောင်းတော့ နောက်ကလူတွေလည်း စုမိပြီးသားဖြစ်သွားတာပေါ့လေ။ အဲဒီတော့ လမ်းဆုံမှာ လူအုံသလို ဖြစ်သွားလိုက်တာပေါ့။”

ဒီလို ဆန္ဒပြ ကန့်ကွက်ကြသူတွေနဲ့ လမ်းဘေးဝဲယာက အားပေးသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတာရှိပေမယ့် နှစ်ဘက်ကြား အခြေအန တင်းမာတာမျိုး မရှိခဲ့ကြောင်းလည်း သူက ပြောပါတယ်။

နောက် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာလည်းပဲ ဒီလို ဆန္ဒဖော်ထုတ်တာတွေ ရှိခဲ့တဲ့အကြောင်း ပု၈-ဂ္ဂလိက စီးပွါးရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးကျော်ညွန့်က အခုလို ပြောပါတယ်။

“နေ့ခင်းက ဆိုင်ကယ်သမားတွေရော၊ လှည့်တဲ့သူတွေရော အကုန်လုံးဆိုရင်တော့ အင်အား သောင်းဂဏန်းလောက်တော့ ရှိမယ်။ ဆိုင်ကယ်စီးမယ်၊ ဟွန်းတီးတယ်၊ လက်သုံးချောင်းထောင်တယ်။ ပြီးတော့ ကြွေးကျော်သံအော်မယ်။ ရဲကတော့ တပ်ရင်း (၁၀) က ရဲတွေ။ စောင့်ကြည့်တဲ့အခြေအနေပဲ ရှိပါတယ်။ လက်ရှိမှာတော့ နေ့ခင်း ၂ ချက်တီးတုန်းက တကြိမ် သံပုံးတီးကြတယ်။ ည ၈ နာရီမှာ တကြိမ်တီးတယ်။ သံပုံးတီးတဲ့ကိစ္စကတော့ စောင့်ကြည့် ၇၂ နာရီကျော်တဲ့အချိန်ကစပြီး တီးကြတာပေါ့။”

ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်မြို့နယ်အတွင်းမှာလည်း နေ့ခင်းဘက်မှာတကြိမ် ဆိုင်ကယ်တွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ည ၈ နာရီမှာလည်း နောက်တကြိမ်ဆန္ဒပြခဲ့ကြရာမှာ အနည်းဆုံး ဆိုင်ကယ်အစီး ၁ ထောင်ဝန်းကျင်ပါဝင်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုကောင်းထက်က ပြောပါတယ်။ အခုလို ဆန္ဒပြကြသူအများစုရဲ့ တောင်းဆိုချက်တွေကတော့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို ပြန်လွှတ်ပေးဖို့နဲ့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသလိုတာဖြစ်တယ်လို့ ပြောကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Unicode




ဒါကတော့ မန်တလေးတိုငျး၊ ပုဂံညောငျဦးဘကျက မောျတောျဆိုငျကယျစီးပွီး ဆန်ဒဖောျထုတျနကွေသံတှဖွေဈပွီး ဒသေခံ ဆန်ဒပွသူတဦးက ဗှီအိုအကေို အခုလို ပွောပါတယျ။








#nationwide #protest #military coup #ပုဂံ ညောင်ဦ။#တောင်တွင်းကြီး #ပြည် #ဘိတ်

XS
SM
MD
LG