သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံုးရက္ေျမာက္ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး လူထုဆႏၵျပမႈမ်ား


ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ဆႏၵျပတဲ့ တတိယေန႔ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္တဲ့လုပ္ရပ္ကုိ ဆန္႔က်င္တဲ့ လမ္းေပၚထြက္ဆႏၵျပၾကတာ ဒီေန႔ဆုိရင္ ၃ ရက္ ရွိလာပါၿပီ။ ရန္ကုန္၊ မႏၱေလးနဲ႔ အစုိးရရံုးစုိက္ရာ ေနျပည္ေတာ္အပါအဝင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အစုိးရနဲ႔ ပုဂၢလိက လုပ္ငန္းေတြက ဝန္ထမ္းေတြအပါအဝင္ သိန္းနဲ႔ခ်ီတဲ့ ျပည္သူေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ပတ္သက္တဲ့ ေနာက္ဆုံးအေျခအေနေတြကိုေတာ့ ရန္ကုန္မွာ ကုိယ္တုိင္သတင္းယူထားတဲ့ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မစုစုက တင္ျပပါမယ္။

အရပ္သားအစုိးရ ေခါင္းေဆာင္ေတြကုိ ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းလုိက္တာကုိ ဆန္႔က်င္တဲ့အေနနဲ႔ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကတာ ၃ ရက္ေျမာက္ေန႔မွာေတာ့ ႏုိင္ငံအႏွံ႔က ၿမိဳ႕ေတြမွာ သိန္းနဲ႔ခ်ီတဲ့ လူေတြလည္း ပူးေပါင္းပါ၀င္လာၾကပါတယ္။ ဆႏၵျပပဲြေတြမွာေတာ့ အရပ္သားျပည္သူေတြ၊ အစုိးရနဲ႔ ပုဂၢလိက လုပ္ငန္းေတြက ၀န္ထမ္းေတြ၊ အလုပ္သမားေတြနဲ႔ ေက်ာင္းသားလူငယ္ေတြလည္း တက္တက္ၾကြၾကြ ပါ၀င္လာေနၾကတာပါ။ ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြမွာ ပါ၀င္သူတဦးျဖစ္တဲ့ ဒဂံုတကၠသုိလ္ေက်ာင္းသား ကုိေဝလင္းသစ္ကေတာ့ ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြမွာ ပူးေပါင္းဖုိ႔ ေရာက္လာခဲ့တာလုိ႔ ေျပာပါတယ္။

"က်ေနာ္တို႔ ဒီကိုလာတဲ့ ရည္႐ြယ္ခ်က္သည္ က်ေနာ္တို႔ ေက်ာင္းသားေတြမွာ အနာဂတ္ရွိတယ္၊ လူငယ္ေတြမွာ အနာဂတ္ရွိတယ္။ အဲဒီ ေက်ာင္းသားေတြ၊ လူငယ္ေတြရဲ႕ အနာဂတ္အတြက္ က်ေနာ္တို႔ ဒီလမ္းမေပၚကို ထြက္လာခဲ့တယ္။ ဒါအဓိကအေၾကာင္းရင္း။ အဲဒီေတာ့ ေျပာခ်င္တဲ့ Message ကလည္း တခုပဲရွိတယ္။ ဒီေတာ္လွန္ေရးကို က်ဳပ္တို႔ကႏိုင္ေအာင္တိုက္မွာ။ ဘယ္လိုပုံစံမ်ိဳးနဲ႔ျဖစ္ျဖစ္ ႏိုင္ေအာင္တိုက္မွာ။ အဲဒီေတာ့ က်ဳပ္တို႔ကရွင္းတယ္။ ျပည္သူေတြေရာ၊ ေက်ာင္းသားေတြေရာ၊ ဝန္ထမ္းေတြေရာ အကုန္ပါတယ္။ က်ေနာ္တို႔ကို ေျပာထားၿပီးသား Civil Disobedience Movement ကိုလုပ္ပါ။ ၿပီးေတာ့ က်ေနာ္တို႔ျပည္သူေတြနဲ႔ တသားတည္းေနပါ။ က်ဳပ္တို႔သည္ ဒီေတာ္လွန္ေရးကို ႏိုင္ေအာင္တိုက္မွာ။ ဒီ ၂၀၂၁ မ်ိဳးဆက္က ဒီအာဏာရွင္စနစ္ရဲ႕ ေနာက္ဆုံးမ်ိဳးဆက္ပဲ ျဖစ္ရမယ္။ က်ဳပ္တို႔ေနာက္မွာ ဘယ္သူမွ မရွိေစရဘူး။ ဒီအာဏာရွင္စနစ္ရဲ႕ ဒဏ္ကို က်ဳပ္တို႔ေနာက္ဆုံးခံမယ္။"

စစ္တပ္ရဲ႕ အုပ္ခ်ဳပ္မႈကုိ ဆန္႔က်င္တဲ့အေနနဲ႔ အလုပ္မဆင္းဘဲ ေနၾကဖုိ႔ ၿငိမ္းခ်မ္းစြာ အာဏာဖီဆန္ၾကဖုိ႔ တုိက္တြန္းမႈေတြ ထြက္ေပၚလာခဲ့ၿပီး ေနာက္မွာေတာ့ အုပ္ခ်ဳပ္မႈ ယႏၱရားနဲ႔ ဘဏ္လုပ္ငန္း အပါအဝင္ လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ားလည္း ရပ္ဆုိင္းေနပါတယ္။ အစုိးရရံုးဝန္ထမ္းေတြ အမ်ားစုေနထုိင္ရာ ေနျပည္ေတာ္ေကာင္စီမွာလည္း လမ္းေပၚထြက္ဆႏၵျပသူေတြ ရွိေနၿပီး ဒီကေန႔ ဆႏၵျပပြဲမွာေတာ့ မီးသတ္ပုိက္နဲ႔ပက္ၿပီး လူစုခြဲတာကေန ထိခိုက္ဒဏ္ရာရသူေတြလည္း ရွိခဲ့ပါတယ္။ ေနျပည္ေတာ္က ဆႏၵျပသူတဦးျဖစ္တဲ့ မအိအိျဖိဳးကေတာ့ အရပ္သားအစုိးရ ေခါင္းေဆာင္ေတြကုိ ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းတာကုိ လက္မခံႏုိင္လုိ႔ လႈပ္ရွားမႈမွာ ပူးေပါင္းပါ၀င္ခဲ့တာလုိ႔ ေျပာပါတယ္။

"မတရားသိမ္းပိုက္ထားတဲ့ ဒီစစ္အာဏာရွင္ႀကီးကို အလိုမရွိဘူး။ ဒီစစ္အာဏာရွင္ကေနၿပီးေတာ့ သိမ္းထားတဲ့ သမၼတႀကီးနဲ႔တကြ က်န္တဲ့ ထိန္းသိမ္းခံထားရတဲ့သူေတြ အားလုံးကို ျပန္ၿပီးေတာ့ လြတ္ေစခ်င္တယ္။ အထိန္းသိမ္းခံရတဲ့ စနစ္ေအာက္မွာ မေနခ်င္ဘူး။ ကိုယ္ႀကိဳက္တာကို လြတ္လပ္စြာေဖာ္ထုတ္ႏိုင္ခြင့္ ရွိရမယ္။ အဲဒီလိုမ်ိဳးမွာ ေနခ်င္တယ္ရွင့္။"

မႏၱေလးတိုင္းမွာလည္း ၿငိမ္းခ်မ္းစြာ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ တကၠသုိလ္ဆရာ၊ ဆရာမေတြ အမ်ားစု ပါဝင္လာေနၿပီလုိ႔လည္း အထက္ျမန္မာျပည္တကၠသုိလ္ ဆရာ၊ ဆရာမမ်ားသမဂၢ ဥကၠ႒လည္းျဖစ္ မႏၱလာတကၠသိုလ္၊ အဂၤလိပ္စာဌာနက တြဲဖက္ပါေမာကၡ ဦးသုတကေျပာပါတယ္။

"ဒီေန႔ ရတနာပံုတကၠသုိလ္၊ မႏၱလာတကၠသုိလ္နဲ႔ ဒီမႏၱေလးၿမိဳ႕ေပၚမွာရွိတဲ့ တကၠသုိလ္ေတာ္ေတာ္မ်ားမ်ားကေတာ့ ဆရာ၊ ဆရာမ ဝန္ထမ္းအားလံုးက ေက်ာင္းမသြားၾကဘူး။ ဒီ CDM ကို တေလးတစားေလး ေဆာင္ရြက္ေနပါတယ္ခင္ဗ်။ မနက္ျဖန္မွာလည္း က်ေနာ္တို႔ဆက္ၿပီးေတာ့ ၿငိမ္းခ်မ္းစြာ လွည့္လည္ၿပီးေတာ့လုပ္ဖို႔ အစီအစဥ္ေတြလုပ္ေနပါတယ္။ အရင္တုန္းကေတာ့ က်ေနာ္တို႔က ၈၈ တုန္းကလည္း ျဖတ္သန္းခဲ့ရတာေပါ့ေနာ္။ ဒီဟာက ၈၈ တုန္းက ပံုစံနဲ႔မတူဘူး။ အခုဟာက ဝန္ထမ္းထုက စလိုက္တာေလ။ CDM လုပ္မယ္ဆုိေတာ့ အဲဒီမွာ အခ်ိဳးအေကြ႕တခု ျဖစ္သြားတာေပါ့ေနာ္။ ၿပီးေတာ့ ဝန္ထမ္းေတြက နည္းပညာေခတ္ဆုိေတာ့ စုိးရိမ္ထိတ္လန္႔မႈလည္း မရွိေတာ့ဘူး။ အဲဒါေၾကာင့္ က်ေနာ္တို႔ကေတာ့ ဒီဟာကုိ လံုးဝအၾကြင္းမဲ့ ေအာင္ျမင္မယ္လုိ႔ ယံုၾကည္ပါတယ္ခင္ဗ်။ ဘာေၾကာင့္လဲဆုိေတာ့ ျပည္သူ႔အာဏာက ျပည္သူ႔လက္ထဲ ျပန္ေရာက္ရမယ္။"

လမ္းေပၚထြက္ ဆႏၵျပပြဲေတြျဖစ္ခဲ့တဲ့ ဒုတိယေန႔ မေန႔တုန္းကလည္း ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မွာ ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႕ေတြက ရာဘာက်ည္နဲ႔ပစ္ခတ္ၿပီး လူစုခြဲဖို႔ႀကိဳးစားခဲ့တာေၾကာင့္ ဆႏၵျပသူတခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ႏုိင္ငံအႏွံ႕ေပၚေပါက္ေနတဲ့ ဆႏၵျပပြဲေတြ အရွိန္ေကာင္းလာေနခ်ိန္မွာပဲ ေသြးထုိးလႈံ႕ေဆာ္မႈေတြနဲ႔ ဆူပူမႈေတြကုိ ဦးတည္မသြားေအာင္လည္း ဆႏၵျပပြဲမွာ ဦးေဆာင္သူေတြ၊ ႏိုင္ငံေရး ေခါင္းေဆာင္ေတြက သတိေပးေနၾကတာပါ။

စစ္တပ္ကေတာ့ ႏုိင္ငံေတာ္ ေအးခ်မ္းသာယာေရး၊ အမ်ားျပည္သူ ေဘးကင္းေရးနဲ႔ တရားဥပေဒ စုိးမုိးေရး ေႏွာက္ယွက္ဖ်က္ဆီးသူေတြကုိ အေရးယူမွာျဖစ္ေၾကာင္း ဒီကေန႔ပဲ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဆႏၵျပပြဲေတြ ႀကီးထြားလာေနတဲ့ တခ်ိန္တည္းမွာပဲ ေနအိမ္မွာအက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းခံထားရတဲ့ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ စစ္ကုိင္းတိုင္းဝန္ႀကီးခ်ဳပ္တို႔ကုိ လံုျခံဳေရးအာဏာပိုင္ေတြက ဒီကေန႔ပဲ ေနာက္တႀကိမ္ ဖမ္းဆီးသြားပါတယ္။

ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဆႏၵျပသူေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔ေတြက အင္အားသုံး ႏွိမ္နင္းတာ အေရးယူတာမ်ဳိးေတြ မလုပ္ဖု႔ိလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သုံးရက်မြောက် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလူထုဆန္ဒပြမှုများ

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြကြတာ ဒီနေ့ဆိုရင် ၃ ရက် ရှိလာပါပြီ။ ရန်ကုန်၊ မန္တလေးနဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော်အပါအဝင် နေရာတော်တော်များများမှာ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းတွေအပါအဝင် သိန်းနဲ့ချီတဲ့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ရန်ကုန်မှာ ကိုယ်တိုင်သတင်းယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မစုစုက တင်ပြပါမယ်။

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ၃ ရက်မြောက်နေ့မှာတော့ နိုင်ငံအနှံ့က မြို့တွေမှာ သိန်းနဲ့ချီတဲ့ လူတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ဆန္ဒပြပွဲတွေမှာတော့ အရပ်သားပြည်သူတွေ၊ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားလူငယ်တွေလည်း တက်တက်ကြွကြွ ပါဝင်လာနေကြတာပါ။ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဝေလင်းသစ်ကတော့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဖို့ ရောက်လာခဲ့တာလို့ ပြောပါတယ်။

"ကျနော်တို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်သည် ကျနော်တို့ ကျောင်းသားတွေမှာ အနာဂတ်ရှိတယ်၊ လူငယ်တွေမှာ အနာဂတ်ရှိတယ်။ အဲဒီ ကျောင်းသားတွေ၊ လူငယ်တွေရဲ့ အနာဂတ်အတွက် ကျနော်တို့ ဒီလမ်းမပေါ်ကို ထွက်လာခဲ့တယ်။ ဒါအဓိကအကြောင်းရင်း။ အဲဒီတော့ ပြောချင်တဲ့ Message ကလည်း တခုပဲရှိတယ်။ ဒီတော်လှန်ရေးကို ကျုပ်တို့ကနိုင်အောင်တိုက်မှာ။ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် နိုင်အောင်တိုက်မှာ။ အဲဒီတော့ ကျုပ်တို့ကရှင်းတယ်။ ပြည်သူတွေရော၊ ကျောင်းသားတွေရော၊ ဝန်ထမ်းတွေရော အကုန်ပါတယ်။ ကျနော်တို့ကို ပြောထားပြီးသား Civil Disobedience Movement ကိုလုပ်ပါ။ ပြီးတော့ ကျနော်တို့ပြည်သူတွေနဲ့ တသားတည်းနေပါ။ ကျုပ်တို့သည် ဒီတော်လှန်ရေးကို နိုင်အောင်တိုက်မှာ။ ဒီ ၂၀၂၁ မျိုးဆက်က ဒီအာဏာရှင်စနစ်ရဲ့ နောက်ဆုံးမျိုးဆက်ပဲ ဖြစ်ရမယ်။ ကျုပ်တို့နောက်မှာ ဘယ်သူမှ မရှိစေရဘူး။ ဒီအာဏာရှင်စနစ်ရဲ့ ဒဏ်ကို ကျုပ်တို့နောက်ဆုံးခံမယ်။"

စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အလုပ်မဆင်းဘဲ နေကြဖို့ ငြိမ်းချမ်းစွာ အာဏာဖီဆန်ကြဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်လာခဲ့ပြီး နောက်မှာတော့ အုပ်ချုပ်မှု ယန္တရားနဲ့ ဘဏ်လုပ်ငန်း အပါအဝင် လုပ်ငန်းတွေ တော်တော်များများလည်း ရပ်ဆိုင်းနေပါတယ်။ အစိုးရရုံးဝန်ထမ်းတွေ အများစုနေထိုင်ရာ နေပြည်တော်ကောင်စီမှာလည်း လမ်းပေါ်ထွက်ဆန္ဒပြသူတွေ ရှိနေပြီး ဒီကနေ့ ဆန္ဒပြပွဲမှာတော့ မီးသတ်ပိုက်နဲ့ပက်ပြီး လူစုခွဲတာကနေ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ နေပြည်တော်က ဆန္ဒပြသူတဦးဖြစ်တဲ့ မအိအိဖြိုးကတော့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်လို့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တာလို့ ပြောပါတယ်။

"မတရားသိမ်းပိုက်ထားတဲ့ ဒီစစ်အာဏာရှင်ကြီးကို အလိုမရှိဘူး။ ဒီစစ်အာဏာရှင်ကနေပြီးတော့ သိမ်းထားတဲ့ သမ္မတကြီးနဲ့တကွ ကျန်တဲ့ ထိန်းသိမ်းခံထားရတဲ့သူတွေ အားလုံးကို ပြန်ပြီးတော့ လွတ်စေချင်တယ်။ အထိန်းသိမ်းခံရတဲ့ စနစ်အောက်မှာ မနေချင်ဘူး။ ကိုယ်ကြိုက်တာကို လွတ်လပ်စွာဖော်ထုတ်နိုင်ခွင့် ရှိရမယ်။ အဲဒီလိုမျိုးမှာ နေချင်တယ်ရှင့်။"

မန္တလေးတိုင်းမှာလည်း ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ တက္ကသိုလ်ဆရာ၊ ဆရာမတွေ အများစု ပါဝင်လာနေပြီလို့လည်း အထက်မြန်မာပြည်တက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ် မန္တလာတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနက တွဲဖက်ပါမောက္ခ ဦးသုတကပြောပါတယ်။

"ဒီနေ့ ရတနာပုံတက္ကသိုလ်၊ မန္တလာတက္ကသိုလ်နဲ့ ဒီမန္တလေးမြို့ပေါ်မှာရှိတဲ့ တက္ကသိုလ်တော်တော်များများကတော့ ဆရာ၊ ဆရာမ ဝန်ထမ်းအားလုံးက ကျောင်းမသွားကြဘူး။ ဒီ CDM ကို တလေးတစားလေး ဆောင်ရွက်နေပါတယ်ခင်ဗျ။ မနက်ဖြန်မှာလည်း ကျနော်တို့ဆက်ပြီးတော့ ငြိမ်းချမ်းစွာ လှည့်လည်ပြီးတော့လုပ်ဖို့ အစီအစဉ်တွေလုပ်နေပါတယ်။ အရင်တုန်းကတော့ ကျနော်တို့က ၈၈ တုန်းကလည်း ဖြတ်သန်းခဲ့ရတာပေါ့နော်။ ဒီဟာက ၈၈ တုန်းက ပုံစံနဲ့မတူဘူး။ အခုဟာက ဝန်ထမ်းထုက စလိုက်တာလေ။ CDM လုပ်မယ်ဆိုတော့ အဲဒီမှာ အချိုးအကွေ့တခု ဖြစ်သွားတာပေါ့နော်။ ပြီးတော့ ဝန်ထမ်းတွေက နည်းပညာခေတ်ဆိုတော့ စိုးရိမ်ထိတ်လန့်မှုလည်း မရှိတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ကတော့ ဒီဟာကို လုံးဝအကြွင်းမဲ့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့အာဏာက ပြည်သူ့လက်ထဲ ပြန်ရောက်ရမယ်။"

လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့ ဒုတိယနေ့ မနေ့တုန်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့တွေက ရာဘာကျည်နဲ့ပစ်ခတ်ပြီး လူစုခွဲဖို့ကြိုးစားခဲ့တာကြောင့် ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံအနှံ့ပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေ အရှိန်ကောင်းလာနေချိန်မှာပဲ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ဆူပူမှုတွေကို ဦးတည်မသွားအောင်လည်း ဆန္ဒပြပွဲမှာ ဦးဆောင်သူတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေက သတိပေးနေကြတာပါ။

စစ်တပ်ကတော့ နိုင်ငံတော် အေးချမ်းသာယာရေး၊ အများပြည်သူ ဘေးကင်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး နှောက်ယှက်ဖျက်ဆီးသူတွေကို အရေးယူမှာဖြစ်ကြောင်း ဒီကနေ့ပဲ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ ကြီးထွားလာနေတဲ့ တချိန်တည်းမှာပဲ နေအိမ်မှာအကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ကို လုံခြုံရေးအာဏာပိုင်တွေက ဒီကနေ့ပဲ နောက်တကြိမ် ဖမ်းဆီးသွားပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး နှိမ်နင်းတာ အရေးယူတာမျိုးတွေ မလုပ်ဖု့ိလည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG