သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေပၚ ဆန္႔က်င္လႈပ္ရွားမႈ အစိုးရဝန္ထမ္းအမ်ားအျပား ပါလာ


ေနျပည္ေတာ္ရွိ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ၾကီးဌာနက ဝန္ထမ္းမ်ားရဲ႕ စစ္တပ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြ ဆက္လက္ ထြက္ေပၚလာေနရာမွာ အစုိးရ၀န္ထမ္းေတြလည္း ပါ၀င္လာေနပါတယ္။ က်န္းမာေရး၀န္ထမ္းေတြက စတင္လုိက္တဲ့ လႈပ္ရွားမႈမွာ တျခားအစုိးရဌာနေတြ၊ လူမႈအဖဲြ႔အစည္းေတြလည္း ပူးေပါင္းပါ၀င္လာေနၾကတာပါ။ အျပည့္အစုံကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ကန႔္ကြက္တဲ့ အေနနဲ႔ ဝန္ႀကီးဌာနအလိုက္ အစိုးရဝန္ထမ္းေတြ ႐ုံးမတက္ဘဲ ဆႏၵျပတာ၊ ဖဲႀကိဳးနီဝတ္ဆင္တာစတဲ့ ဆႏၵျပ လႈပ္ရွားမႈေတြ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေပၚေပါက္လာေနပါတယ္။

ဒီကေန႔မွာပဲ ရန္ကုန္ပညာေရးတကၠသိုလ္က ဆရာေတြကလည္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္မႈကို လက္မခံေၾကာင္း ဖဲႀကိဳးနီ ဝတ္ဆင္ ဆႏၵျပခဲ့ၾကတဲ့အေၾကာင္း လႈပ္ရွားမႈမွာ ပါဝင္သူ ဆရာတေယာက္က ဗြီအုိေအကုိေျပာပါတယ္။

“ဒီ စစ္အုပ္ခ်ဳပ္ေရး၊ တရားမဝင္ စစ္အာဏာသိမ္းမႈ၊ တစ္နည္းအားျဖင့္ စစ္အာဏာသိမ္းမႈနဲ႔စာရင္ ႏိုင္ငံေတာ္ပုန္ကန္မႈလို႔ေတာင္ ေျပာလို႔ရတယ္။ ဒီဟာကို ဆန္႔က်င္တဲ့ အေနနဲ႔ ဒီ စစ္အုပ္ခ်ဳပ္ေရး ယႏၲရားမွာလည္း က်ေနာ္တို႔ ေခြးသြားစိတ္တစ္ခုအေနနဲ႔ က်ေနာ္တို႔ ဆရာ၊ ဆရာမေတြက အသုံးေတာ္ခံမွာ မဟုတ္ဘူးဆိုတာလည္း ဒီသေဘာထားကို ျပတာပါ။”

အရပ္သားအစုိးရရဲ႕ ထိပ္တန္းေခါင္းေဆာင္ေတြကုိ ဖမ္းဆီးၿပီး တပ္မေတာ္က အာဏာသိမ္းလုိက္တဲ့အေပၚ ဆန္႔က်င္ေၾကာင္း ျပသဖုိ႔ လႈပ္ရွားမႈေတြကုိ က်န္းမာေရး၀န္ထမ္းေတြက စတင္တုိက္တြန္းခဲ့ရာက ေဆး႐ုံေတာ္ေတာ္မ်ားမ်ားက ဆရာ၀န္ေတြ၊ က်န္းမာေရး ၀န္ထမ္းေတြလည္း ပူးေပါင္းပါ၀င္လာေနၾကပါတယ္။ ဖဲႀကိဳးနီ လႈပ္ရွားမႈမွာ ပါ၀င္လာတဲ့ ရန္ကုန္တိုင္း အလုပ္သမားေဆး႐ုံက ေဒါက္တာ တင္မင္းထြန္းကေတာ့ တျခားႏုိင္ငံ့၀န္ထမ္းေတြပါ ပူးေပါင္းၾကဖုိ႔လည္း တုိက္တြန္းထားပါတယ္။

ေနျပည္ေတာ္က ေဆးရံုတခုရွိ က်န္းမာေရး ဝန္ထမ္းမ်ားရဲ႕ စစ္တပ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၁)
ေနျပည္ေတာ္က ေဆးရံုတခုရွိ က်န္းမာေရး ဝန္ထမ္းမ်ားရဲ႕ စစ္တပ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၁)

“အလုပ္သမားေဆး႐ုံမွာ မေန႔က ဖဲႀကိဳးနီလႈပ္ရွားမႈ လုပ္တယ္။ အားလုံးစုစုေပါင္း ဝန္ထမ္းအင္အား ၅၀ ေလာက္ပါၾကတယ္။ ဆရာဝန္ႀကီးေတြေရာ၊ ဟိုးေအာက္ေျခကေန ဆရာဝန္ႀကီးေတြအထိေပါ့။ ေနာက္ၿပီး CDC Movement ကို ဒီေန႔စၾကတယ္။ စတဲ့ခါမွာ သူနာျပဳအငယ္ေတြေရာ လက္ေထာက္ဆရာဝန္ေတြေရာ အလုပ္မလာၾကေတာ့ဘူး။ က်ေနာတို႔ လူႀကီးေတြကေတာ့ ေဆး႐ုံကို ထိန္းထားေပးတဲ့ အေနနဲ႔ေလာက္ပဲ သြားၾကတယ္။ အားလုံးပါဝင္မွလည္း ဒီတိုက္ပြဲက ေအာင္ျမင္မယ္။ က်န္တဲ့ ဝန္ထမ္းအားလုံးလည္း ပါဝင္ဖို႔လိုမယ္ထင္ပါတယ္။”

အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ဆန္႔က်င္ေၾကာင္း ျပသဖုိ႔ တုိက္တြန္းမႈေတြနဲ႔အတူ တကၠသိုလ္၊ ေကာလိပ္ေတြက ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသားေက်ာင္းသူေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ အလုပ္သမားလူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ ျပည္သူအင္အားဝန္ႀကီးဌာန စတဲ့ ႏုိင္ငံအ၀န္းက ၀န္ထမ္းေတြလည္း ပါ၀င္လာၾကပါတယ္။ ဒီကေန႔ ဖဲႀကိဳးနီလႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္ၾကတဲ့ ေနျပည္ေတာ္က လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက အရာရွိ ဦးေအာင္သန္႔ကလည္း လႈပ္ရွားမႈမွာ ပါ၀င္ရတဲ့အေၾကာင္းကုိ ရွင္းျပပါတယ္။

“ဆႏၵေဖာ္ထုတ္ရတဲ့ အေၾကာင္းရင္ကေတာ့ က်ေနာ္တို႔ ျပည္သူနဲ႔ အတူရွိေနပါတယ္။ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနဆိုတာကလည္း ဝန္ႀကီးဌာနေတြထဲမွာ တစ္ခုတည္ရွိေနတာျဖစ္တဲ့အတြက္ေၾကာင့္ ဒီက ဝန္ထမ္းေတြကလည္း ျပည္သူေတြနဲ႔ အတူရွိေနပါတယ္။”

ေရြးေကာက္ပဲြမွာ မသမာမႈေတြကုိ ေျဖရွင္းဖုိ႔ ပ်က္ကြက္တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ တပ္မေတာ္က အာဏာသိမ္းလုိက္တဲ့အေပၚ လက္မခံႏုိင္တာေၾကာင့္ ကန္႔ကြက္လႈပ္ရွားမႈေတြမွာ ပါ၀င္လာသူေတြလည္း ရွိပါတယ္။ ဖဲႀကိဳးနီလႈပ္ရွားမႈမွာ ပါ၀င္လာတဲ့ ေနျပည္ေတာ္က တိုင္းရင္းသား လူမ်ိဳးမ်ားေရးရာ ဝန္ႀကီးဌာနက လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးသက္လြင္ဦးကေတာ့ ေရြးေကာက္ပဲြ ရလဒ္ကုိ ဆန္႔က်င္ၿပီး တပ္မေတာ္က အာဏာသိမ္းခဲ့တဲ့ လုပ္ရပ္ကုိ ကန္႔ကြက္ဖုိ႔ ပူးေပါင္းပါ၀င္ရတာလုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ မ်က္ျမင္ေတြ႕ထားရတဲ့ အမွန္တရားက ရလဒ္ေတြေပၚ မူတည္ၿပီးေတာ့ အလုပ္လုပ္မွာျဖစ္ပါတဲ့အတြက္ ဒီဆႏၵကို ထုတ္ေဖာ္တာျဖစ္ပါတယ္။ ဒီလိုလုပ္လိုက္တဲ့အတြက္ က်ေနာ္တို႔မွာ Risk တစ္ခုေတာ့ရွိပါတယ္။ က်ေနာ္တို႔ ျပည္သူေတြနဲ႔ အတူရပ္တည္တယ္၊ တိုင္းရင္းသားေတြနဲ႔ အတူရပ္တည္တယ္၊ အမွန္တရားဘက္ကေန ရပ္တည္တယ္ဆိုတာကို အလုပ္တစ္ခုအေနနဲ႔ ျပတာျဖစ္ပါတယ္။”

ဒီေန႔မွာပဲ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ကလည္း ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အာဏာဖီဆန္တဲ့ လုပ္ရပ္ေတြကုိ အားေပးေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆုိခဲ့ပါတယ္။ အာဏာဖီဆန္တဲ့ လုပ္ရပ္ေတြေၾကာင့္ ဖမ္းဆီးအေရးယူခံရတာ၊ ၀န္ထမ္းအျဖစ္က ထုတ္ပယ္ခံရတာေတြ ႀကံဳရရင္လည္း ပါတီ၀င္ေတြက ၀ုိင္း၀န္းကူညီရမွာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းမှုပေါ် ဆန့်ကျင်လှုပ်ရှားမှု အစိုးရဝန်ထမ်းအများအပြား ပါလာ

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆက်လက် ထွက်ပေါ်လာနေရာမှာ အစိုးရဝန်ထမ်းတွေလည်း ပါဝင်လာနေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက စတင်လိုက်တဲ့ လှုပ်ရှားမှုမှာ တခြားအစိုးရဌာနတွေ၊ လူမှုအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်လာနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ ဝန်ကြီးဌာနအလိုက် အစိုးရဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန္ဒပြတာ၊ ဖဲကြိုးနီဝတ်ဆင်တာစတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေ နေရာတော်တော်များများမှာ ပေါ်ပေါက်လာနေပါတယ်။

ဒီကနေ့မှာပဲ ရန်ကုန်ပညာရေးတက္ကသိုလ်က ဆရာတွေကလည်း စစ်တပ်ရဲ့ အုပ်ချုပ်မှုကို လက်မခံကြောင်း ဖဲကြိုးနီ ဝတ်ဆင် ဆန္ဒပြခဲ့ကြတဲ့အကြောင်း လှုပ်ရှားမှုမှာ ပါဝင်သူ ဆရာတယောက်က ဗွီအိုအေကိုပြောပါတယ်။

“ဒီ စစ်အုပ်ချုပ်ရေး၊ တရားမဝင် စစ်အာဏာသိမ်းမှု၊ တစ်နည်းအားဖြင့် စစ်အာဏာသိမ်းမှုနဲ့စာရင် နိုင်ငံတော်ပုန်ကန်မှုလို့တောင် ပြောလို့ရတယ်။ ဒီဟာကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီ စစ်အုပ်ချုပ်ရေး ယန္တရားမှာလည်း ကျနော်တို့ ခွေးသွားစိတ်တစ်ခုအနေနဲ့ ကျနော်တို့ ဆရာ၊ ဆရာမတွေက အသုံးတော်ခံမှာ မဟုတ်ဘူးဆိုတာလည်း ဒီသဘောထားကို ပြတာပါ။”

အရပ်သားအစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ကြောင်း ပြသဖို့ လှုပ်ရှားမှုတွေကို ကျန်းမာရေးဝန်ထမ်းတွေက စတင်တိုက်တွန်းခဲ့ရာက ဆေးရုံတော်တော်များများက ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်လာနေကြပါတယ်။ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရန်ကုန်တိုင်း အလုပ်သမားဆေးရုံက ဒေါက်တာ တင်မင်းထွန်းကတော့ တခြားနိုင်ငံ့ဝန်ထမ်းတွေပါ ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

“အလုပ္သမားေဆး႐ုံမွာ မေန႔က ဖဲႀကိဳးနီလႈပ္ရွားမႈ လုပ္တယ္။ အားလုံးစုစုေပါင္း ဝန္ထမ္းအင္အား ၅၀ ေလာက္ပါၾကတယ္။ ဆရာဝန္ႀကီးေတြေရာ၊ ဟိုးေအာက္ေျခကေန ဆရာဝန္ႀကီးေတြအထိေပါ့။ ေနာက္ၿပီး CDC Movement ကို ဒီေန႔စၾကတယ္။ စတဲ့ခါမွာ သူနာျပဳအငယ္ေတြေရာ လက္ေထာက္ဆရာဝန္ေတြေရာ အလုပ္မလာၾကေတာ့ဘူး။ က်ေနာတို႔ လူႀကီးေတြကေတာ့ ေဆး႐ုံကို ထိန္းထားေပးတဲ့ အေနနဲ႔ေလာက္ပဲ သြားၾကတယ္။ အားလုံးပါဝင္မွလည္း ဒီတိုက္ပြဲက ေအာင္ျမင္မယ္။ က်န္တဲ့ ဝန္ထမ္းအားလုံးလည္း ပါဝင္ဖို႔လိုမယ္ထင္ပါတယ္။”

အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ဆန္႔က်င္ေၾကာင္း ျပသဖုိ႔ တုိက္တြန္းမႈေတြနဲ႔အတူ တကၠသိုလ္၊ ေကာလိပ္ေတြက ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသားေက်ာင္းသူေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ လွ်ပ္စစ္နဲ႔ စြမ္းအင္ ဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ အလုပ္သမားလူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ ျပည္သူအင္အားဝန္ႀကီးဌာန စတဲ့ ႏုိင္ငံအ၀န္းက ၀န္ထမ္းေတြလည္း ပါ၀င္လာၾကပါတယ္။ ဒီကေန႔ ဖဲႀကိဳးနီလႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္ၾကတဲ့ ေနျပည္ေတာ္က လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက အရာရွိ ဦးေအာင္သန္႔ကလည္း လႈပ္ရွားမႈမွာ ပါ၀င္ရတဲ့အေၾကာင္းကုိ ရွင္းျပပါတယ္။

“ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းရင်ကတော့ ကျနော်တို့ ပြည်သူနဲ့ အတူရှိနေပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဆိုတာကလည်း ဝန်ကြီးဌာနတွေထဲမှာ တစ်ခုတည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့် ဒီက ဝန်ထမ်းတွေကလည်း ပြည်သူတွေနဲ့ အတူရှိနေပါတယ်။”

ရွေးကောက်ပွဲမှာ မသမာမှုတွေကို ဖြေရှင်းဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အပေါ် လက်မခံနိုင်တာကြောင့် ကန့်ကွက်လှုပ်ရှားမှုတွေမှာ ပါဝင်လာသူတွေလည်း ရှိပါတယ်။ ဖဲကြိုးနီလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ နေပြည်တော်က တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးကတော့ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပြီး တပ်မတော်က အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်ကို ကန့်ကွက်ဖို့ ပူးပေါင်းပါဝင်ရတာလို့ ပြောပါတယ်။

“ကျနော်တို့ မျက်မြင်တွေ့ထားရတဲ့ အမှန်တရားက ရလဒ်တွေပေါ် မူတည်ပြီးတော့ အလုပ်လုပ်မှာဖြစ်ပါတဲ့အတွက် ဒီဆန္ဒကို ထုတ်ဖော်တာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ကျနော်တို့မှာ Risk တစ်ခုတော့ရှိပါတယ်။ ကျနော်တို့ ပြည်သူတွေနဲ့ အတူရပ်တည်တယ်၊ တိုင်းရင်းသားတွေနဲ့ အတူရပ်တည်တယ်၊ အမှန်တရားဘက်ကနေ ရပ်တည်တယ်ဆိုတာကို အလုပ်တစ်ခုအနေနဲ့ ပြတာဖြစ်ပါတယ်။”

ဒီနေ့မှာပဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ငြိမ်းချမ်းတဲ့နည်းနဲ့ အာဏာဖီဆန်တဲ့ လုပ်ရပ်တွေကို အားပေးကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အာဏာဖီဆန်တဲ့ လုပ်ရပ်တွေကြောင့် ဖမ်းဆီးအရေးယူခံရတာ၊ ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံရတာတွေ ကြုံရရင်လည်း ပါတီဝင်တွေက ဝိုင်းဝန်းကူညီရမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG