သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ ျပန္လည္ထိန္းသိမ္းခံရ


ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္။ (ဓာတ္ပံု - Daw Nan Khin Htwe Myint's Facebook)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ဒုတိယအႀကိမ္အျဖစ္ ကရင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကုိ အာဏာပုိင္ေတြက ထိန္းသိမ္းလုိက္ပါတယ္။

ေဒၚနန္းခင္ေထြးျမင့္ကို လုံၿခံဳေရးတပ္ဖဲြ႔ေတြက ဒီကေန႔ မြန္းလဲြပုိင္းမွာပဲ အက်ယ္ခ်ဳပ္ခ်ခံထားရတဲ့ အိမ္ကေန လာေခၚသြားတယ္လို႔ ကရင္ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီးေဟာင္း ဦးေတဇာထြဋ္လႈိင္ေထြးက ဗြီအိုေအကို အတည္ျပဳပါတယ္။ စစ္အာဏာသိမ္းတာကုိ ဆန္႔က်င္ဆႏၵျပသူေတြကုိ အားေပးစကားေျပာခဲ့ၿပီးေနာက္ ဖမ္းဆီးခံခဲ့ရတာလုိ႔လည္း ေျပာပါတယ္။

“ဟုတ္တယ္ ေန႔လယ္ ၂ နာရီေလာက္က အရင္လိုပဲ စစ္တပ္နဲ႔ ရဲနဲ႔ျပန္ေခၚသြားတယ္။ ၿပီးခဲ့တဲ့ တေခါက္က ေခၚတဲ့ ဘားအံေတာင္ကေလးက ၂၀၂ တပ္ရင္းကိုေခၚသြားမယ္ထင္တယ္။ က်ေနာ္တို႔ ဒီေန႔စီတန္းလွည့္လည္ခ်ိန္မွာ ဝန္ႀကီးခ်ဳပ္က စည္းကမ္းရွိရွိနဲ႔ဆႏၵျပဖို႔ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္လဲ Live လႊင့္တယ္။ ျပည္သူေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပဖို႔၊ အၾကမ္းမဖက္ဖို႔၊ အၾကမ္းဖက္ေတြ ပါလာႏိုင္တယ္။ ဒါေတြကိုလည္း ေသခ်ာကိုယ့္လူေတြ ထိန္းၾကဖို႔ ဘာလုပ္ဖို႔ ဆိုတာၫႊန္ၾကားတယ္။”

ဖမ္းဆီးတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လုိ႔ေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ထပ္မံစုံစမ္းသိရွိရတာေတြကုိ ဆက္လက္ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

[Unicode Version]

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြန်လည်ထိန်းသိမ်းခံရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ အကျယ်ချုပ်ချခံထားရတဲ့ အိမ်ကနေ လာခေါ်သွားတယ်လို့ ကရင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးတေဇာထွဋ်လှိုင်ထွေးက ဗွီအိုအေကို အတည်ပြုပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို အားပေးစကားပြောခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာလို့လည်း ပြောပါတယ်။

“ဟုတ်တယ် နေ့လယ် ၂ နာရီလောက်က အရင်လိုပဲ စစ်တပ်နဲ့ ရဲနဲ့ပြန်ခေါ်သွားတယ်။ ပြီးခဲ့တဲ့ တခေါက်က ခေါ်တဲ့ ဘားအံတောင်ကလေးက ၂၀၂ တပ်ရင်းကိုခေါ်သွားမယ်ထင်တယ်။ ကျနော်တို့ ဒီနေ့စီတန်းလှည့်လည်ချိန်မှာ ဝန်ကြီးချုပ်က စည်းကမ်းရှိရှိနဲ့ဆန္ဒပြဖို့ ဝန်ကြီးချုပ်ကိုယ်တိုင်လဲ Live လွှင့်တယ်။ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြဖို့၊ အကြမ်းမဖက်ဖို့၊ အကြမ်းဖက်တွေ ပါလာနိုင်တယ်။ ဒါတွေကိုလည်း သေချာကိုယ့်လူတွေ ထိန်းကြဖို့ ဘာလုပ်ဖို့ ဆိုတာညွှန်ကြားတယ်။”

ဖမ်းဆီးတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ထပ်မံစုံစမ်းသိရှိရတာတွေကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG