သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဝင္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္


သံလ်င္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလြင္ကိုလတ္။ (ဓာတ္ပံု - U Win Ko Latt's facebook - ေမ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီကို ဒီကေန႔ ဖဲြ႔စည္းခဲ့ပါတယ္။ အေရးေပၚအစည္းအေဝး က်င္းပၿပီးေတာ့ ဖဲြ႔စည္းလိုက္တဲ့အေပၚမွာ NLD ပါတီရဲ႕ သံလွ်င္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလြင္ကိုလတ္ကို ကိုရန္ႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။ NLD လႊတ္ေတာ္ ကိုယ္စားလွယ္ ၃၀၀ နီးပါး အြန္လိုင္းကေန စည္းေဝးခဲ့တဲ့ အစည္းအေဝးမွာ ကိုလြင္ကိုလတ္က အခမ္းအနားမွဴးအျဖစ္ ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

ဦးလြင္ကိုလတ္။ ။ အခုဆိုလို႔ရွိရင္ ဒီလႊတ္ေတာ္ လုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္သြားဖို႔အတြက္ ဒီ ကိုယ္စားျပဳေကာ္မတီကို ဖဲြ႔တာပါ။ ေနာက္တခုက လႊတ္ေတာ္အဖဲြ႔အစည္းေတြကို ျပန္လည္ မစတင္ႏိုင္ခင္မွာ ႏိုင္ငံတကာ အဖဲြ႔အစည္းေတြအေနနဲ႔ ဒီေကာ္မတီကို ခ်ိတ္ဆက္ေဆာင္ရြက္လို႔ ရေအာင္လို႔ က်ေနာ္တို႔ ဒီေကာ္မတီကို လႊတ္ေတာ္ ကိုယ္စားလွယ္ ၂၈၉ ေယာက္ ပါဝင္ၿပီးေတာ့ ဖဲြ႔စည္းထားတာပါ ခင္ဗ်။

ကိုရန္ႏိုင္။ ။ ဒီေကာ္မတီအေနနဲ႔ေရာ ေရွ႕ဆက္ၿပီးေတာ့ ဘာေတြ ဆက္လုပ္သြားဖို႔ ရွိပါသလဲ။

ဦးလြင္ကိုလတ္။ ။ အဓိကကေတာ့ က်ေနာ္တို႔ ဒီေန႔ထုတ္တဲ့ ေၾကျငာခ်က္ရွိပါတယ္။ ဒီေၾကျငာခ်က္ထဲမွာ က်ေနာ္တို႔ရဲ႕ လုပ္ငန္းစဥ္ေတြကို ထည့္ၿပီးေတာ့ ေၾကျငာထားတာရွိပါတယ္။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖဲြ႔အစည္းေတြအေပၚမွာ ၁ အခ်က္ က်ေနာ္တို႔သည္ ေကာ္မတီကို ေဆြးေႏြးဆက္သြယ္ဖို႔အတြက္ တရားဝင္စာပို႔ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ေနာက္တခုက က်ေနာ္တို႔ ၁/၂၀၂၁ အေနနဲ႔ ကိုယ္စားလွယ္ေတြ ထုတ္ခဲ့တဲ့ ထုတ္ျပန္ခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ဒီေကာ္မတီကို ဖဲြ႔စည္းထားတာပါ ခင္ဗ်။

ကိုရန္ႏိုင္။ ။ တပ္မေတာ္က အခုလို အေရးေပၚအေျခအေန ေၾကျငာၿပီးေတာ့ အာဏာသိမ္းယူလိုက္တဲ့ အေပၚမွာေရာ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီအေနနဲ႔ ဘာမ်ား ေျပာလိုပါသလဲ။

ဦးလြင္ကိုလတ္။ ။ အဓိကကေတာ့ဗ်ာ... သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂိၢဳလ္ကို သူတို႔ အေျခခံ ဥပေဒနဲ႔ ဆန္႔က်င္ၿပီး ဖမ္းဆီးတာက အေျခခံဥပေဒနဲ႔ လုံးဝမညီဘူး။ က်ေနာ္တို႔က အေျခခံဥပေဒအရ လုပ္ေနတဲ့ လုပ္ငန္းေတြ မဟုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ နံပတ္ ၁ က်ေနာ္တို႔ အဲဒါေတြကို ဆန္႔က်င္တယ္။ ၿပီးေတာ့ လက္ရွိအေျခအေနအထိ သမၼတၾကီး ဦးဝင္းျမင့္ဦးေဆာင္တဲ့ အစိုးရအဖဲြ႔သာလ်ွင္လည္း တရားဝင္အစိုးရ ျဖစ္တယ္ဆိုတာကိုလည္း ကမၻာကို သိေစခ်င္တယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေကာ္မတီက ဦးေဆာင္ၿပီးေတာ့ ကုလသမဂၢကိုလည္း က်ေနာ္တို႔ စာပို႔သြားဖို႔ အစီအစဥ္ရွိပါတယ္ ခင္ဗ်။ ၁/၂၀၂၁ ကို စစ္အာဏာသိမ္းအစိုးရအေနနဲ႔ အျမန္ဆံုး အေကာင္အထည္ေဖာ္ေပးဖို႔လိုတယ္။ ဒီလိုမွ အေကာင္အထည္ေဖာ္ေဆာင္ေပးမႈမရွိဘူးဆိုလို႔ ရွိရင္ က်ေနာ္တို႔ ဒီေကာ္မတီကေန ဦးေဆာင္ၿပီးေတာ့ လႊတ္ေတာ္ေခၚတဲ့အဆင့္ေတြအထိ၊ အစိုးရ ဖဲြ႔တဲ့အဆင့္ေတြအထိ က်ေနာ္တို႔ ေဆာင္ရြက္သြားဖို႔ ရည္မွန္းၿပီး ေဆာင္ရြက္ထားတာ ျဖစ္ပါတယ္ ဒီေကာ္မတီကေတာ့။

ကိုရန္ႏိုင္။ ။ အခု ျပည္သူေတြကေတာ့ အေတာ္ေလးကို ဒီ Civil Disobedience Movement လႈပ္ရွားမႈကို လုပ္လာတာ ေတြ႔ရပါတယ္။ အဲဒီအေပၚမွာေရာ ဘာမ်ားေျပာလိုပါသလဲ။

ဦးလြင္ကိုလတ္။ ။ အခု လူထုလႈပ္ရွားေနတဲ့ Civil Disobedience Movement ကို က်ေနာ့္ ပုဂိၢဳလ္တေယာက္အေနနဲ႔ ေျပာရမယ္ဆိုရင္ အလြန္ဂုဏ္ယူစရာေကာင္းပါတယ္။ စစ္အာဏာရွင္ အစိုးရမွ မဟုတ္ဘူး၊ ဒီစစ္အာဏာရွင္ အုပ္ခ်ဳပ္မႈေအာက္မွာ ေနထိုင္သင့္တဲ့လူေတြမဟုတ္ဘူးဆိုတာကို လူ႔ဂုဏ္သိကၡာနဲ႔အညီ သတိၱရွိရွိနဲ႔ ဝန္ထမ္းေတြေရာ၊ ရွိသမွ် အဖဲြ႔အစည္းေတြ အားလံုးက အခုလို ေဖာ္ထုတ္ေနတဲ့အေပၚမွာ က်ေနာ္တို႔ အင္မတန္ ေလးစားတန္ဖိုးထားရပါတယ္။ ၁၉၈၈ ထပ္ေတာင္ ပိုၿပီးေတာ့ ပညာရည္ျမင့္လာတယ္၊ အသိဥာဏ္ပိုျမင့္လာတဲ့ လူ႔အသိုင္းအဝိုင္းတခုဟာ ဘယ္လိုမွ စစ္အုပ္ခ်ဳပ္မႈေအာက္မွာ မေနသင့္ေတာ့ဘူးဆိုတာကို ျပလိုက္တယ္။ က်ေနာ္တို႔ အခု ဖဲြ႔စည္းထားတဲ့ လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီကလည္းပဲ ဒီ CDC ကို က်ေနာ္တို႔ အမ်ားၾကီး ေျပာမျပတတ္ေအာင္ကို ေလးစား တန္ဖိုးထားတယ္လို႔ က်ေနာ္တို႔ ေျပာခ်င္ပါတယ္ ခင္ဗ်။

ကိုရန္ႏိုင္။ ။ ေနာက္တခုက လူေတြက လမ္းေပၚထြက္လာၾကတယ္၊ တခ်ိဳ႕ေတြလည္း Civil Disobedience နဲ႔ အိမ္ထဲမွာ သံပံုးတီးတာတို႔၊ ဘာတို႔ အကုန္လုပ္လာၾကတယ္။ ဒီလို အခ်ိန္မွာ ဒီ NLD ဘက္က လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ဖဲြ႔လိုက္တာက လံုေလာက္မႈရွိတယ္လို႔ ျမင္လား။

ဦးလြင္ကိုလတ္။ ။ က်ေနာ္တို႔ လံုေလာက္မႈရွိပါတယ္။ ဘာေၾကာင့္လဲဆိုလို႔ရွိရင္ ဒီ လႊတ္ေတာ္ဘက္ကေနၿပီးေတာ့ က်ေနာ္တို႔ လုပ္စရာရွိတဲ့ဟာေတြကို ေသေသခ်ာခ်ာနဲ႔ တကယ့္ကို လုပ္ေဆာင္ဖို႔အတြက္ ဒီေကာ္မတီကို ဖဲြ႔တာပါ။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က လုပ္ရမယ့္ နည္းလမ္းေတြကိုလည္း ဒီအခ်ိန္မွာ တခ်ိဳ႕ဟာေတြလည္း ခ်ိတ္ဆတ္ေဆာင္ရြက္ထားၿပီးသား တခ်ိဳ႕ရွိခဲ့ၿပီ ျဖစ္ပါတယ္ဗ်။

ကိုရန္ႏိုင္။ ။ ဒီ NLD အေနနဲ႔ေရာအခုကိစၥမွာ ဘယ္လိုမ်ိဳး ဆက္လုပ္သြားဖို႔ ရွိပါသလဲ။ ႏိုင္ငံေရးအရ ဘယ္လိုဦးေဆာင္မႈေပးသြားဖို႔ ရွိပါသလဲ။

ဦးလြင္ကိုလတ္။ ။ က်ေနာ္တို႔အခု ဒီေန႔ဖဲြ႔စည္းလိုက္တဲ့ေကာ္မတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ သေဘာတူညီမႈနဲ႔ ဖဲြ႔စည္းလိုက္တာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က လုပ္ငန္းတခု လုပ္တဲ့အခါမွာ က်ေနာ္တို႔မွာ ေတာင္းဆိုခဲ့တဲ့ ေတာင္းဆိုခ်က္ေတြ ရွိပါတယ္။ ဒီေတာင္းဆိုခ်က္ေတြကို ဆက္ၿပီးအေကာင္အထည္ေဖာ္ဖို႔အတြက္ ျဖစ္ႏိုင္ေျခရွိတဲ့ နည္းလမ္းေပါင္းစံုနဲ႔ ဒီသံတမာန္နည္းလမ္းအရေသာ္လည္းေကာင္း၊ တျခားလႊတ္ေတာ္ေခၚယူေရးလုပ္ငန္းစဥ္အရေသာ္လည္းေကာင္း၊ လိုအပ္ရင္ က်ေနာ္တို႔ အစိုးရဖဲြ႔တဲ့အထိ ဖဲြ႔စည္းၿပီးေတာ့ ေဆာင္ရြက္သြားဖို႔ ရွိေနပါတယ္ ခင္ဗ်။

ကိုရန္ႏိုင္။ ။ အခု တခ်ိဳ႕လူေတြလည္း လမ္းေပၚကိုထြက္ၿပီး ဆႏၵျပတာေတြ ရွိလာပါတယ္။ ေက်ာင္းေတြမွာ ေက်ာင္းသားေတြ ဆႏၵျပတာေတြ၊ ဘာေတြ ရွိလာပါတယ္။ ဒါေပမဲ့ တဘက္မွာလည္း လမ္းေပၚမထြက္ၾကဖို႔ဆိုၿပီးေျပာေနတဲ့ဟာမ်ိဳးေတြလည္း ရွိေနတယ္။ အဲဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ကိုယ္စားျပဳေကာ္မတီန႔ဲ ဘာမ်ားေျပာခ်င္ပါသလဲ။

ဦးလြင္ကိုလတ္။ ။ က်ေနာ္တို႔က Disobedience လႈပ္ရွားမႈေတြက ကမၻာမွာ အမ်ားၾကီးျဖစ္ခဲ့ၿပီးပါၿပီ။ အေရးၾကီးတာက ျပည္သူလူထုရဲ႕ ဆႏၵေဖာ္ထုတ္တဲ့ လုပ္ငန္းစဥ္ေတြက အၾကမ္းဖက္နည္းနဲ႔ သူမ်ားကို ထိခိုက္မႈမရွိဘူးဆိုလို႔ရွိရင္ ဘယ္လို ေဖာ္ထုတ္မႈမ်ိဳးမဆို ျပႆနာ မရွိပါဘူး။ သို႔ေသာ္ က်ေနာ္တို႔ လူထုက လုပ္တဲ့လုပ္ငန္းေတြမွာ ၁ အခ်က္ က်ေနာ္တို႔ လူထုအခ်င္းခ်င္း တေယာက္ကို တေယာက္ ထိခိုက္မႈမရွိေစရဘူးဆိုတာေလးကိုပဲ၊ အၾကမ္းဖက္မႈ မရွိေစရဘူး။ ဒါဆိုလို႔ရွိရင္ လူထုရဲ႕ ဆႏၵေဖာ္ထုတ္မႈ ပံုသ႑အားလံုးသည္ Civil Disobedience ပံုသ႑ထဲမွာ ရွိတယ္လို႔ က်ေနာ္ ယံုၾကည္ပါတယ္။

ကိုရန္ႏိုင္။ ။ ဒီလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီအေနနဲ႔ လူထုကို တရားဝင္ ဘာမ်ားေျပာလိုပါသလဲ။

ဦးလြင္ကိုလတ္။ ။ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီက က်ေနာ္တို႔ လႊတ္ေတာ္လုပ္ငန္းစဥ္ေတြ ပံုမွန္ျပန္ျဖစ္ဖို႔နဲ႔ က်ေနာ္တို႔ ၂၀၂၀ ေရြးေကာက္ပဲြရလဒ္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ျပည္သူလူထုနဲ႔အတူတူ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လုပ္ရမယ့္ လုပ္ငန္းတာဝန္ေတြကို မလစ္ဟင္းဘဲ က်ေနာ္တို႔ အတူတူေဆာင္ရြက္ေနတယ္လို႔ ေျပာခ်င္ပါတယ္ခင္ဗ်ာ။

ကိုရန္ႏိုင္။ ။ ေနာက္တခုက ႏိုင္ငံတကာအသိုင္းအဝိုင္းေပါ့.... ကုလသမဂၢရွိမယ္၊ အေမရိကန္ရွိမယ္၊ ဥေရာပသမဂၢရွိမယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းကိုေရာ ဘာေျပာခ်င္သလဲ။

ဦးလြင္ကိုလတ္။ ။ အဓိကကေတာ့ ဒီလို ၂၀၂၀ တခုႏွစ္လိုအေျခအေနမ်ိဳး IT ထြန္းကားေနတဲ့ ကမၻာၾကီးမွာ ႏိုင္ငံတႏိုင္ငံက စစ္အာဏာသိမ္းတယ္ဆိုတာမ်ိဳးဟာ က်ေနာ္တို႔ တႏိုင္ငံတခုအတြက္တြင္မဟုတ္ဘူး။ ယဥ္ေက်းတဲ့ ကမၻာ့လူႈ႕အသိုင္းအဝိုင္းတခုအတြက္ပါ ဒါဟာ လံုးဝလက္ခံႏိုင္စရာရွိတဲ့ ကိစၥမ်ိဳးမဟုတ္ဘူး။ ဒါေၾကာင့္မို႔လို႔ ကမၻာမွာရွိေနတဲ့ ဒီမိိုကေရစီအင္အားစုေတြအားလံုးက က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕ ဒီအာဏာသိမ္းမႈ မေအာင္ျမင္ဖို႔နဲ႔ ၂၀၂၀ ေရြးေကာက္ပဲြရလဒ္ေတြကို အေကာင္အထည္ ေဖာ္ေပးႏိုင္ဖို႔အတြက္ အျမန္ဆံုးပူးေပါင္းၿပီး ေဆာင္ရြက္သင့္တယ္လို႔ က်ေနာ္အၾကံေပးခ်င္ပါတယ္ဗ်ာ။

ကိုရန္ႏိုင္။ ။ ကိုလြင္ကိုလတ္တို႔က ဒီလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီဖဲြ႔တယ္၊ ဒါေပမဲ့ ၁၉ ၉၀ တုန္းကလည္း ဒီလို လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဖဲြ႔တယ္ CRPP ဖဲြ႔တယ္။ အဲ့ဒီတုန္းကလည္း ဒီလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကို နဝတ၊ နအဖ အစိုးရ ႏွိပ္ကြတ္ခဲ့တယ္၊ ႏွိမ္နင္းခဲ့တယ္။ အခုအခ်ိန္မွာေရာ ဒီအာဏာပိုင္ေတြဘက္က ဖိႏွိပ္တာေတြ၊ ႏွိမ္နင္းတာေတြ လုပ္လာမယ္ဆိုရင္ လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီအေနနဲ႔ ဒါကို ဘယ္လို ျပင္ဆင္ထားလဲ။

ဦးလြင္ကိုလတ္။ ။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ကေတာ့ ျဖစ္လာတဲ့ ျပႆနာေတြကို ရင္ဆိုင္ဖို႔ က်ေနာ္တို႔ ဆံုးျဖတ္ထားၿပီးမွ ဒီလႊတ္ေတာ္ ကုိယ္စားျပဳ ေကာ္မတီကို က်ေနာ္တို႔ ဖဲြ႔တာပါ။ သို႔ေသာ္လည္းပဲ က်ေနာ္မွာ အတတ္ႏိုင္ဆံုးနည္းနဲ႔ လုပ္ျဖစ္ေအာင္လို႔ က်ေနာ္တို႔ ၾကိဳးစားပါမယ္။ ဘာမွ မျဖစ္ဘဲ အထိခိုက္မခံရေအာင္လို႔ေတာ့ က်ေနာ္တို႔ ျပင္ဆင္ထားတာေတြရွိပါတယ္။

ကိုရန္ႏိုင္။ ။ တကယ္လို႔ ျဖစ္လာခဲ့ရင္လည္း အဆံုးစြန္ထိ ရင္ဆိုင္သြားဖို႔ ျပင္ဆင္ထားတယ္ေပါ့။

ဦးလြင္ကိုလတ္။ ။ ဟုတ္ကဲ့။ အဆံုးစြန္ထိ ရင္ဆိုင္သြားဖို႔ က်ေနာ္တို႔ ျပင္ဆင္ထားပါတယ္ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်နဲ့ ဆက်သွယ်မေးမြန်းချက်

NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဒီကနေ့ ဖွဲ့စည်းခဲ့ပါတယ်။ အရေးပေါ်အစည်းအဝေး ကျင်းပပြီးတော့ ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ NLD ပါတီရဲ့ သံလျှင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ NLD လွှတ်တော် ကိုယ်စားလှယ် ၃၀၀ နီးပါး အွန်လိုင်းကနေ စည်းဝေးခဲ့တဲ့ အစည်းအဝေးမှာ ကိုလွင်ကိုလတ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဦးလွင်ကိုလတ်။ ။ အခုဆိုလို့ရှိရင် ဒီလွှတ်တော် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားဖို့အတွက် ဒီ ကိုယ်စားပြုကော်မတီကို ဖွဲ့တာပါ။ နောက်တခုက လွှတ်တော်အဖွဲ့အစည်းတွေကို ပြန်လည် မစတင်နိုင်ခင်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဒီကော်မတီကို ချိတ်ဆက်ဆောင်ရွက်လို့ ရအောင်လို့ ကျနော်တို့ ဒီကော်မတီကို လွှတ်တော် ကိုယ်စားလှယ် ၂၈၉ ယောက် ပါဝင်ပြီးတော့ ဖွဲ့စည်းထားတာပါ ခင်ဗျ။

ကိုရန်နိုင်။ ။ ဒီကော်မတီအနေနဲ့ရော ရှေ့ဆက်ပြီးတော့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။

ဦးလွင်ကိုလတ်။ ။ အဓိကကတော့ ကျနော်တို့ ဒီနေ့ထုတ်တဲ့ ကြေငြာချက်ရှိပါတယ်။ ဒီကြေငြာချက်ထဲမှာ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို ထည့်ပြီးတော့ ကြေငြာထားတာရှိပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ်မှာ ၁ အချက် ကျနော်တို့သည် ကော်မတီကို ဆွေးနွေးဆက်သွယ်ဖို့အတွက် တရားဝင်စာပို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်တခုက ကျနော်တို့ ၁/၂၀၂၁ အနေနဲ့ ကိုယ်စားလှယ်တွေ ထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဒီကော်မတီကို ဖွဲ့စည်းထားတာပါ ခင်ဗျ။

ကိုရန်နိုင်။ ။ တပ်မတော်က အခုလို အရေးပေါ်အခြေအနေ ကြေငြာပြီးတော့ အာဏာသိမ်းယူလိုက်တဲ့ အပေါ်မှာရော ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့ ဘာများ ပြောလိုပါသလဲ။

ဦးလွင်ကိုလတ်။ ။ အဓိကကတော့ဗျာ... သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို သူတို့ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်ပြီး ဖမ်းဆီးတာက အခြေခံဥပဒေနဲ့ လုံးဝမညီဘူး။ ကျနော်တို့က အခြေခံဥပဒေအရ လုပ်နေတဲ့ လုပ်ငန်းတွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ နံပတ် ၁ ကျနော်တို့ အဲဒါတွေကို ဆန့်ကျင်တယ်။ ပြီးတော့ လက်ရှိအခြေအနေအထိ သမ္မတကြီး ဦးဝင်းမြင့်ဦးဆောင်တဲ့ အစိုးရအဖွဲ့သာလျှင်လည်း တရားဝင်အစိုးရ ဖြစ်တယ်ဆိုတာကိုလည်း ကမ္ဘာကို သိစေချင်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကော်မတီက ဦးဆောင်ပြီးတော့ ကုလသမဂ္ဂကိုလည်း ကျနော်တို့ စာပို့သွားဖို့ အစီအစဉ်ရှိပါတယ် ခင်ဗျ။ ၁/၂၀၂၁ ကို စစ်အာဏာသိမ်းအစိုးရအနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့လိုတယ်။ ဒီလိုမှ အကောင်အထည်ဖော်ဆောင်ပေးမှုမရှိဘူးဆိုလို့ ရှိရင် ကျနော်တို့ ဒီကော်မတီကနေ ဦးဆောင်ပြီးတော့ လွှတ်တော်ခေါ်တဲ့အဆင့်တွေအထိ၊ အစိုးရ ဖွဲ့တဲ့အဆင့်တွေအထိ ကျနော်တို့ ဆောင်ရွက်သွားဖို့ ရည်မှန်းပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ် ဒီကော်မတီကတော့။

ကိုရန်နိုင်။ ။ အခု ပြည်သူတွေကတော့ အတော်လေးကို ဒီ Civil Disobedience Movement လှုပ်ရှားမှုကို လုပ်လာတာ တွေ့ရပါတယ်။ အဲဒီအပေါ်မှာရော ဘာများပြောလိုပါသလဲ။

ဦးလွင်ကိုလတ်။ ။ အခု လူထုလှုပ်ရှားနေတဲ့ Civil Disobedience Movement ကို ကျနော့် ပုဂ္ဂိုလ်တယောက်အနေနဲ့ ပြောရမယ်ဆိုရင် အလွန်ဂုဏ်ယူစရာကောင်းပါတယ်။ စစ်အာဏာရှင် အစိုးရမှ မဟုတ်ဘူး၊ ဒီစစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ နေထိုင်သင့်တဲ့လူတွေမဟုတ်ဘူးဆိုတာကို လူ့ဂုဏ်သိက္ခာနဲ့အညီ သတ္တိရှိရှိနဲ့ ဝန်ထမ်းတွေရော၊ ရှိသမျှ အဖွဲ့အစည်းတွေ အားလုံးက အခုလို ဖော်ထုတ်နေတဲ့အပေါ်မှာ ကျနော်တို့ အင်မတန် လေးစားတန်ဖိုးထားရပါတယ်။ ၁၉၈၈ ထပ်တောင် ပိုပြီးတော့ ပညာရည်မြင့်လာတယ်၊ အသိဉာဏ်ပိုမြင့်လာတဲ့ လူ့အသိုင်းအဝိုင်းတခုဟာ ဘယ်လိုမှ စစ်အုပ်ချုပ်မှုအောက်မှာ မနေသင့်တော့ဘူးဆိုတာကို ပြလိုက်တယ်။ ကျနော်တို့ အခု ဖွဲ့စည်းထားတဲ့ လွှတ်တော် ကိုယ်စားပြုကော်မတီကလည်းပဲ ဒီ CDC ကို ကျနော်တို့ အများကြီး ပြောမပြတတ်အောင်ကို လေးစား တန်ဖိုးထားတယ်လို့ ကျနော်တို့ ပြောချင်ပါတယ် ခင်ဗျ။

ကိုရန်နိုင်။ ။ နောက်တခုက လူတွေက လမ်းပေါ်ထွက်လာကြတယ်၊ တချို့တွေလည်း Civil Disobedience နဲ့ အိမ်ထဲမှာ သံပုံးတီးတာတို့၊ ဘာတို့ အကုန်လုပ်လာကြတယ်။ ဒီလို အချိန်မှာ ဒီ NLD ဘက်က လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့လိုက်တာက လုံလောက်မှုရှိတယ်လို့ မြင်လား။

ဦးလွင်ကိုလတ်။ ။ ကျနော်တို့ လုံလောက်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ဒီ လွှတ်တော်ဘက်ကနေပြီးတော့ ကျနော်တို့ လုပ်စရာရှိတဲ့ဟာတွေကို သေသေချာချာနဲ့ တကယ့်ကို လုပ်ဆောင်ဖို့အတွက် ဒီကော်မတီကို ဖွဲ့တာပါ။ ဒါကြောင့်မို့လို့ ကျနော်တို့က လုပ်ရမယ့် နည်းလမ်းတွေကိုလည်း ဒီအချိန်မှာ တချို့ဟာတွေလည်း ချိတ်ဆတ်ဆောင်ရွက်ထားပြီးသား တချို့ရှိခဲ့ပြီ ဖြစ်ပါတယ်ဗျ။

ကိုရန်နိုင်။ ။ ဒီ NLD အနေနဲ့ရောအခုကိစ္စမှာ ဘယ်လိုမျိုး ဆက်လုပ်သွားဖို့ ရှိပါသလဲ။ နိုင်ငံရေးအရ ဘယ်လိုဦးဆောင်မှုပေးသွားဖို့ ရှိပါသလဲ။

ဦးလွင်ကိုလတ်။ ။ ကျနော်တို့အခု ဒီနေ့ဖွဲ့စည်းလိုက်တဲ့ကော်မတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှုနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က လုပ်ငန်းတခု လုပ်တဲ့အခါမှာ ကျနော်တို့မှာ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်တွေ ရှိပါတယ်။ ဒီတောင်းဆိုချက်တွေကို ဆက်ပြီးအကောင်အထည်ဖော်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဒီသံတမာန်နည်းလမ်းအရသော်လည်းကောင်း၊ တခြားလွှတ်တော်ခေါ်ယူရေးလုပ်ငန်းစဉ်အရသော်လည်းကောင်း၊ လိုအပ်ရင် ကျနော်တို့ အစိုးရဖွဲ့တဲ့အထိ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်သွားဖို့ ရှိနေပါတယ် ခင်ဗျ။

ကိုရန်နိုင်။ ။ အခု တချို့လူတွေလည်း လမ်းပေါ်ကိုထွက်ပြီး ဆန္ဒပြတာတွေ ရှိလာပါတယ်။ ကျောင်းတွေမှာ ကျောင်းသားတွေ ဆန္ဒပြတာတွေ၊ ဘာတွေ ရှိလာပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း လမ်းပေါ်မထွက်ကြဖို့ဆိုပြီးပြောနေတဲ့ဟာမျိုးတွေလည်း ရှိနေတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ရော ကိုယ်စားပြုကော်မတီနဲ့ ဘာများပြောချင်ပါသလဲ။

ဦးလွင်ကိုလတ်။ ။ ကျနော်တို့က Disobedience လှုပ်ရှားမှုတွေက ကမ္ဘာမှာ အများကြီးဖြစ်ခဲ့ပြီးပါပြီ။ အရေးကြီးတာက ပြည်သူလူထုရဲ့ ဆန္ဒဖော်ထုတ်တဲ့ လုပ်ငန်းစဉ်တွေက အကြမ်းဖက်နည်းနဲ့ သူများကို ထိခိုက်မှုမရှိဘူးဆိုလို့ရှိရင် ဘယ်လို ဖော်ထုတ်မှုမျိုးမဆို ပြဿနာ မရှိပါဘူး။ သို့သော် ကျနော်တို့ လူထုက လုပ်တဲ့လုပ်ငန်းတွေမှာ ၁ အချက် ကျနော်တို့ လူထုအချင်းချင်း တယောက်ကို တယောက် ထိခိုက်မှုမရှိစေရဘူးဆိုတာလေးကိုပဲ၊ အကြမ်းဖက်မှု မရှိစေရဘူး။ ဒါဆိုလို့ရှိရင် လူထုရဲ့ ဆန္ဒဖော်ထုတ်မှု ပုံသဏ္ဍအားလုံးသည် Civil Disobedience ပုံသဏ္ဍထဲမှာ ရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်။

ကိုရန်နိုင်။ ။ ဒီလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ လူထုကို တရားဝင် ဘာများပြောလိုပါသလဲ။

ဦးလွင်ကိုလတ်။ ။ လွှတ်တော်ကိုယ်စားပြုကော်မတီက ကျနော်တို့ လွှတ်တော်လုပ်ငန်းစဉ်တွေ ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့အတွက် ပြည်သူလူထုနဲ့အတူတူ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ရမယ့် လုပ်ငန်းတာဝန်တွေကို မလစ်ဟင်းဘဲ ကျနော်တို့ အတူတူဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

ကိုရန်နိုင်။ ။ နောက်တခုက နိုင်ငံတကာအသိုင်းအဝိုင်းပေါ့.... ကုလသမဂ္ဂရှိမယ်၊ အမေရိကန်ရှိမယ်၊ ဥရောပသမဂ္ဂရှိမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကိုရော ဘာပြောချင်သလဲ။

ဦးလွင်ကိုလတ်။ ။ အဓိကကတော့ ဒီလို ၂၀၂၀ တခုနှစ်လိုအခြေအနေမျိုး IT ထွန်းကားနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတနိုင်ငံက စစ်အာဏာသိမ်းတယ်ဆိုတာမျိုးဟာ ကျနော်တို့ တနိုင်ငံတခုအတွက်တွင်မဟုတ်ဘူး။ ယဉ်ကျေးတဲ့ ကမ္ဘာ့လူှု့အသိုင်းအဝိုင်းတခုအတွက်ပါ ဒါဟာ လုံးဝလက်ခံနိုင်စရာရှိတဲ့ ကိစ္စမျိုးမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကမ္ဘာမှာရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေအားလုံးက ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီအာဏာသိမ်းမှု မအောင်မြင်ဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို အကောင်အထည် ဖော်ပေးနိုင်ဖို့အတွက် အမြန်ဆုံးပူးပေါင်းပြီး ဆောင်ရွက်သင့်တယ်လို့ ကျနော်အကြံပေးချင်ပါတယ်ဗျာ။

ကိုရန်နိုင်။ ။ ကိုလွင်ကိုလတ်တို့က ဒီလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့တယ်၊ ဒါပေမဲ့ ၁၉ ၉၀ တုန်းကလည်း ဒီလို လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တယ် CRPP ဖွဲ့တယ်။ အဲ့ဒီတုန်းကလည်း ဒီလွှတ်တော်ကိုယ်စားပြုကော်မတီကို နဝတ၊ နအဖ အစိုးရ နှိပ်ကွတ်ခဲ့တယ်၊ နှိမ်နင်းခဲ့တယ်။ အခုအချိန်မှာရော ဒီအာဏာပိုင်တွေဘက်က ဖိနှိပ်တာတွေ၊ နှိမ်နင်းတာတွေ လုပ်လာမယ်ဆိုရင် လွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့ ဒါကို ဘယ်လို ပြင်ဆင်ထားလဲ။

ဦးလွင်ကိုလတ်။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ဖြစ်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပြီးမှ ဒီလွှတ်တော် ကိုယ်စားပြု ကော်မတီကို ကျနော်တို့ ဖွဲ့တာပါ။ သို့သော်လည်းပဲ ကျနော်မှာ အတတ်နိုင်ဆုံးနည်းနဲ့ လုပ်ဖြစ်အောင်လို့ ကျနော်တို့ ကြိုးစားပါမယ်။ ဘာမှ မဖြစ်ဘဲ အထိခိုက်မခံရအောင်လို့တော့ ကျနော်တို့ ပြင်ဆင်ထားတာတွေရှိပါတယ်။

ကိုရန်နိုင်။ ။ တကယ်လို့ ဖြစ်လာခဲ့ရင်လည်း အဆုံးစွန်ထိ ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားတယ်ပေါ့။

ဦးလွင်ကိုလတ်။ ။ ဟုတ်ကဲ့။ အဆုံးစွန်ထိ ရင်ဆိုင်သွားဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG