သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တနသၤာရီတိုင္း အစိုးရအဖြဲ႔ထဲက အဖမ္းခံထားရသူတခ်ဳိ႕ သတင္းအစအနေပ်ာက္ေန


လံုျခံဳေရးယူေနတဲ့ စစ္သားမ်ားကို ေနျပည္ေတာ္ရွိ လမ္းတခုမွာ ေတြ႔ရ။ (ေဖေဖာ္ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ေဖေဖၚဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းခ်ိန္မွာ ထိန္းသိမ္းထားတဲ့ ဝန္ႀကီးခ်ဳပ္ေတြ၊ ဝန္ႀကီးေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပန္လႊတ္ေပးေနေပမဲ့ တနသၤာရီတိုင္းေဒသႀကီးရဲ႕ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ေဒၚရီရီခ်ဳိကေတာ့ ျပန္မလြတ္ေသးတဲ့အျပင္ သူနဲ႔လည္း လံုးဝအဆက္အသြယ္မရတဲ့ အတြက္ မိသားစုဝင္ေတြက စိတ္ပူပင္ေသာက ေရာက္ေနၾကေၾကာင္း ဆက္ၿပီး ေျပာျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မခြာညိဳက ေျပာျပေပးပါမယ္။

စစ္တပ္က အာဏာသိမ္းခ်ိန္မွာ တျခား ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြမွာ အစိုးရအဖြဲ႔ဝင္ေတြကို ထိန္းသိမ္းခဲ့သလိုပဲ တနသၤာရီတုိင္းေဒသႀကီးႀကီး စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီး ေဒၚရီရီခ်ဳိကိုလည္း ေနအိမ္ကေန ေခၚေဆာင္သြားေၾကာင္း သားျဖစ္သူ ကိုေကာင္းထက္က အခုလို ေျပာျပပါတယ္။

“အာဏာသိမ္းတဲ့ေန႔ ေဖေဖၚဝါရီ ၁ ရက္ေန႔မွာပဲ မနက္ ၅ နာရီမွာ လာၿပီးေတာ့ ေခၚသြားတယ္။ လာေခၚမယ္ဆိုတာကေတာ့ မနက္ ၂ နာရီ၊ ၃ နာရီေလာက္ကတည္းက သတင္းရၿပီးေတာ့ အိမ္မွာ မီးေတြ ဖြင့္ထားလိုက္တယ္။ ေခြးေတြကိုလည္း ေလွာင္အိမ္ထဲ ထည့္ထားလုိက္တယ္။ လာမယ္ဆိုတာကေတာ့ ေသခ်ာေနၿပီေပါ့ေလ။ ငါးနာရီခြဲမွာေတာ့ အိမ္ေရွ႕မွာ ရဲကားေတြရပ္ၿပီးေတာ့ အိမ္ထဲဝင္လာၿပီးေတာ့ ေခၚသြားတယ္။”

ေနအိမ္ေတြကေန ေခၚေဆာင္သြားခံရသူ အစိုးရအဖြဲ႔ဝင္ အေတာ္မ်ားမ်ားကို အခုအခါမွာ ျပန္လႊတ္ေပးေနၿပီျဖစ္သလို တခ်ဳိ႕ ထိန္းသိမ္းထားဆဲ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေတြဟာ ဘယ္မွာရွိေနတယ္ဆိုတာမ်ဳိး သိေနၾကရေပမယ့္ ေဒၚရီရီခ်ဳိကိုေတာ့ ျပန္လႊတ္မေပးေသးတဲ့အျပင္ ဘယ္မွာ ရွိေနတယ္ဆိုတာကိုပါ မသိရဘဲျဖစ္ေနတာပါ။

ဒါေၾကာင့္ မိသားစုဝင္ေတြအေနနဲ႔ ေဒၚရီရီခ်ဳိ ဘယ္မွာရွိတယ္ဆိုတာနဲ႔ က်န္းမာေရးအေျခအေနကို သိလိုေနၾကပါတယ္။

“က်ေနာ္တို႔ ဘာမွမသိရေသးဘူးခင္ဗ်။ အစားအေသာက္အဆင္ေျပရဲ႕လား၊ အေနအထိုင္အဆင္ေျပရဲ႕လား၊ ေဆးဝါး အဆင္ေျပရဲ႕လား၊ လံုၿခံဳမႈ အဆင္ေျပရဲ႕လား အဲဒါေတြ ဘာဆိုဘာမွ မၾကားရေသးဘူး။

တနသၤာရီတုိင္းအတြင္းမွာ မိခင္ျဖစ္သူ ေဒၚရီရီခ်ဳိလိုပဲ ဘာသတင္းမွ မရဘဲ ထိန္းသိမ္းခံထားရသူ ေနာက္ထပ္ ၃ ဦးရွိေၾကာင္း ကိုေကာင္းထက္က အခုလို ဆက္ေျပာပါတယ္။

“အလားတူပဲ တျခားဝန္ႀကီးေတြလည္း မၾကားရေသးဘူးလို႔ က်ေနာ္ သိထားပါတယ္။ သူတို႔ေတြကေတာ့ တနသၤာရီတုိင္း လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူသားအရင္းအျမစ္ဝန္ႀကီး ဦးေက်ာ္မင္း လူမႈေရးဝန္ႀကီး ဦးဟိုပင္နဲ႔ တိုင္းလႊတ္ေတာ္ဥကၠ႒ ဦးခင္ေမာင္ေအး သူတို႔အေၾကာင္းေတြလည္း မၾကားရေသးဘူးလို႔ က်ေနာ္ သိထားပါတယ္။ က်ေနာ္ေျပာခ်င္တာကေတာ့ ဖမ္းဆီးထားခံရတဲ့ ႏုိင္ငံ့ေခါင္းေဆာင္ အေမစု၊ သမၼတဦးဝင္းျမင့္နဲ႔တကြ ျပည္သူေတြက တရားဝင္ မဲေပးေရြးခ်ယ္ထားတဲ့ အစိုးရအဖြဲ႔ဝင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တရားမဝင္ ဖမ္းဆီးထားျခင္းကေန အျမန္ဆံုးလႊတ္ေပးပါ။ ဖမ္းဆီးထားတဲ့သူေတြကိုလည္း ဘယ္ေရာက္ေနလဲ၊ အဆင္ေျပလားဆိုတာေလးေတာ့ သိခြင့္ေပးပါ။ က်ေနာ္တို႔ က်န္ခဲ့တဲ့ မိသားစုဝင္ေတြလည္း စိတ္ပူလြန္းလွပါၿပီ။”

ေဒၚရီရီခ်ဳိဟာ ၁၉၈၉ ခုႏွစ္၊ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ NLD စတင္ထူေထာင္စဥ္ကတည္းက အဖြဲ႔ဝင္ျဖစ္ခဲ့ၿပီး ၁၉၉၀ ျပည့္ႏွစ္ ျမန္မာႏုိင္ငံရဲ႕ ပထမဆံုးအခ်ိန္ ပါတီစံုဒီမိုကေရစီေရြးေကာက္ပြဲမွာ NLD ပါတီရဲ႕ စည္း႐ံုးေရးမွဴးအျဖစ္ တာဝန္ယူခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ကစလို႔ လက္ရွိအခ်ိန္အထိ တနသၤာရီတုိင္း ေဒသႀကီး စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးအျဖစ္ စတင္တာဝန္ယူလာခဲ့သူျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တနင်္သာရီတိုင်း အစိုးရအဖွဲ့ထဲက အဖမ်းခံထားရသူတချို့ သတင်းအစအနပျောက်နေ

ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းချိန်မှာ ထိန်းသိမ်းထားတဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လွှတ်ပေးနေပေမဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုကတော့ ပြန်မလွတ်သေးတဲ့အပြင် သူနဲ့လည်း လုံးဝအဆက်အသွယ်မရတဲ့ အတွက် မိသားစုဝင်တွေက စိတ်ပူပင်သောက ရောက်နေကြကြောင်း ဆက်ပြီး ပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မခွာညိုက ပြောပြပေးပါမယ်။

စစ်တပ်က အာဏာသိမ်းချိန်မှာ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အစိုးရအဖွဲ့ဝင်တွေကို ထိန်းသိမ်းခဲ့သလိုပဲ တနင်္သာရီတိုင်းဒေသကြီးကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုကိုလည်း နေအိမ်ကနေ ခေါ်ဆောင်သွားကြောင်း သားဖြစ်သူ ကိုကောင်းထက်က အခုလို ပြောပြပါတယ်။

“အာဏာသိမ်းတဲ့နေ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာပဲ မနက် ၅ နာရီမှာ လာပြီးတော့ ခေါ်သွားတယ်။ လာခေါ်မယ်ဆိုတာကတော့ မနက် ၂ နာရီ၊ ၃ နာရီလောက်ကတည်းက သတင်းရပြီးတော့ အိမ်မှာ မီးတွေ ဖွင့်ထားလိုက်တယ်။ ခွေးတွေကိုလည်း လှောင်အိမ်ထဲ ထည့်ထားလိုက်တယ်။ လာမယ်ဆိုတာကတော့ သေချာနေပြီပေါ့လေ။ ငါးနာရီခွဲမှာတော့ အိမ်ရှေ့မှာ ရဲကားတွေရပ်ပြီးတော့ အိမ်ထဲဝင်လာပြီးတော့ ခေါ်သွားတယ်။”

နေအိမ်တွေကနေ ခေါ်ဆောင်သွားခံရသူ အစိုးရအဖွဲ့ဝင် အတော်များများကို အခုအခါမှာ ပြန်လွှတ်ပေးနေပြီဖြစ်သလို တချို့ ထိန်းသိမ်းထားဆဲ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ဘယ်မှာရှိနေတယ်ဆိုတာမျိုး သိနေကြရပေမယ့် ဒေါ်ရီရီချိုကိုတော့ ပြန်လွှတ်မပေးသေးတဲ့အပြင် ဘယ်မှာ ရှိနေတယ်ဆိုတာကိုပါ မသိရဘဲဖြစ်နေတာပါ။

ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ ဒေါ်ရီရီချို ဘယ်မှာရှိတယ်ဆိုတာနဲ့ ကျန်းမာရေးအခြေအနေကို သိလိုနေကြပါတယ်။

“ကျနော်တို့ ဘာမှမသိရသေးဘူးခင်ဗျ။ အစားအသောက်အဆင်ပြေရဲ့လား၊ အနေအထိုင်အဆင်ပြေရဲ့လား၊ ဆေးဝါး အဆင်ပြေရဲ့လား၊ လုံခြုံမှု အဆင်ပြေရဲ့လား အဲဒါတွေ ဘာဆိုဘာမှ မကြားရသေးဘူး။

တနင်္သာရီတိုင်းအတွင်းမှာ မိခင်ဖြစ်သူ ဒေါ်ရီရီချိုလိုပဲ ဘာသတင်းမှ မရဘဲ ထိန်းသိမ်းခံထားရသူ နောက်ထပ် ၃ ဦးရှိကြောင်း ကိုကောင်းထက်က အခုလို ဆက်ပြောပါတယ်။

“အလားတူပဲ တခြားဝန်ကြီးတွေလည်း မကြားရသေးဘူးလို့ ကျနော် သိထားပါတယ်။ သူတို့တွေကတော့ တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူသားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း လူမှုရေးဝန်ကြီး ဦးဟိုပင်နဲ့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး သူတို့အကြောင်းတွေလည်း မကြားရသေးဘူးလို့ ကျနော် သိထားပါတယ်။ ကျနော်ပြောချင်တာကတော့ ဖမ်းဆီးထားခံရတဲ့ နိုင်ငံ့ခေါင်းဆောင် အမေစု၊ သမ္မတဦးဝင်းမြင့်နဲ့တကွ ပြည်သူတွေက တရားဝင် မဲပေးရွေးချယ်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားမဝင် ဖမ်းဆီးထားခြင်းကနေ အမြန်ဆုံးလွှတ်ပေးပါ။ ဖမ်းဆီးထားတဲ့သူတွေကိုလည်း ဘယ်ရောက်နေလဲ၊ အဆင်ပြေလားဆိုတာလေးတော့ သိခွင့်ပေးပါ။ ကျနော်တို့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေလည်း စိတ်ပူလွန်းလှပါပြီ။”

ဒေါ်ရီရီချိုဟာ ၁၉၈၉ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD စတင်ထူထောင်စဉ်ကတည်းက အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံရဲ့ ပထမဆုံးအချိန် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ NLD ပါတီရဲ့ စည်းရုံးရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် စတင်တာဝန်ယူလာခဲ့သူဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG