သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္ နဲ႔ ကယားျပည္နယ္က စစ္အာဏာသိမ္းမႈဆန္႔က်င္ေရးဆႏၵျပပဲြ


မြန္ျပည္နယ္မွာေတြ႔ရတဲ့ စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ဓါတ္ပုံ - BB)

{{Zawgyi/Unicode}}

တပ္မေတာ္ကေန အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ကုိ ျမန္မာႏုိင္ငံေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆန္႔က်င္ဆႏၵျပေနၾက တဲ့အထဲ တုိင္းရင္းသားေဒသေတြျဖစ္ၾကတဲ့ မြန္ျပည္နယ္နဲ႔ ကယားျပည္နယ္ဖက္မွာလည္း ဒီကေန႔ လူေပါင္းေထာင္ ေသာင္းခ်ီ ပါ၀င္ခဲ့ၾကပါတယ္။ ကယားျပည္နယ္ဖက္မွာေတာ့ လုံျခဳံေရးရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕လဲ သပိတ္စစ္ေၾကာင္းထဲ ပူးေပါင္းပါဝင္လာၾကပါတယ္။
မြန္ျပည္နယ္နဲ႔ ကယားျပည္နယ္က ဆႏၵျပပဲြ ေနာက္ဆုံးအေျခအေနေတြကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္က ေျပာျပေပးမွာပါ။

စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ မြန္ျပည္နယ္နဲ႔ ကယားျပည္နယ္က အဓိကၿမိဳ႕ႀကီးေတြမွာ ဒီကေန႔ ဆက္လက္ေပၚ ေပါက္ ေနရာမွာ လူေပါင္းေထာင္ေသာင္းခ်ီ ပါ၀င္ခဲ့ၾကတာပါ။
ကယားျပည္နယ္၊ လြိဳင္ေကာ္ျမိဳ႕ ဆႏၵျပပြဲမွာေတာ့ ရဲတပ္ဖြဲ႕ဝင္ အင္အား ၄၀ ေက်ာ္လာေရာက္ ပူးေပါင္း ပါ၀င္ခဲ့ပါတယ္။ ဆႏၵပဲြမွာ ပါ၀င္ခဲ့ၾကတဲ့ ရဲတပ္ဖဲြ႔၀င္ေတြကုိ အာဏာပုိင္ေတြ ဖမ္းဆီးဖုိ႔ ႀကိဳးစားမႈေတြ ရွိခဲ့ေၾကာင္းလည္း လႈပ္ရွားမႈမွာ ပါ၀င္ခဲ့တဲ့ ကိုက်ာ္ထင္ေအာင္က ေျပာပါတယ္။

“ရဲေတြပါ၀င္လာျပီးေတာ့ နဂိုလ္(၄၀)ကေန အခု(၄၉) ေယာက္ သူတို႕ကိုအကုန္၀ိုင္းဖမ္းေတာ့ ကြ်န္ေတာ္တို႕ လူထု ေတြ ျပန္ျပီးေတာ့မွ သူတို႕ေတြကို မဖမ္းဖို႕နဲ႕ လူထုလက္ျပန္အပ္ဖို႕ ပုံစံနဲ႕ကို ျပန္ျပီးေတာ့မွဖိအားေပးရတဲ့ အေနအထားျဖစ္သြားတယ္။ အခုကေတာ့သူတို႕ေတြကို ဆြဲထုတ္ျပီးတာနဲ႕အရပ္၀တ္ေျပာင္းျပီးေတာ့ သူတို႕ေတြကို တာ၀န္ယူ ေပးမဲ့သူေတြဆီ ကိုေတာ့ပို႕လိုက္တယ္ေပါ့။ တကယ္လို႕ၾကားထဲမွာအဆင္မေျပေသးဘူးဆိုရင္ေတာ့ လက္ခံေပးတဲ့ ေနရာေတြကိုေတာ့ သူတို႕သြားၾကတယ္ေပါ့။”

သပိတ္မွာပူးေပါင္းပါ၀င္တဲ့ရဲေတြဖမ္းဆီးရာမွာ လြိဳင္ေကာ္ၿမိဳ႕နယ္ ဘာဒိုေက်း႐ြာ လယ္ကြင္းမွာပိတ္မိေနစဥ္ ေဒသခံ ျပည္သူေတြကေန လာေရာက္ဖမ္းဆီးတဲ့ လုံျခံဳေရးတပ္ဖြြဲ႕၀င္ေတြကို ၀ိုင္းပတ္ပိတ္ထားျပီး ဆႏၵျပ ရဲတပ္ဖြဲ႕ဝင္ေတြကို ကယ္ထုတ္သြားတယ္လို႔လည္း ေျပာပါတယ္။ လြိဳင္ေကာ္ၿမိဳ႕က ဆႏၵျပသူေတြနဲ႔ ပူးေပါင္းခဲ့တဲ့ ရဲတပ္ဖြဲ႔၀င္၀တ္စုံ ဝတ္ဆင္ထားသူေတြဟာ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔က တပ္ဖဲြ႔၀င္ေတြ မဟုတ္ဘဲ ေဒသခံေတြ အလုပ္အကိုင္အခြင့္အလမ္းအတြက္ ခန္႔အပ္ထားသူေတြသာ ျဖစ္ေၾကာင္း တပ္မေတာ္က ဒီကေန႔ပဲ သတင္းထုတ္ျပန္ထားပါတယ္။

ကယားျပည္နယ္ ဖရူဆို ရွားေတာျမိဳ႕နယ္ဖက္မွာလည္း ဒီကေန႔ ဆႏၵျပခဲ့ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အလားတူ တုိင္းရင္းသားနယ္ေျမတခုျဖစ္တဲ့ မြန္ျပည္နယ္ေမာ္လျမဳိင္ျမိဳ႕မွာေတာ့ ေက်ာင္းသားလူငယ္ေတြ ဦးေဆာင္ျပီး ဒီကေန႔မွာလဲ ဆႏၵျပခဲ့ၾကတယ္လို႔လည္း လူငယ္ တက္ၾကြလွဳပ္ရွားသူ ကိုၾကည္ေဇာ္လြင္က ေျပာပါတယ္။

“ဆႏၵျပတာေတာ့ရွိေနတုန္းဘဲ။ လူေတြေရာ ဆိုင္ကယ္ေတြေရာေပါ့။ ၀န္ထမ္းေတြအဖြဲ႕စုေတြကေတာ့ လူစုခြဲလိုက္တယ္။ ကြ်န္ေတာ္တို႕ တသိန္းေလာက္ေတာ့ရွိမယ္ထင္တယ္။ ဘာျဖစ္လဲဆိုေတာ့ သုံးမိုင္ ေလးမိုင္လမ္းကအျပည့္ဘဲ။ လုံျခံဳေရးတပ္ဖြဲ႕ကပိတ္ဆို႕တာေပါ့ေနာ္။ တျခားလမ္းကပိတ္ဆို႕တာရွိတယ္။ ဒါေပမဲ့ေရွာင္ျပီးဆႏၵေဖာ္ထုတ္တာေပါ့။ ဥပမာ သူတို႕ေရွ႕ကေနပိတ္ရင္ ေနာက္တလမ္းကေန သြားလိုက္တာမ်ိဳးေပါ့။ ေရွာင္ရင္းတိမ္းရင္းနဲ႕ ဆႏၵေဖာ္ထုတ္ေနတုန္းဘဲ။”

ေမာ္လျမိဳင္ျမိဳ႕ဆႏၵျပပြဲမွာ ၀န္ထမ္းအင္အားစုေတြလဲပါ၀င္လာခဲ့ၾကသလို ေက်ာင္းသားလူငယ္အဖြဲ႕ေတြေတာ့ ဆက္ လက္ဆႏၵျပေနဆဲလို႕ကိုၾကည္ေဇာ္လြင္ကဆိုပါတယ္။
အလားတူသထုံျမိဳ႕မွာလဲ လူထုဆႏၵျပရာမွာ လုံျခံဳေရးတပ္ဖြဲ႕ကေန ဟန္႕တားတာရွိခဲ့တယ္လို႕ သထုံျမိဳ႕တက္ၾကြ လွဳပ္ရွားသူ လူငယ္ ေအာင္ကိုကိုလြင္ကေျပာပါတယ္။

“ဟုတ္ကဲ့ ဒီေန႕ေတာ့ဦးေရကေတာ္ေတာ္မ်ားတယ္။ ေသာင္းဂဏန္းေလာက္ေတာ့ရွိမယ္။ လုံျခံဳေရးတပ္ဖြဲ႕ေတြ တား ျမစ္တာေတြရွိပါတယ္။ ရဲတပ္ဖြဲ႕မွဴးေတြ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ လာေရာက္ျပီးတာဒတာရွိပါတယ္။ ဒါေပမဲ့ ရုန္းရင္းဆန္ခတ္ေတာ့ မရွိပါဘူး။”
မြန္ျပည္နယ္အတြင္းမွာေတာ့ က်ိဳက္ထို ဘီလင္း သထုံ ေပါင္ ေမာ္လျမိဳင္ အစရွိတဲျမိဳ႕နယ္(၈)ျမိဳ႕နယ္မွာလည္း ဆႏၵျပခဲ့ၾကပါတယ္။ နိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္နဲ႕ သမၼတဦး၀င္းျမင့္အပါ၀င္ အရပ္သားအစုိးရေခါင္းေဆာင္ေတြကုိ ဖမ္းဆီးဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ျမန္မာႏုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆႏၵျပပဲြေတြ ဆက္တုိက္ေပၚေပါက္ေနတာပါ။ ဆႏၵျပသူေတြကေတာ့ စစ္အာဏာသိမ္းမႈ အဆုံးသတ္ေရး၊ ဖမ္းဆီးထားတဲ့ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကုိ ျပန္္လႊတ္ေပးဖုိ႔ ေတာင္းဆုိေနတာ ျဖစ္ပါတယ္ခင္ဗ်ာ။

...............................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

တပ်မတော်ကနေ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဆန့်ကျင်ဆန္ဒပြနေကြ တဲ့အထဲ တိုင်းရင်းသားဒေသတွေဖြစ်ကြတဲ့ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်ဖက်မှာလည်း ဒီကနေ့ လူပေါင်းထောင် သောင်းချီ ပါဝင်ခဲ့ကြပါတယ်။ ကယားပြည်နယ်ဖက်မှာတော့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တချို့လဲ သပိတ်စစ်ကြောင်းထဲ ပူးပေါင်းပါဝင်လာကြပါတယ်။
မွန်ပြည်နယ်နဲ့ ကယားပြည်နယ်က ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်က အဓိကမြို့ကြီးတွေမှာ ဒီကနေ့ ဆက်လက်ပေါ် ပေါက် နေရာမှာ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြတာပါ။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဆန္ဒပြပွဲမှာတော့ ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်လာရောက် ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ ဆန္ဒပွဲမှာ ပါဝင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အာဏာပိုင်တွေ ဖမ်းဆီးဖို့ ကြိုးစားမှုတွေ ရှိခဲ့ကြောင်းလည်း လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကိုကျာ်ထင်အောင်က ပြောပါတယ်။

“ရဲတွေပါဝင်လာပြီးတော့ နဂိုလ်(၄၀)ကနေ အခု(၄၉) ယောက် သူတို့ကိုအကုန်ဝိုင်းဖမ်းတော့ ကျွန်တော်တို့ လူထု တွေ ပြန်ပြီးတော့မှ သူတို့တွေကို မဖမ်းဖို့နဲ့ လူထုလက်ပြန်အပ်ဖို့ ပုံစံနဲ့ကို ပြန်ပြီးတော့မှဖိအားပေးရတဲ့ အနေအထားဖြစ်သွားတယ်။ အခုကတော့သူတို့တွေကို ဆွဲထုတ်ပြီးတာနဲ့အရပ်ဝတ်ပြောင်းပြီးတော့ သူတို့တွေကို တာဝန်ယူ ပေးမဲ့သူတွေဆီ ကိုတော့ပို့လိုက်တယ်ပေါ့။ တကယ်လို့ကြားထဲမှာအဆင်မပြေသေးဘူးဆိုရင်တော့ လက်ခံပေးတဲ့ နေရာတွေကိုတော့ သူတို့သွားကြတယ်ပေါ့။”

သပိတ်မှာပူးပေါင်းပါဝင်တဲ့ရဲတွေဖမ်းဆီးရာမှာ လွိုင်ကော်မြို့နယ် ဘာဒိုကျေးရွာ လယ်ကွင်းမှာပိတ်မိနေစဉ် ဒေသခံ ပြည်သူတွေကနေ လာရောက်ဖမ်းဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဝိုင်းပတ်ပိတ်ထားပြီး ဆန္ဒပြ ရဲတပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်သွားတယ်လို့လည်း ပြောပါတယ်။ လွိုင်ကော်မြို့က ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ဝတ်စုံ ဝတ်ဆင်ထားသူတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းအတွက် ခန့်အပ်ထားသူတွေသာ ဖြစ်ကြောင်း တပ်မတော်က ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ် ဖရူဆို ရှားတောမြို့နယ်ဖက်မှာလည်း ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ တိုင်းရင်းသားနယ်မြေတခုဖြစ်တဲ့ မွန်ပြည်နယ်မော်လမြိုင်မြို့မှာတော့ ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ဒီကနေ့မှာလဲ ဆန္ဒပြခဲ့ကြတယ်လို့လည်း လူငယ် တက်ကြွလှုပ်ရှားသူ ကိုကြည်ဇော်လွင်က ပြောပါတယ်။

“ဆန္ဒပြတာတော့ရှိနေတုန်းဘဲ။ လူတွေရော ဆိုင်ကယ်တွေရောပေါ့။ ဝန်ထမ်းတွေအဖွဲ့စုတွေကတော့ လူစုခွဲလိုက်တယ်။ ကျွန်တော်တို့ တသိန်းလောက်တော့ရှိမယ်ထင်တယ်။ ဘာဖြစ်လဲဆိုတော့ သုံးမိုင် လေးမိုင်လမ်းကအပြည့်ဘဲ။ လုံခြုံရေးတပ်ဖွဲ့ကပိတ်ဆို့တာပေါ့နော်။ တခြားလမ်းကပိတ်ဆို့တာရှိတယ်။ ဒါပေမဲ့ရှောင်ပြီးဆန္ဒဖော်ထုတ်တာပေါ့။ ဥပမာ သူတို့ရှေ့ကနေပိတ်ရင် နောက်တလမ်းကနေ သွားလိုက်တာမျိုးပေါ့။ ရှောင်ရင်းတိမ်းရင်းနဲ့ ဆန္ဒဖော်ထုတ်နေတုန်းဘဲ။”

မော်လမြိုင်မြို့ဆန္ဒပြပွဲမှာ ဝန်ထမ်းအင်အားစုတွေလဲပါဝင်လာခဲ့ကြသလို ကျောင်းသားလူငယ်အဖွဲ့တွေတော့ ဆက် လက်ဆန္ဒပြနေဆဲလို့ကိုကြည်ဇော်လွင်ကဆိုပါတယ်။
အလားတူသထုံမြို့မှာလဲ လူထုဆန္ဒပြရာမှာ လုံခြုံရေးတပ်ဖွဲ့ကနေ ဟန့်တားတာရှိခဲ့တယ်လို့ သထုံမြို့တက်ကြွ လှုပ်ရှားသူ လူငယ် အောင်ကိုကိုလွင်ကပြောပါတယ်။

“ဟုတ်ကဲ့ ဒီနေ့တော့ဦးရေကတော်တော်များတယ်။ သောင်းဂဏန်းလောက်တော့ရှိမယ်။ လုံခြုံရေးတပ်ဖွဲ့တွေ တား မြစ်တာတွေရှိပါတယ်။ ရဲတပ်ဖွဲ့မှူးတွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လာရောက်ပြီးတာဒတာရှိပါတယ်။ ဒါပေမဲ့ ရုန်းရင်းဆန်ခတ်တော့ မရှိပါဘူး။”
မွန်ပြည်နယ်အတွင်းမှာတော့ ကျိုက်ထို ဘီလင်း သထုံ ပေါင် မော်လမြိုင် အစရှိတဲမြို့နယ်(၈)မြို့နယ်မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါဝင် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ပေါက်နေတာပါ။ ဆန္ဒပြသူတွေကတော့ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေး၊ ဖမ်းဆီးထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG