စစ်အာဏာသိမ်းမှုအပေါ် သံအမတ်ဟောင်း Derek Mitchell အမြင်
ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့ပြီး ဖြေရှင်းမပေးလို့ အာဏာသိမ်းယူခဲ့တယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြောင်းပြချက်ဟာ ယုတ္တိမရှိ တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell က VOA ကို ပြောပါတယ်။ Derek Mitchell ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းထားပါတယ်။