သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲတွေ ပြည်ပနိုင်ငံတွေမှာလည်း ဆက်လုပ်နေကြ


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စစ်အာဏာဆန့်ကျင်မှု ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၀၅၊ ၂၀၂၁)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စစ်အာဏာဆန့်ကျင်မှု ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၀၅၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေမှာ ဒီကနေ့ ဆန္ဒပြပွဲတွေနဲ့တောင်းဆိုခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူ ရာဂဏန်း ပါဝင်ဆန္ဒပြပါတယ်။ မြန်မာနိုင်ငံတွင်းက ပြည်သူတွေနဲ့ တသားထဲ ရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ အင်ဒိုနီးရှား သံရုံးရှေ့မှာလုပ်တဲ့ ဆန္ဒပြပွဲမှာလည်း သံပုံးတီးတာ၊ ငှက်တွေ လွှတ်တာ အပါအဝင် စစ်အာဏာသိမ်းမှု ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာလည်း တောင်ကိုရီးယား တက္ကသိုလ်ကျောင်းသူ ကျောင်သားတွေက မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသတဲ့ ဆိုင်းပုဒ်တွေကိုင်ဆောင်ပြီး မြန်မာသံရုံးရှိရာကို ချီတက် ဆန္ဒပြကြပါတယ်။ X အမှတ်အသားတွေပါတဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြပြီး ဒါဟာ မြန်မာပြည်သူတွေ ရေငုံ နှုတ်ပိတ်နေအောင် စစ်တပ်က အာဏာသိမ်း ခြိမ်းခြောက်နေတာကို ဖော်ပြတာဖြစ်တယ်လို့ ကိုရီးယား တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေက ပြောပါတယ်။ စစ်တပ်ရဲ့လုပ်ရပ်အပေါ် တကမ္ဘာလုံးက နှုတ်ဆိတ်နေမှာ မဟုတ်သလို မြန်မာပြည်သူတွေကိုယ်စား တောင်ကိုရီးယားလူငယ်တွေက ထုတ်ဖော်ဆန္ဒပြသသွားကြမှာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

[Unicode Version]





ဆက်စပ်သတင်းများ ...

XS
SM
MD
LG