သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္နဲ႔ ခ်င္းျပည္နယ္က စစ္အာဏာသိမ္းဆန္႔က်င္မႈဆႏၵျပပဲြမ်ား


မြန္ျပည္နယ္မွာေတြ႔ရတဲ့ စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ဓါတ္ပုံ - BB - ေဖေဖာ္ဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ကုိ ျမန္မာႏုိင္ငံေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆန္႔က်င္ဆႏၵျပေနၾကတဲ့အထဲ တုိင္းရင္းသား ေဒသေတြျဖစ္ၾကတဲ့ မြန္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တုိ႔မွာလည္း ဒီကေန႔ လူေပါင္းေထာင္ေသာင္းခ်ီ ပါ၀င္ခဲ့ၾကပါတယ္။ လမ္းေပၚထြက္ ဆႏၵျပလႈပ္ရွားမႈေတြမွာေတာ့ စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္ၿပီး ဖမ္းဆီးထားသူေတြကုိ ျပန္လႊတ္ေပးဖုိ႔လည္း ေတာင္းဆုိခဲ့ၾကတာပါ။ မြန္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က ဆႏၵျပပဲြ ေနာက္ဆုံးအေျခအေနေတြကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္က ေျပာျပေပးမွာပါ။

မြန္ျပည္နယ္မွာေတြ႔ရတဲ့ စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ဓါတ္ပုံ - BB)
မြန္ျပည္နယ္မွာေတြ႔ရတဲ့ စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ဓါတ္ပုံ - BB)

စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ မြန္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က အဓိကၿမိဳ႕ႀကီးေတြမွာ ဒီကေန႔ ဆက္လက္ေပၚေပါက္ေနရာမွာ လူေပါင္းေထာင္ေသာင္းခ်ီ ပါ၀င္ခဲ့ၾကတာပါ။ မြန္ျပည္နယ္ ေမာ္လျမဳိင္ျမိဳ႕မွာေတာ့ ေက်ာင္းသားလူငယ္ေတြ ဦးေဆာင္ျပီး ဒီကေန႔အေစာပုိင္းကစ ဆႏၵျပခဲ့ၾကတယ္လို႔လည္း လူငယ္တက္ၾကြလႈပ္ရွားသူ ကိုၾကည္ေဇာ္လြင္က ေျပာပါတယ္။

“မနက္ ၈ နာရီကေန စတယ္။ လူငယ္ေတြ ဦးေဆာင္တာေပါ့ေနာ္။ အဓိကကေတာ့ တကၠသိုလ္ေက်ာင္းသား အေျခခံပညာေက်ာင္းသားေတြ အဓိကျမိဳ႕ကိုလွည့္တာေပါ့။ သူတို႕ကလမ္းေၾကာင္း သံုး ခု သြားေနတယ္။ တခုနဲ႔ တခုမတူဘူးေပါ့။ အားလုံးေပါင္းက ၅၀,၀၀၀ ေလာက္ေတာ့ရွိနိုင္တယ္။ အဓိကကေတာ့ အာဏာသိမ္းတာကို ဆန္႔က်င္တယ္။ ေနာက္အဖမ္းဆီးခံတာေတြ ျပန္လႊတ္ေပးဖို႔ေပါ့ေနာ္... အဓိက ႏွစ္ခ်က္က အဲဒီဟာပါပဲ။ အဖြဲ႕စုံသပိတ္က မနက္ျဖန္စမယ္... ေမာ္လျမိဳင္က။ ဆႏၵေဖာ္ထုတ္တဲ့ဟာကိုေတာ့ အရွိန္ျမွင့္ေနတယ္။”

ေမာ္လၿမိဳင္ၿမိဳ႕က ဆႏၵျပပဲြေတြဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိေနၿပီ အားေကာင္းလာေနတယ္လုိ႔လည္း ေျပာပါတယ္။ ဆႏၵျပပဲြေတြ အရွိန္ေကာင္းလာေနခ်ိန္မွာပဲ လုံၿခံဳေရးတပ္ဖဲြ႔ေတြလည္း တုိးျမွင့္ခ်ထားတာရွိေပမဲ့ တစုံတရာ ဟန္႔တားတာမ်ဳိးေတာ့ မရွိဘူးလုိ႔လည္း ကိုၾကည္ေဇာ္လြင္က ေျပာပါတယ္။

“လုံျခံဳေရးတပ္ဖြဲ႕ေတြကေတာ့ ေနရာအႏွံ႔ရွိတယ္။ ဒါေပမဲ့တားဆီးတာေတြ ပိတ္ပင္တာေတြေတာ့မရွိဘူး။ အာဏာပိုင္ေတြလည္း တစုံတရာ မေတြ႕နိုင္ေသးဘူး။”

မြန္ျပည္နယ္အတြင္းမွာေတာ့ က်ိဳက္ထို ဘီလင္း သထုံ ေပါင္ ေမာ္လျမိဳင္ အစရွိတဲ့ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္မွာလည္း ဆႏၵျပခဲ့ၾကပါတယ္။

အလားတူ ခ်င္းျပည္နယ္က ျမိဳ႕နယ္ ေလး ခုထက္မနည္းမွာ ဒီကေန႔မွာ ဆႏၵျပခဲ့ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီကေန႔ ခ်င္းျပည္နယ္က ဆႏၵျပပဲြေတြမွာ လူေပါင္းေထာင္ေသာင္းခ်ီ ပါဝင္ခဲ့ေၾကာင္းလည္း ေဒသခံသတင္းဌာန တခုျဖစ္တဲ့ ခုိႏုန္းသုမ္သတင္းဌာနက အယ္ဒီတာ ဆလိုင္းေရာဘတ္ကေျပာပါတယ္။

“မနက္ပိုင္းကပဲ ခ်င္းျပည္နယ္ေတာင္ပိုင္း မတူပီျမိဳ႕နယ္မွာ လူဦးေရ ၂,၀၀၀ ေက်ာ္ေလာက္က ဒီတပ္မေတာ္စစ္အာဏာသိမ္းမႈကို သူတို႔ဆန္႔က်င္ကန္႔ကြက္တယ္ဆိုျပီးေတာ့ ဆႏၵေဖာ္ထုတ္ခဲ့ၾကတယ္။ မင္းတပ္ျမိဳ႕မွာလည္း လူဦးေရ ၅,၀၀၀ ေက်ာ္ေလာက္က ဆႏၵ ေဖာ္ထုတ္ခဲ့ၾကတယ္။ ထန္တလန္ျမဳိ႕မွာလည္း ေထာင္နဲ႔ခ်ီျပီးေတာ့ ဆႏၵေဖာ္ထုတ္တယ္။ ျပီးေတာ့အခုဟားခါးမွာလည္း သူတို႔ဆႏၵေဖာ္ ထုတ္ေနၾကျပီးလို႔ က်ေနာ္တို႔ သိရတယ္ေပါ့ေနာ္။ အခုလက္ရွိ ခ်င္းျပည္နယ္အေျခအေနကေတာ့။”

မြန္ျပည္နယ္မွာေတြ႔ရတဲ့ စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ဓါတ္ပုံ - BB)
မြန္ျပည္နယ္မွာေတြ႔ရတဲ့ စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ဓါတ္ပုံ - BB)

ခ်င္းျပည္နယ္နဲ႔ ကပ္လ်က္ရွိေနတဲ့ စစ္ကိုင္းတိုင္း၊ ကေလးနဲ႔ တမူးၿမိဳ႕ေတြမွာလည္း ဆႏၵျပပဲြေတြ ေပၚေပါက္ေနပါတယ္။ လုံၿခံဳေရးတပ္ဖဲြ႔ေတြ ေစာင့္ၾကည့္ေနတဲ့ၾကားက က်င္းပခဲ့တဲ့ ဒီကေန႔ ကေလးၿမိဳ႕က ဆႏၵျပပဲြမွာေတာ့ ပါ၀င္သူ သိန္းဂဏန္းအထိရွိမယ္လုိ႔ ခန္႔မွန္းထားေၾကာင္းလည္း ဆလိုင္းေရာဘတ္ကေျပာပါတယ္။

“စစ္ကိုင္းတိုင္းေဒသၾကီး ကေလးျမိဳ႕မွာေပါ့ေနာ္... ဒုတိယေျမာက္ေန႔ ဆႏၵေဖာ္ထုတ္မႈတို႔ မနက္က ၉ နာရီက စတင္တာေပါ့ေနာ္။ ဒီေန႔ လမ္းေပၚထြက္တဲ့လူထုအင္အားကေတာ့ က်ေနာ္တို႔ ခန္႔မွန္းသေလာက္ဆိုရင္ လူဦးေရ ၁၀၀,၀၀၀ ၀န္းက်င္ေလာက္ရွိတယ္။ ဆႏၵေဖာ္ထုတ္တဲ့သူေတြေဘးမွာ ရဲတပ္ဖြဲ႕၀င္ေတြ ကားေတြက ေတာက္ေရွာက္လိုက္ေနတာေပ့ါေနာ္။ ဒါေပမဲ့ ဆႏၵေဖာ္ထုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဆိုျပီးေတာ့ ျဖိဳခြင္းတာတို႔ ဟန္႔တားတာမ်ိဳးေတြ မေတြ႕ရေသးဘူးဗ်။”

အရပ္သားအစုိးရေခါင္းေဆာင္ေတြကုိ ဖမ္းဆီးဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ျမန္မာႏုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆႏၵျပပဲြေတြ ဆက္တုိက္ေပၚေပါက္ေနတာပါ။ ဆႏၵျပသူေတြကေတာ့ စစ္အာဏာသိမ္းမႈ အဆုံးသတ္ေရး၊ ဖမ္းဆီးထားတဲ့ အရပ္သား အစိုးရ ေခါင္းေဆာင္ေတြကုိ ျပန္္လႊတ္ေပးဖုိ႔ ေတာင္းဆုိေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မွန်နဲ့ ချင်းပြည်နယ်က စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲများ

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့အထဲ တိုင်းရင်းသား ဒေသတွေဖြစ်ကြတဲ့ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာလည်း ဒီကနေ့ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်က အဓိကမြို့ကြီးတွေမှာ ဒီကနေ့ ဆက်လက်ပေါ်ပေါက်နေရာမှာ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြတာပါ။ မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့ ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ဒီကနေ့အစောပိုင်းကစ ဆန္ဒပြခဲ့ကြတယ်လို့လည်း လူငယ်တက်ကြွလှုပ်ရှားသူ ကိုကြည်ဇော်လွင်က ပြောပါတယ်။

“မနက် ၈ နာရီကနေ စတယ်။ လူငယ်တွေ ဦးဆောင်တာပေါ့နော်။ အဓိကကတော့ တက္ကသိုလ်ကျောင်းသား အခြေခံပညာကျောင်းသားတွေ အဓိကမြို့ကိုလှည့်တာပေါ့။ သူတို့ကလမ်းကြောင်း သုံး ခု သွားနေတယ်။ တခုနဲ့ တခုမတူဘူးပေါ့။ အားလုံးပေါင်းက ၅၀,၀၀၀ လောက်တော့ရှိနိုင်တယ်။ အဓိကကတော့ အာဏာသိမ်းတာကို ဆန့်ကျင်တယ်။ နောက်အဖမ်းဆီးခံတာတွေ ပြန်လွှတ်ပေးဖို့ပေါ့နော်... အဓိက နှစ်ချက်က အဲဒီဟာပါပဲ။ အဖွဲ့စုံသပိတ်က မနက်ဖြန်စမယ်... မော်လမြိုင်က။ ဆန္ဒဖော်ထုတ်တဲ့ဟာကိုတော့ အရှိန်မြှင့်နေတယ်။”

မော်လမြိုင်မြို့က ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေပြီ အားကောင်းလာနေတယ်လို့လည်း ပြောပါတယ်။ ဆန္ဒပြပွဲတွေ အရှိန်ကောင်းလာနေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေလည်း တိုးမြှင့်ချထားတာရှိပေမဲ့ တစုံတရာ ဟန့်တားတာမျိုးတော့ မရှိဘူးလို့လည်း ကိုကြည်ဇော်လွင်က ပြောပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေကတော့ နေရာအနှံ့ရှိတယ်။ ဒါပေမဲ့တားဆီးတာတွေ ပိတ်ပင်တာတွေတော့မရှိဘူး။ အာဏာပိုင်တွေလည်း တစုံတရာ မတွေ့နိုင်သေးဘူး။”

မွန်ပြည်နယ်အတွင်းမှာတော့ ကျိုက်ထို ဘီလင်း သထုံ ပေါင် မော်လမြိုင် အစရှိတဲ့ မြို့နယ် ၈ မြို့နယ်မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ ချင်းပြည်နယ်က မြို့နယ် လေး ခုထက်မနည်းမှာ ဒီကနေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ချင်းပြည်နယ်က ဆန္ဒပြပွဲတွေမှာ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြောင်းလည်း ဒေသခံသတင်းဌာန တခုဖြစ်တဲ့ ခိုနုန်းသုမ်သတင်းဌာနက အယ်ဒီတာ ဆလိုင်းရောဘတ်ကပြောပါတယ်။

“မနက်ပိုင်းကပဲ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှာ လူဦးရေ ၂,၀၀၀ ကျော်လောက်က ဒီတပ်မတော်စစ်အာဏာသိမ်းမှုကို သူတို့ဆန့်ကျင်ကန့်ကွက်တယ်ဆိုပြီးတော့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ မင်းတပ်မြို့မှာလည်း လူဦးရေ ၅,၀၀၀ ကျော်လောက်က ဆန္ဒ ဖော်ထုတ်ခဲ့ကြတယ်။ ထန်တလန်မြို့မှာလည်း ထောင်နဲ့ချီပြီးတော့ ဆန္ဒဖော်ထုတ်တယ်။ ပြီးတော့အခုဟားခါးမှာလည်း သူတို့ဆန္ဒဖော် ထုတ်နေကြပြီးလို့ ကျနော်တို့ သိရတယ်ပေါ့နော်။ အခုလက်ရှိ ချင်းပြည်နယ်အခြေအနေကတော့။”

ချင်းပြည်နယ်နဲ့ ကပ်လျက်ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးနဲ့ တမူးမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ စောင့်ကြည့်နေတဲ့ကြားက ကျင်းပခဲ့တဲ့ ဒီကနေ့ ကလေးမြို့က ဆန္ဒပြပွဲမှာတော့ ပါဝင်သူ သိန်းဂဏန်းအထိရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း ဆလိုင်းရောဘတ်ကပြောပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာပေါ့နော်... ဒုတိယမြောက်နေ့ ဆန္ဒဖော်ထုတ်မှုတို့ မနက်က ၉ နာရီက စတင်တာပေါ့နော်။ ဒီနေ့ လမ်းပေါ်ထွက်တဲ့လူထုအင်အားကတော့ ကျနော်တို့ ခန့်မှန်းသလောက်ဆိုရင် လူဦးရေ ၁၀၀,၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ဆန္ဒဖော်ထုတ်တဲ့သူတွေဘေးမှာ ရဲတပ်ဖွဲ့ဝင်တွေ ကားတွေက တောက်ရှောက်လိုက်နေတာပေ့ါနော်။ ဒါပေမဲ့ ဆန္ဒဖော်ထုတ်တဲ့အတွက်ကြောင့်မို့လို့ ဆိုပြီးတော့ ဖြိုခွင်းတာတို့ ဟန့်တားတာမျိုးတွေ မတွေ့ရသေးဘူးဗျ။”

အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ပေါက်နေတာပါ။ ဆန္ဒပြသူတွေကတော့ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေး၊ ဖမ်းဆီးထားတဲ့ အရပ်သား အစိုးရ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG