(Zawgyi/Unicode)
ထိုင္းႏိုင္ငံ ဘန္ေကာက္ ရဲတပ္ဖြဲ ့က ကိုဗစ္အေရးေပၚ ကာလ တည္ဆဲဥပေဒ အရ လူစုလူေ၀းနဲ ့ ဆႏၵျပ ေနတာကို အေရးယူမွာျဖစ္ေၾကာင္း ထုတ္ျပန္ထားတဲ့ ၾကားကပဲျမန္မာျပည္မွာ စစ္တပ္အာဏာသိမ္းတဲ့ ေလးရက္ေျမာက္ေန႔ အျဖစ္ ဆန္႔က်င္ကန္႔ကြက္မူ ဆက္လုပ္ခဲ့ပါတယ္ ။ ဒီသတင္းကို မေအးေအးမာက တင္ဆက္ေပးမွာပါ။
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ကန္႔ကြက္တဲ့ အေနနဲ႕ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ျမန္မာသံရံုးေရွ႕မွာ ၾကာသပေတးေန႔ ညပုိင္းမွာပဲရာဂဏန္းေလာက္ရွိတဲ့ျမန္မာအလုပ္သမားေတြနဲ႕ အတူ သမာဆတ္ တကၠသိုလ္က ထုိင္းေက်ာင္းသားေတြနဲ႕ ထုိင္းႏိုင္ငံေရးသမားေတြပါ စုေ၀းၿပီးဆႏၵျပေနၾကပါတယ္။
“တို႔အေရး တို႔အေရး
စစ္အာဏာရွင္ ဖ်က္သိမ္းေရး ….. တို႔အေရး တို႔အေရး
စစ္အာဏာရွင္ အလိုမရွိ …..အလိုမရွိ
မင္းေအာင္လိႈင္က်ဆံုးေရး …. တို႔အေရး တို႔အေရး
သမၼတနဲ႔ အေမစု လြတ္ေျမာက္ေရး ….. တို႔အေရး တို႔အေရး”
ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ သမၼတဦး၀င္းျမင့္ နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ျပန္လႊတ္ေပးဖို႔နဲ႔ စစ္အာဏာသိမ္းမူကုိ ကန္႔ကြက္ေၾကာင္း ေလးရက္ေျမာက္ေန႔အျဖစ္ ဆႏၵျပေနတာပါ။
ထိုင္းႏိုင္ငံ ဘန္ေကာက္ ရဲတပ္ဖြဲ ့က ထုိင္းေရာ ျမန္မာႏိုင္ငံသားေတြနဲ႔ လူစုလူေ၀းနဲ႔ ဆႏၵျပရင္ ကိုဗစ္ကပ္ေဘး ထိန္းခ်ဳပ္ေရး ဥပေဒအရ အေရးယူမွာျဖစ္ေၾကာင္း သတိေပးထားတဲ့ၾကားကပဲ ၾကာသပေတးေန႔ညမွာ ျမန္မာအလုပ္သမားေတြက စုေ၀းလာၾကၿပီး ဆႏၵျပခဲ့ၾကတာပါ။ ဒီဆႏၵျပပဲြကုိေတာ့ ရဲတပ္ဖဲြ ့၀င္ေတြ အလံုးအရင္းနဲ႔ ေစာင့္ၾကပ္ေနၿပီး မိနစ္ ၂၀ဆႏၵျပခြင့္ ေပးခဲ့ပါတယ္။
ဒီဆႏၵျပပဲြကို ထုိင္းႏိုင္ငံေရးသမားတဦးလည္းျဖစ္ ခြဲစိတ္ဆရာ၀န္ႀကီး လည္းျဖစ္တဲ့ ေဒါက္တာ ဖတ္စဖြန္ လည္း လာေရာက္ပူးေပါင္းခဲ့ၿပီးျမန္မာနိုင္ငံအတြင္းက စစ္အာဏာသိမ္းတာကို ဆန္႕က်င္တဲ့လႈပ္ရွားမႈေတြကို ေထာက္ ခံအားေပးတဲ့အေၾကာင္း သတင္းေထာက္ေတြကို ေျပာဆိုသြားပါတယ္။
အလာတူ ထိုင္းႏိုင္ငံခ်င္းမိုင္ၿမိဳ႕ ျမန္မာေကာင္စစ္၀န္ရံုးေရွ႕မွာလည္း ျမန္မာေက်ာင္းသားေတြနဲ႔ အလုပ္သမားေတြ စုေပါင္းၿပီး ၾကာသပေတးေန႔မွာဆႏၵျပခဲ့ပါတယ္။
...............
မြန်မာစစ်အာဏာသိမ်းမှု ဘန်ကောက်ဆန္ဒပြပွဲ ထိုင်းတွေ ပါဝင်ပူးပေါင်း
(Unicode)
ထိုင်းနိုင်ငံ ဘန်ကောက် ရဲတပ်ဖွဲ့က ကိုဗစ်အရေးပေါ် ကာလ တည်ဆဲဥပဒေ အရ လူစုလူဝေးနဲ့ ဆန္ဒပြ နေတာကို အရေးယူမှာဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့ ကြားကပဲမြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတဲ့ လေးရက်မြောက်နေ့ အဖြစ် ဆန့်ကျင်ကန့်ကွက်မူ ဆက်လုပ်ခဲ့ပါတယ် ။ ဒီသတင်းကို မအေးအေးမာက တင်ဆက်ပေးမှာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ကြာသပတေးနေ့ ညပိုင်းမှာပဲရာဂဏန်းလောက်ရှိတဲ့မြန်မာအလုပ်သမားတွေနဲ့ အတူ သမာဆတ် တက္ကသိုလ်က ထိုင်းကျောင်းသားတွေနဲ့ ထိုင်းနိုင်ငံရေးသမားတွေပါ စုဝေးပြီးဆန္ဒပြနေကြပါတယ်။
“တို့အရေး တို့အရေး
စစ်အာဏာရှင် ဖျက်သိမ်းရေး ….. တို့အရေး တို့အရေး
စစ်အာဏာရှင် အလိုမရှိ …..အလိုမရှိ
မင်းအောင်လှိုင်ကျဆုံးရေး …. တို့အရေး တို့အရေး
သမ္မတနဲ့ အမေစု လွတ်မြောက်ရေး ….. တို့အရေး တို့အရေး”
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာသိမ်းမူကို ကန့်ကွက်ကြောင်း လေးရက်မြောက်နေ့အဖြစ် ဆန္ဒပြနေတာပါ။
ထိုင်းနိုင်ငံ ဘန်ကောက် ရဲတပ်ဖွဲ့က ထိုင်းရော မြန်မာနိုင်ငံသားတွေနဲ့ လူစုလူဝေးနဲ့ ဆန္ဒပြရင် ကိုဗစ်ကပ်ဘေး ထိန်းချုပ်ရေး ဥပဒေအရ အရေးယူမှာဖြစ်ကြောင်း သတိပေးထားတဲ့ကြားကပဲ ကြာသပတေးနေ့ညမှာ မြန်မာအလုပ်သမားတွေက စုဝေးလာကြပြီး ဆန္ဒပြခဲ့ကြတာပါ။ ဒီဆန္ဒပြပွဲကိုတော့ ရဲတပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ စောင့်ကြပ်နေပြီး မိနစ် ၂၀ဆန္ဒပြခွင့် ပေးခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို ထိုင်းနိုင်ငံရေးသမားတဦးလည်းဖြစ် ခွဲစိတ်ဆရာဝန်ကြီး လည်းဖြစ်တဲ့ ဒေါက်တာ ဖတ်စဖွန် လည်း လာရောက်ပူးပေါင်းခဲ့ပြီးမြန်မာနိုင်ငံအတွင်းက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို ထောက် ခံအားပေးတဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။
အလာတူ ထိုင်းနိုင်ငံချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာလည်း မြန်မာကျောင်းသားတွေနဲ့ အလုပ်သမားတွေ စုပေါင်းပြီး ကြာသပတေးနေ့မှာဆန္ဒပြခဲ့ပါတယ်။