သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၱေလးက ဆႏၵျပ လူငယ္ေလးဦး ပုဒ္မႏွစ္ခုနဲ႔ စြဲခ်က္တင္ တရားစြဲခံထားရ


မႏၱေလးၿမိဳ႕က ဖမ္းဆီးခံခဲ့ရတဲ့ ဆႏၵျပ လူငယ္ေလးဦး။ (ေဖေဖာ္ဝါရီ ၀၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းခဲ့တာကုိ ဆန္႔က်င္တဲ့အေနနဲ႔ မႏၱေလးၿမိဳ႕မွာ ကန္႔ကြက္ဆႏၵျပခဲ့ၾကတဲ့ လူငယ္ ေလး ေယာက္ကုိ ဒီကေန႔ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ တက္ၾကြလႈပ္ရွားသူ လူငယ္ေတြ အမႈရင္ဆုိင္ေနရတဲ့ ေနာက္ဆုံးအေျခအေနကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ ကုိထက္ေအာင္ခန္႔ မႏၱေလးၿမိဳ႕ကေန သတင္းေပးပုိ႔ထားပါတယ္။

အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းတဲ့လုပ္ရပ္ကို ကန႔္ကြက္တဲ့အေနနဲ႔ မႏၱေလး ေဆးတကၠသိုလ္ေရွ႕မွာ ဆႏၵျပခဲ့ၾကတဲ့ လူငယ္ ေလး ေယာက္ကုိ ဖမ္းဆီးသြားၿပီး ေနာက္တေန႔မွာပဲ မႏၱေလးခ်မ္းေအးသာစံတရားရံုးမွာ ရံုးထုတ္စစ္ေဆးခဲ့တာပါ။


ဖမ္းဆီးထားသူေတြကိုေတာ့ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆိုင္ရာ ဥပေဒပုဒ္မ (၁၉) အျပင္ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒတို႔နဲ႔ပါ အေရးယူထားတယ္လုိ႔လည္း ခ်မ္းေအးသာစံ ၿမိဳ႕နယ္ တရားသူႀကီး ဦးေက်ာ္မ်ိဳး၀င္းကေျပာပါတယ္။

“ရဲမွဴးတင္ကိုကေနၿပီး တရားခံ ျပည့္စံုေအာင္ပါ၊ ၄ ဦးကို ၿငိမ္းစုစီပုဒ္မ ၁၉ နဲ႔ စြဲဆိုပါတယ္။ စြဲဆိုတဲ့ အေၾကာင္းအရင္းကေတာ့ ခြင့္ျပဳခ်က္မယူဘဲ စီးတန္းလွည့္လည္ျခင္း၊ ဆႏၵျပျခင္းေတြအေပၚမွာ တရားစြဲဆိုတာ ျဖစ္ပါတယ္။ အဲ့ဒီအမႈနဲ႔ ပတ္သက္ၿပီး အမႈလက္ခံရရွိတဲ့ တရားလို ရဲမွဴးတင္ကို ကိုစစ္ေဆးပါတယ္။ ေနာက္ဒီဘက္က သဘာ၀ေဘးအႏၱရာယ္ဆိုင္ရာ ပုဒ္မ ၂၅ နဲ႔ စြဲတဲ့အမႈကိုလည္း လိုျပသက္ေသေတြကို စစ္ေဆးပါမယ္။ စစ္ေဆးၿပီးေတာ့မွာ စြဲခ်က္တင္သင့္ မတင္သင့္ ဆံုးျဖတ္မွာျဖစ္ပါတယ္။ တကယ္လို႔ စြဲခ်က္တင္ျဖစ္တယ္ဆိုရင္ေတာ့ တရားခံဘက္က သက္ေသတင္တာတို႔ တရားခံစစ္တာတို႔ ဒါေတြဆက္လုပ္ရမွာေပါ့။”

ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားသမဂၢ အဖဲြ႔၀င္ ကိုျပည့္စံုေအာင္၊ ေစာဥကၠာဦး၊ ကုိရဲ၀င္းထြန္းနဲ႔ ကိုမင္းညီညီကြန္းတို႔ကို ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒအျပင္ သဘာ၀ေဘးအႏၱရာယ္ဆိုင္ရာ ဥပေဒနဲ႔ပါ အမႈဖြင့္ တရားစြဲထားတာဟာ မွ်တမႈ မရွိဘူးလုိ႔လည္း ဆႏၵျပလႈပ္ရွားမႈမွာ ဦးေဆာင္ပါ၀င္ခဲ့သူ ကိုေတဇာဆန္းက ေျပာပါတယ္။

“သဘာဝေဘးဆိုတဲ့အခါ လက္ရွိစုေ၀းေနတဲ့ လက္ရွိလည္းပဲ စုေ၀းေနတဲ့ ဆႏၵျပ ကန္႔ကြက္ေနတဲ့ လႈပ္ရွားမႈေတြဟာ က်ေနာ္တို႔ ဒီမိုကေရစီဘက္ေတာ္သားေတြ ရွိသလို တဘက္ကလည္း အမ်ိဳးဘာသာသာသနာအုပ္စုေတြ၊ တပ္မေတာ္ ေထာက္ခံပြဲဆိုတဲ့သူေတြ အေရအတြက္မ်ားစြာ လုပ္ေနတဲ့ဟာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေတြကလည္း ဘယ္လိုမွ မျဖစ္သင့္တဲ့ ကိစၥေတြပါပဲ။ က်ေနာ္တို႔ အေနနဲ႔ကေတာ့ ၿငိမ္းစုစီနဲ႔စြဲတာကိုေရာ၊ သဘာ၀ေဘးနဲ႔စြဲတာကိုေရာ ဘယ္လိုမွ လက္မခံဘူး။ ဒါေတြက မျဖစ္သင့္တဲ့ကိစၥေတြလို႔ ယူဆပါတယ္။”

ေနာက္တႀကိမ္ ရံုးခ်ိန္းကိုေတာ့ လာမယ့္ တနလၤာေန႔ ျပန္လည္ ခ်ိန္းဆိုထားပါတယ္။ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္အေပၚ ဆန႔္က်င္ကန္႔ကြက္သူေတြကုိ အာဏာပုိင္ေတြ အေရးယူေနတဲ့ တခ်ိန္တည္းမွာပဲ ရာနဲ႔ခ်ီတဲ့ စစ္တပ္ေထာက္ခံသူေတြကေတာ့ မႏၱေလး မေနာ္ရမၼံကြင္းမွာ စုေ၀းၿပီး တပ္မေတာ္ရဲ႕ အာဏာသိမ္းတဲ့လုပ္ရပ္ကုိ ေထာက္ခံေၾကာင္း ျပသခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးက ဆန္ဒပြ လူငယ်လေးဦး ပုဒ်မနှစ်ခုနဲ့ စွဲချက်တင် တရားစွဲခံထားရ

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေးမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ လူငယ် လေး ယောက်ကို ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူ လူငယ်တွေ အမှုရင်ဆိုင်နေရတဲ့ နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့် မန္တလေးမြို့ကနေ သတင်းပေးပို့ထားပါတယ်။

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေး ဆေးတက္ကသိုလ်ရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ လူငယ် လေး ယောက်ကို ဖမ်းဆီးသွားပြီး နောက်တနေ့မှာပဲ မန္တလေးချမ်းအေးသာစံတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ဖမ်းဆီးထားသူတွေကိုတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့နဲ့ပါ အရေးယူထားတယ်လို့လည်း ချမ်းအေးသာစံ မြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းကပြောပါတယ်။

“ရဲမှူးတင်ကိုကနေပြီး တရားခံ ပြည့်စုံအောင်ပါ၊ ၄ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ စွဲဆိုပါတယ်။ စွဲဆိုတဲ့ အကြောင်းအရင်းကတော့ ခွင့်ပြုချက်မယူဘဲ စီးတန်းလှည့်လည်ခြင်း၊ ဆန္ဒပြခြင်းတွေအပေါ်မှာ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး အမှုလက်ခံရရှိတဲ့ တရားလို ရဲမှူးတင်ကို ကိုစစ်ဆေးပါတယ်။ နောက်ဒီဘက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ နဲ့ စွဲတဲ့အမှုကိုလည်း လိုပြသက်သေတွေကို စစ်ဆေးပါမယ်။ စစ်ဆေးပြီးတော့မှာ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။ တကယ်လို့ စွဲချက်တင်ဖြစ်တယ်ဆိုရင်တော့ တရားခံဘက်က သက်သေတင်တာတို့ တရားခံစစ်တာတို့ ဒါတွေဆက်လုပ်ရမှာပေါ့။”

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုပြည့်စုံအောင်၊ စောဥက္ကာဦး၊ ကိုရဲဝင်းထွန်းနဲ့ ကိုမင်းညီညီကွန်းတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ပါ အမှုဖွင့် တရားစွဲထားတာဟာ မျှတမှု မရှိဘူးလို့လည်း ဆန္ဒပြလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူ ကိုတေဇာဆန်းက ပြောပါတယ်။

“သဘာဝဘေးဆိုတဲ့အခါ လက်ရှိစုဝေးနေတဲ့ လက်ရှိလည်းပဲ စုဝေးနေတဲ့ ဆန္ဒပြ ကန့်ကွက်နေတဲ့ လှုပ်ရှားမှုတွေဟာ ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေ ရှိသလို တဘက်ကလည်း အမျိုးဘာသာသာသနာအုပ်စုတွေ၊ တပ်မတော် ထောက်ခံပွဲဆိုတဲ့သူတွေ အရေအတွက်များစွာ လုပ်နေတဲ့ဟာတွေ အများကြီးရှိပါတယ်။ ဒါတွေကလည်း ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စတွေပါပဲ။ ကျနော်တို့ အနေနဲ့ကတော့ ငြိမ်းစုစီနဲ့စွဲတာကိုရော၊ သဘာဝဘေးနဲ့စွဲတာကိုရော ဘယ်လိုမှ လက်မခံဘူး။ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စတွေလို့ ယူဆပါတယ်။”

နောက်တကြိမ် ရုံးချိန်းကိုတော့ လာမယ့် တနင်္လာနေ့ ပြန်လည် ချိန်းဆိုထားပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်သူတွေကို အာဏာပိုင်တွေ အရေးယူနေတဲ့ တချိန်တည်းမှာပဲ ရာနဲ့ချီတဲ့ စစ်တပ်ထောက်ခံသူတွေကတော့ မန္တလေး မနော်ရမ္မံကွင်းမှာ စုဝေးပြီး တပ်မတော်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG