[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ကို အဆံုး႐ႈံးမခံႏိုင္တဲ့အတြက္ စစ္အာဏာသိမ္းမႈကို ပြင့္ပြင့္လင္းလင္း ေဝဖန္ေနရတာျဖစ္တယ္လို႔ နာမည္ေက်ာ္ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ ေဒါင္းက ေျပာၾကားလိုက္ပါတယ္။ လူငယ္ေတြသူတို႔ အနာဂတ္ကို ဘယ္ေလာက္ တန္ဖိုးထားတယ္ဆိုတာ လက္ေတ႔ြျမင္ေနရတာမို႔ စစ္အာဏာသိမ္းမႈ အဆံုးသတ္သြားတဲ့အထိ ဆက္ၿပီး တတ္ႏုိင္တဲ့ဘက္က ႀကိဳးစားသြားမယ္လို႔ ေျပာပါတယ္။ CDM လႈပ္႐ွားမႈမွာပါဝင္လို႔ ဒုကၡေရာက္တဲ့ အစိုးရဝန္ထမ္းေတြကို အကူအညီေပးသြားမယ္လို႔လည္း သူက ကတိေပးထားပါတယ္။ အႏုပညာအလုပ္အတြက္ ျပည္ပမွာ ေခတၱေရာက္ေနတဲ့ သ႐ုပ္ေဆာင္ ေဒါင္းကို မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။
မစုျမတ္မြန္။ ။ အခုေပါ့ေနာ္.... ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္ေလး ေဝဖန္ေျပာေနၾကတဲ့အထဲအမွာ ေဒါင္းကလည္း ေတာ္ေတာ္ေလး တက္တက္ၾကြၾကြေျပာေနတာ ျမင္ရပါတယ္။ အရင္ဆံုး ဘာေၾကာင့္ အဲဒီလိုမ်ိဳးေတြ ေဝဖန္ေနလဲ၊ လႈပ္ရွားမႈေတြလုပ္ဖို႔ တိုက္တြန္းေနလဲဆိုတာ သိပါရေစရွင့္။
ေဒါင္း။ ။ အဓိကက က်ေနာ္တို႔ မ်ိဳးဆက္မွာေပါ့ေနာ္... က်ေနာ္တို႔ လူငယ္မ်ိဳးဆက္ေတြမွာ အာဏာရွင္လက္ေအာက္မွာ မေနခ်င္ပါဘူး၊ မရွိခ်င္ပါဘူး။ အဲဒါကို က်ေနာ္တေယာက္ထဲရဲ႕ စိတ္ခံစားခ်က္လို႔ေတာ့ က်ေနာ္မယံုၾကည္ဘူး။ က်ေနာ္တို႔ တႏိုင္ငံလံုးက ျပည္သူေတြ၊ လူငယ္ေတြရဲ႕ စိတ္ခံစားခ်က္လို႔ က်ေနာ္ယံုၾကည္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္ကိုယ္တိုင္လည္း အဲဒီလို ခံစားရတယ္။ ဒီလိုအေျခအေနမွာ ဒီမိုကေရစီကို က်ေနာ္တို႔ ဘယ္လိုမွ အပ်က္အစီးမခံႏိုင္ဘူး။ အဲဒီအတြက္ က်ေနာ္တို႔ ဒီဟာကို က်ေနာ္တို႔ ဆန္႔က်င္ျခင္းျဖစ္ပါတယ္။
မစုျမတ္မြန္။ ။ ေဒါင္းက သူမ်ားေတြနဲ႔ မတူတာက ျမန္မာႏိုင္ငံမွာ ထိပ္တန္းသရုပ္ေဆာင္မင္းသားတေယာက္ျဖစ္ပါတယ္ဆိုေတာ့ ကိုယ့္ရဲ႕ ပရိသတ္ကလည္း သန္းနဲ႔ ခ်ီၿပီး ရွိပါတယ္။ ေဖ့ဘြတ္ တခုထဲမွာ ဆိုရင္ေတာင္ follower ၂,၀၀၀,၀၀၀ ေလာက္ ရွိတဲ့ အင္မတန္ေက်ာ္ၾကားတဲ့ ပုဂိၢဳလ္မ်ိဳးပါ။ ဆိုေတာ့ အဲဒီလိုမ်ိဳးေက်ာ္ၾကားသူတေယာက္အေနနဲ႔ အခုလိုမ်ိဳးေပါ့ေနာ္... စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ေျပာၾကားမႈေတြ ဒီတိုက္တြန္းမႈေတြကို လုပ္ေနတာကေရာ ဘယ္ေလာက္ထိ ထိေရာက္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ လုပ္ေနတာပါလဲရွင့္။
ေဒါင္း။ ။ က်ေနာ္တြက္ ထိေရာက္မယ္ဆိုတဲ့ က်ေနာ္ေမွ်ာ္လင့္ထားတဲ့အပိုင္းက က်ေနာ္တို႔ ျပည္သူေတြ ဒီအာဏာရွင္စနစ္ကို ေတာ္လွန္ဖို႔လိုပါတယ္။ လိုတဲ့ေနရာမွာ ဘယ္လိုနည္းလမ္းေတြနဲ႔ ေတာ္လွန္ၾကမလဲ ဘယ္လို ပံုစံေတြနဲ႔ က်ေနာ္တို႔ ျဖတ္သန္းၾကမလဲ။ ၿပီးေတာ့ ျပည္သူေတြနဲ႔ က်ေနာ္ ထပ္တူထပ္မွ် ျဖတ္သန္းခ်င္တဲ့စိတ္က ပိုမ်ားပါတယ္ အဲဒီအခ်ိန္မွာ။ ဘယ္လိုထပ္တူထပ္မွ်လဲဆိုေတာ့ က်ေနာ္တို႔ ေတာ္လွန္ေနတဲ့အခ်ိန္မွာ ဒီအာဏာရွင္စနစ္ကို က်ရံႈးဖို႔အတြက္ ျပည္သူေတြအားလံုး သပိတ္ေမွာက္တဲ့အခ်ိန္မွာ သူတို႔ေတြအတြက္ တကယ္လိုအပ္မယ့္အေၾကာင္းအရာေတြေပါ့ေနာ္... အဲဒါေတြကေန က်ေနာ္ကိုယ္တိုင္ ျပည္သူေတြေနရာကေန ခံစားခ်က္နဲ႔ ထပ္တူထပ္မွ်က်ေနာ္သူတို႔ေတြကို ျပန္ၿပီး မွ်ေဝပါတယ္။ ျပန္မွ်ေဝတဲ့အခါမွာ သူတို႔ေတြအတြက္ တကယ္အသံုးတည့္မယ့္ အေနအထား၊ တကယ္အသံုးတည့္မယ့္ အေျခအေန ၿပီးေတာ့ က်ေနာ္ အဓိက ဦးစားေပးၿပီးလုပ္တာကေတာ့ Civil Disobedience Movement ေပါ့ေနာ္။ အဲဒါကို အဓိက ဦးစားေပးၿပီးေတာ့မွ ေတာက္ေလ်ွာက္လုပ္ျဖစ္ပါတယ္။ လုပ္ျဖစ္တဲ့ေနရာမွာ စၿပီးလုပ္ကတည္းက ဝန္ထမ္းေတြအားလံုးကို က်ေနာ္တို႔ ျပည္သူေတြနဲ႔ အတူတူပါဝင္ဖို႔ေျပာတယ္။ အခုက်ေတာ့ ဝန္ထမ္းေတြကို က်ေနာ္တုိ႔ ကူညီဖို႔အတြက္ ၾကိဳးစားေနပါတယ္။ ဒါေပမဲ့ က်ေနာ္က တျခားႏိုင္ငံမွာ ရွိေနတဲ့အတြက္ က်ေနာ့္မွာ အကန္႔အသတ္နဲ႔ လုပ္ေနရသလိုေတာ့ ျဖစ္ေနပါတယ္။ ကိုယ္ကိုယ္တိုင္သာ ကိုယ့္ႏိုင္ငံမွာ ရွိေနတယ္ဆိုရင္ေတာ့ အစုအဖဲြ႔အလိုက္အားလံုး အုပ္စုလိုက္ေပါင္းၿပီးေတာ့မွ၊ အဖဲြ႔အစည္းေတြနဲ႔ ေပါင္းၿပီးေတာ့မွ လုပ္ျဖစ္မယ္လို႔ ထင္ပါတယ္။ အခုက်ေတာ့ က်ေနာ္ဘယ္လိုမွ ပူးေပါင္းလို႔မရတဲ့အေနအထားမွာ က်ေနာ္ေနေနရတာ ျဖစ္တဲ့အတြက္ေတာ့ ကိုယ့္ကိုကိုယ္ မေက်နပ္ပါဘူး။
မစုျမတ္မြန္။ ။ ေဒါင္းကို အားေပးတဲ့ ပရိသတ္မွာလည္း ေဒါင္းနဲ႔ အျမင္တူတဲ့သူ ရွိႏိုင္သလို၊ အျမင္မတူဘူး အျမင္ကဲြတဲ့သူေတြရွိႏိုင္ပါတယ္ဆိုေတာ့ အဲဒီလိုမ်ိဳးပရိသတ္ေတြ ဆံုးရံႈးသြားမွာမ်ိဳးကိုေရာ၊ မစိုးရိမ္ဘူးလားရွင့္။
ေဒါင္း။ ။ မစိုးရိမ္ပါဘူး ခင္ဗ်။ သူတို႔အျမင္မတူျခင္းဟာ သူတို႔ကိုသူတို႔ မွန္လား၊ မွားလား ကိုယ္တိုင္ဆံုးျဖတ္ရပါလိမ့္မယ္။ က်ေနာ္ကိုယ္တိုင္လည္း က်ေနာ္ျမင္တဲ့ က်ေနာ့္ရပ္တည္ခ်က္ကို မွန္လားမွားလား။ က်ေနာ္ကိုယ္တိုင္ ဆံုးျဖတ္ထားၿပီးသားပါ။ အားလံုးဟာ ကိုယ့္ရဲ႕ ရပ္တည္မႈ၊ ကိုယ့္ရဲ႕ ျဖတ္သန္းမႈတြက္ ကိုယ္ကိုယ္တိုင္မွန္ေနလား၊ မွားေနလား ဆံုးျဖတ္ဖို႔လိုပါတယ္။ အဲဒီဆံုးျဖတ္ခ်က္ကသာလွ်င္ က်ေနာ္တို႔ရဲ႕ သမိုင္းပါ၊ က်ေနာ္တို႔ရဲ႕ အနာဂတ္ပါ။ က်ေနာ္တို႔လူငယ္ေတြက အနာဂတ္တြက္ တန္ဖိုးထားမယ္၊ အိပ္မက္ေတြကို တန္ဖိုးထားတယ္ဆိုတာ အခုအခ်ိန္မွာ အေျဖပါပဲ။ က်ေနာ္တို႔လူငယ္ေတြ ဘယ္ေလာက္ထိ အိပ္မက္ေတြ၊ အနာဂတ္ေတြကို တန္ဖိုးထားတယ္၊ ကိုယ့္ႏိုင္ငံကို ဘယ္ေလာက္ထိ တန္ဖိုးထားလဲဆိုတာ က်ေနာ္ ေျပာစရာမလိုေလာက္ေအာင္အေျဖေတြရွိပါတယ္။
မစုျမတ္မြန္။ ။ ေဒါင္းေျပာထားတာတခုရွိပါတယ္။ ဒီစစ္အာဏာရွင္ေတြနဲ႔ ဘယ္ေတာ့မွ အလုပ္အတူတူတဲြမလုပ္ဘူးဆိုတာမ်ိဳးထိ ေျပာထားတာမ်ိဳးေတြ ရွိပါတယ္။ အခုလိုမ်ိဳး လႈပ္ရွားမႈေတြ လုပ္တဲ့အတြက္ေၾကာင့္မို႔ ကိုယ့္ရဲ႕ အလုပ္ေတြမွာ ထိခိုက္လာမယ့္အေပၚမွာေရာ စိုးရိမ္မႈရွိလားမသိဘူးရွင့္။
ေဒါင္း။ ။ မရွိပါဘူးခင္ဗ် ။ က်ေနာ့္အလုပ္က က်ေနာ့္အလုပ္ပါပဲ။ က်ေနာ့္အလုပ္ေပၚမွာ ဆံုးျဖတ္ထားတဲ့အပိုင္းက ဒီအာဏာရွင္မရွိခင္ကတည္းက က်ေနာ္လုပ္တဲ့ အလုပ္ေတြေပၚမွာ က်ေနာ့္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြက ရွိထားၿပီးသားပါ။ အဲဒီေတာ့ ဘယ္သူေတြရဲ႕ ဝင္ေငြေတြနဲ႔ လုပ္တဲ့အလုပ္ေတြဆိုရင္ က်ေနာ္မလုပ္ဘူးဆိုတာ က်ေနာ္ဆံုးျဖတ္ထားၿပီးသားပါ။ က်ေနာ့္ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္၊ က်ေနာ့္ရဲ႕ အေစာၾကီးကတည္းကရွိတဲ့ က်ေနာ့္ရဲ႕ ရပ္တည္ခ်က္ပါ။ အခုလို အာဏာသိမ္းတဲ့ ျဖစ္ရပ္ေတြျဖစ္လာေတာ့ က်ေနာ့္ရဲ႕ ရပ္တည္ခ်က္က ပိုၿပီး ခိုင္မာလာတယ္လို႔ပဲ က်ေနာ္ေျပာရမွာပါ။ အဲဒီေတာ့ က်ေနာ့္အလုပ္ကို ထိခိုက္လားလို႔ေျပာရင္... က်ေနာ့္အလုပ္က သရုပ္ေဆာင္ အလုပ္ပါ။ အဲဒီေတာ့ က်ေနာ္ သရုပ္ေဆာင္တေယာက္အေနနဲ႔ ဒီအာဏာရွင္လက္ေအာက္ကေန မလြတ္ေျမာက္မျခင္းေတာ့ က်ေနာ့္ရဲ႕ သရုပ္ေဆာင္အလုပ္ကို က်ေနာ္ ျမန္မာႏိုင္ငံမွာ ဆက္လုပ္ဖို႔က မျဖစ္ႏိုင္ေသးပါဘူး။ အဲဒီေတာ့ က်ေနာ္ အာဏာရွင္ေတြကို ေရွ႕ဆက္ၿပီး ေတာ္လွန္ေနရဦးမွာပါပဲ။ အားလံုးလည္း ေတာ္လွန္ေနရဦးမွာပါပဲ။ က်ေနာ္တို႔ ဘယ္လိုမွ ဒီဟာကို လက္ခံၿပီးေတာ့ ျဖတ္သန္းဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ အဲဒီေတာ့ က်ေနာ္တို႔ေတြ ေရွ႕ဆက္ျဖတ္သန္းေနရတဲ့ ကာလမွာ က်ေနာ္တို႔ အႏုပညာေတြနဲ႔ ပတ္သက္ၿပီးေတာ့ျဖစ္ျဖစ္ လြတ္လပ္စြာ လုပ္ႏိုင္ဖို႔ဆိုတာ က်ေနာ္တို႔ႏိုင္ငံမွာ စစ္မွန္တဲ့ ဒီမိုကေရစီ ရွိဖို႔လိုပါတယ္။ စစ္မွန္တဲ့ ေခါင္းေဆာင္ရွိဖို႔လိုပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ေတြအားလံုးက ခုခ်ိန္မွာ ဘယ္သူေတြ၊ ဘယ္ပါတီေတြ၊ ဘယ္အေရာင္ေတြကိုမွ ေတြးၿပီးေတာ့ ဒီဟာကို ေတာ္လွန္ေနျခင္းမဟုတ္ပါဘူး။ က်ေနာ္တို႔ ျပည္သူေတြအတြက္ လြတ္လပ္တဲ့လမ္းစဥ္တခုကို က်ေနာ္တုိ႔ျပည္သူေတြ ကိုယ္တိုင္ရွာေဖြေနျခင္းျဖစ္ပါတယ္။ အဲဒီအတြက္ အားလံုးအတူတူ ပူးေပါင္းပါဝင္ေစခ်င္ပါတယ္။
နာမည္ေက်ာ္သ႐ုပ္ေဆာင္ ေဒါင္းကို မစုျမတ္မြန္ ဆက္သြယ္ေမးခဲ့တာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေဒါင္းနဲ႔ ေမးျမန္းခန္း ႐ုပ္သံဗီဒီယိုကုိ စေနေန႔မွာ အျပည့္အစံု ၾကည့္ရမွာျဖစ္ပါတယ္။
[Unicode Version]
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ သရုပ်ဆောင်ဒေါင်းနဲ့ VOA ဆက်သွယ်မေးမြန်းမှု
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အဆုံးရှုံးမခံနိုင်တဲ့အတွက် စစ်အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်နေရတာဖြစ်တယ်လို့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက ပြောကြားလိုက်ပါတယ်။ လူငယ်တွေသူတို့ အနာဂတ်ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ လက်တေ့ွမြင်နေရတာမို့ စစ်အာဏာသိမ်းမှု အဆုံးသတ်သွားတဲ့အထိ ဆက်ပြီး တတ်နိုင်တဲ့ဘက်က ကြိုးစားသွားမယ်လို့ ပြောပါတယ်။ CDM လှုပ်ရှားမှုမှာပါဝင်လို့ ဒုက္ခရောက်တဲ့ အစိုးရဝန်ထမ်းတွေကို အကူအညီပေးသွားမယ်လို့လည်း သူက ကတိပေးထားပါတယ်။ အနုပညာအလုပ်အတွက် ပြည်ပမှာ ခေတ္တရောက်နေတဲ့ သရုပ်ဆောင် ဒေါင်းကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။
မစုမြတ်မွန်။ ။ အခုပေါ့နော်.... မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဝေဖန်ပြောနေကြတဲ့အထဲအမှာ ဒေါင်းကလည်း တော်တော်လေး တက်တက်ကြွကြွပြောနေတာ မြင်ရပါတယ်။ အရင်ဆုံး ဘာကြောင့် အဲဒီလိုမျိုးတွေ ဝေဖန်နေလဲ၊ လှုပ်ရှားမှုတွေလုပ်ဖို့ တိုက်တွန်းနေလဲဆိုတာ သိပါရစေရှင့်။
ဒေါင်း။ ။ အဓိကက ကျနော်တို့ မျိုးဆက်မှာပေါ့နော်... ကျနော်တို့ လူငယ်မျိုးဆက်တွေမှာ အာဏာရှင်လက်အောက်မှာ မနေချင်ပါဘူး၊ မရှိချင်ပါဘူး။ အဲဒါကို ကျနော်တယောက်ထဲရဲ့ စိတ်ခံစားချက်လို့တော့ ကျနော်မယုံကြည်ဘူး။ ကျနော်တို့ တနိုင်ငံလုံးက ပြည်သူတွေ၊ လူငယ်တွေရဲ့ စိတ်ခံစားချက်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း အဲဒီလို ခံစားရတယ်။ ဒီလိုအခြေအနေမှာ ဒီမိုကရေစီကို ကျနော်တို့ ဘယ်လိုမှ အပျက်အစီးမခံနိုင်ဘူး။ အဲဒီအတွက် ကျနော်တို့ ဒီဟာကို ကျနော်တို့ ဆန့်ကျင်ခြင်းဖြစ်ပါတယ်။
မစုမြတ်မွန်။ ။ ဒေါင်းက သူများတွေနဲ့ မတူတာက မြန်မာနိုင်ငံမှာ ထိပ်တန်းသရုပ်ဆောင်မင်းသားတယောက်ဖြစ်ပါတယ်ဆိုတော့ ကိုယ့်ရဲ့ ပရိသတ်ကလည်း သန်းနဲ့ ချီပြီး ရှိပါတယ်။ ဖေ့ဘွတ် တခုထဲမှာ ဆိုရင်တောင် follower ၂,၀၀၀,၀၀၀ လောက် ရှိတဲ့ အင်မတန်ကျော်ကြားတဲ့ ပုဂ္ဂိုလ်မျိုးပါ။ ဆိုတော့ အဲဒီလိုမျိုးကျော်ကြားသူတယောက်အနေနဲ့ အခုလိုမျိုးပေါ့နော်... စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြောကြားမှုတွေ ဒီတိုက်တွန်းမှုတွေကို လုပ်နေတာကရော ဘယ်လောက်ထိ ထိရောက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်နေတာပါလဲရှင့်။
ဒေါင်း။ ။ ကျနော်တွက် ထိရောက်မယ်ဆိုတဲ့ ကျနော်မျှော်လင့်ထားတဲ့အပိုင်းက ကျနော်တို့ ပြည်သူတွေ ဒီအာဏာရှင်စနစ်ကို တော်လှန်ဖို့လိုပါတယ်။ လိုတဲ့နေရာမှာ ဘယ်လိုနည်းလမ်းတွေနဲ့ တော်လှန်ကြမလဲ ဘယ်လို ပုံစံတွေနဲ့ ကျနော်တို့ ဖြတ်သန်းကြမလဲ။ ပြီးတော့ ပြည်သူတွေနဲ့ ကျနော် ထပ်တူထပ်မျှ ဖြတ်သန်းချင်တဲ့စိတ်က ပိုများပါတယ် အဲဒီအချိန်မှာ။ ဘယ်လိုထပ်တူထပ်မျှလဲဆိုတော့ ကျနော်တို့ တော်လှန်နေတဲ့အချိန်မှာ ဒီအာဏာရှင်စနစ်ကို ကျရှုံးဖို့အတွက် ပြည်သူတွေအားလုံး သပိတ်မှောက်တဲ့အချိန်မှာ သူတို့တွေအတွက် တကယ်လိုအပ်မယ့်အကြောင်းအရာတွေပေါ့နော်... အဲဒါတွေကနေ ကျနော်ကိုယ်တိုင် ပြည်သူတွေနေရာကနေ ခံစားချက်နဲ့ ထပ်တူထပ်မျှကျနော်သူတို့တွေကို ပြန်ပြီး မျှဝေပါတယ်။ ပြန်မျှဝေတဲ့အခါမှာ သူတို့တွေအတွက် တကယ်အသုံးတည့်မယ့် အနေအထား၊ တကယ်အသုံးတည့်မယ့် အခြေအနေ ပြီးတော့ ကျနော် အဓိက ဦးစားပေးပြီးလုပ်တာကတော့ Civil Disobedience Movement ပေါ့နော်။ အဲဒါကို အဓိက ဦးစားပေးပြီးတော့မှ တောက်လျှောက်လုပ်ဖြစ်ပါတယ်။ လုပ်ဖြစ်တဲ့နေရာမှာ စပြီးလုပ်ကတည်းက ဝန်ထမ်းတွေအားလုံးကို ကျနော်တို့ ပြည်သူတွေနဲ့ အတူတူပါဝင်ဖို့ပြောတယ်။ အခုကျတော့ ဝန်ထမ်းတွေကို ကျနော်တို့ ကူညီဖို့အတွက် ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျနော်က တခြားနိုင်ငံမှာ ရှိနေတဲ့အတွက် ကျနော့်မှာ အကန့်အသတ်နဲ့ လုပ်နေရသလိုတော့ ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင်သာ ကိုယ့်နိုင်ငံမှာ ရှိနေတယ်ဆိုရင်တော့ အစုအဖွဲ့အလိုက်အားလုံး အုပ်စုလိုက်ပေါင်းပြီးတော့မှ၊ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့မှ လုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ အခုကျတော့ ကျနော်ဘယ်လိုမှ ပူးပေါင်းလို့မရတဲ့အနေအထားမှာ ကျနော်နေနေရတာ ဖြစ်တဲ့အတွက်တော့ ကိုယ့်ကိုကိုယ် မကျေနပ်ပါဘူး။
မစုမြတ်မွန်။ ။ ဒေါင်းကို အားပေးတဲ့ ပရိသတ်မှာလည်း ဒေါင်းနဲ့ အမြင်တူတဲ့သူ ရှိနိုင်သလို၊ အမြင်မတူဘူး အမြင်ကွဲတဲ့သူတွေရှိနိုင်ပါတယ်ဆိုတော့ အဲဒီလိုမျိုးပရိသတ်တွေ ဆုံးရှုံးသွားမှာမျိုးကိုရော၊ မစိုးရိမ်ဘူးလားရှင့်။
ဒေါင်း။ ။ မစိုးရိမ်ပါဘူး ခင်ဗျ။ သူတို့အမြင်မတူခြင်းဟာ သူတို့ကိုသူတို့ မှန်လား၊ မှားလား ကိုယ်တိုင်ဆုံးဖြတ်ရပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း ကျနော်မြင်တဲ့ ကျနော့်ရပ်တည်ချက်ကို မှန်လားမှားလား။ ကျနော်ကိုယ်တိုင် ဆုံးဖြတ်ထားပြီးသားပါ။ အားလုံးဟာ ကိုယ့်ရဲ့ ရပ်တည်မှု၊ ကိုယ့်ရဲ့ ဖြတ်သန်းမှုတွက် ကိုယ်ကိုယ်တိုင်မှန်နေလား၊ မှားနေလား ဆုံးဖြတ်ဖို့လိုပါတယ်။ အဲဒီဆုံးဖြတ်ချက်ကသာလျှင် ကျနော်တို့ရဲ့ သမိုင်းပါ၊ ကျနော်တို့ရဲ့ အနာဂတ်ပါ။ ကျနော်တို့လူငယ်တွေက အနာဂတ်တွက် တန်ဖိုးထားမယ်၊ အိပ်မက်တွေကို တန်ဖိုးထားတယ်ဆိုတာ အခုအချိန်မှာ အဖြေပါပဲ။ ကျနော်တို့လူငယ်တွေ ဘယ်လောက်ထိ အိပ်မက်တွေ၊ အနာဂတ်တွေကို တန်ဖိုးထားတယ်၊ ကိုယ့်နိုင်ငံကို ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာ ကျနော် ပြောစရာမလိုလောက်အောင်အဖြေတွေရှိပါတယ်။
မစုမြတ်မွန်။ ။ ဒေါင်းပြောထားတာတခုရှိပါတယ်။ ဒီစစ်အာဏာရှင်တွေနဲ့ ဘယ်တော့မှ အလုပ်အတူတူတွဲမလုပ်ဘူးဆိုတာမျိုးထိ ပြောထားတာမျိုးတွေ ရှိပါတယ်။ အခုလိုမျိုး လှုပ်ရှားမှုတွေ လုပ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့ အလုပ်တွေမှာ ထိခိုက်လာမယ့်အပေါ်မှာရော စိုးရိမ်မှုရှိလားမသိဘူးရှင့်။
ဒေါင်း။ ။ မရှိပါဘူးခင်ဗျ ။ ကျနော့်အလုပ်က ကျနော့်အလုပ်ပါပဲ။ ကျနော့်အလုပ်ပေါ်မှာ ဆုံးဖြတ်ထားတဲ့အပိုင်းက ဒီအာဏာရှင်မရှိခင်ကတည်းက ကျနော်လုပ်တဲ့ အလုပ်တွေပေါ်မှာ ကျနော့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ရှိထားပြီးသားပါ။ အဲဒီတော့ ဘယ်သူတွေရဲ့ ဝင်ငွေတွေနဲ့ လုပ်တဲ့အလုပ်တွေဆိုရင် ကျနော်မလုပ်ဘူးဆိုတာ ကျနော်ဆုံးဖြတ်ထားပြီးသားပါ။ ကျနော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကျနော့်ရဲ့ အစောကြီးကတည်းကရှိတဲ့ ကျနော့်ရဲ့ ရပ်တည်ချက်ပါ။ အခုလို အာဏာသိမ်းတဲ့ ဖြစ်ရပ်တွေဖြစ်လာတော့ ကျနော့်ရဲ့ ရပ်တည်ချက်က ပိုပြီး ခိုင်မာလာတယ်လို့ပဲ ကျနော်ပြောရမှာပါ။ အဲဒီတော့ ကျနော့်အလုပ်ကို ထိခိုက်လားလို့ပြောရင်... ကျနော့်အလုပ်က သရုပ်ဆောင် အလုပ်ပါ။ အဲဒီတော့ ကျနော် သရုပ်ဆောင်တယောက်အနေနဲ့ ဒီအာဏာရှင်လက်အောက်ကနေ မလွတ်မြောက်မခြင်းတော့ ကျနော့်ရဲ့ သရုပ်ဆောင်အလုပ်ကို ကျနော် မြန်မာနိုင်ငံမှာ ဆက်လုပ်ဖို့က မဖြစ်နိုင်သေးပါဘူး။ အဲဒီတော့ ကျနော် အာဏာရှင်တွေကို ရှေ့ဆက်ပြီး တော်လှန်နေရဦးမှာပါပဲ။ အားလုံးလည်း တော်လှန်နေရဦးမှာပါပဲ။ ကျနော်တို့ ဘယ်လိုမှ ဒီဟာကို လက်ခံပြီးတော့ ဖြတ်သန်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကျနော်တို့တွေ ရှေ့ဆက်ဖြတ်သန်းနေရတဲ့ ကာလမှာ ကျနော်တို့ အနုပညာတွေနဲ့ ပတ်သက်ပြီးတော့ဖြစ်ဖြစ် လွတ်လပ်စွာ လုပ်နိုင်ဖို့ဆိုတာ ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရှိဖို့လိုပါတယ်။ စစ်မှန်တဲ့ ခေါင်းဆောင်ရှိဖို့လိုပါတယ်။ အဲဒီတော့ ကျနော်တို့တွေအားလုံးက ခုချိန်မှာ ဘယ်သူတွေ၊ ဘယ်ပါတီတွေ၊ ဘယ်အရောင်တွေကိုမှ တွေးပြီးတော့ ဒီဟာကို တော်လှန်နေခြင်းမဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူတွေအတွက် လွတ်လပ်တဲ့လမ်းစဉ်တခုကို ကျနော်တို့ပြည်သူတွေ ကိုယ်တိုင်ရှာဖွေနေခြင်းဖြစ်ပါတယ်။ အဲဒီအတွက် အားလုံးအတူတူ ပူးပေါင်းပါဝင်စေချင်ပါတယ်။
နာမည်ကျော်သရုပ်ဆောင် ဒေါင်းကို မစုမြတ်မွန် ဆက်သွယ်မေးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ဒေါင်းနဲ့ မေးမြန်းခန်း ရုပ်သံဗီဒီယိုကို စနေနေ့မှာ အပြည့်အစုံ ကြည့်ရမှာဖြစ်ပါတယ်။