သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈအေပၚ သံအမတ္ေဟာင္း Derek Mitchell အျမင္


ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း Derek Mitchell

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း လည္းျဖစ္၊ အေမရိကန္ျပည္ေထာင္စု NDI ေခၚ အမ်ိဳးသား ဒီမိုကေရစီ ဗိမာန္ရဲ႕ အႀကီးအကဲလည္း ျဖစ္တဲ့ Derek Mitchell ကို ဦးေက်ာ္ဇံသာက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေရြးေကာက္ပြဲ မသမာမႈကို ေျဖရွင္း မေပးလို႔ အာဏာသိမ္းယူခဲ့ရတယ္ ဆိုတဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ရဲ႕ အေၾကာင္းျပခ်က္ကို လက္ခံမႈ ရွိမရွိ ဦးေက်ာ္ဇံသာက ေမးတဲ့ Derek Mitchell က ယံုၾကည္ႏိုင္စရာ မရွိဘူးလို႔ ေျပာပါတယ္။

“Derek Mitchell ။ ။ လက္ခံႏိုင္ပါ့မလားဆိုတာ က်ေနာ္ သံသယရွိပါတယ္။ အေျခအေနအားလုံးဟာ ပုံမွန္ျဖစ္ေနတယ္ဆိုတာ သူျပဖို႔ႀကိဳးစားေပမဲ့ တကယ္တန္းပုံမွန္ျဖစ္ေနတာမေတြ႔ရပါဘူး။ ႏိုင္ငံတကာအသိုင္းအဝန္းက တုိင္းရင္းသားလူမ်ဳိးစုေတြအပါဝင္ လူတုိင္းလူတုိင္းက သူတို႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကိုယ္ပဲလုိခ်င္ၾကပါတယ္။ ဒီအခ်ိန္မွာ ျပည္သူလူထုရဲ႕ေဒါသနဲ႔ ေမွ်ာ္လင့္ခ်က္ကလည္း သိပ္ျမင့္မားေနတာပါ။ ဒီမိုကေရစီကို ျပန္လုိခ်င္ေနၾကပါတယ္။ ဒါေၾကာင့္ သူရဲ႕လုပ္ရပ္ကို လြန္စြာမေက်မနပ္ျဖစ္ေနၾကပါတယ္။ ဆိုေတာ့လူေတြ လမ္းေပၚထြက္ေနၾကတာဟာ ဒီလိုမေက်နပ္မူ ဆိုတာကို ေတြ႔ရပါတယ္။ ဒါဟာ အင္မတန္ကံမေကာင္း အေၾကာင္းမလွတဲ့ကိစၥပါ။

ဦးေက်ာ္ဇံသာ။ ။ ဒါေပမယ့္ သူ႔ရဲ႕ လမ္းျပေျမပံု အဆင့္ ၅ ဆင့္မွာ ေနာက္ဆံုးအဆင့္က ၁ ႏွစ္အၾကာမွာ တရားမွ်တတဲ့ ေရြးေကာက္ပြဲ လုပ္ၿပီးေတာ့ အႏိုင္ရတဲ့ပါတီကို အာဏာလႊဲေပးမယ္လို႔ ေျပာထားပါတယ္ ဒါက လံုေလာက္တဲ့ ကတိစကားလားခင္ဗ်။

Derek Mitchell။ ။ ေရြးေကာက္ပြဲက က်င္းပၿပီသားပါ။ ၂ဝ၂ဝ ႏိုဝင္ဘာတုန္းကပဲ ေရြးေကာက္ပြဲက်င္းပခဲ့တာပါ။ ဒီေရြးေကာက္ပြဲရလဒ္ကို မႀကိဳက္ဘူးေျပာတာ တရားမဝင္ပါဘူး။ ဒီေရြးေကာက္ပြဲရလဒ္မႀကိဳက္လို႔ လုံးဝဖ်က္သိမ္းမယ္ ၊မၾကာခင္ေရြးေကာက္ပြဲတခုထပ္လုပ္မယ္ဆိုတာ လက္ခံႏိုင္ဖြယ္မရွိပါဘူး။ ဒီမိုကေရစီနည္းလမ္းလည္း မက်ပါဘူး။ လူေတြယုံမယ္လို႔လည္းမထင္ပါဘူး။ ႏုိင္ငံတကာအသိုင္းဝန္းကလည္း ယုံၾကည္မယ္မထင္ပါဘူး။

ဦးေက်ာ္ဇံသာ။ ။ဆိုေတာ့ ဒီစစ္အာဏာသိမ္းမႈကို မေက်နပ္လို႔ ျပည္သူ ေတာ္ေတာ္မ်ားမ်ားဟာ ၿငိမ္းခ်မ္းေသာနည္းနဲ႔ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လုပ္ငန္းကို လုပ္ေနၾကပါတယ္။ ဆိုေတာ့ ဒီလုပ္ရပ္ေတြဟာ စစ္အစိုးရအေနနဲ႔ နားလည္ႏိုင္ပါရဲ႕လား ဒီလိုလုပ္ရပ္မ်ိဳးေတြ။

Derek Mitchell ။ ။ ဒါဟာ ေမးခြန္းေကာင္းတခုျဖစ္ပါတယ္။က်ေနာ္ေတာ့ မသိပါဘူး ။ ဘာေၾကာင့္လည္းဆိုေတာ့ စစ္တပ္ဟာ သူတို႔ကို ဆန္႔က်င္တာမႀကိဳက္ပါဘူး ။ သူတို႔အေဆာက္အအုံကို သူတို႔ထိန္းေက်ာင္းတာပဲျဖစ္ပါတယ္။အဲဒီအေဆာက္အအုံဟာလည္း အမိန္႔အာဏာကို နာခံရတဲ့ အေဆာက္အအုံမ်ိဳးပါ။ မနာခံရင္ အျပစ္ေပးဖို႔ရွိပါတယ္။ ဒါဟာ ဒီမုိကေရစီနည္းလမ္းလည္း မဟုတ္ပါဘူး။ ျပည္သူေတြ ေရြးေကာက္ပြဲလည္းလုပ္ခဲ့ၿပီးၿပီ။ သူတို႔ေရြးခ်ယ္တဲ့ အစိုးရလည္း ရွိခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုခါမွာ စစ္တပ္ရဲ႕ခ်ဳပ္ကိုင္မႈကို မလိုလားလို႔ လမ္းေပၚထြက္ေနၾကပါတယ္။ စစ္တပ္အေနနဲ႔ လူထု အေပၚမွာ အၾကမ္းဖက္တဲ့နည္း တခုခုသုံးလာျခင္းဟာ အေျခအေနပိုမိုဆုိးဝါးသြားေစမွာဆိုတာ စစ္တပ္အေနနဲ႔ သေဘာေပါက္ပါေစလို႔ က်ေနာ္ ဆုေတာင္းေနပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ႏိုင္ငံတကာက တံု႔ျပန္တယ္ဆိုတဲ့ေနရာမွာ အခုေလာေလာဆည္ကေတာ့ တက္လာတဲ့ အာဏာသိမ္း စစ္ေကာင္စီနဲ႔ သံတမန္အဆက္အသြယ္ျဖတ္ေတာက္တယ္ဆိုတာ မၾကားေသးပါဘူး။ ဆိုေတာ့ သူတို႔က ဒီစစ္ေကာင္စီကို ဆက္လက္ၿပီးေတာ ့အသိအမွတ္ျပဳေနၾကတယ္ဆိုတဲ့ သေဘာလားခင္ဗ်။

Derek Mitchell ။ ။ လူေတြက ဒီအာဏာသိမ္းမႈကို အေစာတလွ်င္ အသိအမွတ္ျပဳေနတယ္လို႔ က်ေနာ္လုံးဝ မထင္ပါဘူး။ ဘာမွမေျပာပဲေနၾကသိတိုင္ေအာင္ ဒါမွမဟုတ္ ျပင္းျပင္းထန္ထန္ ရႈတ္ခ်ခ်င္းမျပသိတိုင္ေအာင္။ အထူးသျဖင့္ အာရွ အာဆီယံ နဲ႔တျခားႏုိင္ငံေတြဟာ အခုအခ်ိန္အထိ အာဏာသိမ္းမႈကို ေထာက္ခံေနတာ မေတြ႔ရပါဘူး။ သူတို႔လည္း ဒီအေျခေနနဲ႔ပတ္သက္ၿပီး သိပ္ကို စိတ္မသက္မသာျဖစ္ေနၾကတာပါ။

ဒီကိစၥ အဓိကကေတာ့ ျမန္မာျပည္သူေတြကိုယ္တိုင္က သူတို႔အနာဂတ္ကို ဆုံးျဖတ္ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ကမၻာႀကီးဟာ သူတို႔ေနာက္ကြယ္မွာရွိတယ္ဆိုတာကိုလည္းလိုခ်င္ၾကပါတယ္။ သူတို႔ကို ေထာက္ခံေစခ်င္ၾကပါတယ္။ ဒါကို သူတို႔ဟာ အေနာက္ႏိုင္ငံေတြဆီက ရပါလိမ့္မယ္။ အေမရိကန္ ျပည္ေထာင္စု ၿဗိတိန္နဲ႔ ဥေရာပ သမဂၢ တို႔ဆီက ရပါလိမ့္မယ္။ တျခားအာရွႏိုင္ငံေတြဆီကလည္း အလားတူ ေထာက္ခံမႈကို ပုံသ႑ာန္အမ်ဳိးမ်ိဳးနဲ႔ ရမယ္လို႔ က်ေနာ္ ေမ်ာ္လင့္ပါတယ္။ စစ္တပ္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မူေတြ ရွိလာပါလိမ့္မယ္။ စစ္တပ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြ နဲ႔ သူတိုနဲ႔ ပူးေပါင္းေဆာင္ရြက္သူေတြအေပၚ ရွိလာပါလိမ့္မယ္။ တိုးတိုးတိတ္တိတ္ဆက္သြယ္နားခ်တာလည္း ရွိလာႏိုင္ပါတယ္။ က်ေနာ္တုိ႔က ျမန္မာႏိုင္ငံမွာ ေအာင္ျမင္ၿငိမ္းခ်မ္းမႈေတြျဖစ္ထြန္း ေစခ်င္တာပါ။ ျမန္မာျပည္သူေတြကို ေထာက္ခံပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ဆိုေတာ့ ေမးခန္းေဟာင္းတခုကို ေမးေနၾက ၊ ဟိုတုန္းကလည္းေမးခဲ့တဲ့ ေမးခန္းေဟာင္းတခုကို ျပန္ေမးပါရေစ။ Sanction လို႔ေခၚတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြက အလုပ္ျဖစ္ပါ့မလားခင္ဗ် ျမန္မာႏိုင္ငံမွာ။

Derek Mitchell ။ ။ ဒီဒဏ္ခတ္ပိတ္ဆို႔မူနဲ႔ေတာ့ မလုံေလာက္ပါဘူး။ စစ္တပ္နဲ႔ အေျခေနေပၚ မူတည္ပါတယ္။ အခုလုပ္တဲ့ ကိစၥဟာ မွန္ကန္တဲ့လုပ္ရပ္မဟုတ္ဘူးဆိုတာ တပ္ခ်ဳပ္လည္း သိပါလိမ့္မယ္။ သူတို႔မေက်နပ္မႈရွိတယ္ဆိုရင္ တရားဥေပဒေဘာင္အတြင္းက ေလးစားသမႈနဲ႔ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ အခုလုပ္ရပ္က အလြန္အကၽြံ တ႔ုံျပန္မႈျဖစ္ၿပီး အေျခအေနကို ပိုဆိုးသြားေစခဲ့ပါတယ္။ တိုင္းျပည္အတြက္လည္း မေကာင္းဘူး ။ စစ္တပ္အတြက္လည္း မေကာင္းပါဘူး။

ဦးေက်ာ္ဇံသာ။ ။ ေနာက္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာပါတယ္ ၊ သူကေတာ့ ရိုဟင္ဂ်ာလို႔ မေခၚပါဘူး ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ေရာက္ရွိေနတဲ့ လူေတြကို ၂ ႏိုင္ငံသေဘာတူညီခ်က္ တရပ္နဲ႔ ျပန္လည္လက္ခံဖို႔ သူလုပ္မယ္လို႔ ဆိုပါတယ္ ဒါေရာ ဘယ္ေလာက္ယံုၾကည္ေလာက္တဲ့ ကိစၥလဲခင္ဗ်၊ အေကာင္အထည္ ေဖာ္လာနိုင္ပါသလား။ တခ်ိန္တည္းမွာလည္း တိုင္းရင္းသားေတြနဲ႔ အပစ္အခတ္ရပ္စဲေရး ၿငိမ္းခ်မ္းေရးကို ေရွ႕တိုးေအာငလုပ္မယ္လို႔ ဆိုထားပါတယ္။

Derek Mitchell ။ ။ ဒီစကားကို သူတို႔အရင္လည္း ေျပားဖူးပါတယ္။ ျပသာနာက ရိုဟင္ဂ်ာ္ေတြျပန္လာရင္္ သူတို႔အတြက္ လုံၿခဳံမႈ လြတ္လြတ္ခြင့္နဲ႔ ဂုဏ္သိကၡာရွိဖို႔ သူတို႔ လိုလားပါတယ္။ ဒါကို စစ္တပ္က မလုပ္ပါဘူး။ အခုတခါသူက ဒါကို အာမခံခ်က္ေပးေနတယ္။ သုိ႔ေသာ္ စိတ္မခ်ရပါဘူး။ သူတုိ႔ဟာ အဲလိုလုပ္ႏိုင္တဲ့ တရားဝင္အစိုးရလည္းမဟုတ္ပါဘူး။ ၿငိမ္းခ်မ္ေရးျဖစ္စဥ္နဲ႔ ပတ္သက္လို႔ စကားေတြဟာလည္းပဲ သူတို႔က တရားဝင္အစိုးရမဟုတ္ပါဘူး။

ဦးေက်ာ္ဇံသာ။ ။ ေနာက္တခုကေတာ့ ကုလသမဂၢက ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အခုအခ်ိန္အထိ ေတာင္းဆိုတဲ့ ကိစၥ ၊ ဖမ္းဆီးထားတဲ့ ေခါင္းေဆာင္ကို လႊတ္ေပးဖို႔ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ တရုတ္ကလည္း ဒီအခ်ိန္မွာ ပူးေပါင္းပါ၀င္တာ ေတြ႔ရပါတယ္။ ဘယ္ေလာက္ထူးျခားမႈ ရွိမယ္လို႔ ထင္ပါသလဲ သံတမန္တဦးအေနနဲ႔။

Derek Mitchell ။ ။ ထူးျခားပါတယ္။ အားတက္စရာပါ။ ဒီအာဏာသိမ္းမႈအတြက္ တရုတ္လည္း သိပ္ေက်ေက်နပ္နပ္မရွိပါဘူး။ ႏိုင္ငံတုိင္းအေနနဲ႔လည္း ေက်နပ္စရာမရွိပါဘူး ။ တရုတ္၊ အေမရိကန္ျပည္ေထာင္စု၊ ဂ်ပန္၊ အိႏိၵယ၊ အာဆီယံနဲ႔ ကမာၻ႔ႏိုင္ငံေတြအားလံုးအတြက္ လက္ခံႏိုင္တဲ့ လုပ္ရပ္မဟုတ္ဘူးဆိုတာ စစ္တပ္စုေပါင္းသတင္းစကားပါးႏိုင္တဲ့အေျခအေနျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း လည္းျဖစ္၊ Derek Mitchell ကို ဦးေက်ာ္ဇံသာက ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာစစ်အာဏာသိမ်းမှုအပေါ် သံအမတ်ဟောင်း Derek Mitchell အမြင်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း လည်းဖြစ်၊ အမေရိကန်ပြည်ထောင်စု NDI ခေါ် အမျိုးသား ဒီမိုကရေစီ ဗိမာန်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ Derek Mitchell ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲ မသမာမှုကို ဖြေရှင်း မပေးလို့ အာဏာသိမ်းယူခဲ့ရတယ် ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြောင်းပြချက်ကို လက်ခံမှု ရှိမရှိ ဦးကျော်ဇံသာက မေးတဲ့ Derek Mitchell က ယုံကြည်နိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

“Derek Mitchell ။ ။ လက်ခံနိုင်ပါ့မလားဆိုတာ ကျနော် သံသယရှိပါတယ်။ အခြေအနေအားလုံးဟာ ပုံမှန်ဖြစ်နေတယ်ဆိုတာ သူပြဖို့ကြိုးစားပေမဲ့ တကယ်တန်းပုံမှန်ဖြစ်နေတာမတွေ့ရပါဘူး။ နိုင်ငံတကာအသိုင်းအဝန်းက တိုင်းရင်းသားလူမျိုးစုတွေအပါဝင် လူတိုင်းလူတိုင်းက သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပဲလိုချင်ကြပါတယ်။ ဒီအချိန်မှာ ပြည်သူလူထုရဲ့ဒေါသနဲ့ မျှော်လင့်ချက်ကလည်း သိပ်မြင့်မားနေတာပါ။ ဒီမိုကရေစီကို ပြန်လိုချင်နေကြပါတယ်။ ဒါကြောင့် သူရဲ့လုပ်ရပ်ကို လွန်စွာမကျေမနပ်ဖြစ်နေကြပါတယ်။ ဆိုတော့လူတွေ လမ်းပေါ်ထွက်နေကြတာဟာ ဒီလိုမကျေနပ်မူ ဆိုတာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်ကံမကောင်း အကြောင်းမလှတဲ့ကိစ္စပါ။

ဦးကျော်ဇံသာ။ ။ ဒါပေမယ့် သူ့ရဲ့ လမ်းပြမြေပုံ အဆင့် ၅ ဆင့်မှာ နောက်ဆုံးအဆင့်က ၁ နှစ်အကြာမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပြီးတော့ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ပြောထားပါတယ် ဒါက လုံလောက်တဲ့ ကတိစကားလားခင်ဗျ။

Derek Mitchell။ ။ ရွေးကောက်ပွဲက ကျင်းပပြီသားပါ။ ၂ဝ၂ဝ နိုဝင်ဘာတုန်းကပဲ ရွေးကောက်ပွဲကျင်းပခဲ့တာပါ။ ဒီရွေးကောက်ပွဲရလဒ်ကို မကြိုက်ဘူးပြောတာ တရားမဝင်ပါဘူး။ ဒီရွေးကောက်ပွဲရလဒ်မကြိုက်လို့ လုံးဝဖျက်သိမ်းမယ် ၊မကြာခင်ရွေးကောက်ပွဲတခုထပ်လုပ်မယ်ဆိုတာ လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဒီမိုကရေစီနည်းလမ်းလည်း မကျပါဘူး။ လူတွေယုံမယ်လို့လည်းမထင်ပါဘူး။ နိုင်ငံတကာအသိုင်းဝန်းကလည်း ယုံကြည်မယ်မထင်ပါဘူး။

ဦးကျော်ဇံသာ။ ။ဆိုတော့ ဒီစစ်အာဏာသိမ်းမှုကို မကျေနပ်လို့ ပြည်သူ တော်တော်များများဟာ ငြိမ်းချမ်းသောနည်းနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ငန်းကို လုပ်နေကြပါတယ်။ ဆိုတော့ ဒီလုပ်ရပ်တွေဟာ စစ်အစိုးရအနေနဲ့ နားလည်နိုင်ပါရဲ့လား ဒီလိုလုပ်ရပ်မျိုးတွေ။

Derek Mitchell ။ ။ ဒါဟာ မေးခွန်းကောင်းတခုဖြစ်ပါတယ်။ကျနော်တော့ မသိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်ဟာ သူတို့ကို ဆန့်ကျင်တာမကြိုက်ပါဘူး ။ သူတို့အဆောက်အအုံကို သူတို့ထိန်းကျောင်းတာပဲဖြစ်ပါတယ်။အဲဒီအဆောက်အအုံဟာလည်း အမိန့်အာဏာကို နာခံရတဲ့ အဆောက်အအုံမျိုးပါ။ မနာခံရင် အပြစ်ပေးဖို့ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းလမ်းလည်း မဟုတ်ပါဘူး။ ပြည်သူတွေ ရွေးကောက်ပွဲလည်းလုပ်ခဲ့ပြီးပြီ။ သူတို့ရွေးချယ်တဲ့ အစိုးရလည်း ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုခါမှာ စစ်တပ်ရဲ့ချုပ်ကိုင်မှုကို မလိုလားလို့ လမ်းပေါ်ထွက်နေကြပါတယ်။ စစ်တပ်အနေနဲ့ လူထု အပေါ်မှာ အကြမ်းဖက်တဲ့နည်း တခုခုသုံးလာခြင်းဟာ အခြေအနေပိုမိုဆိုးဝါးသွားစေမှာဆိုတာ စစ်တပ်အနေနဲ့ သဘောပေါက်ပါစေလို့ ကျနော် ဆုတောင်းနေပါတယ်။

ဦးကျော်ဇံသာ။ ။ နိုင်ငံတကာက တုံ့ပြန်တယ်ဆိုတဲ့နေရာမှာ အခုလောလောဆည်ကတော့ တက်လာတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်တယ်ဆိုတာ မကြားသေးပါဘူး။ ဆိုတော့ သူတို့က ဒီစစ်ကောင်စီကို ဆက်လက်ပြီးတော့အသိအမှတ်ပြုနေကြတယ်ဆိုတဲ့ သဘောလားခင်ဗျ။

Derek Mitchell ။ ။ လူတွေက ဒီအာဏာသိမ်းမှုကို အစောတလျှင် အသိအမှတ်ပြုနေတယ်လို့ ကျနော်လုံးဝ မထင်ပါဘူး။ ဘာမှမပြောပဲနေကြသိတိုင်အောင် ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ရှုတ်ချချင်းမပြသိတိုင်အောင်။ အထူးသဖြင့် အာရှ အာဆီယံ နဲ့တခြားနိုင်ငံတွေဟာ အခုအချိန်အထိ အာဏာသိမ်းမှုကို ထောက်ခံနေတာ မတွေ့ရပါဘူး။ သူတို့လည်း ဒီအခြေနေနဲ့ပတ်သက်ပြီး သိပ်ကို စိတ်မသက်မသာဖြစ်နေကြတာပါ။

ဒီကိစ္စ အဓိကကတော့ မြန်မာပြည်သူတွေကိုယ်တိုင်က သူတို့အနာဂတ်ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးဟာ သူတို့နောက်ကွယ်မှာရှိတယ်ဆိုတာကိုလည်းလိုချင်ကြပါတယ်။ သူတို့ကို ထောက်ခံစေချင်ကြပါတယ်။ ဒါကို သူတို့ဟာ အနောက်နိုင်ငံတွေဆီက ရပါလိမ့်မယ်။ အမေရိကန် ပြည်ထောင်စု ဗြိတိန်နဲ့ ဥရောပ သမဂ္ဂ တို့ဆီက ရပါလိမ့်မယ်။ တခြားအာရှနိုင်ငံတွေဆီကလည်း အလားတူ ထောက်ခံမှုကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရမယ်လို့ ကျနော် မျော်လင့်ပါတယ်။ စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မူတွေ ရှိလာပါလိမ့်မယ်။ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ သူတိုနဲ့ ပူးပေါင်းဆောင်ရွက်သူတွေအပေါ် ရှိလာပါလိမ့်မယ်။ တိုးတိုးတိတ်တိတ်ဆက်သွယ်နားချတာလည်း ရှိလာနိုင်ပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံမှာ အောင်မြင်ငြိမ်းချမ်းမှုတွေဖြစ်ထွန်း စေချင်တာပါ။ မြန်မာပြည်သူတွေကို ထောက်ခံပါတယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ မေးခန်းဟောင်းတခုကို မေးနေကြ ၊ ဟိုတုန်းကလည်းမေးခဲ့တဲ့ မေးခန်းဟောင်းတခုကို ပြန်မေးပါရစေ။ Sanction လို့ခေါ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အလုပ်ဖြစ်ပါ့မလားခင်ဗျ မြန်မာနိုင်ငံမှာ။

Derek Mitchell ။ ။ ဒီဒဏ်ခတ်ပိတ်ဆို့မူနဲ့တော့ မလုံလောက်ပါဘူး။ စစ်တပ်နဲ့ အခြေနေပေါ် မူတည်ပါတယ်။ အခုလုပ်တဲ့ ကိစ္စဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးဆိုတာ တပ်ချုပ်လည်း သိပါလိမ့်မယ်။ သူတို့မကျေနပ်မှုရှိတယ်ဆိုရင် တရားဥပေဒဘောင်အတွင်းက လေးစားသမှုနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလုပ်ရပ်က အလွန်အကျွံ တ့ုံပြန်မှုဖြစ်ပြီး အခြေအနေကို ပိုဆိုးသွားစေခဲ့ပါတယ်။ တိုင်းပြည်အတွက်လည်း မကောင်းဘူး ။ စစ်တပ်အတွက်လည်း မကောင်းပါဘူး။

ဦးကျော်ဇံသာ။ ။ နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ် ၊ သူကတော့ ရိုဟင်ဂျာလို့ မခေါ်ပါဘူး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ လူတွေကို ၂ နိုင်ငံသဘောတူညီချက် တရပ်နဲ့ ပြန်လည်လက်ခံဖို့ သူလုပ်မယ်လို့ ဆိုပါတယ် ဒါရော ဘယ်လောက်ယုံကြည်လောက်တဲ့ ကိစ္စလဲခင်ဗျ၊ အကောင်အထည် ဖော်လာနိုင်ပါသလား။ တချိန်တည်းမှာလည်း တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကို ရှေ့တိုးအောငလုပ်မယ်လို့ ဆိုထားပါတယ်။

Derek Mitchell ။ ။ ဒီစကားကို သူတို့အရင်လည်း ပြေားဖူးပါတယ်။ ပြသာနာက ရိုဟင်ဂျာ်တွေပြန်လာရင် သူတို့အတွက် လုံခြုံမှု လွတ်လွတ်ခွင့်နဲ့ ဂုဏ်သိက္ခာရှိဖို့ သူတို့ လိုလားပါတယ်။ ဒါကို စစ်တပ်က မလုပ်ပါဘူး။ အခုတခါသူက ဒါကို အာမခံချက်ပေးနေတယ်။ သို့သော် စိတ်မချရပါဘူး။ သူတို့ဟာ အဲလိုလုပ်နိုင်တဲ့ တရားဝင်အစိုးရလည်းမဟုတ်ပါဘူး။ ငြိမ်းချမ်ရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ စကားတွေဟာလည်းပဲ သူတို့က တရားဝင်အစိုးရမဟုတ်ပါဘူး။

ဦးကျော်ဇံသာ။ ။ နောက်တခုကတော့ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ တောင်းဆိုတဲ့ ကိစ္စ ၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်ကို လွှတ်ပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီးတော့ တရုတ်ကလည်း ဒီအချိန်မှာ ပူးပေါင်းပါဝင်တာ တွေ့ရပါတယ်။ ဘယ်လောက်ထူးခြားမှု ရှိမယ်လို့ ထင်ပါသလဲ သံတမန်တဦးအနေနဲ့။

Derek Mitchell ။ ။ ထူးခြားပါတယ်။ အားတက်စရာပါ။ ဒီအာဏာသိမ်းမှုအတွက် တရုတ်လည်း သိပ်ကျေကျေနပ်နပ်မရှိပါဘူး။ နိုင်ငံတိုင်းအနေနဲ့လည်း ကျေနပ်စရာမရှိပါဘူး ။ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ အိန္ဒိယ၊ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံတွေအားလုံးအတွက် လက်ခံနိုင်တဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာ စစ်တပ်စုပေါင်းသတင်းစကားပါးနိုင်တဲ့အခြေအနေဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း လည်းဖြစ်၊ Derek Mitchell ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG