[Zawgyi/Unicode]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ကြေညာပါတယ်။
ကုလသမဂ္ဂ၊ နိုင်ငံတကာပါလီမန်တွေအပြင် နိုင်ငံတကာသံတမန်တွေအနေနဲ့ အခုဖွဲ့စည်းလိုက်တဲ့ ကိုယ်စားပြုကော်မတီကိုသာ တရားဝင်ဆက်သွယ်ဆောင်ရွက်ဖို့လည်း ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကနဦး သဘောထားထုတ်ပြန်ချက်အမှတ် (၁/၂၀၂၁) ပါ တောင်းဆိုချက်တွေကိုလည်း CRPH က အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြပါတယ်။ အဲဒီတောင်းဆိုချက်တွေကတော့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအားလုံးပြန်လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲ အတည်ပြုရလဒ်ကိုလေးစားလိုက်နာပြီး တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူရေးလုပ်ငန်းစဉ်တွေ ဟန့်တားပိတ်ဆို့ထားတာကို ရပ်ဆိုင်းပေးဖို့ ဖြစ်ပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ အစိုးရဖွဲ့စည်းတာအပါအဝင် ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အားလုံးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တာဝန်ခံဆောင်ရွက်သွားမယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြပါရှိပါတယ်။
[Unicode Version]
NLD အမတျ ၁၅ ဦးပါ ပွညျထောငျစုလှှတျတောျကိုယျစားပွုကောျမတီဖှဲ့စညျး