[ ZAWGYI ]
စစ္အာဏာသိမ္းလိုက္တဲ့ ျမန္မာႏိုင္ငံမွာ လႊတ္ေတာ္အစည္းအေ၀း အသီးသီးကို ရပ္ဆိုင္းထားေပမယ့္ ရန္ကုန္တိုင္း၊ စစ္ကိုင္းတိုင္းနဲ႔ တနသၤာရီတိုင္း ေဒသႀကီးက လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ေဖေဖၚ၀ါရီလ (၆)ရက္ (၇)ရက္ ေန႔ေတြက အစည္းအေ၀းျပဳလုပ္ၿပီး က်မ္းသစၥာ က်ိန္ဆိုခဲ့ၾကပါတယ္။
၂၀၂၀ ႏို၀င္ဘာလ (၈)ရက္ ေရြးေကာက္ပဲြက်င္းပၿပီး ရက္ေပါင္း (၉၀)အတြင္း လႊတ္ေတာ္ အစည္းအေ၀း ေခၚယူက်င္းပရမယ္ဆိုတဲ့ သတ္မွတ္ခ်က္နဲ႕အညီ အခုလို သက္ဆိုင္ရာ တိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ေတြက အစည္းအေ၀း က်င္းပခဲ့ၾကတာပါ။
ေရြးေကာက္ပဲြမွာ အျပတ္အသတ္အႏိုင္ရထားတဲ့ အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ NLD ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဖေဖၚဝါရီ (၆)ရက္ စေနေန႔မွာ ဗီြဒီယိုကြန္ဖရင့္နဲ႔ လႊတ္ေတာ္အစည္းအေ၀း ပထမေန႔ က်င္းပေနပံုနဲ႔ က်မ္းသစၥာက်ိန္ဆို ေနပံုေတြကို NLD ေဖ့စ္ဘုတ္ခ္ မွာ တင္ထားပါတယ္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီးလႊတ္ေတာ္ ပထမေန႔ အစည္းအေ၀းနဲ႔ က်မ္းသစၥာ က်ိန္ဆိုပဲြကိုလည္း တနဂၤေႏြေန႔က ျပဳလုပ္ခဲ့ပါတယ္။ အစည္းအေ၀းတက္ေရာက္တဲ့ ေရြးေကာက္ခံ လႊတ္ေတာ္ ကိုယ္စားလွယ္ စုစုေပါင္း (၇၄)ဦးရွိၿပီး၊ ကိုယ္တိုင္တက္ေရာက္သူ (၃၄) ဦး၊ အြန္လိုင္း ကြန္ဖရင့္နဲ႕တက္ေရာက္သူ (၃၃)ဦးရွိခဲ့ပါတယ္။ က်န္ လႊတ္ေတာ္ကိုယ္စားလွယ္ (၇) ဦးကေတာ့ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့အတြက္ တက္ေရာက္ႏိုင္ျခင္းမရွိဘူးလို႔ NLD ပါတီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။
တနသၤာရီတိုင္းေဒသႀကီး လႊတ္ေတာ္ ပထမအစည္းအေ၀းကို အြန္လိုင္းကြန္ဖရင့္နဲ႔ က်င္းပခဲ့ၿပီး NLD လႊတ္ေတာ္ကိုယ္စားလွယ္ ၂၁ ဦးအနက္ ၁၈ ဦးတက္ေရာက္ခဲ့ၿပီး က်န္တဲ့ သံုးဦးကေတာ့ ဖမ္းဆီးထိန္းသိမ္း ခံထားရတဲ့အတြက္ တက္ေရာက္ႏိုင္ျခင္းမရွိဘူးလို႔လည္း တနဂၤေႏြေန႔ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။
လႊတ္ေတာ္အစည္းအေ၀းေတြ စတင္က်င္းပမယ့္ ေဖေဖၚ၀ါရီလ (၁) ရက္ေန႔႔မွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္တပ္က အာဏာသိမ္းခဲ့ၿပီး NLD အစိုးရ ေခါင္းေဆာင္ေတြျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္အပါအ၀င္ ႏိုင္ငံေရး ေခါင္းေဆာင္ေတြကို ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ လႊတ္ေတာ္အစည္းအေ၀း အားလံုးကိုလည္း ရပ္ဆုိင္းထားၿပီးေနာက္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဦးေဆာင္တဲ့ စစ္ေကာင္စီတရပ္ကို ဖဲြ႕စည္းခဲ့ပါတယ္။
[ UNICODE ]
စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်အစည်းအဝေး အသီးသီးကို ရပ်ဆိုင်းထားပေမယ့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်း ဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖေါ်ဝါရီလ (၆)ရက် (၇)ရက် နေ့တွေက အစည်းအဝေးပြုလုပ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။
၂၀၂၀ နိုဝင်ဘာလ (၈)ရက် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း (၉၀)အတွင်း လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့အညီ အခုလို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက အစည်းအဝေး ကျင်းပခဲ့ကြတာပါ။
ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဖေဖေါ်ဝါရီ (၆)ရက် စနေနေ့မှာ ဗွီဒီယိုကွန်ဖရင့်နဲ့ လွှတ်တော်အစည်းအဝေး ပထမနေ့ ကျင်းပနေပုံနဲ့ ကျမ်းသစ္စာကျိန်ဆို နေပုံတွေကို NLD ဖေ့စ်ဘုတ်ခ် မှာ တင်ထားပါတယ်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမနေ့ အစည်းအဝေးနဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်တဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း (၇၄)ဦးရှိပြီး၊ ကိုယ်တိုင်တက်ရောက်သူ (၃၄) ဦး၊ အွန်လိုင်း ကွန်ဖရင့်နဲ့တက်ရောက်သူ (၃၃)ဦးရှိခဲ့ပါတယ်။ ကျန် လွှတ်တော်ကိုယ်စားလှယ် (၇) ဦးကတော့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အတွက် တက်ရောက်နိုင်ခြင်းမရှိဘူးလို့ NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမအစည်းအဝေးကို အွန်လိုင်းကွန်ဖရင့်နဲ့ ကျင်းပခဲ့ပြီး NLD လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးအနက် ၁၈ ဦးတက်ရောက်ခဲ့ပြီး ကျန်တဲ့ သုံးဦးကတော့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့အတွက် တက်ရောက်နိုင်ခြင်းမရှိဘူးလို့လည်း တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပမယ့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီး NLD အစိုးရ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေး အားလုံးကိုလည်း ရပ်ဆိုင်းထားပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။