သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္ရွိ စစ္အာဏာသိမ္းမႈအေပၚ ကိုမိုးသီးဇြန္ရဲ႕ အျမင္


မိုးသီးဇြန္ ( ရွစ္ေလးလုံး ဒီမုိကေရစီ လူထုလႈပ္ရွားမႈ ေခါင္းေဆာင္ )

[ Zawgyi ]


ျမန္မာႏိုင္ငံမွာ ဒီရက္ပိုင္းအတြင္း ျဖစ္ေပၚေနတဲ့ စစ္အာဏာသိမ္း ဆန္႔က်င္ေရး လူထုအုံၾကြမႈ ေတြနဲ႔ ပတ္သက္လို႔ ၈၈၈၈ ဒီမုိကေရစီအေရး လူထုလႈပ္ရွားမႈရဲ႕ ေခါင္းေဆာင္တဦးျဖစ္တဲ့ လက္ရွိ အေမရိကန္ ျပည္ေထာင္စုမွာ ေနထိုင္ေနသူ ကိုမုိးသီးဇြန္ကို VOA ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ ေမးျမန္းထားပါတယ္။

ကိုဉာဏ္ဝင္းေအာင္ ။ ။ ကိုမိုးသီးခင္ဗ်ာ ျမန္မာႏိုင္ငံမွာ လတ္တေလာျဖစ္ေနတဲ့ စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြ အေပၚမွာ ကိုမိုးသီး ဘယ္လိုျမင္ပါသလဲ။

ကိုမိုးသီးဇြန္ ။ ။ အခုလိုမ်ဳိး တျပည္လုံး ႏိုးၾကားအုံၾကြလာၿပီးေတာ့ လႈပ္ရွားလာတဲ့အေပၚ က်ေနာ့္အေနနဲ႔ အလြန္မွ အားရမိတယ္။ အလြန္ အားတက္မိတယ္။ က်ေနာ္တုိ႔ရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္အတြက္လည္း က်ေနာ္အားတက္မိတယ္။ အဲဒီေတာ့ ပူးေပါင္းပါဝင္ လႈပ္ရွားေနၾကတဲ့ ဝန္ထမ္းေတြ ေက်ာင္းသားေတြ အလုပ္သမားေတြ ... ျပည္သူတရပ္လုံးကို ဒီကေန က်ေနာ္ အေလးအနက္ ခ်ီးက်ဴးဂုဏ္ျပဳပါတယ္။ ဦးညႊတ္ ဂုဏ္ျပဳပါတယ္။

ကိုဉာဏ္ဝင္းေအာင္ ။ ။ ဟုတ္ကဲ့ ကိုမုိးသီးတို႔ ဦးေဆာင္ခဲ့တဲ့ ဒီမုိကေရစီေရး ရွစ္ေလးလုံး လူထုလႈပ္ရွားမႈႀကီးနဲ႔ ႏႈိင္းယွဥ္ေျပာမယ္ဆိုရင္ အခု ၂၀၂၁ လႈပ္ရွားမႈက ဘယ္လိုကြာျခားခ်က္ေတြ ရွိမယ္ ထင္ပါသလဲ ။

ကိုမိုးသီးဇြန္ ။ ။ က်ေနာ္တုိ႔ ၈၈၈၈ လႈပ္ရွားမႈႀကီးတုန္းကလည္း အေျခခံ အေၾကာင္းတရား ေတြကေတာ့ ကြာျခားခ်က္မရွိဘူး။ စစ္အာဏာရွင္ေတြက ဖိႏွိပ္တယ္ ၊ က်ေနာ္တုိ႔ တတိုင္းျပည္လုံးက လြတ္ေျမာက္ခ်င္တယ္။ တတိုင္းျပည္လုံးက ဘဝေတြကို ပိုၿပီးသာယာ ေကာင္းမြန္တဲ့ ဘဝေတြကို က်ေနာ္တို႔ ေမွ်ာ္မွန္းခဲ့ၾကတယ္။ အဲဒါေတြအားလုံး ဆိတ္သုဥ္းေနတဲ့အတြက္ က်ေနာ္တို႔ ထၿပီး ခ်ၾကရေတာ့တာပဲ။ အခု လႈပ္ရွားမႈက ပိုၿပီးေလးနက္လာတယ္။ ဘာျဖစ္လုိ႔တုန္းဆိုေတာ့ က်ေနာ္တို႔တုန္းက စီးပြားေရးအရ ၾကပ္တယ္ဆိုေပမယ့္ အခုေလာက္ အေျခအေန မဆိုးေသးဘူး။ က်ေနာ္တုိ႔မွာ ထြက္ေပါက္ေတြ အမ်ားႀကီးရွိေသးတယ္။ သက္ေတာင့္သက္သာ အေျခအေနေတြမွာ ရွိေနေသးတယ္ ။ အခုအေနအထားအရ တတိုင္းျပည္လုံးက စီးပြားေရးဟာ ခၽြတ္ၿခဳံက်သ ြားၿပီ ၊ ဒါအားလုံးသိၾကတယ္ က်ေနာ္ အထူးရွင္းစရာ မလုိေတာ့ဘူး။ အခုဟာက ဒီလႈပ္ရွားမႈက ျပည္သူေတြဟာ သူတုိ႔ကိုယ္တုိင္ မတုိက္လို႔ မရေတာ့ဘူးဆိုတာမ်ဳိး ၈၈၈၈ တုန္းကလုိပဲ သံဓိဌာန္ ျပန္ေပၚလာတာ။ အဲဒါက အလြန္တရာမွ ထပ္တူက်ေနတယ္ ဒီလႈပ္ရွားမႈႀကီး ႏွစ္ခုက ... ။ ဒါ ၈၈၈၈ ႀကီးရဲ႕ အၿပီးသတ္ ဇာတ္သိမ္းခန္းပဲ။ အၿပီးသတ္တုိက္ပဲြ အၿပီးသတ္ ေအာင္ပဲြပဲလို႔ က်ေနာ္ျမင္တယ္။

Moe Thee Zun မိုးသီးဇြန္
Moe Thee Zun မိုးသီးဇြန္

ကိုဉာဏ္ဝင္းေအာင္ ။ ။ အဲဒီေတာ့ လူထုရဲ႕ဆႏၵျပပြဲေတြက ဒီရက္ပိုင္းထဲ အားေကာင္းလာတယ္။ အခုခ်ိန္ထိေတာ့ စစ္တပ္က ၿဖဳိခဲြတာ မေတြ႔ရေသးပါဘူး။ ဆိုေတာ့ ေရွ႕ဆက္ဘာျဖစ္လာမယ္လို႔ ကိုမိုးသီး သုံးသပ္ပါသလဲ။

ကိုမိုးသီးဇြန္ ။ ။ က်ေနာ္သုံးသပ္မိတာက လူထု လႈပ္ရွားမႈက ေတာင္က်ေရလိုပဲ ၿပဳိဆင္းလာၿပီ။ အာဏာရွင္ေတြကို အမႈိက္ဒိုက္သရုိက္ေတြလို သယ္ခ်သ ြားေတာ့မယ့္ ဒီလႈပ္ရွားမႈႀကီးကို ဘယ္လိုမွ ရပ္တန္႔လို႔ မရေတာ့ဘူး။ ဘယ္သူကမွလည္း ရပ္တန္႔ေအာင္လုပ္လို႔ မရႏိုင္ေတာ့ဘူးလို႔ က်ေနာ္ အဲဒီအတုိင္း ယုံၾကည္တယ္။ အဲဒါေၾကာင့္မို႔ ဒီလႈပ္ရွားမႈႀကီးကုိ ၿဖဳိခဲြမႈ မွန္သမွ်ကိုလည္း လႈပ္ရွားမႈႀကီးက တိုက္ခတ္သ ြားေတာ့မယ္။ အဲဒီေတာ့ ၿဖဳိခဲြလာမယ့္ အေနအထား လုပ္ရပ္ေတြ အားလုံးကိုလည္း အားလုံးက ပူးေပါင္း ေဆာင္ရြက္ၿပီးေတာ့ ညီညီညြတ္ညြတ္နဲ႔ တြန္းလွန္ သြားၾကရမွာပဲ။ အဲဒီေတာ့ အာဏာရွင္ကေတာ့ အာဏာရွင္စနစ္ကို ဆုပ္ကိုင္ထားၿပီး ျပည္သူေတြကို ေသြးခဲြမယ္ .. ၿဖဳိခ ြင္းမယ့္ဟာေတြက လုပ္လာမွာပဲ။ ျပည္သူ႔ လႈပ္ရွားမႈအရွိန္ ျမင့္လာတာနဲ႔ ၿဖဳိခ ြင္းဖို႔ ႀကဳိးပမ္းလိမ့္မယ္ အဲဒီအခ်ိန္မွာ လုံးဝ မေၾကာက္ၾကပါနဲ႔ ညီညီညြတ္ညြတ္နဲ႔ ဒီလႈပ္ရွားမႈႀကီးကို အရွိန္အဟုန္ ဆက္ျမႇင့္တင္ပါလို႔ပဲ က်ေနာ္က တုိက္တြန္းခ်င္တယ္။

= = = = = =

တိုက္႐ိုက္ လင့္ခ္



[ Unicode ]

လက်ရှိ စစ်အာဏာသိမ်းမှုအပေါ် ကိုမိုးသီးဇွန်ရဲ့ အမြင်

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုအုံကြွမှု တွေနဲ့ ပတ်သက်လို့ ၈၈၈၈ ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေသူ ကိုမိုးသီးဇွန်ကို VOA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ကိုမိုးသီးခင်ဗျာ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အပေါ်မှာ ကိုမိုးသီး ဘယ်လိုမြင်ပါသလဲ။

ကိုမိုးသီးဇွန် ။ ။ အခုလိုမျိုး တပြည်လုံး နိုးကြားအုံကြွလာပြီးတော့ လှုပ်ရှားလာတဲ့အပေါ် ကျနော့်အနေနဲ့ အလွန်မှ အားရမိတယ်။ အလွန် အားတက်မိတယ်။ ကျနော်တို့ရဲ့ အနာဂတ် မျှော်လင့်ချက်အတွက်လည်း ကျနော်အားတက်မိတယ်။ အဲဒီတော့ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတဲ့ ဝန်ထမ်းတွေ ကျောင်းသားတွေ အလုပ်သမားတွေ ... ပြည်သူတရပ်လုံးကို ဒီကနေ ကျနော် အလေးအနက် ချီးကျူးဂုဏ်ပြုပါတယ်။ ဦးညွှတ် ဂုဏ်ပြုပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဟုတ်ကဲ့ ကိုမိုးသီးတို့ ဦးဆောင်ခဲ့တဲ့ ဒီမိုကရေစီရေး ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးနဲ့ နှိုင်းယှဉ်ပြောမယ်ဆိုရင် အခု ၂၀၂၁ လှုပ်ရှားမှုက ဘယ်လိုကွာခြားချက်တွေ ရှိမယ် ထင်ပါသလဲ ။

ကိုမိုးသီးဇွန် ။ ။ ကျနော်တို့ ၈၈၈၈ လှုပ်ရှားမှုကြီးတုန်းကလည်း အခြေခံ အကြောင်းတရား တွေကတော့ ကွာခြားချက်မရှိဘူး။ စစ်အာဏာရှင်တွေက ဖိနှိပ်တယ် ၊ ကျနော်တို့ တတိုင်းပြည်လုံးက လွတ်မြောက်ချင်တယ်။ တတိုင်းပြည်လုံးက ဘဝတွေကို ပိုပြီးသာယာ ကောင်းမွန်တဲ့ ဘဝတွေကို ကျနော်တို့ မျှော်မှန်းခဲ့ကြတယ်။ အဲဒါတွေအားလုံး ဆိတ်သုဉ်းနေတဲ့အတွက် ကျနော်တို့ ထပြီး ချကြရတော့တာပဲ။ အခု လှုပ်ရှားမှုက ပိုပြီးလေးနက်လာတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျနော်တို့တုန်းက စီးပွားရေးအရ ကြပ်တယ်ဆိုပေမယ့် အခုလောက် အခြေအနေ မဆိုးသေးဘူး။ ကျနော်တို့မှာ ထွက်ပေါက်တွေ အများကြီးရှိသေးတယ်။ သက်တောင့်သက်သာ အခြေအနေတွေမှာ ရှိနေသေးတယ် ။ အခုအနေအထားအရ တတိုင်းပြည်လုံးက စီးပွားရေးဟာ ချွတ်ခြုံကျသ ွားပြီ ၊ ဒါအားလုံးသိကြတယ် ကျနော် အထူးရှင်းစရာ မလိုတော့ဘူး။ အခုဟာက ဒီလှုပ်ရှားမှုက ပြည်သူတွေဟာ သူတို့ကိုယ်တိုင် မတိုက်လို့ မရတော့ဘူးဆိုတာမျိုး ၈၈၈၈ တုန်းကလိုပဲ သံဓိဌာန် ပြန်ပေါ်လာတာ။ အဲဒါက အလွန်တရာမှ ထပ်တူကျနေတယ် ဒီလှုပ်ရှားမှုကြီး နှစ်ခုက ... ။ ဒါ ၈၈၈၈ ကြီးရဲ့ အပြီးသတ် ဇာတ်သိမ်းခန်းပဲ။ အပြီးသတ်တိုက်ပွဲ အပြီးသတ် အောင်ပွဲပဲလို့ ကျနော်မြင်တယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ လူထုရဲ့ဆန္ဒပြပွဲတွေက ဒီရက်ပိုင်းထဲ အားကောင်းလာတယ်။ အခုချိန်ထိတော့ စစ်တပ်က ဖြိုခွဲတာ မတွေ့ရသေးပါဘူး။ ဆိုတော့ ရှေ့ဆက်ဘာဖြစ်လာမယ်လို့ ကိုမိုးသီး သုံးသပ်ပါသလဲ။

ကိုမိုးသီးဇွန် ။ ။ ကျနော်သုံးသပ်မိတာက လူထု လှုပ်ရှားမှုက တောင်ကျရေလိုပဲ ပြိုဆင်းလာပြီ။ အာဏာရှင်တွေကို အမှိုက်ဒိုက်သရိုက်တွေလို သယ်ချသ ွားတော့မယ့် ဒီလှုပ်ရှားမှုကြီးကို ဘယ်လိုမှ ရပ်တန့်လို့ မရတော့ဘူး။ ဘယ်သူကမှလည်း ရပ်တန့်အောင်လုပ်လို့ မရနိုင်တော့ဘူးလို့ ကျနော် အဲဒီအတိုင်း ယုံကြည်တယ်။ အဲဒါကြောင့်မို့ ဒီလှုပ်ရှားမှုကြီးကို ဖြိုခွဲမှု မှန်သမျှကိုလည်း လှုပ်ရှားမှုကြီးက တိုက်ခတ်သ ွားတော့မယ်။ အဲဒီတော့ ဖြိုခွဲလာမယ့် အနေအထား လုပ်ရပ်တွေ အားလုံးကိုလည်း အားလုံးက ပူးပေါင်း ဆောင်ရွက်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ တွန်းလှန် သွားကြရမှာပဲ။ အဲဒီတော့ အာဏာရှင်ကတော့ အာဏာရှင်စနစ်ကို ဆုပ်ကိုင်ထားပြီး ပြည်သူတွေကို သွေးခွဲမယ် .. ဖြိုခ ွင်းမယ့်ဟာတွေက လုပ်လာမှာပဲ။ ပြည်သူ့ လှုပ်ရှားမှုအရှိန် မြင့်လာတာနဲ့ ဖြိုခ ွင်းဖို့ ကြိုးပမ်းလိမ့်မယ် အဲဒီအချိန်မှာ လုံးဝ မကြောက်ကြပါနဲ့ ညီညီညွတ်ညွတ်နဲ့ ဒီလှုပ်ရှားမှုကြီးကို အရှိန်အဟုန် ဆက်မြှင့်တင်ပါလို့ပဲ ကျနော်က တိုက်တွန်းချင်တယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG