သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်မြန်မာအလုပ်သမားများ စစ်အာဏာသိမ်းမှုဆန့်ကျင်


ထိုင်းနယ်စပ်မြန်မာအလုပ်သမားများ စစ်အာဏာသိမ်းမှုဆန့်ကျင်
ထိုင်းနယ်စပ်မြန်မာအလုပ်သမားများ စစ်အာဏာသိမ်းမှုဆန့်ကျင်

{{Zawgyi/Uicode}}

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်ကြတဲ့အထဲ ထိုင်းနိုင်ငံနယ်စပ်က မြန်မာအလုပ်သမားတွေလည်း ပါဝင်လာပါတယ်။ မြန်မာနိုင်ငံနဲ့နယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာအလုပ်သမားတွေ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ဘယ်လိုပါဝင် ဆင်နွှဲနေသလဲဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာ ဖြစ်ပါတယ်။

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်း၊ ပြည်ပ ပြန့်နှံ့လာနေရာမှာ မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့က မြန်မာအလုပ်သမားတွေလည်း ပါဝင်လာကြပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ တတ်နိုင်တဲ့နည်းနဲ့ လှုပ်ရှားမှုမှာ ပါဝင်လာကြတာပါ။

မဲဆောက်မြို့က စက်ရုံအလုပ်သမားတယောက်ကတော့ ဆန္ဒပြတောင်းဆိုတာတွေ မလုပ်နိုင်ပေမဲ့ တတ်နိုင်တဲ့နည်းနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့က ၂ဝ၂ဝ က ကျနော်တို့အစိုးရကို တအားမျှော်လင့်တာလေ ၂ဝ၂၁ တက်လာပြီးရင် ကျနော်တို့လည်းနောက် ၂ နှစ်လောက်ဆို ကျနော်တို့ ပြန်လို့ရပြီဆိုပြီး တအားမျှော်လင့်ထားတာ။ အခုတော့ကျနော်တို့မျှော်လင့်ချက်တွေအကုန်လုံးက အစရှာလို့မရတော့ဘူး။ မြန်မာပြည်သူ ပြည်သားတွေနဲ့အတူ ထပ်တူခံစားရတယ်။ ဆန္ဒထုတ်ဖော်ရတာတော့ ကိုဗစ်ကာလမဲဆောက်မှာ အရေးပေါ်ကာလဆိုတော့ ခွင့်ပြုချက်မရတော့ တတ်နိုင်သလောက်ဆုတောင်းပေးတယ်။ အကျီလေးတွေဝတ်ပြီးဆန္ဒထုတ်ဖော်တယ် အဲဒီလောက်ပဲ ကျနော်တို့လုပ်နိုင်ကြတာပါ။”

တာ့ခ်ခရိုင်ဟာ ကိုဗစ်ကာကွယ်ထိမ်းချုပ်ရေးအတွက် အထူးစောင့်ကြည့်ခံထားရတဲ့ ဒေသဖြစ်တာကြောင့် လူစုလူဝေးနဲ့ ဆန္ဒပြတာတွေကို ကန့်သတ်ထားပါတယ်။ ဒါကြောင့်လည်း မြန်မာအလုပ်သမားတွေက စက်ရုံတွင်းနဲ့ နေထိုင်ရာပတ်ဝန်းကျင်မှာ ဆန္ဒပြလှုပ်ရှားတာ၊ ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအနီး လူအနည်းအကျဉ်းနဲ့ စုဝေးဆန္ဒပြတာတွေမျိုးတွေကိုသာ လုပ်ကြပါတယ်။

မဲဆောက်မြို့ အပါအဝင် တာခ်ခရိုင်ထဲမှာရှိကြတဲ့ မြန်မာအလုပ်သမားတွေကတော့ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်လှုပ်ရှားမှုတွေအတွက် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကူညီနေကြတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားမှုအဖွဲ့ ရောင်ခြည်ဦးက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမိုးကျော်က ပြောပါတယ်။

“ပထမဦးဆုံးက သူတိုကအနီရောင်ဝတ်စုံလေးတွေဝတ်ပြီး CDM ကိုထောက်ခံတယ်ဆိုပြီး စက်ရုံတွေထဲမှာလှုပ်ရှားလာတာရှိတယ်။ မယ်တောင်ဘက်က တော့ဖောင်းစက်ရုံလို စက်ရုံကြီးတွေရှိတဲ့ ဘက်မှာလှုပ်ရှားလာကြတာရှိတယ်။ မြန်မာအလုပ်သမားတွေက ပြောင်းလဲလာတာက သူတို့က ထောက်ပံ့မူတွေဘက်ကိုပြောင်းလာတယ်။ သူတို့အချင်းအချင်းသတင်းဖလှယ်တာတွေက အင်တာနက်တွေဖြတ်တောက်တာတွေ ဖိနှိပ်မူတွေနောက်ဆက်တွဲဖြစ်ရပ်တွေရှိလာနိုင်တာကိုကြိုမြင်တော့ ဘာဖြစ်လာလဲဆိုတော့ အင်တာနက်လုပ်လို့်ရတဲ့ ထိုင်းဆင်းကဒ်တွေကိုငွေဖြည့်လာတာမျိုးရှိတယ်။ ၂၅ နိုင်ငံဆက်လို့ရတဲ့ အင်တာနက်ဆင်းကဒ်တွေကို ဝယ်ပြီးလှူလာတာတွေရှိလာတယ်”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိုင်းနိုင်ငံမှာ သာမက အာရှနိုင်ငံတွေနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း ကန့်ကွက်ဆန္ဒပြ လှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်နေကြပါတယ်ရှင်။

...............................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}







XS
SM
MD
LG