သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ စစ္အာဏာသိမ္း ဆန္႔က်င္ေရး ဆႏၵျပပြဲ EU အမတ္ေတြပါ၀င္


စစ္အာဏာသိမ္းမႈ အေပၚ ဥေရာပမွာလည္း ဆႏၵျပ (ဓာတ္ပံု - ကိုထြန္းေနစိုး)

(Zawgyi/ Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းလုိက္တဲ့လုပ္ရပ္ကုိ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြ ျပည္ပႏုိင္ငံေတြမွာ အရွိန္ျမင့္ ျပဳလုပ္လာေနၾကတာမွာ စေနေန႔က ဥေရာပတုိက္အတြင္းက ၾသစတီးယားနဲ႔ နယ္သာလန္ႏုိင္ငံတုိ႔မွာ ျပဳလုပ္ခဲ့ၾကတဲ့ ဆႏၵျပပြဲေတြမွာ ဥေရာပပါလီမန္ အမတ္ေတြ၊ ေဒသခံႏုိင္ငံေရးပါတီေတြက ေခါင္းေဆာင္ေတြနဲ႔ လႊတ္ေတာ္အမတ္ေတြပါ တက္ေရာက္ခဲ့ၾကတဲ့အေၾကာင္းကုိ တင္ျပေပးခ်င္ပါတယ္။ က်ေနာ္ ေဇာ္၀င္းလႈိင္ပါ။

ၾသစတီးယားႏုိင္ငံ၊ ဗီယင္နာၿမိဳ႕မွာေရာက္ေနတဲ့ ျမန္မာ့အေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ ျမန္မာႏုိင္ငံကုိ ခ်စ္ျမတ္ႏုိးသူေတြ စုေ၀းၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ဒီဆႏၵျပပြဲ က်င္းပတဲ့အေျခအေနကုိေတာ့ ဆႏၵျပပြဲမွာ ပါ၀င္ေနတဲ့ မစံသာလင္းက အခုလုိ ရွင္းျပပါတယ္။

“ဥေရာပမွာရွိတဲ့ ၾသစတီးယားႏုိင္ငံ၊ ဗီယင္နာၿမိဳ႕မွာ ျပဳလုပ္ေနတာပါ။ အခု ဒီဆႏၵျပပြဲကုိ ၾသစတီးယားလႊတ္ေတာ္မွာရွိတဲ့ ပါတီႀကီး ၄ ခုအျပင္၊ အီးယူမွာရွိတဲ့ ၀န္ထမ္းေတြ (လႊတ္ေတာ္အမတ္ေတြ) ကအစ လာေရာက္ၿပီးေတာ့ ပူးေပါင္း ပါ၀င္တာ ရွိပါတယ္။ လႊတ္ေတာ္ထဲမွာရွိတဲ့ အမတ္ေတြက ၀င္ေရာက္ ပူးေပါင္းၿပီးေတာ့ ညီမတုိ႔ ျမန္မာျပည္သူေတြနဲ႔အတူ ျမန္မာျပည္တြင္းမွာ ခံစားေနရတဲ့ မလြတ္လပ္မႈေတြ၊ ခ်ဳပ္ျခယ္မႈေတြ၊ အာဏာသိမ္းမႈေတြကုိ သူတုိ႔ေတြပါ ပူးေပါင္းၿပီးေတာ့ လာေရာက္ နားေထာင္ၿပီးေတာ့ ပူးေပါင္း ပါ၀င္သြားပါတယ္။ အခု ညီမ ေျပာခ်င္တာကေတာ့ ျမန္မာျပည္မွာရွိတဲ့ ျမန္မာျပည္သူေတြ အေနာက္ႏုိင္ငံမွာ ေရာက္ေနတဲ့ ျမန္မာေတြေရာ၊ ဒီမုိကေရစီ လုိလားတဲ့သူေတြေရာ အကုန္လုံးက ပူးေပါင္းၿပီးေတာ့ တုိက္ထုတ္မွာပါလုိ႔။ အားမေလ်ာ့ၾကပါနဲ႔လုိ႔ ညီမေျပာခ်င္ပါတယ္။”

ဒီ ဆႏၵျပတဲ့ေနရာကုိ ၾသစတီးယားက လႊတ္ေတာ္အမတ္ေတြနဲ႔ ႏုိင္ငံေရးပါတီေခါင္းေဆာင္ေတြအျပင္ ဥေရာပပါလီမန္ လႊတ္ေတာ္အမတ္တခ်ဳိ႕လည္း ပူးေပါင္း ပါ၀င္ခဲ့ၾကပါတယ္။ ဆႏၵျပပြဲမွာ ပါ၀င္တဲ့ ဥေရာပပါလီမန္အမတ္ Andreas Schieder က ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ဖမ္းဆီးထားသူေတြကုိ ျပန္လႊတ္ေပးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။

“က်ေနာ့္နာမည္ကေတာ့ Andreas Schieder ပါ။ က်ေနာ္ဟာ ဆုိရွယ္ဒီမုိကရက္ပါတီကုိ ကုိယ္စားျပဳေရြးေကာက္တင္ေျမွာက္ခံထားရတဲ့ ဥေရာပပါလီမန္ လႊတ္ေတာ္အမတ္တဦး ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းလုိက္တာဟာ က်ေနာ္တုိ႔အတြက္ အင္မတန္ အံ့ၾသ တုန္လႈပ္ဖြယ္ရာျဖစ္တာေၾကာင့္ ဆႏၵျပသူေတြနဲ႔ ဒီေနရာမွာ လာေရာက္ ပူးေပါင္း ပါ၀င္တာပါ။ က်ေနာ္တုိ႔ ဒီမုိကေရစီအေရး လႈပ္ရွားမႈေတြကုိ ႏွစ္ေပါင္းမ်ားစြာ အစဥ္တစုိက္ ေထာက္ခံ အားေပးလာခဲ့ပါတယ္။ ဖမ္းဆီးခံထားရတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြ၊ အထူးသျဖင့္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကုိ လႊတ္ေပးပါလုိ႔ ဒီေနရာကေန က်ေနာ္တုိ႔ ေတာင္းဆုိပါတယ္။ က်ေနာ္တုိ႔ လုိအပ္ေနတာက ဒီမုိကေရစီနဲ႔ ေရြးေကာက္ပြဲရလဒ္ေတြကုိ ေလးစားဖုိ႔ပါ။ က်ေနာ္တုိ႔ဟာ စစ္အာဏာရွင္စနစ္ကုိ ဆန္႔က်င္ၿပီး ျမန္မာျပည္သူေတြနဲ႔ အတူရပ္သြားပါမယ္။”

ဒါ့အျပင္ တနလၤာေန႔မွာ စတင္မယ့္ ဥေရာပ ပါလီမန္အစည္းေ၀းမွာ ျမန္မာ့အေရးနဲ႔ပတ္သက္လုိ႔ တင္ျပေဆြးေႏြးသြားဖုိ႔ သူတုိ႔အေနနဲ႔ စီစဥ္ထားေၾကာင္း ဆႏၵျပပြဲမွာ ပါ၀င္ခဲ့တဲ့ လႊတ္ေတာ္အမတ္ေတြက ေျပာၾကားခဲ့တယ္လုိ႔ မစံသာလင္းက ေျပာပါတယ္။

ၾသစတီးယားက ဆႏၵျပပြဲမွာ ပါ၀င္ခဲ့သူ ေနာက္တဦးျဖစ္တဲ့ ကုိထြန္းေနစုိးကလည္း သူတုိ႔အေနနဲ႔ ေနာင္လာ ေနာက္သားေတြအတြက္ အခုခ်ိန္မွာ လုပ္ေဆာင္ဖုိ႔ လုိအပ္တယ္လုိ႔ ယူဆတာေၾကာင့္ ပါ၀င္ရတာလုိ႔ ေျပာပါတယ္။

"က်ေနာ္တို႔ အေနနဲ႔ကေတာ့ ဘာဘဲ ေျပာေျပာ ဒီ ျမန္မာႏုိင္ငံမွာ ရွိေနတဲ႔ ညီအကို ေမာင္ႏွမေတြ ေပါ့ေနာ္။ အခုဆိုလို႔ ရွိရင္ သူတို႔ တတ္ႏုိင္တဲ႔ စြမ္းအားေလးနဲ႔ သူတို႔ ပါ၀င္ေနတာ။ ဒီအခ်ိန္မွာ ဆိုလို႔ ရွိရင္ က်ေနာ္တို႔က အျပင္မွာ ဒီလိုႀကီး ေနေနလို႔ေတာ့ ဘယ္ျဖစ္ပါ့မလဲ။ ေနာက္တခုကလည္း က်ေနာ္တု႔ိ စိတ္ထဲမွာလည္းဘဲ ဒီ က်ေနာ္တို႔ ဒီတႀကိမ္မွာ က်ေနာ္တို႔ ၁၉၉၀ ပံုစံကို ျပန္သြားခဲ႔ၿပီဗ်ာ။ ဆိုေတာ့ ဒီပံုစံ အတိုင္းဘဲ ျဖစ္မယ္ဆိုလို႔ ရွိရင္ က်ေနာ္တို႔ တိုင္းျပည္က ဘယ္လို လုပ္ၿပီး နာလန္ ထူႏုိင္ေတာ့မလဲ။ က်ေနာ္တို႔ အတြက္ မဟုတ္ပါဘူး။ က်ေနာ္တို႔ ေနာက္ မ်ိဳးဆက္ အတြက္ေပါ့။ က်ေန္ာတို႔က အနည္းဆံုးေတာ့ ပါ၀င္မွ ျဖစ္မွာေပါ့ေနာ္။ "

ဆႏၵျပပြဲကုိေတာ့ အနည္းဆုံး လူ ၂၀၀ ေလာက္ တက္ေရာက္ခဲ့တယ္လုိ႔ ဆုိပါတယ္။

ၾသစတီးယားနည္းတူ နယ္သာလန္ႏုိင္ငံက ICJ ရုံးစုိက္ရာ The Hague ၿမိဳ႕မွာ ျမန္မာႏုိင္ငံသားေတြနဲ႔ ျမန္မာႏုိင္ငံကုိ ခ်စ္ျမတ္ႏုိးသူေတြ စုေ၀းၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေၾကာင္းနဲ႔ ျပည္သူက ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစုိးရကုိသာ ေထာက္ခံေၾကာင္း ဆႏၵျပပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီဆႏၵျပပြဲကုိ Belgium ကေန လာေရာက္ ပူးေပါင္းပါ၀င္တဲ့ ကြယ္လြန္သူ ႏုိင္ငံေက်ာ္ ကဗ်ာဆရာႀကီး ဦးတင္မုိးရဲဲ႕ သမီးတဦးျဖစ္သူ မမုိးမုိးႏွင္းလည္း ပါ၀င္ပါတယ္။

"က်မကေတာ့ မိုးမိုးႏွင္းပါ။ ဘယ္လ္ဂ်ီယံ ႏိုင္ငံမွာ ေလာေလာဆယ္ ေနထိုင္ပါတယ္။ ျမန္မာ ျပည္သူ တဦးပါ။ ကဗ်ာဆရာ ဦးတင္မိုးရဲ႕ သမီးလည္း ျဖစ္ပါတယ္။ စစ္တပ္က စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားဟာ က်မတို႔ အေပၚမွာ နည္းနည္းမွ သက္ညွာ ေထာက္ထားျခင္း မရွိဘဲနဲ ႔ ျမန္မာ ျပည္သူ ျပည္သားေတြ အေပၚမွာ။ အခုလည္းဘဲ ဒီမိုကေရစီ နည္းလမ္းက်က် ေရြးေကာက္ပြဲ ရလဒ္ေတြကို သူတို႔က အသိအမွတ္ မျပဳဘဲ ေရြးေကာက္ပြဲ ေအာင္ႏုိင္တဲ႔ ၈၃ ရာခိုင္ႏႈန္းေက်ာ္ ေအာင္ႏုိင္တဲ႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ကို အာဏာလႊဲအပ္ျခင္း မရွိဘဲနဲ႔ လႊတ္ေတာ္ ေခၚျခင္းကို ဖ်က္သိမ္းခ်င္တဲ႔ အတြက္ေၾကာင့္ မို႔လို႔ အခုလို မတရား စစ္အာဏာ သိမ္းတာကို က်မတို႔က ဒီအခ်ိန္မွာ လက္ပိုက္ ေနလို႔ေတာ့ မရေတာ့ဘူး။ ႏုိင္ငံတကာ အသိုင္းအ၀ိုင္း အေနနဲ႔ ျမန္မာ့ စစ္ေခါင္းေဆာင္ႀကီးမ်ားကို အေရးယူ ေပးပါရန္ က်မတို႔က လာေရာက္ၿပီး တိုက္တြန္း ရျခင္းျဖစ္ပါတယ္။ "

ဆႏၵျပပြဲကုိ တက္ေရာက္လာသူေတြက ကုလသမဂၢနဲ႔ ႏုိင္ငံတကာအသုိင္း၀ုိင္းအေနနဲ႔ ျမန္မာႏုိင္ငံကုိ ကူညီေပးၾကဖုိ႔ ေတာင္းဆုိထားတဲ့ စာကုိ လက္မွတ္ထုိးၿပီး ကုလသမဂၢရုံးကုိ ေပးပုိ႔သြားမယ္လုိ႔ ဆႏၵျပပြဲကုိ ဦးေဆာင္ စီစဥ္သူေတြက ေျပာပါတယ္။ အလားတူဘဲ ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္ ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြ တနဂၤေႏြေန႔မွာလည္း ကမၻာ့ႏုိင္ငံအသီးသီးမွာ ဆက္လက္ ျပဳလုပ္သြားဖုိ႔ စီစဥ္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲ EU အမတ်တွေပါဝင်

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြည်ပနိုင်ငံတွေမှာ အရှိန်မြင့် ပြုလုပ်လာနေကြတာမှာ စနေနေ့က ဥရောပတိုက်အတွင်းက သြစတီးယားနဲ့ နယ်သာလန်နိုင်ငံတို့မှာ ပြုလုပ်ခဲ့ကြတဲ့ ဆန္ဒပြပွဲတွေမှာ ဥရောပပါလီမန် အမတ်တွေ၊ ဒေသခံနိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေပါ တက်ရောက်ခဲ့ကြတဲ့အကြောင်းကို တင်ပြပေးချင်ပါတယ်။ ကျနော် ဇော်ဝင်းလှိုင်ပါ။

သြစတီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာရောက်နေတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲ ကျင်းပတဲ့အခြေအနေကိုတော့ ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ မစံသာလင်းက အခုလို ရှင်းပြပါတယ်။

“ဥရောပမှာရှိတဲ့ သြစတီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ပြုလုပ်နေတာပါ။ အခု ဒီဆန္ဒပြပွဲကို သြစတီးယားလွှတ်တော်မှာရှိတဲ့ ပါတီကြီး ၄ ခုအပြင်၊ အီးယူမှာရှိတဲ့ ဝန်ထမ်းတွေ (လွှတ်တော်အမတ်တွေ) ကအစ လာရောက်ပြီးတော့ ပူးပေါင်း ပါဝင်တာ ရှိပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့ အမတ်တွေက ဝင်ရောက် ပူးပေါင်းပြီးတော့ ညီမတို့ မြန်မာပြည်သူတွေနဲ့အတူ မြန်မာပြည်တွင်းမှာ ခံစားနေရတဲ့ မလွတ်လပ်မှုတွေ၊ ချုပ်ခြယ်မှုတွေ၊ အာဏာသိမ်းမှုတွေကို သူတို့တွေပါ ပူးပေါင်းပြီးတော့ လာရောက် နားထောင်ပြီးတော့ ပူးပေါင်း ပါဝင်သွားပါတယ်။ အခု ညီမ ပြောချင်တာကတော့ မြန်မာပြည်မှာရှိတဲ့ မြန်မာပြည်သူတွေ အနောက်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေရော၊ ဒီမိုကရေစီ လိုလားတဲ့သူတွေရော အကုန်လုံးက ပူးပေါင်းပြီးတော့ တိုက်ထုတ်မှာပါလို့။ အားမလျော့ကြပါနဲ့လို့ ညီမပြောချင်ပါတယ်။”

ဒီ ဆန္ဒပြတဲ့နေရာကို သြစတီးယားက လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေအပြင် ဥရောပပါလီမန် လွှတ်တော်အမတ်တချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဥရောပပါလီမန်အမတ် Andreas Schieder က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ကျနော့်နာမည်ကတော့ Andreas Schieder ပါ။ ကျနော်ဟာ ဆိုရှယ်ဒီမိုကရက်ပါတီကို ကိုယ်စားပြုရွေးကောက်တင်မြှောက်ခံထားရတဲ့ ဥရောပပါလီမန် လွှတ်တော်အမတ်တဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာဟာ ကျနော်တို့အတွက် အင်မတန် အံ့သြ တုန်လှုပ်ဖွယ်ရာဖြစ်တာကြောင့် ဆန္ဒပြသူတွေနဲ့ ဒီနေရာမှာ လာရောက် ပူးပေါင်း ပါဝင်တာပါ။ ကျနော်တို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ အစဉ်တစိုက် ထောက်ခံ အားပေးလာခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့ ဒီနေရာကနေ ကျနော်တို့ တောင်းဆိုပါတယ်။ ကျနော်တို့ လိုအပ်နေတာက ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲရလဒ်တွေကို လေးစားဖို့ပါ။ ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့ အတူရပ်သွားပါမယ်။”

ဒါ့အပြင် တနင်္လာနေ့မှာ စတင်မယ့် ဥရောပ ပါလီမန်အစည်းဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တင်ပြဆွေးနွေးသွားဖို့ သူတို့အနေနဲ့ စီစဉ်ထားကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်အမတ်တွေက ပြောကြားခဲ့တယ်လို့ မစံသာလင်းက ပြောပါတယ်။

သြစတီးယားက ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ နောက်တဦးဖြစ်တဲ့ ကိုထွန်းနေစိုးကလည်း သူတို့အနေနဲ့ နောင်လာ နောက်သားတွေအတွက် အခုချိန်မှာ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် ပါဝင်ရတာလို့ ပြောပါတယ်။

"ကျနော်တို့ အနေနဲ့ကတော့ ဘာဘဲ ပြောပြော ဒီ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ညီအကို မောင်နှမတွေ ပေါ့နော်။ အခုဆိုလို့ ရှိရင် သူတို့ တတ်နိုင်တဲ့ စွမ်းအားလေးနဲ့ သူတို့ ပါဝင်နေတာ။ ဒီအချိန်မှာ ဆိုလို့ ရှိရင် ကျနော်တို့က အပြင်မှာ ဒီလိုကြီး နေနေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ နောက်တခုကလည်း ကျနော်တု့ိ စိတ်ထဲမှာလည်းဘဲ ဒီ ကျနော်တို့ ဒီတကြိမ်မှာ ကျနော်တို့ ၁၉၉၀ ပုံစံကို ပြန်သွားခဲ့ပြီဗျာ။ ဆိုတော့ ဒီပုံစံ အတိုင်းဘဲ ဖြစ်မယ်ဆိုလို့ ရှိရင် ကျနော်တို့ တိုင်းပြည်က ဘယ်လို လုပ်ပြီး နာလန် ထူနိုင်တော့မလဲ။ ကျနော်တို့ အတွက် မဟုတ်ပါဘူး။ ကျနော်တို့ နောက် မျိုးဆက် အတွက်ပေါ့။ ကျနေ်ာတို့က အနည်းဆုံးတော့ ပါဝင်မှ ဖြစ်မှာပေါ့နော်။ "

ဆန္ဒပြပွဲကိုတော့ အနည်းဆုံး လူ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

သြစတီးယားနည်းတူ နယ်သာလန်နိုင်ငံက ICJ ရုံးစိုက်ရာ The Hague မြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူတွေ စုဝေးပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုသာ ထောက်ခံကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို Belgium ကနေ လာရောက် ပူးပေါင်းပါဝင်တဲ့ ကွယ်လွန်သူ နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုးရဲ့ သမီးတဦးဖြစ်သူ မမိုးမိုးနှင်းလည်း ပါဝင်ပါတယ်။

"ကျမကတော့ မိုးမိုးနှင်းပါ။ ဘယ်လ်ဂျီယံ နိုင်ငံမှာ လောလောဆယ် နေထိုင်ပါတယ်။ မြန်မာ ပြည်သူ တဦးပါ။ ကဗျာဆရာ ဦးတင်မိုးရဲ့ သမီးလည်း ဖြစ်ပါတယ်။ စစ်တပ်က စစ်ဗိုလ်ချုပ်ကြီးများဟာ ကျမတို့ အပေါ်မှာ နည်းနည်းမှ သက်ညှာ ထောက်ထားခြင်း မရှိဘဲနဲ့ မြန်မာ ပြည်သူ ပြည်သားတွေ အပေါ်မှာ။ အခုလည်းဘဲ ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးကောက်ပွဲ ရလဒ်တွေကို သူတို့က အသိအမှတ် မပြုဘဲ ရွေးကောက်ပွဲ အောင်နိုင်တဲ့ ၈၃ ရာခိုင်နှုန်းကျော် အောင်နိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာလွှဲအပ်ခြင်း မရှိဘဲနဲ့ လွှတ်တော် ခေါ်ခြင်းကို ဖျက်သိမ်းချင်တဲ့ အတွက်ကြောင့် မို့လို့ အခုလို မတရား စစ်အာဏာ သိမ်းတာကို ကျမတို့က ဒီအချိန်မှာ လက်ပိုက် နေလို့တော့ မရတော့ဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာ့ စစ်ခေါင်းဆောင်ကြီးများကို အရေးယူ ပေးပါရန် ကျမတို့က လာရောက်ပြီး တိုက်တွန်း ရခြင်းဖြစ်ပါတယ်။ "

ဆန္ဒပြပွဲကို တက်ရောက်လာသူတွေက ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို ကူညီပေးကြဖို့ တောင်းဆိုထားတဲ့ စာကို လက်မှတ်ထိုးပြီး ကုလသမဂ္ဂရုံးကို ပေးပို့သွားမယ်လို့ ဆန္ဒပြပွဲကို ဦးဆောင် စီစဉ်သူတွေက ပြောပါတယ်။ အလားတူဘဲ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ တနင်္ဂနွေနေ့မှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆက်လက် ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။

XS
SM
MD
LG