သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံပံုးတီးလႈပ္ရွားမႈမွာပါသူတခ်ဳိ႕ ဖမ္းဆီး ေထာင္ခ်ခံရ


စစ္အာဏာသိမ္းမႈကို ကန္႔ကြက္တဲ့အေနနဲ႔ သံပံုးတီးၾကတဲ့သူမ်ားကို ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုမွာ ေတြ႔ရ၊ (ေဖေဖာ္ဝါရီ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ကုိ ကန္႔ကြက္တဲ့အေနနဲ႔ သံပံုးတီးၾကတဲ့ လႈပ္ရွားမႈမွာ ပါ၀င္သူ အမ်ားအျပား ဖမ္းဆီးခံေနရပါတယ္။ အိမ္ျပင္မထြက္ဘဲ ကန္႔ကြက္ဆႏၵျပသူေတြကုိ အာဏာပုိင္ေတြ ဖမ္းဆီးအေရးယူတဲ့ လုပ္ရပ္အေပၚ ဥပေဒပညာရွင္ တခ်ဳိ႕ကလည္း ေမးခြန္းထုတ္ေနၾကပါတယ္။ အျပည့္အစုံကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ အဂၢႏြန္က ေျပာျပပါမယ္။

တပ္မေတာ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ဆန္႔က်င္ေၾကာင္း ျပသတဲ့အေနနဲ႔ ညဘက္ေရာက္ရင္ ကုိယ့္အိမ္မွာ သံပံုးတီးတဲ့ လႈပ္ရွားမႈေတြ ဆက္တုိက္ဆုိသလုိ ေတြ႔လာရၿပီးေနာက္ အာဏာပုိင္ေတြက အေရးယူခဲ့တဲ့သူ ၃၀ ေလာက္အထိ ရွိေနၿပီလုိ႔လည္း ၿမိဳ႕ခံေတြက ေျပာပါတယ္။ မႏၱေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာလည္း သံပံုးတီးလို႔ မေန႔ညက ဖမ္းဆီးခံခဲ့ရသူ ၂၃ ေယာက္ကုိ ပုဒ္မ ၄၇ အရ ၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ တစ္ပတ္ အျပစ္ေပးခံခဲ့ရတယ္လုိ႔လည္း ဖမ္းဆီးခံရသူတဦးရဲ႕ မိသားစု၀င္ ေဒၚၾကဴၾကဴသင္းက ေျပာပါတယ္။

“စစ္ေတာ့ စစ္ၿပီးၿပီ၊ က်သြားၿပီ။ တစ္ပတ္တဲ့ ၄၇ လို႔ ေျပာပါတယ္။ တစ္ရပ္ကြက္လံုး မဟုတ္ဘူး။ က်မ ေယာက်ာ္းက ဆိုင္မွာ ကြမ္းယာေရာင္းတာ ဆိုေတာ့ ကြမ္းယာေစ်းမွာ ထိုင္ၿပီးေတာ့ ေရာင္းတာက်ေတာ့ ဒီလမ္းေပၚဆိုင္ေရွ႕ေပါ့၊ လမ္းေပၚေတာ့ မေရာက္ပါဘူး။ ဆိုင္ေရွ႕နားေလးမွာ ခံုးေလးနဲ႔ ထိုင္တီးေနတာ... ေခၚသြားတာ။ ရပ္ကြက္ေပါင္းစံု ၂၃ ေယာက္။ တီးတာေတာ့ တီးရမွာပဲ၊ အျပင္မထြက္ဘဲနဲ႔ အိမ္ကေန တီးမွာေပါ့။”

ရန္ကုန္တိုင္း သယၤန္းကၽြန္းၿမိဳ႕နယ္ ငမိုးရိပ္ရပ္ကြက္မွာလည္း မေန႔ညက သံပံုးတီးတဲ့ လူငယ္တစ္ေယာက္ ဖမ္းဆီးခံခဲ့ရေပမဲ့ ေနာက္ပုိင္းမွာေတာ့ ျပန္လႊတ္ေပးခဲ့ပါတယ္။ ပဲခူးတိုင္း ေရႊေတာင္ၿမိဳ႕နယ္မွာလည္း သံပုံးတီးတဲ့ လူတစ္ေေယာက္ကို ရဲတပ္ဖြဲ႔က ဖမ္းဆီးၿပီး ပုဒ္မ ၄၇ နဲ႔ အေရးယူထားေၾကာင္း ဖမ္းဆီးခံရသူရဲ႕ မိတ္ေဆြျဖစ္သူ ကိုေအာင္ႏွင္းမိုးက ေျပာပါတယ္။

“သံပံုးတီးလို႔ရယ္လို႔ သူတို႔ေခါင္းစဥ္မတတ္သြားဘူး။ သူတို႔ေခၚသြားတာ ခဏဆိုၿပီး ေခၚသြားတယ္။ ၿပီးေတာ့မွ ရဲစခန္းေရာက္တယ္။ အာမခံနဲ႔ ျပန္ထုတ္ေပးလိုက္တယ္။ ညတြင္းခ်င္းပဲေပါ့။ မနက္က်ေတာ့ သူတို႔က ၁၁ နာရီဆိုၿပီး ခ်ိန္းတယ္။ ေန႔လယ္ ၁၁ နာရီ။ သံပံုးတီးလို႔ ဖမ္းတယ္ဆိုရင္ က်ေနာ္တို႔ တစ္ၿမိဳ႕လံုး အဖမ္းခံမွာ။ က်ေနာ္တို႔ ညတြင္းခ်င္းလိုက္သြားတယ္။ တကယ္တန္း သူ႔ကို သံပံုးတီးလို႔ ဖမ္းတာလား။ သံပံုးတီးလို႔ ဖမ္းတယ္ဆိုရင္ က်ေနာ္တို႔ပါ အဖမ္းခံမယ္။ အဲ့ဒီလိုလည္း မဟုတ္ဘူး။ သူတို႔က သံပံုးတီးလို႔ မဖမ္းဘဲနဲ႔ ၄၇ နဲ႔ မနက္က်မွ က်ေနာ္တို႔ သိရတယ္။ မနက္က်မွ ၄၇ နဲ႔ တရား႐ုံးတင္တာ။”

ရဲအက္ဥပေဒပုဒ္မ ၄၇ အရ ပတ္၀န္းက်င္မွာ သြားလာသူေတြ အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္တာ၊ အႏၱရာယ္ျဖစ္ေအာင္လုပ္တာ၊ စိတ္ၿငိဳျငင္ေအာင္ လုပ္တာမ်ဳိးကုိ ျပစ္မႈအျဖစ္ အေရးယူႏုိင္ၿပီး ျပစ္မႈေျမာက္တယ္ဆုိရင္ေတာ့ ေငြဒဏ္ကေန အျမင့္ဆုံး ေထာင္ဒဏ္ ၈ ရက္အထိ က်ခံရႏုိင္ပါတယ္။ ဥပေဒပညာရွင္၊ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကေတာ့ သံပုံးတီးလႈပ္ရွားသူေတြကုိ အေရးယူအျပစ္ေပးေနတာဟာ ဥပေဒနဲ႔ ညီရဲ႕လားဆုိၿပီး ေမးခြန္းထုတ္ပါတယ္။

“သံပံုးတီးတဲ့ ကိစၥ ဒန္အိုးတီးတဲ့ ကိစၥက သံပံုး၊ ဒန္အိုး၊ ဥပေဒလည္းမရွိဘူး။ က်ေနာ္တုိ႔လည္း ဒါကို စဥ္းစားရခက္တယ္ေနာ္။ အဲ့ဒါ က်ေနာ္တို႔က သူတို႔ဘယ္ဥပေဒနဲ႔ အေရးယူလည္းဆိုတာကို ထုတ္ျပန္သလဲ။ ဥပမာ သံပံုးမတီးရဘူးဆိုၿပီးေတာ့... အခြင့္အာဏာအရ ျပည္သူ႔ဝန္ထမ္းက အမိန္႔ထုတ္စဥ္ထားရင္ေတာ့ တစ္မ်ဳိး။ ရာဇာသတ္ႀကီးမွာေတာ့ သံပံုးတီးတို႔ ဒန္အိုး၊ ဒန္ခြက္တီးတဲ့အတြက္ ဘယ္လိုအေရးယူေဆာင္ရြက္ရမလဲဆိုတာကို ျပ႒ာန္းခ်က္ကိုေတာ့ မေတြ႕ရေသးပါဘူးဗ်ေနာ္။ အဲ့ဒါေၾကာင့္မို႔လို႔ အခုလုပ္ေနတာေတြဟာ ဥပေဒနဲ႔ မညီညႊတ္ပါဘူး။ ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံေတာ္အတုိင္ပင္ခံ၊ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ အေပၚမွာ ဖြင့္လွစ္တဲ့ အမႈေတြသည္.... ဥပေဒနဲ႔မညီညႊတ္ျဖစ္ေနတဲ့ အခ်ိန္မွာ အခုလို သံပံုးတီးတာ၊ ဒန္အိုးတီးတာစသည္တို႔ကို အေရးယူေနရွိသည္လည္းပဲ ဥပေဒနဲ႔ ညီညႊတ္တယ္လို႔ မဆိုႏုိင္ပါဘူးဗ်ာ။ ဒီသံပံုးတီးတာကို လိုက္ၿပီးေတာ့ လုပ္ေနမယ္ဆိုရင္ အက်ယ္က်ယ္မျငင္းဖြယ္ ရဲနဲ႔ ျပည္သူက အခ်င္းမ်ားမွာကို စိုးရိမ္ေနတယ္။”

လႊတ္ေတာ္သစ္ က်င္းပမယ့္ေန႔မွာပဲ အစုိးရထိပ္တန္းေခါင္းေဆာင္ေတြကုိ ဖမ္းဆီးၿပီး အာဏာသိမ္းလုိက္တာေၾကာင့္ ညစဥ္ သံပံုးတီး ကန္႔ကြက္တာအျပင္၊ အစုိးရ၀န္ထမ္းေတြ အလုပ္မဆင္းဘဲ ဆႏၵျပဖုိ႔၊ ဖဲႀကိဳးနီလႈပ္ရွားမႈေတြမွာ ပါ၀င္ဖုိ႔အျပင္ လမ္းေပၚထြက္ လႈပ္ရွားမႈေတြလည္း ထြက္ေပၚေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သံပုံးတီးလှုပ်ရှားမှုမှာပါသူတချို့ ဖမ်းဆီး ထောင်ချခံရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ သံပုံးတီးကြတဲ့ လှုပ်ရှားမှုမှာ ပါဝင်သူ အများအပြား ဖမ်းဆီးခံနေရပါတယ်။ အိမ်ပြင်မထွက်ဘဲ ကန့်ကွက်ဆန္ဒပြသူတွေကို အာဏာပိုင်တွေ ဖမ်းဆီးအရေးယူတဲ့ လုပ်ရပ်အပေါ် ဥပဒေပညာရှင် တချို့ကလည်း မေးခွန်းထုတ်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် အဂ္ဂနွန်က ပြောပြပါမယ်။

တပ်မတော်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ညဘက်ရောက်ရင် ကိုယ့်အိမ်မှာ သံပုံးတီးတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို တွေ့လာရပြီးနောက် အာဏာပိုင်တွေက အရေးယူခဲ့တဲ့သူ ၃၀ လောက်အထိ ရှိနေပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာလည်း သံပုံးတီးလို့ မနေ့ညက ဖမ်းဆီးခံခဲ့ရသူ ၂၃ ယောက်ကို ပုဒ်မ ၄၇ အရ မြို့နယ်တရားရုံးက ထောင်ဒဏ် တစ်ပတ် အပြစ်ပေးခံခဲ့ရတယ်လို့လည်း ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုဝင် ဒေါ်ကြူကြူသင်းက ပြောပါတယ်။

“စစ်တော့ စစ်ပြီးပြီ၊ ကျသွားပြီ။ တစ်ပတ်တဲ့ ၄၇ လို့ ပြောပါတယ်။ တစ်ရပ်ကွက်လုံး မဟုတ်ဘူး။ ကျမ ယောကျာ်းက ဆိုင်မှာ ကွမ်းယာရောင်းတာ ဆိုတော့ ကွမ်းယာဈေးမှာ ထိုင်ပြီးတော့ ရောင်းတာကျတော့ ဒီလမ်းပေါ်ဆိုင်ရှေ့ပေါ့၊ လမ်းပေါ်တော့ မရောက်ပါဘူး။ ဆိုင်ရှေ့နားလေးမှာ ခုံးလေးနဲ့ ထိုင်တီးနေတာ... ခေါ်သွားတာ။ ရပ်ကွက်ပေါင်းစုံ ၂၃ ယောက်။ တီးတာတော့ တီးရမှာပဲ၊ အပြင်မထွက်ဘဲနဲ့ အိမ်ကနေ တီးမှာပေါ့။”

ရန်ကုန်တိုင်း သင်္ယန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်မှာလည်း မနေ့ညက သံပုံးတီးတဲ့ လူငယ်တစ်ယောက် ဖမ်းဆီးခံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပဲခူးတိုင်း ရွှေတောင်မြို့နယ်မှာလည်း သံပုံးတီးတဲ့ လူတစ်ေယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၄၇ နဲ့ အရေးယူထားကြောင်း ဖမ်းဆီးခံရသူရဲ့ မိတ်ဆွေဖြစ်သူ ကိုအောင်နှင်းမိုးက ပြောပါတယ်။

“သံပုံးတီးလို့ရယ်လို့ သူတို့ခေါင်းစဉ်မတတ်သွားဘူး။ သူတို့ခေါ်သွားတာ ခဏဆိုပြီး ခေါ်သွားတယ်။ ပြီးတော့မှ ရဲစခန်းရောက်တယ်။ အာမခံနဲ့ ပြန်ထုတ်ပေးလိုက်တယ်။ ညတွင်းချင်းပဲပေါ့။ မနက်ကျတော့ သူတို့က ၁၁ နာရီဆိုပြီး ချိန်းတယ်။ နေ့လယ် ၁၁ နာရီ။ သံပုံးတီးလို့ ဖမ်းတယ်ဆိုရင် ကျနော်တို့ တစ်မြို့လုံး အဖမ်းခံမှာ။ ကျနော်တို့ ညတွင်းချင်းလိုက်သွားတယ်။ တကယ်တန်း သူ့ကို သံပုံးတီးလို့ ဖမ်းတာလား။ သံပုံးတီးလို့ ဖမ်းတယ်ဆိုရင် ကျနော်တို့ပါ အဖမ်းခံမယ်။ အဲ့ဒီလိုလည်း မဟုတ်ဘူး။ သူတို့က သံပုံးတီးလို့ မဖမ်းဘဲနဲ့ ၄၇ နဲ့ မနက်ကျမှ ကျနော်တို့ သိရတယ်။ မနက်ကျမှ ၄၇ နဲ့ တရားရုံးတင်တာ။”

ရဲအက်ဥပဒေပုဒ်မ ၄၇ အရ ပတ်ဝန်းကျင်မှာ သွားလာသူတွေ အနှောင့်အယှက်ဖြစ်အောင်လုပ်တာ၊ အန္တရာယ်ဖြစ်အောင်လုပ်တာ၊ စိတ်ငြိုငြင်အောင် လုပ်တာမျိုးကို ပြစ်မှုအဖြစ် အရေးယူနိုင်ပြီး ပြစ်မှုမြောက်တယ်ဆိုရင်တော့ ငွေဒဏ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၈ ရက်အထိ ကျခံရနိုင်ပါတယ်။ ဥပဒေပညာရှင်၊ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ သံပုံးတီးလှုပ်ရှားသူတွေကို အရေးယူအပြစ်ပေးနေတာဟာ ဥပဒေနဲ့ ညီရဲ့လားဆိုပြီး မေးခွန်းထုတ်ပါတယ်။

“သံပုံးတီးတဲ့ ကိစ္စ ဒန်အိုးတီးတဲ့ ကိစ္စက သံပုံး၊ ဒန်အိုး၊ ဥပဒေလည်းမရှိဘူး။ ကျနော်တို့လည်း ဒါကို စဉ်းစားရခက်တယ်နော်။ အဲ့ဒါ ကျနော်တို့က သူတို့ဘယ်ဥပဒေနဲ့ အရေးယူလည်းဆိုတာကို ထုတ်ပြန်သလဲ။ ဥပမာ သံပုံးမတီးရဘူးဆိုပြီးတော့... အခွင့်အာဏာအရ ပြည်သူ့ဝန်ထမ်းက အမိန့်ထုတ်စဉ်ထားရင်တော့ တစ်မျိုး။ ရာဇာသတ်ကြီးမှာတော့ သံပုံးတီးတို့ ဒန်အိုးဒန်ခွက်တီးတဲ့အတွက် ဘယ်လိုအရေးယူဆောင်ရွက်ရမလဲဆိုတာကို ပြဋ္ဌာန်းချက်ကိုတော့ မတွေ့ရသေးပါဘူးဗျနော်။ အဲ့ဒါကြောင့်မို့လို့ အခုလုပ်နေတာတွေဟာ ဥပဒေနဲ့ မညီညွှတ်ပါဘူး။ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီးတို့ အပေါ်မှာ ဖွင့်လှစ်တဲ့ အမှုတွေသည်.... ဥပဒေနဲ့မညီညွှတ်ဖြစ်နေတဲ့ အချိန်မှာ အခုလို သံပုံးတီးတာ၊ ဒန်အိုးတီးတာစသည်တို့ကို အရေးယူနေရှိသည်လည်းပဲ ဥပဒေနဲ့ ညီညွှတ်တယ်လို့ မဆိုနိုင်ပါဘူးဗျာ။ ဒီသံပုံးတီးတာကို လိုက်ပြီးတော့ လုပ်နေမယ်ဆိုရင် အကျယ်ကျယ်မငြင်းဖွယ် ရဲနဲ့ ပြည်သူက အချင်းများမှာကို စိုးရိမ်နေတယ်။”

လွှတ်တော်သစ် ကျင်းပမယ့်နေ့မှာပဲ အစိုးရထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်တာကြောင့် ညစဉ် သံပုံးတီး ကန့်ကွက်တာအပြင်၊ အစိုးရဝန်ထမ်းတွေ အလုပ်မဆင်းဘဲ ဆန္ဒပြဖို့၊ ဖဲကြိုးနီလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့အပြင် လမ်းပေါ်ထွက် လှုပ်ရှားမှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG