(Zawgyi/Unicode)
ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင့္ အပါအ၀င္ ဖမ္းဆီးထားတဲ့သူေတြကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ အေမရိကန္ႏုိင္ငံ Las Vegas ၿမိဳ႕မွာေနထုိင္တဲ့ ျပည္ပေရာက္ ျမန္မာလူမ်ိဳးေတြက ေတာင္းဆုိလိုက္ၾကပါတယ္။ ဒါ့အျပင္ ျမန္မာဒီမုိကေရစီေရး နဲ႔ စစ္ေခါင္းေဆာင္ေတြကို ဖိအားေပးႏုိင္ဖို႔အတြက္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ အပါအ၀င္ အေမရိကန္အစိုးရအဖဲြ႔ နဲ႔ လႊတ္ေတာ္အမတ္ေတြကိုလည္း တုိက္တြန္းသြားမယ္လို႔ ေျပာလိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္နုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။
စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္ၿပီး ဒီမုိကေရစီေရးေထာက္ခံတဲ့ ဆႏၵျပလႈပ္ရွားမႈတရပ္ကို အေမရိကန္ျပည္ေထာင္စု Las Vegas ၿမိဳ႕လယ္မွာ ၾကာသပေတးေန႔က ျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီဆႏၵျပပဲြအတြင္း ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ၊ သမၼတဦး၀င္းျမင့္ နဲ႔ ဖမ္းဆီးထားတဲ့သူေတြကို ျပန္လႊတ္ေပးဖို႔ အဓိက ေတာင္းဆုိခဲ့ၾကတယ္လို႔ Las Vegas ၿမိဳ႕မွာ ေနထုိင္တဲ့ ကိုေက်ာက္စိမ္းက ဗီြအိုေအကို အခုလို ေျပာပါတယ္။
“ဟုတ္ကဲ့ခင္ဗ်။ က်ေနာ္တို ့ Las Vegas မွာ ေနထိုင္တဲ့သူေတြက စုျပီးေတာ့ က်ေနာ္တို ့ ဒီအလံေတြကိုင္ျပီး ေဒၚေအာင္ဆန္းစုၾကည္နဲ ့ သမၼတၾကီးဦး၀င္းျမင့္လြတ္ေျမာေရးအတြက္ကို ဆႏၵျပေနတာေပါ့။ သူတို ့ကိုဖမ္းဆီးထားတာကို လက္မခံတဲ့အတြက္ေၾကာင့္ပါ။ အဓိကကေတာ့ က်ေနာ္တို ့က ဒီစစ္အာဏာရွင္စနစ္ကို မေက်နပ္တာရယ္၊ ေနာက္ျပီး ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးထားတာကို မေက်နပ္ပါဘူး။”
ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ဖမ္းဆီးထားတဲ့သူေတြကို အျမန္ဆုံးျပန္လြတ္ေျမာက္လာေရးအတြက္ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ဖိအားေပးဖို႔ အေမရိကန္အစိုးရ နဲ႔ လႊတ္ေတာ္အမတ္ေတြကို ေတာင္းဆုိသြားမယ္လို႔လည္း ဆႏၵျပပဲြမွာ ဦးေဆာင္ပါ၀င္သူတဦးျဖစ္တဲ့ မေစာစႏၵာ၀င္းက ေျပာလိုက္ပါတယ္။
“လက္တေလာ ျမန္မာ့အေရးနဲ ့စစ္ေခါင္းေဆာင္မ်ားအား ထိေရာက္စြာ ဖိအားေပး အေရးယူေဆာင္ရြက္ရန္အတြက္ အေမရိကန္အထက္လႊတ္ေတာ္၊ ေအာက္လႊတ္ေတာ္၊ အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္နွင့္အစိုးရအဖြဲ ့အား လက္မွတ္ေရးထိုးေတာင္းဆိုသြားမည္ျဖစ္သည္။”
ဒါ့အျပင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ၊ စစ္မွန္ေသာ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး နဲ႔ ဒီမုိကေရစီႏုိင္ငံေတာ္သစ္ေပၚထြန္းေရးအတြက္လည္း ႏုိင္ငံတကာမွာရွိတဲ့ ဒီမုိေရစီအင္အားစုေတြနဲ႔ အတူပူးတဲြေဆာင္ရြက္သြားမယ္လို႔လည္း သူကေျပာပါတယ္။
Nevada ျပည္နယ္ Las Vegas မွာလုပ္တဲ့ ဒီဆႏၵျပပဲြကိုေတာ့ အဲဒီၿမိဳ႕မွာ ေနထုိင္တဲ့ ျမန္မာႏုိင္ငံသား ၄၀ ေက်ာ္ေလာက္ ပါ၀င္ခဲ့ၾကၿပီး၊ ေဒၚေအာင္ဆန္းစုၾကည္ ဓါတ္ပုံေတြ၊ ပိုစတာေတြ ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကၿပီး အေမရိကန္ႏုိင္ငံသားတခ်ိဳ႕လည္း ၀န္းရံအားေပးခဲ့ၾကတယ္လို႔ ကိုေက်ာက္စိမ္းက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္းကလည္း စစ္တပ္က အရပ္သားအစိုးရဆီကေန အာဏာသိမ္းတာကို ဆန္႔က်င္တဲ့အေနနဲ႔ နယူးေယာက္ နဲ႔ ၀ါရွင္တန္ဒီစီ ၊ ေလာ့စ္အိန္ဂ်လိစ္ စတဲ့ၿမိဳ႕ေတြက ျမန္မာစစ္သံ႐ုံးေတြနဲ႔ ေကာင္စစ္၀န္႐ုံးေတြ၊ Atlanta ၊ Indianapolis ၊ Fort Wayne စတဲ့ ၿမိဳ႕ေတြက အေမရိကန္ အစိုးရနဲ႔ လႊတ္ေတာ္ အေဆာက္အဦးေတြ တည္ရွိရာမွာလည္း ျပည္ပေရာက္ ျမန္မာႏြယ္ဖြားေတြက ကန္႔ကြက္ဆႏၵျပခဲ့ၾကပါတယ္။
..........................................................
အမေရိကန်ပြည်ထောင်စု Las Vegas ရောက်မြန်မာတွေရဲ့ စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲ
(Unicode)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားတဲ့သူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံ Las Vegas မြို့မှာနေထိုင်တဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေက တောင်းဆိုလိုက်ကြပါတယ်။ ဒါ့အပြင် မြန်မာဒီမိုကရေစီရေး နဲ့ စစ်ခေါင်းဆောင်တွေကို ဖိအားပေးနိုင်ဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် အမေရိကန်အစိုးရအဖွဲ့ နဲ့ လွှတ်တော်အမတ်တွေကိုလည်း တိုက်တွန်းသွားမယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးထောက်ခံတဲ့ ဆန္ဒပြလှုပ်ရှားမှုတရပ်ကို အမေရိကန်ပြည်ထောင်စု Las Vegas မြို့လယ်မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့် နဲ့ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အဓိက တောင်းဆိုခဲ့ကြတယ်လို့ Las Vegas မြို့မှာ နေထိုင်တဲ့ ကိုကျောက်စိမ်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ Las Vegas မှာ နေထိုင်တဲ့သူတွေက စုပြီးတော့ ကျနော်တို့ ဒီအလံတွေကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်လွတ်မြောရေးအတွက်ကို ဆန္ဒပြနေတာပေါ့။ သူတို့ကိုဖမ်းဆီးထားတာကို လက်မခံတဲ့အတွက်ကြောင့်ပါ။ အဓိကကတော့ ကျနော်တို့က ဒီစစ်အာဏာရှင်စနစ်ကို မကျေနပ်တာရယ်၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာကို မကျေနပ်ပါဘူး။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံးပြန်လွတ်မြောက်လာရေးအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ အမေရိကန်အစိုးရ နဲ့ လွှတ်တော်အမတ်တွေကို တောင်းဆိုသွားမယ်လို့လည်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ မစောစန္ဒာဝင်းက ပြောလိုက်ပါတယ်။
“လက်တလော မြန်မာ့အရေးနဲ့စစ်ခေါင်းဆောင်များအား ထိရောက်စွာ ဖိအားပေး အရေးယူဆောင်ရွက်ရန်အတွက် အမေရိကန်အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်နှင့်အစိုးရအဖွဲ့အား လက်မှတ်ရေးထိုးတောင်းဆိုသွားမည်ဖြစ်သည်။”
ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ထွန်းရေးအတွက်လည်း နိုင်ငံတကာမှာရှိတဲ့ ဒီမိုရေစီအင်အားစုတွေနဲ့ အတူပူးတွဲဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။
Nevada ပြည်နယ် Las Vegas မှာလုပ်တဲ့ ဒီဆန္ဒပြပွဲကိုတော့ အဲဒီမြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်လောက် ပါဝင်ခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံတွေ၊ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပြီး အမေရိကန်နိုင်ငံသားတချို့လည်း ဝန်းရံအားပေးခဲ့ကြတယ်လို့ ကိုကျောက်စိမ်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကလည်း စစ်တပ်က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ နယူးယောက် နဲ့ ဝါရှင်တန်ဒီစီ ၊ လော့စ်အိန်ဂျလိစ် စတဲ့မြို့တွေက မြန်မာစစ်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေ၊ Atlanta ၊ Indianapolis ၊ Fort Wayne စတဲ့ မြို့တွေက အမေရိကန် အစိုးရနဲ့ လွှတ်တော် အဆောက်အဦးတွေ တည်ရှိရာမှာလည်း ပြည်ပရောက် မြန်မာနွယ်ဖွားတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။