သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ေဖ့စ္ဘြတ္အသံုးျပဳသူေတြ အခက္ၾကံဳေန


ေဖ့စ္ဘြတ္သံုးေနသူ တဦးကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (ေဖေဖာ္ဝါရီ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ အမ်ားစု အသုံးျပဳေနၾကတဲ့ ေဖ့စ္ဘြတ္လူမႈကြန္ရက္ကုိ အာဏာပုိင္ေတြ ယာယီပိတ္လုိက္တာေၾကာင့္ ဆက္သြယ္မႈေတြ မျပတ္ေအာင္ အင္တာနက္သုံးသူေတြ ႀကိဳးပမ္းေနၾကရပါတယ္။ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ေတြကုိ ကန္႔ကြက္ဆႏၵျပတဲ့ လႈပ္ရွားမႈေတြ အင္တာနက္လူမႈကြန္ရက္ေတြမွာ ထြက္ေပၚလာေနခ်ိန္မွာပဲ ေဖ့စ္ဘြတ္ကုိ တပတ္ၾကာပိတ္ထားဖုိ႔ ညႊန္ၾကားလုိက္တာေၾကာင့္ သုံးစဲြသူေတြ အခက္ႀကံဳေနၾကရတဲ့ အေျခအေနကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မအဂၢႏြန္က တင္ျပေပးပါမယ္။

အဖ်က္အေမွာင့္ေတြနဲ႔ အမ်ားျပည္သူ အထင္အျမင္လဲြမွားေစမယ့္ ေသြးထုိးလႈံ႔ေဆာ္မႈေတြ၊ မမွန္သတင္း ေရးသားျဖန္႔ေ၀မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ဆုိၿပီး ေဖ့စ္ဘြတ္လူမႈကြန္ရက္ကို တပတ္ၾကာ ယာယီပိတ္ထားဖုိ႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက ညႊန္ၾကားလုိက္ၿပီးေနာက္ လူမႈကြန္ရက္သုံးသူေတြၾကား အခက္အခဲေတြ ႀကံဳေနၾကရတာပါ။ ျမန္မာႏုိင္ငံမွာ လူမ်ားစု အသုံးျပဳေနတဲ့ လူမႈကြန္ရက္ကုိ သုံးႏုိင္မယ့္ နည္းလမ္းသစ္ေတြကိုလည္း ရွာေဖြေနရတယ္လုိ႔ ရန္ကုန္ၿမိဳ႕က မျမင့္ျမင့္ဇင္က ေျပာပါတယ္။

“Facebook ကို မနက္တုန္းက ပိတ္လိုက္တာလို႔ ေျပာတယ္။ အဓိကအားျဖင့္ MPT ကို ပိတ္လိုက္တယ္၊ ပထမဦးဆံုး ပိတ္လိုက္တယ္ေပါ့ သူက။ အဲ့ဒါက်ေတာ့ နယ္ကလူေတြက သံုးလို႔မရေတာ့ဘူး၊ VPN ေက်ာ္တာလည္း မသိၾကဘူး၊ VPN ေက်ာ္ၿပီးေတာ့ ဒီ Facebook ကို သံုးလို႔ရတာဆိုတာလည္း မသိဘူးေလ၊ သတင္းေတြကလည္း ဘာမွကိုမသိရေတာ့ဘူး။”

တပ္မေတာ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ကုိ ကန္႔ကြက္တဲ့သေဘာထားေတြနဲ႔ ကန္႔ကြက္လႈပ္ရွားဖုိ႔ ေဆာ္ၾသေနၾကတဲ့ လႈပ္ရွားမႈေတြ လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနခ်ိန္မွာပဲ ေဖ့စ္ဘြတ္၊ instagram၊ Whatsapp စတဲ့ လူသုံးမ်ားတဲ့ အြန္လုိင္းဆက္သြယ္မႈေတြကုိ ပိတ္လုိက္တာပါ။ ျမန္မာႏုိင္ငံသားေတြၾကား သတင္းအခ်က္အလက္ရဖုိ႔ အားထားေနရတဲ့ အြန္လုိင္းဆက္သြယ္မႈေတြကုိ ပိတ္လုိက္တဲ့အေပၚမွာေတာ့ ရန္ကုန္ၿမိဳ႕ခံ တြယ္တာလိႈင္တုိ႔လုိ အမ်ားျပည္သူၾကား မေက်မနပ္ ျဖစ္နၾကပါတယ္။

“သူတို႔ လူ႔အခြင့္အေရးကို ေျပာင္ေျပာင္တင္းတင္းႀကီးကုိ ခ်ဳိးေဖာက္ေနတာကိုသိသာေနတယ္ေလ၊ Facebook ပိတ္တယ္ဆိုေတာ့ လံုးဝအကုန္လံုး ႏိုင္ငံသားေတြရဲ႕ မ်က္လံုးေတြ၊ နားေတြပိတ္လိုက္တာနဲ႔တူတူပဲ။ ဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕ ဆိုရွယ္မီဒီယာဆိုေတာ့ Facebook ေလာက္ပဲ သံုးၾကတယ္တာကို အမ်ားစုက ဒါေပမဲ့ အျခားဆိုရွယ္မီဒီယာျဖစ္တဲ့ Twitter တို႔၊ Instagram တို႔ အျခားႏိုင္ငံရဲ႕ VPN ခံရတဲ့ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေတြကေနၿပီးေတာ့ ရသေလာက္ေတာ့ လုပ္ရမွာပဲ။”

ႏွစ္ႏွစ္နီးပါး အင္တာနက္ဆက္သြယ္မႈေတြ ပိတ္ပင္ကန္႔သတ္ခံခဲ့ရၿပီးေနာက္ မေန႔တုန္းပဲ ျမန္ႏႈန္းျမင့္ 4G အင္တာနက္ အျပည့္အ၀ ျပန္ဖြင့္ေပးလုိက္တဲ့ ရခုိင္ျပည္နယ္မွာလည္း လူမႈကြန္ရက္ေတြ ပိတ္လုိက္တာေၾကာင့္ အခက္အခဲေတြနဲ႔ တေက်ာ့ျပန္ ႀကံဳေနရပါတယ္။ အထူးသျဖင့္ ႏုိင္ငံေရး၊ အုပ္ခ်ဳပ္ေရး အေျပာင္းအလဲကာလမွာ သတင္းအခ်က္အလက္ေတြ ရရွိဖုိ႔ အေရးႀကီးတယ္လုိ႔လည္း ေဒသခံတဦးျဖစ္တဲ့ ဦးခိုင္ဆန္းေအာင္က ေျပာပါတယ္။

“က်ေနာ္တို႔ ဆက္သြယ္လို႔ေရးဆိုတာက အရမ္းအေရးႀကီးတာကို ၿပီးေတာ့ ဆက္သြယ္ေရးလမ္းေၾကာင္းကို ပိတ္ထားတယ္ဆိုတာ ဒီေခတ္ဒီအခ်ိန္မွာေတာ့ မျဖစ္သင့္ဘူး၊ ဒါဟာ က်ေနာ္တို႔ျပည္သူေတြ႕ရဲ႕ ဆံုး႐ႈံးမႈေတြပါပဲ။ အခုႏိုင္ငံေရးအေျပာင္းအလဲမွာဆိုရင္ ပိုၿပီးအေရးႀကီးတာေပါ့။ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္မွာ ဆက္သြယ္ေရး အဆင္မေျပဘူးဆိုလို႔ ရွိရင္ က်ေနာ္တို႔ျပည္သူေတြဟာ ဘာမွမသိရဘူး။ အဆင္မေျပဘူး။ တျခားတစ္ဘက္မွာ ၾကည့္လို႔ရွိရင္ စီးပြားေရး၊ ပညာေရးေတြ အကုန္လံုးက နစ္နာၾကတယ္။ ဒါဟာ က်ေနာ္တို႔ရဲ႕ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ တစ္ရပ္ပဲလို႔ က်ေနာ္အဲ့ဒီိလိုပဲ သံုးသပ္တယ္။”

ျမန္မာႏုိင္ငံက အင္တာနက္သုံးသူေတြ အားထားေနတဲ့ လူမႈကြန္ရက္ေတြကုိ ပိတ္လုိက္တာေၾကာင့္ နည္းလမ္းသစ္ေတြကုိလည္း ရွာေဖြေနၾကရတာပါ။ ဒီဂ်စ္တယ္လံုၿခံဳေရးသင္တန္းေပးေနတဲ့ ဦးေဇယ်ာမင္းကေတာ့ ေဖ့စ္ဘြတ္ အပါအ၀င္ လူမႈကြန္ရက္ ဆက္သြယ္မႈေတြကုိ ပိတ္ထားေပမဲ့ VPN လုိ႔ေခၚတဲ့ လုံၿခံဳတဲ့ အင္တာနက္ၾကားခံဆက္သြယ္တဲ့ စနစ္ကုိ သုံးမယ္ဆုိရင္ေတာ့ ျဖစ္ႏုိင္တယ္လုိ႔ ေျပာပါတယ္။ အခမဲ့ပါ ရႏုိင္တဲ့ VPN စနစ္သုံးရာမွာ အခက္အခဲတခ်ဳိ႕ေတာ့ ရွိႏုိင္တယ္လုိ႔လည္း ေျပာပါတယ္။

“လတ္တေလာမွာေတာ့ Facebook ကိုပဲ သံုးမယ္ဆုိလုိ႔ရွိရင္ေတာ့ ရွိေနတဲ့ VPN ေတြကို တစ္ခုခုၿပီး တစ္ခုသံုးမယ္။ အဲ့ဒီ VPN သံုးလို႔ရွိရင္လည္း ျပႆနာတစ္ခုႀကံဳမွာက အင္တာလိုင္းက်သြားလိမ့္မယ္။ ရွိတဲ့ဟာကို တဆင့္ခံၿပီး IP ကိုတျခားတဆင့္ခံၿပီး လုပ္ရတယ္ျဖစ္တဲ့အတြက္ လိုင္းေတြ ဘာေတြနည္းသြားတယ္။ ဒါမွမဟုတ္ (VPN) ဝယ္သံုးမယ္ဆိုတာ ရွိရင္ေတာ့ ေငြသံုးရတဲ့ အေကာင့္မ်ဳိးေတြ တစ္ႏွစ္ပတ္လံုး အဲ့ဒီလိုမ်ဳိးေတြ ဝယ္သံုးလို႔ရတယ္။ ဒါမွမဟုတ္ဘူးဆုိလို႔ရွိရင္ေတာ့ ဒီထက္သံုးႏိုင္ဖို႔ အေနအထား မ်ားမယ္ဆိုလုိ႔ ရွိရင္ေတာ့ facebook တင္ မဟုတ္ဘဲနဲ႔ တျခားပလက္ေဖာင္းေတြလည္း သံုးသင့္တယ္လို႔ထင္တယ္။ သတင္းအခ်က္အလက္ေတြ ေပးမယ့္သူေတြက တျခားခုဏေျပာတဲ့ YouYube channel ရိွမယ္။ အခုလို Twitter အေပၚမွာ အမ်ားႀကီးေရာက္လာၾကတယ္။ အရင္ကလို facebook တစ္ခုထဲ သတင္းဖတ္တာ မဟုတ္ဘဲနဲ႔ ခုဏေျပာတဲ့ Twitter ေပၚမွာ ဖတ္မယ္။ ဒါမွမဟုတ္ YouTube ကေန ႐ုပ္သံေတြရယူမယ္။ VPN ကေတာ့ အရမ္းမိုက္တယ္။”

ျမန္မာႏိုင္ငံမွာ လူဦးေရရဲ႕ ၄၀ ရာခုိင္ႏႈန္းေက်ာ္ရွိတဲ့ သန္း ၂၀ ေက်ာ္ေလာက္ဟာ Facebook လူမႈကြန္ရက္ကုိ အသုံးျပဳေနၾကတယ္လုိ႔လည္း အြန္လုိင္းသုေတသန လုပ္ငန္းေတြက ခန္႔မွန္းထားပါတယ္။ ျမန္မာႏုိင္ငံမွာ တပ္မေတာ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္အေပၚ တုံ႔ျပန္တဲ့ အေနနဲ႔ Facebook ကုမၸဏီကေတာ့ စစ္တပ္ပုိင္ ျမ၀တီ႐ုပ္ျမင္သံၾကားရဲ႕ စာမ်က္ႏွာကုိလည္း ဒီတပတ္ထဲမွာပဲ ဖယ္ရွားခဲ့ပါတယ္။

မြန်မာ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အခက်ကြုံနေ
please wait

No media source currently available

0:00 0:04:28 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အခက်ကြုံနေ

မြန်မာနိုင်ငံမှာ အများစု အသုံးပြုနေကြတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို အာဏာပိုင်တွေ ယာယီပိတ်လိုက်တာကြောင့် ဆက်သွယ်မှုတွေ မပြတ်အောင် အင်တာနက်သုံးသူတွေ ကြိုးပမ်းနေကြရပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်တွေကို ကန့်ကွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ အင်တာနက်လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာနေချိန်မှာပဲ ဖေ့စ်ဘွတ်ကို တပတ်ကြာပိတ်ထားဖို့ ညွှန်ကြားလိုက်တာကြောင့် သုံးစွဲသူတွေ အခက်ကြုံနေကြရတဲ့ အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က တင်ပြပေးပါမယ်။

အဖျက်အမှောင့်တွေနဲ့ အများပြည်သူ အထင်အမြင်လွဲမှားစေမယ့် သွေးထိုးလှုံ့ဆော်မှုတွေ၊ မမှန်သတင်း ရေးသားဖြန့်ဝေမှုတွေကို ထိန်းချုပ်ဖို့ဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို တပတ်ကြာ ယာယီပိတ်ထားဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပြီးနောက် လူမှုကွန်ရက်သုံးသူတွေကြား အခက်အခဲတွေ ကြုံနေကြရတာပါ။ မြန်မာနိုင်ငံမှာ လူများစု အသုံးပြုနေတဲ့ လူမှုကွန်ရက်ကို သုံးနိုင်မယ့် နည်းလမ်းသစ်တွေကိုလည်း ရှာဖွေနေရတယ်လို့ ရန်ကုန်မြို့က မမြင့်မြင့်ဇင်က ပြောပါတယ်။

“Facebook ကို မနက်တုန်းက ပိတ်လိုက်တာလို့ ပြောတယ်။ အဓိကအားဖြင့် MPT ကို ပိတ်လိုက်တယ်၊ ပထမဦးဆုံး ပိတ်လိုက်တယ်ပေါ့ သူက။ အဲ့ဒါကျတော့ နယ်ကလူတွေက သုံးလို့မရတော့ဘူး၊ VPN ကျော်တာလည်း မသိကြဘူး၊ VPN ကျော်ပြီးတော့ ဒီ Facebook ကို သုံးလို့ရတာဆိုတာလည်း မသိဘူးလေ၊ သတင်းတွေကလည်း ဘာမှကိုမသိရတော့ဘူး။”

တပ်မတော်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့သဘောထားတွေနဲ့ ကန့်ကွက်လှုပ်ရှားဖို့ ဆော်သြနေကြတဲ့ လှုပ်ရှားမှုတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေချိန်မှာပဲ ဖေ့စ်ဘွတ်၊ instagram၊ Whatsapp စတဲ့ လူသုံးများတဲ့ အွန်လိုင်းဆက်သွယ်မှုတွေကို ပိတ်လိုက်တာပါ။ မြန်မာနိုင်ငံသားတွေကြား သတင်းအချက်အလက်ရဖို့ အားထားနေရတဲ့ အွန်လိုင်းဆက်သွယ်မှုတွေကို ပိတ်လိုက်တဲ့အပေါ်မှာတော့ ရန်ကုန်မြို့ခံ တွယ်တာလှိုင်တို့လို အများပြည်သူကြား မကျေမနပ် ဖြစ်နကြပါတယ်။

“သူတို့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကြီးကို ချိုးဖောက်နေတာကိုသိသာနေတယ်လေ၊ Facebook ပိတ်တယ်ဆိုတော့ လုံးဝအကုန်လုံး နိုင်ငံသားတွေရဲ့ မျက်လုံးတွေ၊ နားတွေပိတ်လိုက်တာနဲ့တူတူပဲ။ ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဆိုရှယ်မီဒီယာဆိုတော့ Facebook လောက်ပဲ သုံးကြတယ်တာကို အများစုက ဒါပေမဲ့ အခြားဆိုရှယ်မီဒီယာဖြစ်တဲ့ Twitter တို့၊ Instagram တို့ အခြားနိုင်ငံရဲ့ VPN ခံရတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေပြီးတော့ ရသလောက်တော့ လုပ်ရမှာပဲ။”

နှစ်နှစ်နီးပါး အင်တာနက်ဆက်သွယ်မှုတွေ ပိတ်ပင်ကန့်သတ်ခံခဲ့ရပြီးနောက် မနေ့တုန်းပဲ မြန်နှုန်းမြင့် 4G အင်တာနက် အပြည့်အ၀ ပြန်ဖွင့်ပေးလိုက်တဲ့ ရခိုင်ပြည်နယ်မှာလည်း လူမှုကွန်ရက်တွေ ပိတ်လိုက်တာကြောင့် အခက်အခဲတွေနဲ့ တကျော့ပြန် ကြုံနေရပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲကာလမှာ သတင်းအချက်အလက်တွေ ရရှိဖို့ အရေးကြီးတယ်လို့လည်း ဒေသခံတဦးဖြစ်တဲ့ ဦးခိုင်ဆန်းအောင်က ပြောပါတယ်။

“ကျနော်တို့ ဆက်သွယ်လို့ရေးဆိုတာက အရမ်းအရေးကြီးတာကို ပြီးတော့ ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ထားတယ်ဆိုတာ ဒီခေတ်ဒီအချိန်မှာတော့ မဖြစ်သင့်ဘူး၊ ဒါဟာ ကျနော်တို့ပြည်သူတွေ့ရဲ့ ဆုံးရှုံးမှုတွေပါပဲ။ အခုနိုင်ငံရေးအပြောင်းအလဲမှာဆိုရင် ပိုပြီးအရေးကြီးတာပေါ့။ နိုင်ငံရေးအပြောင်းအလဲဖြစ်မှာ ဆက်သွယ်ရေး အဆင်မပြေဘူးဆိုလို့ ရှိရင် ကျနော်တို့ပြည်သူတွေဟာ ဘာမှမသိရဘူး။ အဆင်မပြေဘူး။ တခြားတစ်ဘက်မှာ ကြည့်လို့ရှိရင် စီးပွားရေး၊ ပညာရေးတွေ အကုန်လုံးက နစ်နာကြတယ်။ ဒါဟာ ကျနော်တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ရပ်ပဲလို့ ကျနော်အဲ့ဒီလိုပဲ သုံးသပ်တယ်။”

မြန်မာနိုင်ငံက အင်တာနက်သုံးသူတွေ အားထားနေတဲ့ လူမှုကွန်ရက်တွေကို ပိတ်လိုက်တာကြောင့် နည်းလမ်းသစ်တွေကိုလည်း ရှာဖွေနေကြရတာပါ။ ဒီဂျစ်တယ်လုံခြုံရေးသင်တန်းပေးနေတဲ့ ဦးဇေယျာမင်းကတော့ ဖေ့စ်ဘွတ် အပါအဝင် လူမှုကွန်ရက် ဆက်သွယ်မှုတွေကို ပိတ်ထားပေမဲ့ VPN လို့ခေါ်တဲ့ လုံခြုံတဲ့ အင်တာနက်ကြားခံဆက်သွယ်တဲ့ စနစ်ကို သုံးမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အခမဲ့ပါ ရနိုင်တဲ့ VPN စနစ်သုံးရာမှာ အခက်အခဲတချို့တော့ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

“လတ်တလောမှာတော့ Facebook ကိုပဲ သုံးမယ်ဆိုလို့ရှိရင်တော့ ရှိနေတဲ့ VPN တွေကို တစ်ခုခုပြီး တစ်ခုသုံးမယ်။ အဲ့ဒီ VPN သုံးလို့ရှိရင်လည်း ပြဿနာတစ်ခုကြုံမှာက အင်တာလိုင်းကျသွားလိမ့်မယ်။ ရှိတဲ့ဟာကို တဆင့်ခံပြီး IP ကိုတခြားတဆင့်ခံပြီး လုပ်ရတယ်ဖြစ်တဲ့အတွက် လိုင်းတွေ ဘာတွေနည်းသွားတယ်။ ဒါမှမဟုတ် (VPN) ဝယ်သုံးမယ်ဆိုတာ ရှိရင်တော့ ငွေသုံးရတဲ့ အကောင့်မျိုးတွေ တစ်နှစ်ပတ်လုံး အဲ့ဒီလိုမျိုးတွေ ဝယ်သုံးလို့ရတယ်။ ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ ဒီထက်သုံးနိုင်ဖို့ အနေအထား များမယ်ဆိုလို့ ရှိရင်တော့ facebook တင် မဟုတ်ဘဲနဲ့ တခြားပလက်ဖောင်းတွေလည်း သုံးသင့်တယ်လို့ထင်တယ်။ သတင်းအချက်အလက်တွေ ပေးမယ့်သူတွေက တခြားခုဏပြောတဲ့ YouYube channel ရှိမယ်။ အခုလို Twitter အပေါ်မှာ အများကြီးရောက်လာကြတယ်။ အရင်ကလို facebook တစ်ခုထဲ သတင်းဖတ်တာ မဟုတ်ဘဲနဲ့ ခုဏပြောတဲ့ Twitter ပေါ်မှာ ဖတ်မယ်။ ဒါမှမဟုတ် YouTube ကနေ ရုပ်သံတွေရယူမယ်။ VPN ကတော့ အရမ်းမိုက်တယ်။”

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ရှိတဲ့ သန်း ၂၀ ကျော်လောက်ဟာ Facebook လူမှုကွန်ရက်ကို အသုံးပြုနေကြတယ်လို့လည်း အွန်လိုင်းသုတေသန လုပ်ငန်းတွေက ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် တုံ့ပြန်တဲ့ အနေနဲ့ Facebook ကုမ္ပဏီကတော့ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားရဲ့ စာမျက်နှာကိုလည်း ဒီတပတ်ထဲမှာပဲ ဖယ်ရှားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG