သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ လမ္းေပၚဆႏၵျပပြဲေတြ ထပ္ျဖစ္


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို မေက်နပ္တာေၾကာင့္ လမ္းေပၚထြက္ ကန႔္ကြက္ဆႏၵျပသူေတြ ရွိေနပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ဆုိရင္လည္း ဒီရက္ထဲမွာပဲ တက္ၾကြလႈပ္ရွားသူ လူငယ္တခ်ိဳ႕ ဆႏၵျပခဲ့ၾကတာပါ။ အျပည့္အစုံကိုေတာ့ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေမခက ေျပာျပေပးမွာပါ။

တပ္မေတာ္က အာဏာသိမ္းတာကို ဆန႔္က်င္ကန႔္ကြက္တဲ့အေနနဲ႔ ဒီကေန႔ ရန္ကုန္ၿမိဳ႕ ေနရာတခ်ိဳ႕မွာ တက္ႂကြလႈပ္ရွားသူေတြ၊ တကၠသိုလ္ေက်ာင္းသားေတြ စုေဝးဆႏၵျပခဲ့ ၾကပါတယ္။ ဒီေန႔အေစာပုိင္း ရန္ကုန္စီးပြားေရးတကၠသိုလ္ေရွ႕မွာ လူငယ္တခ်ဳိ႕ရဲ႕ လႈပ္ရွားမႈမွာေတာ့ စစ္တပ္က အာဏာသိမ္းတာကုိ ကန္႔ကြက္ေၾကာင္း၊ လက္နက္အားကုိးတဲ့ လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါ၀င္ၾကဖုိ႔ တုိက္တြန္းတဲ့ စာတမ္းေတြကုိ ကုိင္ေဆာင္ ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပပဲြမွာ ပါ၀င္ခဲ့တဲ့ လူငယ္တေယာက္ကေတာ့ စစ္တပ္ရဲ႕ လုပ္ရပ္ကုိ ၀ုိင္း၀န္းဆန္႔က်င္ၾကဖုိ႔လည္း တုိက္တြန္းခဲ့ပါတယ္။

"က်မတို႔က လုံးဝလက္မခံဘူး။ က်မတို႔ ေ႐ြးေကာက္တင္ေျမာက္ထားတဲ့ အစိုးရကိုပဲ လက္ခံပါတယ္ရွင့္။ ေနာက္ဝန္ထမ္းေတြ သူတို႔ရဲ႕ ယႏၲရားမွာ ပါဝင္မယ့္ဝန္ထမ္းေတြလည္း သတၱိရွိရွိ ကန႔္ကြက္ေစခ်င္ပါတယ္ရွင့္။ အားလုံးပူးေပါင္းပါဝင္ေစခ်င္ပါတယ္။ က်မတို႔ကႏွမ္းတေစ့ေပမဲ့ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း သူ႔ေနရာသူလုပ္ရမယ္ က်မတို႔ တိုင္းသူျပည္သားေတြကလည္း မေက်နပ္တာကို မေက်နပ္တဲ့အေၾကာင္း လက္မခံႏိုင္တာကိုလက္မခံႏိုင္တဲ့အေၾကာင္း ဆႏၵထုတ္ေဖာ္ဖို႔ လိုမယ္ထင္ပါတယ္။ က်မသာမန္ျပည္သူတေယာက္ပါ။"

ရန္ကုန္ၿမိဳ႕က ဒဂုံတကၠသိုလ္ေက်ာင္းဝင္းထဲမွာလည္း ေက်ာင္းသားသမဂၢ အဖဲြ႔၀င္ေတြ ဆရာ၊ ဆရာမေတြက ေက်ာင္း၀င္းအတြင္း လွည့္လည္ ဆႏၵျပခဲ့ၾကပါတယ္။ စစ္အာဏာသိမ္းတာကို လက္မခံေၾကာင္း၊ ဒီမိုကေရစီ အစိုးရကိုသာအလိုရွိေၾကာင္းနဲ႔ စစ္အာဏာရွင္ အလိုမရွိဆိုၿပီး ေၾကြးေၾကာ္ ဆႏၵျပခဲ့ၾကတဲ့ လႈပ္ရွားမႈကုိ အရွိန္ျမွင့္ေဆာင္ရြက္ဖုိ႔ ရည္ရြယ္ထားတယ္လုိ႔လည္း လႈပ္ရွားမႈမွာ ပါ၀င္သူတေယာက္က ေျပာပါတယ္။

"က်ေနာ္တို႔ ဆႏၵျပတယ္ဆိုတာက ပင္မရည္႐ြယ္ခ်က္က စစ္အာဏာရွင္ကို ဆန႔္က်င္ဖို႔ရည္႐ြယ္ခ်က္ပါပဲ။ က်ေနာ္တို႔က ဒါက ကနဦးလႈပ္ရွားမႈေတြေပါ့ေနာ္။ က်ေနာ္တို႔ေတြဘက္က ခုရန္ကုန္မွာေရာ၊ မႏၲေလးမွာေရာ ေက်ာင္းသားေတြဘက္က ပါဝင္လုပ္ေဆာင္လာတာျဖစ္ပါတယ္။ က်ေနာ္တို႔လုံၿခဳံေရးကေတာ့ဗ်ာ... ျပည္သူေတြ က်ေနာ္တို႔ဘက္မွာ ရွိေနသေ႐ြ႕လုံၿခဳံတယ္လို႔ပဲ သတ္မွတ္ပါတယ္။"

ဒီေန႔ ညေနပုိင္းမွာပဲ ရန္ကုန္မွာရွိတဲ့ ေရေၾကာင္းတကၠသိုလ္က ေက်ာင္းသားေတြလည္း စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ဆန႔္က်င္တဲ့ လႈပ္ရွားမႈမွာ ပါဝင္လာၾကပါတယ္။ မူလက ေက်ာင္းဝင္းထဲမွာ လွည့္လည္ဆႏၵျပဖို႔ စီစဥ္ထားေပမဲ့ ၀င္ခြင့္မရတာေၾကာင့္ ျပင္ပမွာပဲ ဆႏၵျပခဲ့ၾကတယ္လုိ႔လည္း လႈပ္ရွားမႈမွာ ဦးေဆာင္သူ တေယာက္က ေျပာပါတယ္။

"လူအင္အားကေတာ့ ခန႔္မွန္းေျခ ၂၀၀၊ ၃၀၀ ေလာက္ရွိပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ ေရေၾကာင္းေလာကကို ကိုယ္စားျပဳၿပီး က်ေနာ္တို႔ အာဏာသိမ္းမႈကို လက္မခံတဲ့အေၾကာင္း ေနာက္ၿပီး အခုလက္ရွိ ဆႏၵထုတ္ေဖာ္ေနတဲ့ ေဆးေက်ာင္းေတြနဲ႔၊ တျခားျခားေသာေက်ာင္းေတြနဲ႔ အတူတူရွိတယ္ဆိုတာကိုျပတာေပါ့ေနာ္။ ဘယ္ေလာက္အထိလဲဆိုေတာ့ က်ေနာ္တို႔ အာဏာရွင္စနစ္က်ဆုံးတဲ့အထိ လုပ္မွာပါ။"

စစ္တပ္က အာဏာသိမ္းတဲ့လုပ္ရပ္ကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြကုိ အာဏာပုိင္ေတြက တားဆီးဖုိ႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ နယ္ၿမိဳ႕ေတြအထိ ကန္႔ကြက္ဆႏၵျပပဲြေတြ ဆက္လက္ ျဖစ္ပြားေနတာပါ။ တနသၤာရီတုိင္း ထား၀ယ္မွာလည္း တကၠသုိလ္ေက်ာင္းသားေတြက ဆႏၵျပခဲ့ၾကတာပါ။ ရန္ကုန္ၿမိဳ႕ ေနရာတခ်ဳိ႕မွာလည္း စစ္တပ္အာဏာသိမ္းတာကုိ ဆန္႔က်င္ၿပီး ေရြးေကာက္ပဲြ အႏုိင္ရ NLD ပါတီကုိ ေထာက္ခံေၾကာင္း ျပသတဲ့ သေကၤတအျဖစ္ အနီေရာင္ မုိးပ်ံပူေဖာင္း လႊတ္တင္တာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ ထပ်ဖြစ်

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မကျေနပ်တာကြောင့် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြသူတွေ ရှိနေပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင်လည်း ဒီရက်ထဲမှာပဲ တက်ကြွလှုပ်ရှားသူ လူငယ်တချို့ ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပေးမှာပါ။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၁)
စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၁)

တပ်မတော်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ရန်ကုန်မြို့ နေရာတချို့မှာ တက်ကြွလှုပ်ရှားသူတွေ၊ တက္ကသိုလ်ကျောင်းသားတွေ စုဝေးဆန္ဒပြခဲ့ ကြပါတယ်။ ဒီနေ့အစောပိုင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှေ့မှာ လူငယ်တချို့ရဲ့ လှုပ်ရှားမှုမှာတော့ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း၊ လက်နက်အားကိုးတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်းနဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းတဲ့ စာတမ်းတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်တယောက်ကတော့ စစ်တပ်ရဲ့ လုပ်ရပ်ကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"ကျမတို့က လုံးဝလက်မခံဘူး။ ကျမတို့ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကိုပဲ လက်ခံပါတယ်ရှင့်။ နောက်ဝန်ထမ်းတွေ သူတို့ရဲ့ ယန္တရားမှာ ပါဝင်မယ့်ဝန်ထမ်းတွေလည်း သတ္တိရှိရှိ ကန့်ကွက်စေချင်ပါတယ်ရှင့်။ အားလုံးပူးပေါင်းပါဝင်စေချင်ပါတယ်။ ကျမတို့ကနှမ်းတစေ့ပေမဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သူ့နေရာသူလုပ်ရမယ် ကျမတို့ တိုင်းသူပြည်သားတွေကလည်း မကျေနပ်တာကို မကျေနပ်တဲ့အကြောင်း လက်မခံနိုင်တာကိုလက်မခံနိုင်တဲ့အကြောင်း ဆန္ဒထုတ်ဖော်ဖို့ လိုမယ်ထင်ပါတယ်။ ကျမသာမန်ပြည်သူတယောက်ပါ။"

ရန်ကုန်မြို့က ဒဂုံတက္ကသိုလ်ကျောင်းဝင်းထဲမှာလည်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဆရာ၊ ဆရာမတွေက ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းတာကို လက်မခံကြောင်း၊ ဒီမိုကရေစီ အစိုးရကိုသာအလိုရှိကြောင်းနဲ့ စစ်အာဏာရှင် အလိုမရှိဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြတဲ့ လှုပ်ရှားမှုကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း လှုပ်ရှားမှုမှာ ပါဝင်သူတယောက်က ပြောပါတယ်။

"ကျနော်တို့ ဆန္ဒပြတယ်ဆိုတာက ပင်မရည်ရွယ်ချက်က စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ရည်ရွယ်ချက်ပါပဲ။ ကျနော်တို့က ဒါက ကနဦးလှုပ်ရှားမှုတွေပေါ့နော်။ ကျနော်တို့တွေဘက်က ခုရန်ကုန်မှာရော၊ မန္တလေးမှာရော ကျောင်းသားတွေဘက်က ပါဝင်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ကျနော်တို့လုံခြုံရေးကတော့ဗျာ... ပြည်သူတွေ ကျနော်တို့ဘက်မှာ ရှိနေသရွေ့လုံခြုံတယ်လို့ပဲ သတ်မှတ်ပါတယ်။"

ဒီနေ့ ညနေပိုင်းမှာပဲ ရန်ကုန်မှာရှိတဲ့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေလည်း စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ မူလက ကျောင်းဝင်းထဲမှာ လှည့်လည်ဆန္ဒပြဖို့ စီစဉ်ထားပေမဲ့ ဝင်ခွင့်မရတာကြောင့် ပြင်ပမှာပဲ ဆန္ဒပြခဲ့ကြတယ်လို့လည်း လှုပ်ရှားမှုမှာ ဦးဆောင်သူ တယောက်က ပြောပါတယ်။

"လူအင်အားကတော့ ခန့်မှန်းခြေ ၂၀၀၊ ၃၀၀ လောက်ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ ရေကြောင်းလောကကို ကိုယ်စားပြုပြီး ကျနော်တို့ အာဏာသိမ်းမှုကို လက်မခံတဲ့အကြောင်း နောက်ပြီး အခုလက်ရှိ ဆန္ဒထုတ်ဖော်နေတဲ့ ဆေးကျောင်းတွေနဲ့၊ တခြားခြားသောကျောင်းတွေနဲ့ အတူတူရှိတယ်ဆိုတာကိုပြတာပေါ့နော်။ ဘယ်လောက်အထိလဲဆိုတော့ ကျနော်တို့ အာဏာရှင်စနစ်ကျဆုံးတဲ့အထိ လုပ်မှာပါ။"

စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက တားဆီးဖို့ ကြိုးပမ်းနေချိန်မှာပဲ နယ်မြို့တွေအထိ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ တနင်္သာရီတိုင်း ထားဝယ်မှာလည်း တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။ ရန်ကုန်မြို့ နေရာတချို့မှာလည်း စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို ထောက်ခံကြောင်း ပြသတဲ့ သင်္ကေတအဖြစ် အနီရောင် မိုးပျံပူဖောင်း လွှတ်တင်တာတွေလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG